Channel Myanmar

New releases (2025)

Content at random


TV Series

Dream Garden (2021)
Dream Garden (2021) ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ World of Honour ထဲကမင်းသားလေး Gong Jun နဲ့Ode to joy ထဲက မင်းသမီးလေး Qiao Xin တို့က ပါဝင်သရုပ်ဆောင်ထားတဲ့series အသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အနေအေးပြီး စိတ်ပညာနဲ့ပတ်သတ်ရင် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန်လေး Lin Shen နဲ့ချစ်မှုရေးရာနဲ့ပတ်သတ်ရင် လက်တွေ့မကြုံဖူးပေမယ့် သူ့ကိုယ်သူ ကျွမ်းကျင်အဆင့်လို့ခံယူထားတဲ့ blogger မလေး xiao xiao တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အတွက်ငြင်းခုံဖူးကြသူနှစ်ဦးပါ။ ဒီလိုနဲ့ စိတ်ပညာနဲ့ပတ်သတ်ပြီး လေ့လာချင်တဲ့xiao xiao တစ်ယောက် စိတ်ရောဂါကုဆရာဝန်တစ်ဦးဆီမှာ လက်ထောက်အဖြစ်လျှောက်ရာကနေ သွေးအေးတဲ့ Lin Shenရဲ့လက်အောက်မှာ လက်ထောက်အဖြစ်အလုပ်လုပ်ခွင့်ရပြီးတဲ့နောက် ကံကြမ္မာက သူတို့နှစ်ဦးကို နီးစပ်စေဖို့ဘယ်လို​အပြောင်းအလဲတွေ ဖန်တီးပေးဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချောလေးနှစ်ယောက်ရဲ့ လိုက်ဖတ်မှုအပေါင်းကိုလည်း လှလှပပကြီးခံစားရမယ့်အပြင်Lin Shen တစ်ယောက် အိပ်မွေ့ချကုထုံးတွေနဲ့ လူနာတွေရဲ့ စိတ်ဒဏ်ရာတွေကိုဘယ်လိုဖြေရှင်းပေးမလဲ Xiao Xiao ကရော ...

Dream Garden (2021)

2021
Raising Dion Season 1 + 2 (2019-2022) 8.2
Raising Dion Season 1 + 2 (2019-2022) Rotten tomatoမှာ 82%အထိရပြီး IMDBမှာ 7.2အထိ ရထားတဲ့Rating မြင့်တဲ့ Seriesလေးတခုဖြစ်လို့ကြည့်ရကျိုးနပ်မယ့်ကားလေး။SuperHero ဇာတ်လမ်းပုံစံတွေ ခေတ်စားလာပြီးနောက်Super Hero တွေကိုပုံစံမျိုးစုံနဲ့ ရိုက်လာကြတယ်။များသောအားဖြင့်က အရွယ်ရောက်ပြီး Superheroတွေဖြစ်ကြပြီးနောက်ပိုင်းမှာ ဆယ်ကျော်သက်နဲ့ Superhero ပေါင်းစပ်ထားတဲ့Genre တွေပါ ခေတ်စားလာတယ်DC ရဲ့ Teen Titansရယ် Marvelရဲ့ Runaway Series တွေက လူသိများတယ်။DC နဲ့ Marvel က မဟုတ်ပဲနဲ့ဆို Jumper Movie ကိုမှSequel ပုံစံမျိုးရိုက်ထားတဲ့ Impulse တို့ရှိတယ်။Superheroဆိုတိုင်း သူရဲကောင်းတွေ မဟုတ်တာကို ပြသွားတဲ့The Boy လိုမျိုး Series တွေ။အဲလိုပုံစံတွေထဲကနေမှ တမျိုးလေးခွဲထွက်လာတဲ့ တကားရှိတယ်။အဲဒါကတော့ အခု ...
8.2
TMDb: 8.2/10 43 votes
tv

Raising Dion Season 1 + 2 (2019-2022)

