Channel Myanmar

New releases (2025)

Content at random


TV Series

The Princess Royal (2024)
The Princess Royal (2024) ဒီကားလေးဟာ မော့ရှူပိုင်ရဲ့ နာမည်ကြီးဝတ္ထုတစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ Youku S++ ဇာတ်လမ်းဖြစ်တာမို့ပြင်ဆင်ချိန်မှာတင် နှစ်နှစ်ကြာခဲ့ပြီး The Empress Of Chinaဒါရိုက်တာကြီး ကောင်းယိကျွင်းရိုက်ကူးတာဆိုတော့အားလုံးမျှော်လင့်နေရတဲ့ကားပေါ့…ပျိုတိုင်းကြိုက်တဲ့ကျန်းလင်ဟယ်နဲ့ ကျောက်ကျင်းမိုင်လို ကလေးသရုပ်ဆောင်မင်းသမီးချောလေးဆိုမှတော့ ရူပါအရ လိုက်ဖက်နေပြီပဲ…ဇာတ်လမ်းအကျဉ်းလေးကတော့ တရှပြည်ထောင်ရဲ့ မင်းသမီးကြီးလီရုံနဲ့ဝန်ကြီးချုပ် ဖေဝိန်ရွှမ်းတိုဟာ တိုင်းပြည်အရေးရှေးရှုပြီး ထိမ်းမြားခဲ့ရပေမယ့်နှစ်ဦးကြားမှာ အချစ်မရှိဘဲ ပေါင်းဖက်ခဲ့ရာကနေ အထင်လွဲမှုလေးတွေ စုပြီးတစ်ဦးကိုတစ်ဦး သေစေခဲ့မိကြပါတယ်…"ငါသေရရင် ဖေဝိန်ရွှမ်းလည်းအသက်မရှင်စေရဘူး"ဆိုတဲ့ အမျက်ကြီးသူ လီရုံ"ရုံအာ အခွင့်အရေးသာရှိခဲ့ရင် မာနနဲ့သိက္ခာတရားကိုခဝါချပြီးမင်းကိုပိုတန်ဖိုးထားပါ့မယ်" ဆိုတဲ့ အချစ်ကို အသိနှောင်းခဲ့သူဖေဝိန်ရွှမ်းအချစ်ကံခေခဲ့ကြသူ နှစ်ဦးကို ကံတရားကြီးကနောက်တစ်ကြိမ်ပြန်လည်မွေးဖွားခွင့်ပေးခဲ့ပါတယ်ဒီလိုမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ သမက်တော်ရွေးရမယ့်အချိန်ကို ပြန်ရောက်သွားခဲ့တာပေါ့ဖူးစာလူးလာရင် ဒူးကာမရဆိုတဲ့ စကားလေးအတိုင်းပဲအခုတစ်ခေါက်လည်း လီရုံဟာ အဆင့်ရှစ်အမတ်လေးဖေဝိန်ရွှမ်းကိုပဲ သမက်တော်အဖြစ် ရွေးခဲ့ရပြန်တယ်ပြန်မွေးဖွားပြီးချိန်မှာတော့ အရင်က ဘာကြောင့်သေခဲ့ရတာလဲဘယ်သူ့ကြောင့်လည်း အတူဖော်ထုတ်ကြရင်း သံယောဇဉ်ကြိုးတွေရစ်ပတ်လာပါတယ်တစ်ချိန်က ရန်သူတော် နှစ်ပါး အချစ်တွေဘယ်လိုတွေ တိုးပွါးလာမယ်…ဖေဝိန်ရွှမ်းတစ်ယောက် ဘယ်လိုသာမန်အဆင့်ရှစ်အမတ်ရာထူးကနေ အမတ်ချုပ်အဆင့်ကို တိုးသွားမယ်…ဖင်ယွဲမင်းသမီးလေးလီရုံကရော အာဏာဘယ်လိုတည်ဆောက်သွားမယ်…တိုင်းရေးပြည်ရေးကျားကွက်ပေါ်မှာ ဘယ်လိုမျိုး ...

