Channel Myanmar

New releases (2025)

Content at random


TV Series

Hello Procurator ( 2021 ) Complete
Hello Procurator ( 2021 ) Complete အားလုံးတောင့်တလွန်းလို့ HELLO PROCURATOR or HELLO PROSECUTORကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီမင်းသမီးလေးကတော့ Because of youမှာ အားလုံးရင်းနှီးပြီးသား ကလေးအမေလို့ ဘယ်လိုမှမထင်ရအောင်လှပြီးသရုပ်ဆောင်တော်တဲ့ sun yi လေးမို့ ထူးကဲပြီး မိတ်မဆက်တော့ဘူး ကျန်တဲ့မင်းသားတွေကတော့ မျက်နှာသစ်တွေထင်ရလောက်အောင် တစ်ချိန်ကသတိမထာမိခဲ့ပေမယ့် ပိုစတာထဲ အတော်ချောနေတယ်ဇာတ်လမ်းလေးကတော့ အခုနာမည်ကြီးနေတဲ့ penthouse ထဲကစိတ်ဆိုးလိုက်တိုင်း မျက်လုံးကြီးပြူးလာတဲ့ ချောင်းဆိုဂျင်း 2010 က ရိုက်ခဲ့တဲ့prosecutor princess ရဲ့ remake ပေါ့ဇာတ်ကားက မင်းသမီးဇာတ် အစိုးရရှေ့နေဖြစ်ဖို့စိတ်ကူးယဉ်နေတဲ့ မင်းသမီးလေးကျန်းဝမ်ကျင်းတစ်ယောက် သူ့အိပ်မက်ကိုအကောင်ထည်ဖော်ရာမှာ ယင်ချွမ်နဲ့ ယွီခိုင်ယင်တို့က ဘေးကနေ ပံ့ပို့ကူညီခဲ့တဲ့အကြောင်းပေါ့…စိတ်ကူးတွေ အိပ်မက်တွေက အတွေးထဲမှာ ပုံဖော်ရလွယ်ကူပေမယ့်လက်တွေ့မှာ ခက်ခဲပြီး အကွေ့အကောက် အတားဆီးတွေရှိတယ်ဆိုတာကိုသရုပ်ပြထားပါတယ်ဆက်လက်ခံစားကြည့်ရှုပေးပါဦး Quality : WEB-DL 720pFormat : mp4Total Episodes : 42During : 45 min ...

Hello Procurator ( 2021 ) Complete

2021
Painted Skin (2011) 6.5
Painted Skin (2011) လှည့်စားတတ်တဲ့အချစ်... အသုံးချတတ်တဲ့အချစ်... အဲ့ဒီအချစ်ရဲ့ထိတွေ့မှုတွေကို ခံစားလိုက်ရတဲ့သူတွေရဲ့အကြောင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ဖွဲ့တည်ထားတဲ့ Painted Skin စီးရီးလေးလာပါပြီဗျာ... အပေါ်ယံအရေပြားကို သာယာကြတာလား? အတွင်းစိတ်ရဲ့ဖြူစင်မှုကို နှစ်သက်မြတ်နိုးတာလား? ဒါတွေကိုမဝေခွဲတတ်တဲ့လူသားတွေဆီကို မြေခွေးမိစ္ဆာလှလှလေးက တံခါးလာခေါက်ပါလိမ့်မယ်။ သူ့ကိုချစ်လာအောင်လုပ်ပြီးမှ ထိုသူရဲ့နှလုံးသားကိုသုံးဆောင်ပါတော့တယ်... ဘာအတွက်လဲဆိုတော့ အဲ့ဒီလှပတဲ့အရေပြားအတွက်ပဲပေါ့ လှပတဲ့အရေပြားတစ်ခုအရင်းပြုပြီး လူ့နှလုံးတွေစားလာလိုက်တာ သူ့ရဲ့အသက်သခင်ကျေးဇူးရှင် ဝမ်စန်းနဲ့ပြန်တွေ့ချိန်မှာ ချစ်ခြင်းမေတ္တာတွေပြန်လည်ရှင်သန်လာပါတော့တယ်။ ဒါပေမဲ့ မေတ္တာရေးမှာကံမကောင်းခဲ့တဲ့ မြေခွေးမလေးခဗျာ ဒီတစ်ခေါက်အချစ်နဲ့ပြန်တွေ့တော့လည်း ဆိုင်သူပိုင်သူရှိနေလေတော့.... များပြားလှတဲ့ သံယောဇဉ်နှောင်ဖွဲ့မှုတွေကြား လူသားနဲ့မိစ္ဆာ ဘယ်လိုအားပြိုင်ကြမလဲဆိုတာတွေကို အလောင်တစ်လိုင်းဖြစ်တဲ့ ဒီစီးရီးလေးမှာ ကြည့်ရှုလိုက်ပါတော့နော်.... File Size -  400mb (episode)Quality - 720p web-dlSubtitle - BurmeseTranslator Fix - JoJoVaEncoder -  Thit San Khant  Download List -   ZIP VIP / Megaup / Yoteshin  EP 01 -   Yosteshin / Usersdrive / Megaup / Datbu / Streamsb / Telegram (400mb)EP 02 -   Yosteshin / ...
6.5
TMDb: 6.5/10 2 votes
tv

Painted Skin (2011)