2019
The Kangks Show (2021)
The Kangks Show (2021) The Kangks Show (2021)Kangks ဆိုတာက ဖိလစ်ပိုင်စကားအရ "Kantot"ရဲ့အတို​ကောက်ပါ အဓိပ္ပါယ်က​တော့ " Have Sex "​ပေါ့၊ ဒါ​ကြောင့် "Kangks Show" ဆိုတာ လိင်မှုကိစ္စနဲ့ ပတ်သတ်တဲ့ အ​ကြောင်းအရာ​တွေကို ပညာ​ပေး သ​ဘော တင်ဆက်လာတဲ့ အစီအစဉ်​ပေါ့ဒီTVအစီအစဉ်က သက်​တော်ရှည်အစီအစဉ်ကြီးအဖြစ် ၁၅နှစ် တိုင်တိုင် ရပ်တည်လာခဲ့ပြီး​​နောက် ​​မော်ဒန်​ခေတ်ရဲ့ Online streaming​ တွေ Tik Tokလိုဆိုရှယ်မီဒီယာ​တွေရဲ့ လွှမ်းမိုးမှု​ကြောင့် Rating​ တွေ ကျပြီး ​နောက် ၁၀ ပိုင်း အပြီးမှာ အပြီးတိုင်ဖျက်သိမ်းရဖို့ နီးစပ်လာပါတယ်ဒီလိုဖျက်သိမ်းရမယ့်အဖြစ်ကို ဒီရှိုးမှာ ၉နှစ်တိတိ လိင်ပိုင်းဆိုင်ရာ အကြံ​ပေးတင်ဆက်သူအဖြစ် လုပ်လာခဲ့တဲ့ ​ဒေါက် ကာရာသီအိုက လက်သင့်မခံနိုင်ပါဘူး၊ ဒါ​ကြောင့် ဒီရှိုးဆက်လက်တည်မြဲဖို့ Rating ပြန်တက်လာ​​အောင် ကာရာသီအိုအ​နေနဲ့ နည်းမျိုးစုံနဲ့ ကြိုးစားရင်း ဖြစ်လာတဲ့ အလွဲအ​ချော်​တွေ ဟာသ​တွေ ဒရာမာ​တွေကို အ​တော် ​မှောင်​မှောင်​လေး ကြည့်ရမှာပါဒီSeriesက ၁၇+ ​လောက်ရှိတဲ့ seriesဖြစ်လို့ အ​ဖော်အချွတ်​တွေ ...

The Kangks Show (2021)

2021
I Am Georgina (2022) 6.2
I Am Georgina (2022) I Am Georgina (2022) ====================== IMDb Rating - 6.2/10ရုပ်၀တ္တုလောကဆန်ဆန် နှိုင်းယှဉ်ပြောရမယ်ဆို သူဟာ influencer, စီးပွားရေးပညာရှင်တစ်ယောက် ။ Instagram မှာ followers အများဆုံးသော ကမ္ဘာကျော်အမျိုးသားရဲ့ လက်တွဲဖော်တစ်ယောက်။ပကာသနတွေ မပါဘဲ တင်စားရမယ်ဆိုရင်တော့ သူဟာ မိခင်တစ်ယောက်။ အချစ်ကြောင့် ပြောင်းလဲသွားခဲ့သူတစ်ယောက်ပေါ။ သူဆိုတာ Georgina Rodriguez။ Cristiano Ronaldo ကို ပိုင်ဆိုင်ထားတဲ့၊ မီဒီယာမှာ မျက်နှာပန်းလှတဲ့၊ အောင်မြင်နေတဲ့ အမျိုးသမီးပါ။ လူတိုင်းဟာ အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အဘက်ဘက်ကနေ ဒီအမျိုးသမီးကို အားကျကြတယ်။ လေးစားကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ မဂ္ဂဇင်း ကာဗာတွေရဲ့ နောက်ကွယ်၊ အင်စတာဂရမ်ပုံတွေရဲ့ ‌နောက်ကွယ်၊ ကောဇောခင်းနီတွေရဲ့ နောက်ကွယ် ခြုံငုံပြောရရင် အောင်မြင်မှုဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်က သူ့ဘ၀ကို ချပြဖို့ ဆုံးဖြတ်ခဲ့ပါပြီ။လူထဲက လူတစ်ယောက်ပေမဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်လာတဲ့အခါ သူ့ရဲ့ Personal Life ကအစ စိတ်၀င်စားစရာဖြစ်လာပါတယ်။ ဒီတော့ ဒီ reality show မှာရော ...
6.2
TMDb: 6.2/10 2300 votes
tv

I Am Georgina (2022)

2022
A Discovery of Witches – Season 03 8.0
A Discovery of Witches – Season 03 A Discovery of Witches - Season 03===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%******** Spoiler Alert ***********S1, S2 မကြည့်ရသေးသူတွေအတွက်တော့ စပွိုင်လာလေးတွေ ပါနိုင်ပါတယ်နော် S2 တုန်းက ၁၆ရာစုကို အချိန်ခရီးသွားခဲ့ကြတဲ့ မက်သရူးနဲ့ ဒိုင်ယာနာတို့နှစ်ယောက် ဒီစီစန်မှာတော့ အခုလက်ရှိကာလကို ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့ရောက်ရောက်ချင်းမှာပဲ ဆီးကြိုလိုက်တဲ့သတင်းကတော့ စိတ်မကောင်းစရာပါ ဒိုင်ယာနာ့ရဲ့ အမေလိုချစ်ခင်ရတဲ့ အမ်မလီတစ်‌ယောက် ပီတာနော့စ်သတ်တာ ခံလိုက်ရတာပါ ပြီးတော့ မက်သရူးရဲ့အစ်ကိုဖြစ်သူ ဘောလ်ဒွင်းကလည်း ဆပ်တောစ်မှာ စုန်း၊ နတ်ဆိုး၊ လူ၊ ဗန်ပိုင်းယားအစုံ ဘော်‌ဒါဆောင်လို စုနေနေကြတာကို သဘောမတွေ့ဘဲ ဒီကလာမွန့်မိသားစု မဟုတ်သူအားလုံးကို နှင်ထုတ်လိုက်ပါတယ်။ နောက်ပြီး သွေးဆာလောင်မှုရောဂါရှိနေတဲ့ ဗန်းပိုင်းယားတစ်ကောင် လူ‌တွေကိုလိုက်သတ်နေတယ်ဆိုတဲ့ သတင်းကလည်း လူတွေ ကြားမှာရော သတ္တဝါတွေကြားမှာပါ အတော်ကိုပျံ့နှံ့နေပြီဆိုတော့ ဒီပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ Season 3 မှာ ဆက်လက်ကြည့်ရှု ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို MTA ...
8.0
TMDb: 8.0/10 356 votes
tv