The Princess Royal (2024)

2024
Desperate Lies (2024) 7.25
Desperate Lies (2024) Desperate Lies 2024 (စိတ်ပျက်ဖွယ်ရာ အလိမ်အညာများ)ဒီတစ်ခါမှာတော့ အပိုင်း (၁၇)ပိုင်းပါဝင်တဲ့ ပေါ်တူဂီဒရာမာ ရိုးမန့်စ်စီးရီးကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လီယာနာနဲ့ တိုမာ့စ်တို့ဟာ ကလေးလိုချင်လို့ ကြိုးစားနေကြတဲ့ အတွဲတစ်တွဲပေါ့။ သူတို့ဟာ ကလေးလိုချင်လွန်းလို့ အရမ်းပဲ ရူးသွပ်နေကြပြီး လီယာနာဟာဆိုရင် ခင်ပွန်းဖြစ်သူမသိအောင် မျိုးဥအောင်ဆေးတွေပါ သောက်နေပါပြီး လိင်ဆက်ဆံခြင်းကို တာဝန်တစ်ခုလို သတ်မှတ်ပြီး ပြုလုပ်နေကြတဲ့ အတွဲလေးပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ တိုမာ့စ်ဟာ ဖောက်ပြန်နေတာကို သိသွားတဲ့အခါမှာတော့ ပြဿနာတွေတက်ကြရင်း တိုမာ့စ်ဟာ စက်ဘီးကလပ်နဲ့ သွားမှာကို အကြောင်းပြပြီး အိမ်ကနေ ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ တောင်ပေါ်မှာ စက်ဘီးစီးရင်း မတော်တဆဖြစ်ကာ ဆေးရုံပေါ်ရောက်သွားတဲ့ တိုမာ့စ်ဟာ ဇနီးဖြစ်သူကို အကြောင်းမကြားခဲ့ရာမှ လီယာနာဟာလည်း ခင်ပွန်းဖြစ်သူဟာ သူ့ကိုပစ်သွားပြီဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ စေ့ဆော်မှုကြောင့် ကလပ်ကိုသွားရင်း စိတ်ဖြေဖျောက်ရာကနေ သူငယ်ချင်းရဲ့မောင်လေးနဲ့ ကုတင်ပေါ်ရောက်သွားပါတော့တယ်။ ခင်ပွန်းဖြစ်သူ ဆေးရုံတက်တာကို သိသွားတဲ့နောက်မှာ ပြန်အဆင်ပြေသွားကြရင်း ၆ပတ်ကြာတဲ့အခါမှာ လီယာနာ့မှာ အမွှာကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ ....... လီယာနာရဲ့ ကိုယ်ဝန်ဟာ ခင်ပွန်းဖြစ်သူနဲ့ရတာလား တစ်ညတာမှားယွင်းမိတဲ့ ရလဒ်လား ........ ကလေးရချင်တဲ့ အိပ်မက်လေး ...
7.25
TMDb: 7.25/10 4 votes
tv

Desperate Lies (2024)

2024
Limited 72 Hours Of Love
Limited 72 Hours Of Love လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ချိုမြိန်တဲ့အချစ်တွေလွှမ်းခြုံထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဒရာမာလေးတစ်ခု ရောက်ရှိလာပါပြီ။ကောင်မလေးတစ်​ယောက်မှာ ရည်းစားကိုးယောက်ရှိနေပါသတဲ့။ အဲ့ရည်းစားတစ်ယောက်ချင်းစီကလည်းချောမောခန့်ညားပြီး နယ်ပယ်အသီးသီးမှာအောင်မြင်ကြသူတွေဖြစ်ပါတယ်။စူးနွမ်နွမ်ဆိုတဲ့ Blind box ဒီီဇိုင်နာကောင်မလေးဟာ ဘဝမှာ အမြဲတမ်းကံဆိုးမှုတွေနဲ့ပဲကြုံတွေ့နေရသူပေါ့။ သူမရဲ့မွေးနေ့မှာ တောင်းဆုတစ်ခုပြုမိရင်း အံ့ဩဖွယ်ရာတွေသူမဘဝမှာကြုံတွေ့လာရတဲ့အခါ...ဘယ်လိုကံကောင်းမှုတွေသူမဘဝမှာဖြစ်ပေါ်လာသလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်။========================= Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Drama, Fantasy Runtime : 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK ====================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 1 (1080p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz   Ep ...