2011
Dr. Romantic(2016) 8.1
Dr. Romantic(2016) Dr. Romantic(2016) ဇာတ်လမ်းအညွှန်း**********************************အပိုင်း( ၁  မှ  ၂၁  ) အထိ စ/ဆုံးဒီဇာတ်လမ်းတွဲကို အစတုန်းက ကားနာမည် Dr. Romantic ဆျာဝန်တွေက နင်းကန်ရိုပြီး ချစ်ပြနေတဲ့စီးရီးလို့တလွဲယူဆပြီး မကြည့်ခဲ့မိတာပါ...တကယ်တော့ Romantic ဆိုတာ လူနာတွေနဲ့ ခွဲခန်းတွေမှာ ကျွမ်းကျင်တဲ့အကပညာရှင်တစ်ယောက်လို ဆရာဝန်တွေဟာ ကိုင်တွယ်ဖြေရှင်းတာလို့ ဆိုလိုချင်ပုံရပါတယ်...ဒီစီးရီးရဲ့ကောင်းချက်တွေက ပြောလို့ကို ကုန်မှာမဟုတ်ဆို လွန်ရာကျပါလိမ့်မယ်...ကြည့်ဖူးတဲ့သူတွေသိပါတယ်...လူနာတစ်ယောက်အသက်ရှင်ဖို့ ဟိုးအောက်ခြေဝန်ထမ်းကစလို့ အမြင့်ဆုံးဆရာဝန်တွေအထိတာဝန်ယူရတဲ့အပိုင်းတိုင်းအရေးကြီးတာကို ပြထားသလို ခွဲခန်းတွေကလည်း နယ်မြို့လေးမှာ အထောက်အပံနည်းနည်းနဲ့တတ်မြောက်ထားတဲ့ပညာတွေနဲ့ လက်ရှိအခြေအနေပေါ်မူတည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကုသရတဲ့အပိုင်းတွေကလည်း တကယ့်ကိုသဲထိတ်ရင်ဖိုပဲ....ဇာတ်လမ်း ဇာတ်အိမ်ကောင်းသလို အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Han Seok Kyu ,Yoo Yeon Seok နဲ့Seo Hyun Jin တို့ကလည်း တကယ့်အမိုက်စားပါပဲ...ဗီလိန်ဆန်ဆန် ဇာတ်ကောင်တွေလည်းထည့်ထားသလို Medical Drama ဆိုပေမဲ့Adventure  Vibes ကို အပြည့်အဝရနေတဲ့စီးရီးဆိုရင်လည်းမမှားပါဘူး...အထူးသဖြင့် ဆရာကင်အဖြစ်သရုပ်ဆောင်တဲ့ Han Seok ...
8.1
TMDb: 8.1/10 32 votes
tv

Dr. Romantic(2016)

2016
Princess Hours(2006) 7.8
Princess Hours(2006) Princess Hours(2006) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း(၁ မှ ၂၄ ထိ) စ/ဆုံး ရွှေမင်းသားလေးရဲ့ချစ်ပုံပြင်ကိုရီးယားဇာတ်လမ်းတွဲဟာ အောင်မြင်မှုများစွာရရှိခဲ့လို့ နိုင်ငံတော်တော်များများကRemark ပြန်လည်ရိုက်ကူးကြတယ်...ဒီနေ့ ဒီချိန်ထိလည်း ဇာတ်အိမ်ခိုင်တဲ့အပြင် ရသ မျိုးစုံခံစားရလို့ပြန်ကြည့်လည်းမရိုးနိုင်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်...သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေကြီးဖြစ်သလို မမဂျီဟိုတို့ရဲ့ငယ်ရွယ်စဉ်အလှတရားကလည်းရင်သပ်ရှုမောဖွယ်ရာပါပဲ...ဒါ့ကြောင့်အကောင်းဆုံးလေးဖြစ်အောင် ကြည့်ရှုချင်တဲ့သူတွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...သက်ဉီးဆံပိုင်တစ်ချက်လွှတ်ဘုရင်စနစ်ဟာ အားနည်းချက်ရှိတယ်လို့ ယူဆပြီးနောက် ဘုရင်ခံစနစ်ကိုနောက်ပိုင်းကူးပြောင်းလာကြတယ်...ဘုရာခံစနစ်ဆိုတာ အာဏာနဲ့လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေရှိပါတယ်..သိုပေမဲ့ ဒီတော်ဝင် မျိုးနွယ်ဟာ ဘယ်လောက်ချမ်းသာပြီး ဘယ်လိုနေနိုင်ကြတယ်ဆိုတာ လက်ရှိဘုရင်ခံစနစ်ကျင့်သုံးနေတဲ့ နိုင်ငံက ဘုရင်ခံမျိုးရိုးတွေကိုကြည့်ရုံနဲ့သိနိုင်ပါတယ်...ဒီဇာတ်လမ်းတွဲထမှာ ရှင်းဂူဆိုတာ အိမ်ရှေ့စံမင်းသားပေါ့....အသက်လည်းရလာတော့ တော်ဝင်မျိုးနွယ်တွေဟာ အိမ်ထောင်ချပေးဖို့စီစဉ်ကြတယ်..အိမ်ရှေ့စံမှာ သူသိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိပေမဲ့ တော်ဝင်မျိုးနွယ်ဟာကတိတစ်ခုကြောင့် သာမန်မျိုးရိုးက ကျောင်းသူလေးတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့ဖြစ်လာတယ်...ကတိကဝတ်တွေကို အသက်ထက်တန်ဘိုးထားတဲ့ မျိုးနွယ်ဖြစ်လို့အိမ်ရှေ့စံလည်း မိမိဆန္ဒကိုလျစ်လျှူရှုပြီးလက်ထပ်ဖို့ခေါင်းငြိမ့်လိုက်ရတယ်....မိမိနဲ့လက်ထက်မဲ့သူမှာ အိမ်ရှေ့စံဖြစ်နေပေမဲ့လည်း လွပ်လပ်စွာနေချင်ပြီးလောကကြီးကိုတစ်ယောက်ထဲလျှောက်လှမ်းချင်သေးတဲ့ကျောင်းသူလေးအတွက်လည်းအချစ်မပါတဲ့ ဒီလက်ထပ်ပွဲဟာ စိတ်ပျက်စရာပါ...အဲ့ဒီနောက် သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ ....ဒီကြားထဲ နန်းတွင်းထဲကထီးနန်းလုပွဲတွေကလည်း ကြောက်စရာကောင်းလောက်အောင်ဖြစ်လာတဲ့အခါ...Episodes: 24Duration: 60 MinGenres: Comedy, Romance, School, DramaTranslated by  Mi Moe Set , Shoon ...
7.8
TMDb: 7.8/10 60 votes
tv

Princess Hours(2006)