A Discovery of Witches – Season 03

2022
A Discovery of Witches – Season 02 8.0
A Discovery of Witches – Season 02 A Discovery of Witches - Season 02===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%အားလုံးမျှော်နေတဲ့Discovery of Witches ရဲ့ season(2)လာပါပြီ။ season(1)မှာ မျိုးစိတ်တွေ အားလုံးလိုချင်နေကြတဲ့စာအုပ်ကို ဆင့်ခေါ်နိုင်ပြီးရရှိသွားတဲ့ စုန်းမလေးဒိုင်ယာနာက ဗန်ပိုင်းယား မက်သရူးနဲ့ပါချစ်ကြိုက်မိသွားလို့ အန္တရာယ်ပတ်ချာလည်ဝိုင်းသွားပြီး အန္တရာယ်တွေကိုနှစ်ယောက် သားဖြတ်ကျော်နေရတာပါ။ season(2)မှာတော့ ဒိုင်ယာနာနဲ့မက်သရူးတို့ ရိုမီယိုနဲ့ဂျူးလီယက်လို နှစ်ယောက်သားချစ်ကြပါလျက်နဲ့ ပတ်ဝန်းကျင်ကြောင့်ကွဲကွာကြမလား၊ စာအုပ်ကိုပိုင်ဆိုင်ထားတဲ့ ဒိုင်ယာနာလေးကရော မျိုးစိတ်တွေရဲ့အန္တရာယ်ကနေလွတ်မြောက်နိုင်ပါ့မလားကတော့ အေးအေး ဆေးဆေးခံစားကြည့်ရှုကြပါဦးလို့။(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) Quality – BLURAY 1080p 5.1CH Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Romance Translator ...
8.0
TMDb: 8.0/10 346 votes
tv

A Discovery of Witches – Season 02

2021
A Discovery of Witches – Season 01 8.0
A Discovery of Witches – Season 01 A Discovery of Witches - Season 01===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%" တစ်ချိန်က ကမ္ဘာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ အခုတော့ ဒီနေရာကို လူတွေ မင်းမူသွားပြီ။ နတ်ဆိုး၊ သွေးစုပ်ဖုတ်ကောင်တွေနဲ့ စုန်းစတဲ့ သတ္တဝါတွေဟာ ပုန်းလျှိုးပျောက်ကွယ်သွားကြရတယ်။လူတွေ့မခံရဲကြတော့ဘူး။ အချင်း ချင်းတောင်မှ ရှက်ရွံ့လာကြရတယ်။ဒိုင်ယာနာ ဘစ်ရှော့ဟာလည်း လူတွေနဲ့ ရောယှက်နေထိုင်ရင်း သမိုင်းသုတေသီအဖြစ် ဘ၀ကိုကျောင်းနေသူ စုန်းတစ်ယောက်ပါ။ ကျန်သူတွေနဲ့ တစ်ခုကွဲပြားမှုဆိုရင် သူဟာ စုန်းဆိုတဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်ကိုယ်၌ကကို လက်မခံချင်သူဖြစ်သလို မှော်ပညာကို အားမကိုးသူမလို့ သူ့ရဲ့ အစွမ်းကိုလည်း ကောင်းစွာ မထိန်းချုပ်နိုင်သူပါ။ ဤကဲ့သို့သော ဒိုင်ယာနာဘစ်ရှော့လို လူမျိုးကိုမှ အမှောင်လောကထဲကို ပြန်ဆွဲသွင်းလိုက်တဲ့အရာကတော့ Bodleian စာကြည့်တိုက်က Ashmole 782 ဆိုတဲ့ စာအုပ်ပါပဲ။ စာအုပ်သူ့လက်ထဲရောက် ရောက်ချင်းမှာပဲ ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတစ်လုံးပစ်လိုက်သလို အမှောင်လောကဟာ ပြန်အသက်၀င်လာတယ်။ဒိုင်ယာနာ့ရဲ့ ပတ်၀န်းကျင်မှာ မူမမှန်တာတွေ ဖြစ်လာတယ်။ ...
8.0
TMDb: 8.0/10 41000 votes
tv