Limited 72 Hours Of Love

2024
Sausage Party: Foodtopia (2024) 10
Sausage Party: Foodtopia (2024) Sausage Party: Foodtopia(2024) IMDb: 5.8/10 Rotten Tomatoes: 71% Genre: Animation/Adventure/ComedySausage Party ရုပ်ရှင်ကိုမသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ Sausage Party: Foodtopia ကတော့ ယခင်ထွက်ရှိလာတဲ့ Sausage Party ရဲ့အဆက် အပိုင်း ရှစ်ပိုင်းပါတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။ မျက်နှာမြင် ရယ်ချင်ပါစေ၊ အသံကြားအူတက်ပါစေဆိုတဲ့ ဆုနဲ့မွေးကတည်းကပြည့်လာတဲ့ နာမည်ကြီး ဟာသမင်းသား Seth Rogen ဦးဆောင်ပြီး အသံသရုပ်ဆောင်ထားတာမလို့ မရယ်ရမှာတော့ ပူစရာမလိုပါဘူး။ Animation ဆိုပေမယ့် မိသားစုနဲ့အတူကြည့်ဖို့၊ ကလေးတွေကြည့်ဖို့ထုတ်ထားတဲ့ Animation မဟုတ်ပဲ Dark Comedy နဲ့ 18+ တွေဖောဖောသီသီပါဝင်မှာဖြစ်ပါတယ်။ ကြည့်ရတာသဘောတွေ့မယ့်စီးရီးစ်ဆိုလည်းမမှားပါဘူး။ဇာတ်ညွှန်း ဖရန့်ခ်နဲ့ဘရန်ဒါတို့ဦးဆောင်လာတဲ့ အစားအသောက်တော်လှန်ရေးကြီးဟာ ပထမ Sausage Party ဇာတ်လမ်းမှာအောင်မြင်မှုရခဲ့ပါတယ်။ ဘယ်လောက်တောင်အောင်မြင်လဲဆိုရင် လူသားတွေအကုန်သေတဲ့အထိကိုအောင်မြင်မှုရခဲ့ပါတယ်။ ဖရန့်ခ်ဟာ အစားအသောက်တွေအတွက် အစားအသောက် နိဗ္ဗာန်ဘုံတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ လူသားတွေမရှိတဲ့ ကမ္ဘာမှာအစားအသောက်တွေကြီးစိုးခဲ့ပါတယ်။ ခက်တာက သူတို့မထင်ထားတဲ့ ...
10
TMDb: 10/10 1 votes
tv

Sausage Party: Foodtopia (2024)

2024
My Stand-In (2024)
My Stand-In (2024) အဖြည့်ခံပန်းလေးတစ်ပွင့် (၂၀၂၄)ဝိဉာဉ်ကူးပြောင်းနေတဲ့ ဇာတ်လမ်းတွေ ရေပန်းစားနေချိန်၊ ဒီတစ်ခါမှာတော့ ထိုင်းဝိဉာဉ်ကူးပြောင်းခြင်း ဇာတ်လမ်းတွဲတွေ ယူဆောင်ပေးလို့လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... လူစားထိုးစတန့်သမား ဂျိုးတစ်ယောက် ရိုက်ကွင်းမှာ မတော်တဆဖြစ်ပြီး ချောက်ကမ်းပါးစွန်းက ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူပြန်သတိရလာချိန်မှာ သူနဲ့နာမည်တူဂျိုးဆိုတဲ့ ကောင်လေးခန္ဓာကိုယ်ထဲ ရောက်နေတာပါပဲ။ ဒီလိုနဲ့ သာမန်ဘဝကို နေထိုင်ရင်း အရင်ဘဝက ရေစက်ဆုံခဲ့တဲ့သူတွေနဲ့ တစ်ကွေ့ ပြန်ဆုံပြန်ပါတယ်။ အတိတ်ဘဝက မှတ်ဉာဏ်တွေ သယ်ဆောင်ထားတဲ့ ဂျိုးတစ်ယောက် ဒီမှတ်ဉာဏ်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲ။ ရေစက်ဟောင်းတွေကို ဘယ်လို ပြင်ဆင်ဖို့ လုပ်မလဲဆိုတာကို သိချင်စိတ်အပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Blue, Laris M တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. ...