2006
Peach of Time (2021)
Peach of Time (2021) Peach of Time [2021]ချစ်ရတဲ့ ယွန်းနို(Choi JaeHyun) အတွက် မိုင်ပေါင်းထောင်ချီဝေးတဲ့ ထိုင်းနိုင်ငံကနေ တောင်ကိုရီးယား ထိ အရဲစွန့်လာခဲ့တဲ့ ပိ့ချ်(Jimmy) ဆိုတဲ့ အသက်၂၀ ကျော်ကောင်လေးတစ်ယောက်....ချစ်ရသူရှိတဲ့ 99နေရာလေးမှာ အစစအရာရာလည်းအဆင်ပြေနေသလို အတူသွား အတူစား အတူလာ အရာရာအတူတူပဲဖြစ်ခဲ့ကြတယ်...အရာရာအဆင်ပြေလာပြီးနောက်မှာတော့ ကံဆိုးမှုကြီးတစ်ခုက မ​ကမ်းလင့်ဘဲ ရောက်ရှိလာပါတော့တယ်မိုးနတ်မင်းကဒဏ်ခတ်တယ်ပဲဆိုရမလား နှစ်ဦးသားရဲ့ဘဝဟာ အဝေးဆုံးကို ဝေးကွာသွားရပါတော့တယ်ပိ့ချ် တစ်ယောက် ချစ်ရတဲ့ယွန်းနိုလေးကို ဆက်ပြီးဖက်တွယ်ထားဦးမလား မဖြစ်နိုင်တဲ့အခြေအနေကို လက်ခံပြီး ယွန်းနိုအနားက ထာဝရထွက်ခွာသွားလေမလား...Run On ကိုရီးယားဒရမ်မာကားထဲက မင်းသမီးရဲ့မောင်လေးနေရာကသရုပ်ဆောင်ထားတဲ့ Choi JaeHyun နဲ့ Why R U? ထိုင်းစီးရီးထဲက P' Jimmy တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ BL ကားလေးဖြစ်ပါတယ်။HAW မှအညွှန်းရေးသားထားပါတယ်။File size…250MB Quality….720p Format…mp4 Duration….25 min Subtitle….Myanmar Subtitle (Hardsub) Translator ..... HAW and Deer Encoder .....August CM App Link - Yoteshin / ...

Peach of Time (2021)

2021
Midnight Mass(2021) 8
Midnight Mass(2021) Midnight Mass(2021) ဇာတ်လမ်းတွဲအညွှန်း***********************************IMDb...8.0အပိုင်းသစ်( ၁ မှ ၇) ထိ စ/ဆုံးThe Haunting of Hill House , Doctor Sleep နဲ့  Gerald's Game တို့လိုအမိုက်စား Horror တွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Mike Flanagan ရဲ့  စီးရီးသစ်လာပါပြီဗျာ...လူဦးရေထူထပ်ပြီး ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးကြသော ခရော့ကတ်ကျွန်းလေးမှာထူးဆန်းတဲ့အရာတွေဖြစ်လို့လာပါတယ်...မြို့ထဲကို ပေါလ် ဆိုတဲ့သင်းအုပ်ဆရာတစ်ဦးရောက်လာပြီးနောက်မှာ ပုံမှန်မဟုတ်တဲ့အရာတွေစတင်ဖြစ်ပေါ်လာပါတယ်...ပြင်းထန်တဲ့မုန်တိုင်းတစ်ခုနှင့်အတူ ကမ်းခြေတွင်ကြောင်သေအလောင်းများ ပျံ့ကျဲကာတင်ကျန်လျက်ရှိကာဘာကြောင့်သေနေရတယ်မသိခဲ့ရ........ ရိုင်လီတစ်ယောက် ပြူတင်းပေါက်ကနေလှမ်းမြင်လိုက်ရတဲ့ လေတွေမိုးတွေကြားမှစစ်မိုးကာနဲ့လူကြီးတစ်ဦး..... ရိုင့်လီရဲ့ညီလေးတွေ့လိုက်ရတဲ့ အမှောင်ထဲကမျက်လုံးဝင်းဝင်းကြီးတစ်စုံ......မြို့နယ်ဆရာဝန်မလေးရဲ့ မိခင်အိုကြီးလည်းမူမမှန်ဖြစ်လာတယ် ဒါတွေဟာစိတ်ထင်နေတာတွေလား ....ဘာအကြောင်းကြောင့်ဖြစ်လာတာလဲဆိုတာကို Supernatural horror ဆန်ဆန် Mystery ဆန်ဆန်ကြည့်ရှုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.....  Episodes  : 7 Quality : NFWeb-dl 720p Format…mp4 Duration…00:55:00 Genre : Horror, Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
8
TMDb: 8/10 1 votes
tv

Midnight Mass(2021)

2021
A Man Called God(2010) Complete 10
A Man Called God(2010) Complete A Man Called God (2010)2010ခုနှစ်က ထွက်ခဲ့တဲ့ ဒီစီးရီးက ဂျူမုံမင်းသားလဲပါဝင်လို့အတော်လေး မိုက်ပါတယ်.Action စီးရီးလဲ ဖြစ်နေပြီးမင်းသမီးအနေနဲ့လည်း Han Chae Youngလဲပါဝင်ထားတော့အတော်လေးကြည့်လိုကောင်းသွားပြီ ပြောရမှာပေါ့....ဇာတ်လမ်းအကျဉ်း ------------ ငယ်စဉ်ကလေးဘဝမှာပဲ မျက်စိရှေ့တင်အဖေကို ရက်ရက်စက်စက်သတ်တာကို မြင်ခဲ့ရတဲ့မိုက်ကယ်လေးက ကံကောင်းထောက်မစွာပဲအမေရိကန်စုံတွဲရဲ့မွေးစားခြင်းကို ခံခဲ့ရပြီးတိုင်းတပါးမှာ ကြီးပြင်းခဲ့ရပါတယ်. ဒါပေမယ့်သူအသက်ရှင်နေသမျှကာလပတ်လုံး သူ့အဖေရဲ့အသတ်ခံရမှုအတွက် နာကျည်းမှုတွေနဲ့ရှင်သန်ခဲ့ရပြီး ၂၅နှစ်အကြာမှာ မွေးရပ်မြေဖြစ်တဲ့ကိုရီးယားကို သွေးကြွေးဆပ်ဖို့ ပြန်လာခဲ့ပါတယ်...မိုက်ကယ်တစ်ယောက် သူ့မိသားစုအတွက်ရန်သူ့ကို လက်တုံ့ပြန်နိုင်မလား ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုခံစားကြပါခင်ဗျာ...  File Size –700MB@EpisodeQuality –1080pDuration – minute (@Episode)Total Episodes:24Subtitle – Myanmar HardsubFormat – Mp4Genre : Action . DramaEncoder – Thit San KhantFor VIP Member - Click Here!Ep1-8  Yoteshin  /  VIP  Ep9-16  ...
10
TMDb: 10/10 1 votes
tv