A Discovery of Witches – Season 01

2018
Asur: Welcome to Your Dark Side (2020) 8.5
Asur: Welcome to Your Dark Side (2020) Asir : Welcome to your dark side (2020)IMDb - 8.5/10Asur ဆိုတဲ့ အိန္ဒိယ ဘောလိ၀ုဒ် crime thriller စီးရီးဇာတ်ကားလေး ကိုတင်ဆက်ပေးလိုက်ပါတယ်ဒီစီးရီးလေးမှာဆိုရင် Asur ဆိုတဲ့ မကောင်းဆိုးဝါးလို့အဓိပ္ပာယ်ရတဲ့ သူတစ်ယောက် ဇာတ်လမ်းအစမှာတော့ ဇာတ်အိမ်လေးတွေပြန့်ကျဲနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ဇာတ်အိမ်ကို စုစည်းခိုင်မာစွာတင်ဆက်ထားတာကိုမြင်ရမှာပါခေတ်သစ်သိပ္ပံပညာ မှုခင်းဆေးပညာနဲ့ ဘာသာရေးအယူအဆတွေ စိတ္တဇကွင်းဆက်လူသတ်သမားကဘယ်သူဖြစ်နိုင်လဲ လူသတ်သမားကိုဖော်ထုတ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားကြမလဲ မှုခင်းသိပ္ပံပညာရှင်ဖြစ်တဲ့ ဆရာတပည့်နှစ်ယောက်ကရောသဲလွန်စကိုရှာတွေ့နိုင်ပ့ါမလား ဆိုတာ ကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်တာကြောင့်လက်မလွှတ်ဘဲ စောင့်ကြည့်သင့်တဲ့ စီးရီးလေးဖြစ်ကြောင်းအကြံပေးလိုက်ချင်ပါတယ်အညွှန်းကိုတော့ Poe က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Poe, Loon Swal Eain, JimX, MTA, Roman NoX, Lwin Htoo Aung တို့ပဲ ဖြစ်ကြပါတယ်။Genre.....Crime, Mystery Quality….WEB-DL 1080p File size…500MB Format…mp4 Duration….40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Poe, Loon Swal Eain, ...
8.5
TMDb: 8.5/10 2 votes
tv

Asur: Welcome to Your Dark Side (2020)

2020
Our Beloved Summer (2021)
Our Beloved Summer (2021) Our Beloved Summer 2021Webtoonကနေ ပြန်အသက်သွင်းလိုက်တဲ့ကြွက်နဲ့ကြောင်စုံတွဲလေးရဲ့ တစ်ခါတုန်းကနွေရာသီ ဒရမ်မာလေး လာပါပြီအထက်တန်းကျောင်းတက်ခဲ့တဲ့ နွေရာသီကာလလေးတစ်ခုမှာချွဲအွန်းနဲ့ယောင်းဆူတို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နောက်ဆုံး လမ်းခွဲခဲ့ကြသတဲ့မထင်မှတ်ဘဲ နောင်၁၀နှစ်ကြာမှာ သူတို့နှစ်ယောက် ဇာတ်လမ်းလေးဖြစ်ခဲ့ဖူးတဲ့အဲ့နှစ်နွေရာသီက ရိုက်ခဲ့တဲ့ documentaryလေးဟာ နာမည်ကျော်ကြားလာတော့ကြွက်နဲ့ကြောင် ရည်စားဟောင်းနှစ်ယောက် မဖြစ်မနေပြန်ဆုံဖြစ်ကြတဲ့အခါသူတို့ဘယ်လို အဲ့ဒီနှစ်က နွေရာသီခံစားချက်လေးကိုပြန်လည်အသက်သွင်းကြမလဲဆိုတာကို ဟာသလေးနှောရင်းရိုမန့်ဆန်ဆန်ကလိကလိလေး ကြည့်ရှုရမှာပါ File Size – 542MB@Episode / 1GB@Episode Quality –720p / 1080pDuration – 70 minute (@Episode)Total Episodes: Subtitle – Myanmar HardsubFormat – Mp4Genre : Comedy , DramaTranslator – Deer , Lai Laii , Elrond , IchikaEncoder – Thit San Khant ...