My Stand-In (2024)

2024
Paruvu (2024)
Paruvu (2024) Paravu (2024)IMDb-6.6/10အိမ်အပြန် ခယောင်းလမ်းပါလဗီက တစ်အိမ်လုံးနဲ့ဆန့်ကျင် အိမ်ကသဘောမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးပြီး အိမ်နဲ့အဝေးမှာ အခြေချနေခဲ့တာ ကိုယ်ဝန်သုံးလရသည်ထိ ၊ မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်တယ်ဆိုပြီး မိသားစုဝင်တွေကလည်း စိတ်နာပြီးပစ်ထားခံရတဲ့သူတစ်နေ့မှာတော့ ဇာတိမှာကျန်ခဲ့တဲ့ ဦးလေးဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ပါလဗီတစ်ယောက် သူ့ခင်ပွန်း ဆူဒီးရ်နဲ့အတူ ဇာတိကိုချက်ချင်းထပြန်တော့တာပဲကားပေါ်ရောက်မှ ဆူဒီးရ်သိလာရတဲ့အမှန်တရားက ပါလဗီနဲ့ သူတို့ကိုလာခေါ်တဲ့ဝမ်းကွဲအစ်ကိုဆိုတဲ့သူကြားက တင်းမာတဲ့ဆက်ဆံရေးနဲ့ ပါလဗီ့ကိုတစ်အိမ်သားလုံးကဖယ်ကျဉ်ထားကြတယ်ဆိုတာပဲလမ်းတစ်ဝက်မှာ အဝေးပြေးလမ်းကိုရှောင်ပြီး လူပြတ်တဲ့ လမ်းကြိုလမ်းကြားကမောင်းတဲ့ ဝမ်းကွဲအစ်ကိုရဲ့ အမူအယာတွေနဲ့ ပါ့လဗီအိမ်ကို ဖုန်းဆက်ကြည့်ချိန်မှာလည်း မဖိတ်ခေါ်မလိုလားမှုတွေက crime thriller ဇာတ်လမ်းတစ်ပုဒ်အစပျိုးရာဖြစ်လာခဲ့တယ်ဒီမိသားစုတွေကြားဘယ်လိုတင်းမာမှုတွေ ဆက်ဖြစ်လာဦးမလဲ နောက်ပြန်လှည့်မရတဲ့ခရီးမှာ ရှေ့ဆက် ဘယ်လိုအဖြစ်အပျက်တွေဆက်ဖြစ်လာဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်File Size – 300MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 30minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime ~ DramaTranslator ...

Paruvu (2024)

2024
My Military Valentine (2024)
My Military Valentine (2024) My Military Valentine (2024) ***************************** အပိုင်းသစ် (၁၁+၁၂) ဇာတ်သိမ်းပိုင်းတောင်ကိုရီးယားနိုင်ငံက ကမ္ဘာကျော် စူပါစတားနဲ့မြောက်ကိုရီးယား စစ်သမီးတို့ရဲ့ တမူထူးမဲ့ ရိုမန့်စ် ဇာတ်လမ်းလေး လာပါပြီရာစုနှစ် များစွာ ကြာပြီးနောက် တောင်နဲ့မြောက်ဟာ ငြိမ်းချမ်းရေး ရရှိသွားကြပါတယ်ငြိမ်းချမ်းရေး အထိမ်းအမှတ် အဖြစ် တောင်ကိုရီးယားနိုင်ငံက ကမ္ဘာကျော် စူပါစတား LloydဟာConcertမှာ သွားရောက်ဖျော်ဖြေနေချိန်မြောက်ကိုရီးယား စစ်သမီး Baek Young Ok နဲ့နားလည်မှု လွဲစရာ အခြေအနေနဲ့ စတင်တွေ့ဆုံခဲ့ကြပါတယ်။အဲဒီလိုကနေ Scandal ထွက်လာခဲ့ပြီးLloyd ရဲ့ ဖန်တွေကလည်း ပေါက်ကွဲကြပါတော့တယ်Lloydတစ်ယောက် စစ်မှုထမ်းချိန်ရောက်တဲ့ အခါမှာတော့Baek Young Okဦးဆောင်တဲ့ တပ်စုကို ရောက်ရှိသွားပါတော့တယ်တောင်ကိုရီးယားသားလေးနဲ့ မြောက်ကိုရီးယားသူလေးတို့ အချစ်ပန်းတွေ ဝေဝေဆာဆာ ဖူးပွင့်လာနိုင်မလားဆိုတာကို CM မှာ အပတ်စဉ်သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှူနိုင်ပါပြီအညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်Episodes: 12 Aired: Jun 7, 2024 Aired ...