A Man Called God(2010) Complete

2010
Forever and Ever ( 2021 ) Complete
Forever and Ever ( 2021 ) Complete One and only မှာ ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် ရှင်လည်းဘယ်လိုနည်းနဲ့မညားတဲ့အပြင် ရက်ရက်စက်စက် သေကွဲကွဲခဲ့ရတဲ့ ရှီယိနဲ့ ကျိုးရှန်ချန် တိုဒုတိယဘဝမှာ ဘယ်လိုတွေ အတိုးချရိုပြီး ဘယ်လိုတွေ ချစ်ပြတတ်ကြင်နာတတ်တယ်ဆိုတာ စောင်ကိုက်ရင်းကြည့်ရမယ့်romance ဒရာမာလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။Oath of love က ပြမယ့်ရက် နောက်ရွေ့ထားတော့ သူ့အစားဒီအရိုတစ်လိုင်းလေးကြည့်ပြီး ဖြေသိမ့်ကြတာပေါ့...ဇာတ်လမ်းအကျဉ်းလေး ပြောပြရရင်တော့ချစ်စရာကောင်းပြီး ရိုးရိုးအေးအေး အသံနောက်ခံသရုပ်ဆောင်ရှီယိလေးက သွေးအေးပြီး မချစ်တတ်ဘူးထင်ရလောက်တဲ့chemistry ပရော်ဖက်ဆာကျိုးရှန်ချန်နဲ့ လေဆိပ်မှာအမှတ်မထင်ဆုံတွေ့ရာကနေ အတိတ်ဘဝက ရေစက်ကြောင့်မြင်လျှင်မြင်ချင်း စိတ်ဝင်စားခဲ့ရာကနေ တစ်ဖြည်းဖြည်းတစ်ယောက်အကြောင်းတစ်ယောက် နားလည်လာပြီးအဆင့်တွေ ဖြည်းဖြည်းချင်းတက်ကာ ထာဝရရွှေလက်တွဲကြလေသတည်းပေါ့...One and only မှာ ငိုခဲ့ရသမျှ ဒီမှာ မကျေပွဲ စောင်ပြန်ကိုက်ရမယ့်အရိုတစ်လိုင်းမို အရိုလေးတွေကြည့်ပြီး စိတ်ဖိစီးမှုတွေဖြေလျှော့ချင်သူတွေအတွက် မကြည့်လိုက်ရလိုနောင်တရနိုင်တဲ့ ဇာတ်ကားလေးမို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြနော်.. Quality : WEB-DL 720pFormat : mp4During : 45min ...

Forever and Ever ( 2021 ) Complete

2021
Jaguar (2021) 7.0
Jaguar (2021) Jaguar (2021)============IMDb Rating - 7.0/10Netflix ကနေ 22 Sept 2021 မှာထွက်ရှိလာတဲ့ အသစ်စက်စက် စပိန်စီးရီးအလန်းစားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ ခုနှစ်တွေမှာ စပိန်နိုင်ငံဟာ နာဇီစစ်ဆေးရေးစခန်းကနေ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ခိုလှုံရာတိုင်းပြည်တစ်ခုပါ။ဒီလိုလွတ်မြောက်လာသူတွေထဲမှာ အစ်စဘယ်ဆိုတဲ့ ကောင်မလေးလည်းပါဝင်လာတယ်။ အစ်စဘယ်က သူငယ်စဉ်ကသူ့အဖေကို သတ်ဖြတ်ခဲ့တဲ့ နာဇီအရှာရှိတစ်ယောက်နောက်ကို လက်စားချေဖို့ လိုက်နေတာပေါ့။ အဲ့ဒီအရာရှိဟာလည်းဥရောပတစ်ခွင်မှာ အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတော့ အစ်စဘယ်တစ်ယောက် လွယ်လွယ်နဲ့ ခြေရာခံလို့မရခဲ့ဘူး။ ဒီလိုနဲ့ အစ်စဘယ်ဟာ မမြင်နိုင်တဲ့အန္တရာယ်တွေကြားတိုးဝင်ရင်း သူနဲ့ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ပေါင်းစည်းမိသွားရာကနေ . တကယ့်ရက်စက်ယုတ်မာလွန်းလှတဲ့ နာဇီအရာရှိဟောင်းများကို လက်စားချေဖို့ ကြိုးပမ်းကြတာကိုရိုက်ကူးထားတဲ့ အက်ရှင်စီးရီး​လေးပါ။အပိုင်း (၆) ပိုင်းပါဝင်ပြီး အက်ရှင်ကြမ်းကြမ်းရမ်းရမ်းများကို ကြည့်ရှုခံစားရမှာဖြစ်လို့ လက်မလွှတ်ကြဖို့တိုက်တွန်းချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thet Hnin Hsu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team မှဖြစ်ပါတယ်။) Quality – 1080p, ...
7.0
TMDb: 7.0/10 2300 votes
tv

Jaguar (2021)

2021
Most Dangerous Game (2021) 7.7
Most Dangerous Game (2021) IMDb Rating (7.1)ဒီစီးရီးက ၂၀၂၀ ခုနှစ်က ထွက်လွှင့်ခဲ့ပြီး အပိုင်း (၁၅) ပိုင်းပါပေမယ့် ၇ မိနစ်စာ Action အတိုလေးတွေမို့၂၀၂၁ ခုနှစ်မှာ အကုန်လုံးပေါင်းပြီးတစ်ကားထဲအနေနဲ့ ထွက်ရှိလာတာပါ။၁၉၂၄ ခုနှစ်က ထွက်ရှိထားတဲ့ Richard Connell ရဲ့ The Most Dangerous GameShort Story လေးတွေကို အခြေခံလို့ ပြန်လည်ရိုက်ကူးထားတာပါ။မင်းသားကတော့ Thor မင်းသားရဲ့ ညီတော်မောင် Liam Hemsworth ဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ငွေကြေးအခက်အခဲတွေ၊ မိသားစုအခက်အခဲတွေအပြင် မကြာခင်မှာ မီးဖွားတော့မယ့် မိန်းမအတွက် ငွေအရေးတကြီး လိုအပ်နေတာကြောင့်ဇာတ်လိုက် ဒေါ့ဂျ်တစ်ယောက် ကြံရာမရဖြစ်နေတဲ့ချိန်မှာ အခွင့်အရေးကြီးကြီးမားမားတစ်ခုနဲ့ချိတ်မိပါတယ်။ဒါကတော့ ၄၅ မိနစ်တိုင်းမှာ ဒေါ်လာ ၅၀၀၀၀ ဝင်မယ့် ဂိမ်းကစားနည်းတစ်ခုပါ။ဂိမ်းကစားနည်းက ရှင်းပါတယ်။ မြို့ထဲပတ်ပြေး အမဲလိုက်သမားတွေက လိုက်သတ်မယ့် Hunting Game တစ်မျိုးပါ။၄၅မိနစ်တိုင်း အသက်ရှင်နေတာနဲ့တင် ပိုက်ဆံရနေပြီ...အဲဒီမှာ ခေါင်းပူသွေးပူဖြစ်နေတဲ့ ...
7.7
TMDb: 7.7/10 48 votes
tv