Our Beloved Summer (2021)

2021
Love Catcher Season2
Love Catcher Season2 Love Catcher Season 2Love Catcher season 1 ကို တင်ဆက်ပေးခဲ့ပြီးပြီဆိုတော့ ဒီ Dating Show လေးရဲ့ပုံစံကို သိပ်မစိမ်းကြတော့ဘူး ထင်ပါတယ်။အခု Season 2 မှာလည်း Season 1 အတိုင်း ယောကျ်ားလေးနဲ့မိန်းကလေး ၁၀ ယောက်ဟာ တစ်အိမ်တည်းမှာအတူနေထိုင်ပြီးတော့ အချစ်စစ်ကိုရှာမယ့်သူ Love Catcher နဲ့ ဆုကြေးငွေကို အရယူဖို့ လာတဲ့သူ Money Catcher ဆိုပြီး ရှိကြမှာပါ။Love Catcher အချင်းချင်း အတွဲဖြစ်ရင်တော့ မျှော်လင့်ထားသလို ချစ်ကြည်နူးစရာ romance လေးကို ခံစားရမှာဖြစ်ပြီးတော့Money Catcher နဲ့ Love Catcher အတွဲဖြစ်သွားရင်တော့ Money Catcher က ဆုကြေးငွေအားလုံးကို သိမ်းပိုက်နိုင်မှာပါ။Dating Show လေးဖြစ်တဲ့အတိုင်း အချစ်စစ်ကို ရှာဖွေဖို့ ရောက်လာကြတဲ့သူတွေလည်း ရှိတော့ ...

Love Catcher Season2

2018
Neymar: The Perfect Chaos (2022) 8.4
Neymar: The Perfect Chaos (2022) Neymar : The Perfect Chaos (2022) မြန်မာစာတန်းထိုး******************************************IMDb - 7အပိုင်း ၁ မှ ၃ (အစ-အဆုံး) ''ခင်ဗျား ကျွန်တော့်ကိုမကြိုက်ဘူးမလား"၊ "အဲဒါ ခင်ဗျားကိစ္စလေ"၊  "ကျွန်တော်ကတော့ ကျွန်တော်နေချင်သလိုနေမှာပဲ" သတင်းထောက်ကို နေမာပြန်ပြောခဲ့တဲ့စကား။ တကယ်ဘုကျတဲ့ကောင်။ခင်ဗျားဟာ ဘောလုံးလောကနဲ့ မရင်းနှီးတဲ့လူတစ်‌ယောက်ဆိုရင်တောင် နေမာကိုတော့ ခင်ဗျားကြားဖူးနားဝရှိနေလိမ့်မယ်။ သူဟာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကျော် ဘာစီလိုနာအသင်းမှာ ငါးနှစ်ကြာကစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ မှာ ပြင်သစ်လိဂ် ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းလာခဲ့ပါတယ်။ ဆိုတော့ သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘယ်လောက်တဲ့လဲဆိုရင် ယူရို ၂၂၂ သန်းပါ။ အခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ သိန်းပေါင်း ၄၄ သိန်းကျော်ပါ။ 2022 ခုနှစ်မှာ နေမာရဲ့ကြွယ်ဝမှုဟာ မြန်မာငွေ သိန်းပေါင်း 35 သိန်းချမ်းသာကြွယ်ဝပါတယ်။ဝင်ငွေအရကြည့်မယ်ဆိုရင် သူဟာ တစ်စက္ကန့်ကို သုံးဒေါ်လာနှုန်း ...
8.4
TMDb: 8.4/10 46 votes
tv

Neymar: The Perfect Chaos (2022)

2022
The Woman in the House Across the Street from the Girl in the Window (2022) 7.5
The Woman in the House Across the Street from the Girl in the Window (2022) The Woman in the Window ပြတင်းပေါက်ဘေးကမိန်းကလေး ဆိုတဲ့ ရုပ်ရှင်နဲ့စာအုပ်ကို ကြားဖူး ကြည့်ဖူးကြမှာပါ။ ဒီစီးရီးရဲ့ နာမည်ကတော့တွေ့တဲ့အတိုင်းပါပဲ။ the woman in the house across the street from the girl in the window ပြတင်းပေါက်ဘေးကမိန်းကလေးရဲ့အိမ်ရှေ့ အိမ်ထဲက မိန်းကလေးပါတဲ့။ Dark Comedy Mystery အမျိုးအစားမို့ ရယ်ရမလို ငိုရမလို ပဟေဠိတွေနဲ့ စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ အဓိက ဇာတ်ကောင်ကတော့ အန်နာပါ။ သူ့သမီးလေးသေသွားတာ ၃ နှစ်ရှိပြီဖြစ်ပြီး ယောကျာ်းနဲ့လည်းကွဲနေတာမို့ တစ်ယောက်တည်း ရှက်ကီတွေထုရင်း ကြောင်နေပြီး စိတ်ရောဂါဆေးတွေကိုပါ အရက်နဲ့ရောချနေတော့ အတော်ကွဲနေတာပါ။ မူရင်းဇာတ်ကားထဲကအတိုင်းပဲ တစ်နေ့မှာတော့ သူ့အိမ်နီးချင်းအိမ်ထဲမှာ မိန်းကလေးတစ်ယောက်အသတ်ခံရတာကို တွေ့လိုက်ရတဲ့အခါ ထူးဆန်းတာတွေ တလွဲတွေ လှည့်ကွက်တွေ အများကြီးနဲ့ ...
7.5
TMDb: 7.5/10 11 votes
tv