My Military Valentine (2024)

Dark Faith (2024)
Dark Faith (2024) အမှောင်လောကရဲ့ ယုံကြည်ချက် (၂၀၂၄)ဖိတ်က နတ်ကိုးကွယ်တဲ့ မှော်ဆရာယောင်ယောင် ဘိုးတော်ယောင်ယောင်တွေကို အယုံအကြည့်မရှိတဲ့လူပါ သို့ပေမဲ့ သူနေတဲ့နယ်မှာတော့ ဘိုးတော်ထိပ်ကို ကိုးကိုယ်ကြတဲ့ လူတွေအများကြီးပါပဲ ဘိုးတော်ထိပ်ဆိုသူကလည်း ဘုန်းကြီးကိုတောင် ပမာမခန့် သူကသာ အကြီးမြတ်ဆုံးလို့ သတ်မှတ်ထားတဲ့လူပါ နယ်မှာ ရွာသားတွေအပေါ် ဩဇာကြီးမားတယ်လို့လည်း ပြောလို့ရပါတယ် ဆိုတော့ ဖိတ် ရွာသားတွေကို အမြင်မှန်ရလာအောင် ဘယ်လိုနည်းလမ်းနဲ့ ရင်ဆိုင်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Fake Love, Nang Mwe Kham, Lei Wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Mystery Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Fake Love, Nang Mwe Kham, Lei ...

Dark Faith (2024)

Joko Anwar’s Nightmares and Daydreams (2024) 6.643

Joko Anwar’s Nightmares and Daydreams (2024)

2024
Raising Voices (2024) 7.846
Raising Voices (2024)  ဒီတစ်ခါတော့ IMDb - 7.2 ထိရရှိထားတဲ့ စပိန်ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးပါ့မယ်......ဆယ်ကျော်သက် အထက်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုရိုက်ပြထားတာကြောင့် လူငယ်တွေရော လူကြီးတွေအတွက်ပါ အကျိုးရှိစေမဲ့ကားလေးတစ်ကားပါပဲ......ဆယ်ကျော်သက်အရွယ်ဆိုတာ အင်မတန်ထိန်းရခက်တဲ့အရွယ်ပါ အဲဒီထဲကမှ မိန်းကလေးဖြစ်နေပြီဆို ပိုလို့စိတ်ပူရပါတယ်...... ပတ်ဝန်းကျင် မိသားစုအသိုင်းအဝိုင်း ပေါင်းနေတဲ့သူငယ်ချင်း တက်နေတဲ့ကျောင်း အခြေအနေမျိုးစုံက သူတို့အပေါ်လွှမ်းမိုးမှုရှိနေတာဆိုတော့ ကောင်းမွန်တဲ့ဘဝလေးပိုင်ဆိုင်ရစေဖို့ နည်းလမ်းပေါင်းစုံနဲ့ထိန်းကျောင်းလမ်းပြပေးရတဲ့အရွယ်ပါ......ဒီဇာတ်လမ်းထဲမှာပါတဲ့ အယ်မာဆိုတဲ့ အထက်တန်းကျောင်းသူလေးကတော့ ကျောင်းရဲ့ အော့ကြောလန်ငဆိုးမလေးတစ်ယောက်ပါ..... အိမ်မှာလည်း သိပ်အစေးမကပ်တဲ့အပြင် စာကိုလည်းသိပ်စိတ်မဝင်စားပါဘူး...... ဆေးခြောက်ရှူတယ် ဆေးလိပ်သောက်တယ် သူငယ်ချင်းတွေနဲ့ ပါတီ ကလပ်တက်တယ်...... အဲဒီမှာ သူ့အချစ်ဆုံး သူငယ်ချင်း ဂရတ်တာရဲ့ အစ်ကို ကို သူက ကြိတ်ကြွေနေတော့ ဂရတ်တာ့အစ်ကို ရှိတဲ့ပါတီကို အသက်မပြည့်သေးပေမဲ့ ကြံဖန်လုပ်ပေးထားတဲ့ လက်မှတ်နှစ်စောင်နဲ့ ရောက်သွားကြတယ်..... အဲဒီမှာပဲ အရက်အပြင် မော်လီဆိုတဲ့ ဆေးပါချမိရင်း သူ့သူငယ်ချင်းအစ်ကို ကို သူကပဲစပြီး ဇာတ်လမ်းဆင်ပါတော့တယ်...... သူ့သူငယ်ချင်းအစ်ကိုက စိတ်မဝင်စားကြောင်းပြောတော့ ...
7.846
TMDb: 7.846/10 231 votes
tv

Raising Voices (2024)