Most Dangerous Game (2021)

2020
Hospital Playlist Goes Camping (2021) 9
Hospital Playlist Goes Camping (2021) Hospital Playlist Goes Camping (2021)Hospital Playlist နဲ့ Camping ဆိုရင် တွဲမြင်ကြပြီးသား ဖြစ်မှာပါ။Mi Do Fa La Sol အဖွဲ့လေးဟာဆိုရင်လည်း စခန်းချခရီးစဉ် အတူသွားဖြစ်ခဲ့ရာကနေ စတင်လာခဲ့တာပါ။စခန်းချခရီးစဉ် ဆိုတာကတော့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ တောင်ပေါ်ကို ညအိပ်ညနေ သွားကြတာမျိုးပါ။အခုခေတ် လူမှုဘဝနဲ့ ယှဉ်ရင် စခန်းချခရီးစဉ် သွားတဲ့အချိန်မှာ နှလုံးသားချင်းတွေ ပိုပြီး နီးကပ်နိုင်ကြပါတဘ်။တောကြီးမျက်မည်းထဲမှာ ဖြစ်တဲ့အတွက် စကားပြောမယ့်လူက သွားတဲ့ ခရီးသွားအဖွဲ့တစ်ဖွဲ့ပဲ ဖြစ်မှာပါ။ ဒီတော့ လူမှုကွန်ရက်တို့ ဖုန်းတို့နဲ့ ကင်းဝေးပြီး လူလူချင်း စကားတွေ ဖောင်ဖွဲ့နေအောင် ပြောနိုင်ကြမယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ရင်းနှီးတဲ့လူတွေ သွားရင်တော့ နှလုံးသားတွေ ပိုလို့ နွေးထွေးရတာပေါ့။ အခင်မင်ဆုံးသူငယ်ချင်းတွေ သွားတဲ့ ခရီးစဉ်ဟာ သံယောဇဉ်ကြိုးတွေကို ပိုလို့ တိုးစေမှာ အမှန်ပါပဲ။ဒီအစီအစဉ်လေးကတော့ နွေးထွေးမှုရှိပြီးသား ဖြစ်တဲ့ Hospital Playlist Squad ထဲက သူငယ်ချင်း ၅ ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ...
9
TMDb: 9/10 1 votes
tv

Hospital Playlist Goes Camping (2021)

2021
Bangkok Breaking(2021)
Bangkok Breaking(2021) Bangkok Breaking(2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်းသစ်( ၁ မှ ၆ )ထိ စ/ဆုံးဒီဇာတ်ကားလေးကတော့ Netflix ကုမ္ပဏီက ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ထားပြီး လျို့ဝှက်ဆန်းကြယ်တဲ့ ထိုင်းအက်ရှင်ဇာတ်ကားကောင်းတစ်ကောင်းပါ.... အပိုင်းအရေအတွက်အားဖြင့် (၆) ပိုင်းတိတိ တစ်ပြိုင်တည်း ထွက်ထားပါတယ်....Casts:ဝမ်ချိုင် အဖြစ် Weir Sukollawat ကတ် အဖြစ် Aom Susharဇာတ်လမ်းအစမှာတော့ ထူးဆန်းပြီး ကြီးမားလွန်းတဲ့ ကားအက်ဆီးဒင့်တစ်ခုကနေ စခဲ့တာပါ.... နယ်ဘက်ကနေ ဘန်ကောက်ကို အလုပ်လာလုပ်ဖို့ တက်လာတဲ့ ဝမ်ချိုင်တစ်ယောက် ဘန်ကောက်ကို ရောက်ရောက်ချင်း အစ်ကိုဖြစ်သူ လာအကြိုကို ကားမှတ်တိုင်မှာ ‌စောင့်နေခဲ့ပါတော့တယ်... ကတ်ဆိုတဲ့ ကောင်မလေးကတော့ ဘန်ကောက်မှာ သတင်းထောက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ယောက်ပေါ့ အဲ့ဒီအက်ဆီးဒင့်မဖြစ်ပွားမှီ ကတ်တစ်ယောက် သူ့ဦးလေးဖြစ်သူနဲ့ ကုမ္ပဏီစီအီးအိုအသစ် ကြိုဆိုပွဲအတွက် လောလောနဲ့ ကားကို အရှိန်ပြင်းစွာ မောင်းလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဝမ်ချိုင့်အစ်ကို ပါလာတဲ့ ကားတစ်စီးဟာ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ရာ အရှိန်မသတ်နိုင်တော့ပဲ ကြီးမားတဲ့ ကားအက်ဆီးဒင့်တစ်ခုဖြစ်ခဲ့ရပါတော့တယ် ဒါပေမယ့် ထူးခြားတာတစ်ခုက အဲ့ဒီအက်ဆီးဒင့်ဟာ အတွင်းကျကျ လျို့ဝှက်စွာနဲ့ လုပ်ကြံခံလိုက်ရခြင်းပါ.....တရားခံအစစ်ကို လုံးဝရှာမရပဲ ပျောက်ပျက်သွားပါတော့တယ်.. အဲ့နောက်တော့ ဒီလျှို့ဝှပ်ဆန်းကြယ်လှတဲ့တရားခံက ...