The Woman in the House Across the Street from the Girl in the Window (2022)

2022
Victorious (Season 1) (Complete) 8.2
Victorious (Season 1) (Complete) Victorious (2010-2013) Season 1 Complete IMDb - 6.9/10 ၂၀၁၀ ခုနှစ်များဆီက Series ကောင်းလေး‌တစ်ခုကို ပြောပါဆိုရင် Victorious ကရှေ့ဆုံးကပါလိမ့်မယ်ဗျ။ တော်တော့်ကိုလည်း အောင်မြင်ခဲ့တဲ့ Series ပဲဆိုပါတော့ဗျာ။ အမျိုးအစားက teen sitcom ဆိုတဲ့အတိုင်း ခွီရသလားကတော့ မပြောနဲ့ဗျာ။ Sitcom ဆိုတာက Situational Comedy ကဆင်းသက်လာတဲ့ Portmanteaus လေးတစ်လုံးဗျာ။ ပြောရမယ်ဆိုရင် တစ်ခန်းရပ်ဟာသ၊ ဘယ်ချိန် ဘယ်နေရာ ကောက်ကြည့်ကြည့် ရယ်နေရမယ့်ဟာသမျိုးတွေပေါ့။ ကလိထိုးရယ်ခိုင်းမယ့် ဟာသမျိုးတွေမဟုတ်တာတော့ သေချာတယ်ဗျ။ ပေါလည်းပေါမနေဘူးရယ်။ အဲနေ့ခေတ်အခါရဲ့ comedy စီးရီးကောင်းကောင်းလေးကြည့်ချင်ရင် လက်လွတ်မခံသင့်တဲ့ စီးရီးလေးပဲဆိုပါတော့။ အပိုင်းတစ်ပိုင်းချင်းစီတိုင်းရဲ့ IMDb တွေက 7.9 တွေ 8.1 တွေပြေးထားတာမို့ တော်တော်ကြည့်ရတာအရသာရှိတဲ့ series လေးတစ်ခုဆိုလည်း ဒီစီးရီးလေးကိုပဲပြောရပါလိမ့်မယ်။ အပိုင်းတစ်ပိုင်းချင်းစီကို ဇာတ်ကြောင်းတစ်ခုစီဆိုပေမဲ့ ဒီတစ်ပိုင်း ဒါနဲ့ခွီပြီး နောက်တစ်ပိုင်းဘာနဲ့ထပ်ခွီရမလဲကို မျှော်တလင့်လင့်နဲ့စောင့်စားကြည့်ရှုရမယ့် ...
8.2
TMDb: 8.2/10 1329 votes
tv

Victorious (Season 1) (Complete)

2010
Snowdrop(2021)
Snowdrop(2021) Snowdrop(2021)ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံးBlackpink ဂျီဆူလေးရဲ့ ပွဲဦးထွက်၊ အပြုံးချိုချိုလေးနဲ့ Romantic drama kingတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျောင်ဟယ်အင်းတို့ရဲ့ အချစ်ဇာတ်လမ်းလေး Snowdrop.... ဒီကားထဲမှာ ဂင်ဂျီဆူက အင်္ဂလိပ်စာစာပေမေဂျာအထူးပြု ထူးချွန်ကျောင်းသူအွန်းယောင်းရိုအဖြစ်၊ ဂျောင်ဟယ်အင်းက ဂုဏ်သရေရှိတက္ကသိုလ်ကျောင်းမှဘွဲ့ရကျောင်းသားအင်းမ်ဆူဟိုအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်.... မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားရှင့် အွန်းယောင်းရိုလေးကတော့အင်းမ်ဆူဟိုကို ပထမဆုံး ဒိတ်လုပ်တဲ့နေ့မှာပဲ မြင်မြင်ချင်းချစ်မိသွားတာပါတဲ့... ဒီကားလေးကို ၁၉၈၇ မှာ ကိုရီးယားကို စစ်အာဏာရှင်တွေအုပ်စိုးချိန်ကိုအခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။ သွေးတွေပေပွေနေပြီး ဟိုဆူအမျိုးသမီးတက္ကသိုလ်ရဲ့ မိန်းကလေးဆောင်ကိုခိုးဝင်ရောက်နေတဲ့ ဆူဟိုကို တိတ်တဆိတ်ခေါ်ထားပေးတဲ့ ယောင်းရိုနဲ့ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေဖြစ်မလဲ..... အဲ့ကအဆောင်သူလေးတွေနဲ့ သူတို့အားလုံး ဘယ်ကိစ္စမှာ ပါဝင်ပြီးအရှုပ်တော်ပုံတွေဖြစ်မလဲဆိုတာ အပတ်စဉ် စနေ တနင်္ဂနွေ စိတ်ဝင်စားစွာနဲ့ စောင့်မျှော်အားပေးရမှာပါရှင့်.... Episodes: 16Aired:  18-12-2021 - Feb 6, 2022Aired On:  Saturday , SundayGenres:DramaTranslated by ChitThe, Win,Yumeko & Shoon Thu Thu ...