Bangkok Breaking(2021)

2021
Mae Bia (2021) 7.8
Mae Bia (2021) ဒီစီးရီးလေးကတော့ ၂၀၁၅ တုန်းက ထွက်ထားတဲ့ Mae Bia (2015) ကို ကျောရိုးယူပြီး စီးရီးအနေနဲ့ တဖန် ပိုမိုကောင်းမွန် ပြည့်စုံအောင် ရိုက်ကူးထားတဲ့ စီးရီးလေးပါ ။ ဇာတ်လမ်းကတော့မေ(မေ့ခလာ)ဆိုတဲ့ ချောမောလှတဲ့ကောင်မလေးက ခရီးသွားလုပ်ငန်းစုရဲ့ မန်နေဂျာပေါ့တစ်နေ့ model လျောက်ပွဲမှာ ဝင်ကူညီပေးရင်း မထင်မှတ်ဘဲ ခွန်ချနချွန် ဆိုတဲ့ သူနဲ့ ဆုံခဲ့တယ်ခွန်ချနချွန် ဆိုတာကတော့ ဟိုတယ်လုပ်ငန်းစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ကလေးလည်း ရှိတဲ့သူပါဒါပေမယ့် တွေ့ဆုံခဏ တဒဂ်မှာပဲ မေ(မေ့ခလာ)ရဲ့ အလှမှာ မျောသွားခဲ့တယ်နောက်ပြီး ခွန်ချနချွန်တစ်ယောက် ခရီးသွားလုပ်ငန်းအတွက် ထိုင်းအိမ်လေးတစ်အိမ် ဝယ်ဖို့ လုပ်ရင်း ပိုင်ရှင်ကိုသွားတွေ့တဲ့အခါ မေ(မေ့ခလာ)ရဲ့ ဘိုးဘွားပိုင်အိမ်ဖြစ်နေပြီး ထပ်မံဆုံတွေ့ကြပြန်တယ်ဒီလို တိုက်ဆိုင်မှု့တွေကနေပြီးတော့ နှစ်ယောက်သား စိတ်ချင်းနီးစပ်လာကြတာပေါ့ဒါပေမယ့် မေ(မေ့ခလာ)ဆိုတဲ့မိန်းမပျိုလေးက ရိုးရိုးသာမာန်မိန်းကလေးမဟုတ်ခဲ့ပါဘူးသူ့ကို ယောက်ျားတွေ အန္တရာယ်မပေးအောင် ကာကွယ်စောင့်ရှောက်ပေးတဲ့ တောကြီးမြွေတစ်ကောင်ရှိပါတယ်အဲ့လိုကာကွယ်ပေးရတဲ့ အတိတ်ကအဖြစ်အပျက်တွေက ဘာတွေလဲအိမ်ထောင်ရှိမှန်းမသိဘဲ ချစ်မိသွားတဲ့ မေ(မေ့ခလာ)နဲ့ မြင်မြင်ချင်းသဘောကျသွားတဲ့ ခွန်ချနချွန် ...
7.8
TMDb: 7.8/10 2,302 votes
tv

Mae Bia (2021)

Nakaab(2021)
Nakaab(2021) Nakaab (2021)စိန်ရွှေကျောက်မျက်ရတနာကိုသာ အကဲခတ်ရလွယ်တော့ လူကဲခတ်ဖို့ကတော့ အင်မတန်ကို ခက်ခဲလှပါတယ်လူဆိုတာ ကိုယ်ချပြချင်တဲ့အရာကိုပဲ ပတ်ဝန်းကျင်ကို ချပြတတ်တဲ့အမျိုးမဟုတ်လားလောကကြီးမှာ ကိုယ့်ရဲ့အခက်အခဲတွေ ဒုက္ခတွေကို ဟန်ဆောင်မျက်နှာဖုံးကိုယ်စီ တပ်ပြီး ဖုံးကွယ်ထားကြတဲ့လူတွေ လက်ညှိုးထိုးမလွဲပါပဲဒီလိုပါပဲ အောင်မြင်ချိန်မှာ အပေါ်ယံ ပြုံးပြနှုတ်ဆက်ပြီး ဖော်ရွေကြပေမဲ့ ကျရှုံးသွားတဲ့အချိန်မှာတော့ သူတို့ရဲ့အဲ့ဒီဟန်​ဆောင်မျက်နှာဖုံးတွေ ကွာကျပြီး အကျည်းတန်မှုတွေကို ထုတ်ဖော်ပြသလာပါလိမ့်မယ်ဒီဇာတ်လမ်းလေးမှာလည်း ဒီလိုပါပဲရဲမေတစ်ဦးဖြစ်တဲ့ အဒီတီ အာမဲဟာ တစ်နေ့မှာတော့ နာမည်ကျော် မင်းသမီး ဗစ်ဟာဒက်တာရဲ့သေဆုံးမှုအကြောင်း စုံစမ်းဖို့ တာဝန်ကျလာခဲ့ပါတယ် .ဗစ်ဟာဒက်တာဆိုတာ ရုပ်ရည် အရည်အချင်းအဘက်ဘက်က ပြည့်စုံပြီး အားလုံးက စံထားနေရတဲ့ နာမည်ကျော်မင်းသမီးပါဒီလိုနဲ့ အဒီတီတစ်ယောက် အမှုစုံစမ်းနေရင်း မင်းသမီး ဗစ်ဟာရဲ့ ကျော်ကြားမှုမျက်နှာဖုံးနောက်ကွယ်က မထင်မှတ်ထားတဲ့ ကြောက်စရာ လျှို့ဝှက်ချက်ကို သိရှိလိုက်ရတဲ့အခါ....??တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ ဗစ်ဟာရဲ့ သေဆုံးမှုကရော သေကြောင်းကြံစည်တာလား?? မဟုတ်ရင် လုပ်ကြံခံရတာလား??ရဲမေအဒီတီ သူ့ရဲ့ပိုင်ဆိုင်မှု မိသားစု နောက်ဆုံး သူ့ကိုယ်သူပါ စတေးခံပြီး ...

Nakaab(2021)