Snowdrop(2021)

2021
Uncle (2021)
Uncle (2021) Uncle (2021)Joon-Hyeok (Oh Jung-Se) ကတော့ လူသိနည်းတဲ့ ဂီတသမားတစ်ယောက်ပဲ ဖြစ်ပြီးတော့ လုပ်သမျှ မအောင်မြင်ဘဲ လုံးဝ အရှုံးသမားဖြစ်သွားတဲ့အပြင် အစ်မဖြစ်သူ Wang Joon Hee (Jeon Hye Jin)နဲ့ပါ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်တစ်နေ့မှာတော့ သူ့အစ်မဂျွန်ဟီး ရဲ့သားက သူ့ရှေ့မှာပေါ်လာခဲ့ပါတယ် သူ့အစ်မကလည်း အိမ်ထောင်သက် ၁၂ နှစ်ကြာပြီးတဲ့အခါမှာတော့ တစ်ခုလပ် တစ်လင်ကွာ တစ်ယောက် ဖြစ်သွားခဲ့ပါပြီ ကလေးအမေဖြစ်သူက အိမ်တွင်းအကြမ်းဖက်မှုကြောင့် အိမ်ထောင်ကွဲခဲ့ရတာပါ။ကလေးအမေတစ်ယောက်တည်း အဖေမရှိတဲ့သားလေးကို ဘယ်လိုစောင့်ရှောက်မလဲ? အဲ့လိုနဲ့ ဇာတ်ကားနာမည် Uncle ဆိုတဲ့အတိုင်း တူဖြစ်သူနဲ့ အတူနေထိုင်ပြီး စောင့်ရှောက်ခဲ့ပါတော့တယ် ဂျွန်ဟီးက စျေးပေါတဲ့ တိုက်ခန်းကို ပြောင်းနေပြီး သားဖြစ်သူကို အုပ်ထိန်းဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်ဟယ်ယောင်းHey-Ryeong (Park Sun-Young)ကတော့ Royal State ရဲ့ တန်ဖိုးကြီးတိုက်ခန်းမှာ နေထိုင်သူဖြစ်ပါတယ် သူ‌က‌တော့ တိုက်ခန်းက မိဘအသိုင်းအဝိုင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပြီး တခြားမိဘတွေက လေးစားပြီး အားကျရတဲ့ လူမျိုးပါKyeong-Il (Lee Sang-Woo) ကတော့ နွေးထွေးတဲ့ သူပါ ဇနီးသေဆုံးပြီးတော့ သမီးဖြစ်သူကို ...

Uncle (2021)

2021
The Soldiers (2021)
The Soldiers (2021) The Soldiers (더솔저스)Channel Myanmar ကနေပြီးတော့ ထူးထူးခြားခြား Military survival show လေးနဲ့ မိတ်ဆက်ပေးပါရစေဒီအစီအစဉ်မှာတော့ နိုင်ငံအသီးသီးက အထူးတပ်ဖွဲ့ဝင်တွေက ခက်ခဲတဲ့မစ်ရှင်အမျိုးမျိုးကို လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒီထဲကမှ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြု အထူးတပ်ဖွဲ့အတွက် အတော်ဆုံးအဖွဲ့ဝင်တွေကို ရွေးချယ်သွားမှာပါတောင်ကိုရီးယားရေတပ်ဖွဲ့ဝင်‌ဟောင်း Kim Sang Joong က host အဖြစ် ပါဝင်သွားမှာဖြစ်ပြီးCast တွေအနေနဲ့ကတော့ - ဗြိတိသျှအထူးလေတပ်ဖွဲ့ဝင်ဟောင်း Jay Morton - ဆွီဒင်အထူးတပ်ဖွဲ့ဝင်ဟောင်း Johan Reispass - ယူအက်စ်လေတပ်ဖွဲ့ဝင်ဟောင်း Wilrolan Ravelo - တောင်ကိုရီးယား ၇၀၇ အထူးတပ်ဖွဲ့ဝင်ဟောင်း Lee Chang Juneတို့က ကြီးကြပ်ပေးသွားမှာပဲ ဖြစ်ပါတယ်တကယ့်တပ်ဖွဲ့ဝင်တွေနဲ့ ရိုက်ကူးထားတဲ့ military survival program ပါ ကြည့်ရှုလိုက်ကြပါဦးEpisodes - 10 Genre..... Reality Quality….WEB-DL 720p File size…500MB Format…mp4 Duration….60min Release date - Nov 19 2021 ...