2021
Too Hot to Handle Season 2 (2021) 10k
Too Hot to Handle Season 2 (2021) Too Hot To Handle Season 2စားဘဲကြီး၊ စားစော်ကြီးတို့ရဲ့ ရီရယ်လတီရှိုးအသစ်ကတော့ အလန်းလေး၁၀ယောက်နဲ့အတူ ပြန်လာပါပြီ။စီစန်၁ ကြည့်ပြီးသားသူတွေကတော့သိကြမှာပါအလွန်ထန်တဲ့ အချောလေးတို့တစ်သိုက် လိင်ကိစ္စပိတ်ပင်ထားတဲ့ အပန်းဖြေစခန်းကြီးမှာမှ စုမိကြတဲ့ရီရယ်လတီရှိုးပါ။ဒီစီစန်၂ မှာပါတဲ့ cast ၁၀ယောက်နဲ့ မိတ်ဆက်ပေးပါရစေ နယူးယောက်က‌မော်ဒယ်လေး မယ်လင်ဒါ ကနေဒါက အကြောတင်းတဲ့အချောလေး ကာလီ လန်ဒန်က ဘဲကြည်စော်လေး အမ်မလီ နယူးဇီလန်က ရှေ့နေမလေး လာရီဆာ ဖိလစ်ပိုင်-အမေရိကန်သူ အဖျော်ဆရာမလေး ကေလာတက္ကဆက်မှာနေတဲ့ အင်္ဂလန်သား stripper နေသန် ဆီရက်တယ်လ်က ဘောလုံးသမားချေ့စ် နယူးပို့တ်က ထရိန်နာကမ် နယူးယောက်က thirst trap tiktoker ပီတာ ပြင်သစ်ချောကလက်အညိုဆင်ကြီး မာဗင် တို့ပဲ ဖြစ်ပါတယ်အားလုံးက social media cele တွေဖြစ်ပြီး အပြင်မှာအခုထိတကယ်တွဲသွားကြတဲ့သူတွေလည်း ရှိတာမို့ စိတ်ဝင်စားစရာ လက်တွေ့ဘဝပြိုင်ပွဲ‌ ရီရယ်လတီရှိုးလေးပါ ကြည့်လိုက်ကြပါဦးReview by - MTAQuality….1080p File size… 700 MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA, JoJoVa, Jerrica, Amelia, HWL, Thet ...
10k
TMDb: 10k/10 votes
tv

Too Hot to Handle Season 2 (2021)

2021
The Mind Game(2021)
The Mind Game(2021) The Mind Game(2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်းသစ် (၁ မှ ၁၁)ထိ စ/ဆုံးဝင်္ကပါကစားပွဲထက်ထိုင်အဖြစ် Bank Thiti ခင် အဖြစ် Peak Pattarasayaဇာတ်လမ်းအကျဉ်းစီးပွားရေးလုပ်ငန်းကြီးတစ်စုရဲ့ အမွေဆက်ခံသူဖြစ်သူ ထက်ထိုင်ဟာ သူ့အတွက် အရာအားလုံးဟာ ပန်းခင်းလမ်းပါပဲ..လက်ညှိုးညွှန်ရာ ရေဖြစ်သလိုလက်ဖျောက်တစ်ချက်အတွင်း သူလိုချင်တာ ရနိုင်တဲ့အနေအထားမျိုးပါပဲ..သူ့အပျော်တွေနဲ့ သူဌေးလေးဘဝဟာ ကြာကြာတော့မခံပါဘူး...တစ်နေ့တော့မသမာသူ လူတစ်စုဟာ စနစ်တကျနဲ့ အမှုဆင်ပြီး တရားခံဖြစ်အောင် ထက်ထိုင်ကို ကြံစည်ကြပါတယ်..ဒီ လူယုတ်မာအဖွဲ့ရဲ့ လက်ချက်ကြောင့် ထက်ထိုင်တစ်ယောက် ဖျင်လေးတစ်နေရာစာတောင်ထိုင်လို့မရအောင်ဒုက္ခရောက်ပါတော့တယ်... သက်သေအားလုံးသူ့ကိုပဲ ညွှန်းဆိုနေလို့ ကယ်ဖို့လည်းလူမရှိနဲ့ နောက်ဆုံး ဒီကိစ္စကြီးတစ်ခုလုံးကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားပါတော့တယ်... သူ့မှာ တစ်ခြားသူတွေနဲ့မတူတဲ့ထူးခြားစွမ်းအင်လည်းရှိတာကြောင့် ဒီစွမ်းရည်ကိုအသုံးချပြီး ပြဿနာပေါင်းစုံကိုဖြေရှင်းပါတော့တယ်...အချိန်မရွေးအသက်ပျောက်နိုင်တဲ့မသမာသူတွေကြားမှာ သူဘယ်လိုရုန်းထွက်မလဲ...ဝင်္ကပါဆန်ပြီး ရှုပ်ထွေးလွန်းတဲ့ ကစားပွဲထဲကနေ လွတ်မြောက်နိုင်ပါ့မလား? ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Aum Patcharapa ရဲ့ နာမည်ကြီး အက်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ ဇာတ်လမ်းက လုံးဝကောင်းမွန်နေမှာမလွဲပါ [ဇာတ်လမ်းအညွှန်းကို Mann Mawkunn မှ ရေးသားပေးထားပါတယ်]  Drama: The Mind GameCountry: ThailandEpisodes: 10Genres: Action, Psychological, Romance, SupernaturalTranslated ...

The Mind Game(2021)

2021
Sea of Hope (2021)
Sea of Hope (2021) Sea of Hope (2021)"မျှော်လင့်ခြင်း ပင်လယ်"ပင်လယ် ..... ပင်လယ်ဆိုတာ စိတ်ထွက်ပေါက်ရနိုင်တဲ့ အကောင်းဆုံးနေရာမြို့ပြရဲ့မွန်းကြပ်မှုတွေကနေ ထွက်ပြေးလွတ်မြောက်နိုင်တဲ့နေရာ ..... ရိုးအီနေတဲ့ နေ့စဉ်ဘဝတွေကနေ လွတ်မြောက်ရာနေရာ .....ပင်လယ်လေလေးကို တစ်ဝ ရှူရှိုက်ပြီး အရက်ကောင်းကောင်းလေးတစ်ခွက်ရယ် ..... ငြိမ့်ငြောင်းတဲ့ သံစဉ် ပျော့ပျော့ပျောင်းပျောင်းလေးတွေနဲ့ ဆိုရင် စိတ်ဟာ အနည်းနဲ့အများတော့ သက်သာရာ ရတာပါပဲ။ဒီတော့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တင်ဆက်ထားတဲ့ ရသစုံရှိုးတစ်ခု ဖြစ်တဲ့ ...... "မျှော်လင့်ခြင်း ပင်လယ်" ဆိုတဲ့ ဘားလေးဆီကို ကျွန်တော်တို့ အလည်တစ်ခေါက် သွားကြရအောင်ပါ။အဲဒီဘားလေးမှာ ဘယ်သူတွေ ရှိမလဲ ဆိုတာကတော့ .....Bartendr အဖြစ် နာမည်ကြီးသရုပ်ဆောင် မင်းသား Lee Dong Wook စားဖိုမှူးအဖြစ် နာမည်ကြီး သရုပ်ဆောင် မင်းသမီး Lee Ji-Ah ပင်လယ်က သက်တော်စောင့် အဖြစ် နာမည်ကြီး သရုပ်ဆောင် မင်းသမီး Kim Go-Eun မုန့်ဖုတ်သမားအဖြစ် နာမည်ကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ Shinee ...