The Soldiers (2021)

2021
Chosen (2022) 5.0
Chosen (2022) Chosen (2022)===========ဒါက​တော့ ဒီ​​နေ့ထွက် Drama, Sci-fic, Mystery series အသစ်ဖြစ်ပြီးEpisode 6ပိုင်းပါဝင်တဲ့ ဒိန်းမတ်seriesတစ်ခုပဲဖြစ်ပါတယ်၊ Middleboဆိုတဲ့မြို့​လေးဟာ အရင်က အင်မတန်စည်ကားတဲ့ သင်္ဘောကျင်းမြို့ဖြစ်​ပေမဲ့ သင်္ဘောကျင်းပိတ်သွားပြီး​နောက် အင်မတန်​ခေါင်တဲ့ မြို့​လေးဖြစ်သွားပါတယ်။ဒါ​​ပေမဲ့ လွန်ခဲ့တဲ့၁၇နှစ်က မြို့​ပေါ်ကို ဥက္ကာခဲတစ်ခုပြုတ်ကျပြီး မြို့ရဲ့ကံကြမ္မာကလည်း ​နေ့ချင်းညချင်း​ကြီး ပြောင်းလဲသွားပြီး ခရီးသွားမြို့ကြီးအဖြစ် အသွင်​ပြောင်းသွားပါတယ်။ဒါ​ပေမဲ့ဒီဥက္ကာခဲဟာ ​​သွေးရိုးသားရိုးမဟုတ်ဘဲ ကမ္ဘာ​မြေပြင်ပ သက်ရှိမျိုးစိတ်နဲ့ ဂြိုလ်သား​တွေနဲ့ ပတ်သတ်​နေပြီး မျိုးစုံ​သော သဘာဝလွန်ဖြစ်တည်မှု​တွေနဲ့ သက်ရှိ​တွေ Middlebo မြို့​​မှာ ဖြစ်လာတဲ့အခါ ဇာတ်လိုက် Emmaနဲ့ သူငယ်ချင်း ၅​ယောက် တို့ မိမိဇာတိမြို့ကို ဂြိုလ်သား​တွေရန်မှ ကာကွယ်ဖို့ အ​ကြောင်း ဖန်လာပါ​တော့တယ်။(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၆)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (330 MB) Quality – WEBRIP 720p Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi, Mystery Translator ...
5.0
TMDb: 5.0/10 1200 votes
tv

Chosen (2022)

2022
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022
Bad and Crazy(2021)
Bad and Crazy(2021) Bad and Crazy(2021)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း) ဒီတစ်ခါ CM ကထပ်ပြီးတင်ဆက်ပေးမှာကတော့ Kdrama fan တို့ရဲ့အသည်းစွဲဖြစ်တဲ့Lee Dong Wook နဲ့ Squid Game က​နေလူသိများလာတဲ့ Wi Ha Joon တို့ရဲ့စုံထောက်ကားကောင်းလေးပဲဖြစ်ပါတယ်....အဓိက လီဒုံဝု မင်းသားကြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကောင်ဖြစ်တဲ့ "လျူဆူယောလ်" က မှုခင်းဆေးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိတဲ့ ရဲအရာရှိတစ်ယောက်ပါ။တပ်ဖွဲ့တစ်ခုလုံးကသူတွေထဲမှာ အထက်တန်းပညာအရည်အချင်းသာ ရှိပေမဲ့လည်းအထက်လူကြီးတွေ အကြိုက်နေတတ်ပြီး အရည်အချင်းရှိတာကြောင့်ရာထူးတွေတိုးပြီး နေရာတစ်နေရာ ရလာနေတဲ့ ရဲအရာရှိ လူလည်ကြီးပေါ့ဗျာ...အထက်လူကြီးတွေ သဘောကျ လူကြိုက်များတဲ့ အမှုတွေကိုပဲစွမ်းစွမ်းတမံဆောင်ရွက်ရင်း တချို့ အမှန်တရားကို သိနေပေမဲ့ နာမည်ကောင်းမရနိုင်တဲ့အမှုမျိုးဆို မသိကျေးကျွံလည်း ပြုထားတတ်သေးတာဗျ။အဲလိုနဲ့ ရာထူးတိုးကာလ နီးကပ်လာတဲ့အခါမှာတော့သူ့ရဲ့နေရာပျောက်ဆုံးနိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခုပေါ်လာပါတော့တယ်။အဲဒါကတော့ "ကေ" ဆိုတဲ့ အမှန်တရားရဲ့ ဘက်တော်သားဖြစ်ပြီး အလွန်တရာကိုမှသမာသမတ်ကျတဲ့သူကြီး ပေါ်လာတာကြောင့်ပါပဲ။သူက သမာသမတ်ကျတဲ့ လူကောင်းတစ်ယောက်ဆိုပေမဲ့လည်းပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ  ရှေ့နောက်မတွေးဘဲ မိုက်ရူးရဲဆန်တဲ့လူစားမျိုး...ဒီလိုလူ(၂)ဦးဟာ ဌာန တစ်ခုထဲ ...

Bad and Crazy(2021)

2021

Genres

Archives