Sea of Hope (2021)

2021
Squid Game (2021)
Squid Game (2021) Squid Game (2021)Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့် Survival Game ပဲ ဖြစ်ပါတယ်။ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ ဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။ သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို့ သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို့ ဖြစ်လာခဲ့ပါတယ်။Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့ လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့ နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။ သူတို့ အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့ ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါပဲ။Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုပါ။ သွေးထွက်သံယို အခန်းတွေ ပါတာမို့ အသည်းငယ်သူတွေတော့ ...

Squid Game (2021)

2021
Hospital Playlist Season 2 (2021) 8.8
Hospital Playlist Season 2 (2021) Hospital Playlist Season 2 (2021)Hospital Playlist ဆိုတာနဲ့ ဘာပြေးမြင်မိလဲ?ကျွန်တော်ကတော့ "နွေးထွေးမှု" ပဲ ပြေးမြင်မိတယ်။နွေးထွေးမှုထဲမှာမှ လူသားဆန်တဲ့ နွေးထွေးမှု၊ လူသားဆန်တဲ့ ချစ်ခြင်းတရား။နွေးထွေးမှုဆိုတာ ဘာကို ပြောပါသလဲ?ကိုယ်အဆင်မပြေတဲ့အချိန် ကိုယ်အခက်ကြုံနေချိန်မှာ ကိုယ်နဲ့အတူ ရပ်တည်ပေးတဲ့လူရှိလို့ ရလာတဲ့ ခံစားမှုက နွေးထွေးမှုပါပဲ။ကိုယ်အဆင်ပြေတဲ့အချိန် ကိုယ်အောင်မြင်တဲ့အချိန်မှာ ကိုယ်နဲ့အတူ ပျော်ရွှင်မှုကို မျှဝေခံစားပေးတာက နွေးထွေးမှုပါပဲ။ဘဝ ဆိုတဲ့လမ်းက ကြမ်းပါတယ်။ ကြမ်းတမ်းတဲ့ ဘဝလမ်းမှာ နွေးထွေးမှုလေးတွေနဲ့ လျှောက်လှမ်းရရင်တော့ ဘယ်လောက်ခက်ခဲပါစေ ရင်ဆိုင်နိုင်ကြမှာပါပဲ။သက်ဆုံးတိုင်လျှောက်ရမယ့်ဘဝမှာ နွေးထွေးမှုတွေနဲ့ ကမ်းလင့်ပေးတဲ့ လက်အစုံကို လူတိုင်း လိုချင်ကြတာပေါ့။ဒီလိုကမ်းလင့်တတ်တဲ့ လက်အစုံကို လူတိုင်း မရနိုင်ပါဘူး။ ရတဲ့လူတွေက ကံကောင်းတဲ့လူတွေပါပဲ။လူမှန်ရင် ရုပ်ပိုင်းဆိုင်ရာချည်း ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဘဝဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းချိန်မှာ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လည်း လိုပါတယ်။ဒီလို စိတ်ဓာတ်ခွန်အားမျိုးကို မေတ္တာတရားကနေပဲ ရနိုင်ပါတယ်။ဒီဇာတ်လမ်းကတော့ သူငယ်ချင်းတွေရဲ့မိသားစုဆန်တဲ့ မေတ္တာတရားမျိုးကို အမွှမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မေတ္တာတရားက ...
8.8
TMDb: 8.8/10 23 votes
tv

Hospital Playlist Season 2 (2021)

2021
Lucifer(2021)SE6 8.5
Lucifer(2021)SE6 Lucifer(2021)SE6 ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်းသစ်( ၁ မှ ၁၀)ထိ စ/ဆုံးမျှော်နေကြတဲ့ Lucifer Season 6 ထွက်လာပါပြီနော်... Season 5 မှာ ကောင်းကင်ဘုံနဲ့ ငရဲ တိုက်ပွဲကြီး ပြီးသွားတဲ့အချိန်မှာ ဘုရားသခင်ရဲ့နေရာကိုဆက်ခံဖို့ Lucifer က ချွင်းချက်မရှိ ဆက်ခံသူဖြစ်သွားပါပြီ။ ဒီ Season မှာတော့ ငရဲဘုရင်တစ်ယောက် ဘုရားသခင်နေရာကိုဝင်ပြီး အမွေဆက်ခံထိုက်သူ ဖြစ်နိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရမှာပါ။ အရင်ဘုရားသခင်ရဲ့ လက်ရုံးကြီး ဘုရားသခင်ရဲ့အမျက်တော် အမန်နာဒီရယ်ကတော့လူလောကမှာပဲ ရဲဝန်ထမ်းလုပ်ဖို့ကြိုးစားနေပြီး မေ့ဇ်နဲ့ အိဗ် အတွဲကတော့ ငရဲကိုပြန်မသွားတော့ဘဲ LA မှာပဲဆက်ရှိနေဦးမှာပါ။ ကွင်းဆက်လူသတ်သမားနဲ့ တွဲဖြစ်ခဲ့တဲ့ အချစ်တော်အယ်လာလေးအတွက် စုံထောက်ကာရိုးကော်ဘတ်ဆိုတဲ့ ဇာတ်ကောင်အသစ်လေးပါလာပါတယ်။ စုံထောက်ကြီး ကလိုဝီကတော့ စုံထောက်ပြုတ်ဖြစ်ပြီး အငြိမ်းစားဘဝမှာ တိုင်ပတ်နေပါတယ်။ ငရဲကိုရောက်သွားတဲ့ ဒန်တစ်ယောက်ကတော့ ငရဲမှာ အထူးဝန်ဆောင်မှုရပြီးသာယာနေပေမဲ့ ပြန်လာချင်နေပါတယ်။ ငရဲကျနေတုန်းဆိုတော့လေ။ ဗီလိန်တမာန်တော်တစ်ပါးလည်းပါလာပါတယ်။ သူ့ရဲ့အကြောင်းကိုတော့ ဇာတ်လမ်းမှာပဲဆက်ကြည့်လိုက်ပါတော့။ ငရဲဘုရင်က ဘုရားသခင်ဖြစ်သွားတော့လည်း အားပေးကြဦးမယ်မလား။Total Episodes – 10 Quality :NF-WEB-DL1080P5.1CH720p File Size : ...
8.5
TMDb: 8.5/10 10070 votes
tv

Lucifer(2021)SE6

2016

Genres

Archives