2024
Clipped (2024) 7.3
Clipped (2024) Clipped(2024) အသစ်စက်စက်ထွက်ရှိလာတဲ့ Drama series လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီစီးရီးလေးကတော့ 'The Starling Affairs ' ဆိုတဲ့ podcast လေးကနေ အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 'LA clippers ' ဆိုတဲ့ NBA အသင်းရဲ့ပိုင်ရှင် Mr. Starling ဟာ သူ့ရဲ့ အသင်း‌အ‌ပေါ် ပရမ်းပတာစီမံမှုတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့် နာမည်ကြီးသူလည်းဖြစ်ပါတယ်။ဒီအရှုပ်တွေကြားထဲ အသင်းကိုဝင်ကယ်မယ့်ကယ်တင်ရှင်ကတော့ နာမည်ရှိပြီးသားနည်းပြ ဒေါ့ရေးဗားစ်ပဲဖြစ်ပါတယ်။ ဘယ်သူကမှ မျှော်လင့်ချက်မထားတဲ့အသင်းကို ချန်ပီယံရှစ်ရအောင်အထိရည်မှန်းထားတဲ့ ဒေါ့အဖို့တော့ မစ္စတာစတာလင်ဟာ ဆူးညှောင့်ခလုတ်တစ်ခုပါပဲ။ရှုပ်နေပြီးသားဇာတ်လမ်းမှာမှ နောက်ထပ်တိုးတဲ့သပွတ်အူကတော့ မစ္စတာစတာလင်ရဲ့ ကိုယ်ရေးလက်ထောက်လေးဗီနဲ့ သူ့မိန်းမတို့ရဲ့ အားပြိုင်ပွဲပဲဖြစ်ပါတယ်။ အရှုပ်တွေကြားက အမှီဆွဲကယ်ရမယ့် အသင်းမှာ ဒေါ့တစ်ယောက် သူ့ရည်မှန်းချက်အတိုင်း လုပ်နိုင်ခဲ့မလားဆိုတာကိုတော့ ဒရာမာတွေ တသီကြီးနဲ့ မမုန်းတမ်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှပဲဖြစ်ပါတယ်။File Size – 1.5GB / 700MB (Appx;)@EpisodeQuality – 1080p WEB DL / 720p WEB DLDuration –48minute (@Episode)Total Episodes:6EpsSubtitle – Myanmar HardsubFormat ...
7.3
TMDb: 7.3/10 7 votes
tv

Clipped (2024)

2024
The Sympathizer (2024) 8.4
The Sympathizer (2024)  Oppenheimer နဲ့ လတ်လတ်ဆတ်ဆတ် အကယ်ဒမီရထားတဲ့ မင်းသားကြီး ရောဘတ်ဒေါင်နီဂျူနီယာပါဝင်ထားပြီး Old Boy ရဲ့ ဒါရိုက်တာ ပက်ချန်ဝု ရဲ့လက်ရာ စီးရီးအသစ် လာပါပြီ။ အဓိက သရုပ်တောင်ကတော့ Cowboy Bepop စီးရီးထဲက Hoa Xuande ပါပဲ။ဇာတ်လမ်းကတော့ အမေရိကန်-ဗီယက်နမ် ပါမောက္ခ Viet Thanh Nguyen ရဲ့ ၂၀၁၅ ထုတ် ပူလစ်ဇာ ဆုရ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အရောင်းရဆုံးစာရင်းဝင်စာအုပ်ဖြစ်ပြီး အမျိုးအစားကတော့ mystery, political, metafiction,dark comedic, historical, spy, war အမျိုးအစားပါပဲ။1955 နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကို အခြေခံထားပါတယ်။ ဒီစစ်ပွဲကတော့ ကွန်မြူနစ်မြောက်ဗီယက်နမ်တွေနဲ့ အမေရိကန်က ထောက်ခံတဲ့ တောင်ဗီယက်နမ်တွေ ကြားမှာ ဖြစ်တဲ့စစ်ပွဲပါ။ စီးရီးပထမဆုံးအပိုင်းကိုတော့ ၁၉၇၅ ဆိုင်ဂွန်မြို့ကို မြောက်ဗီယက်နမ်တွေသိမ်းပိုက်ပြီး စစ်နိုင်သွားတဲ့အကြောင်းကနေ ...
8.4
TMDb: 8.4/10 1 votes
tv

The Sympathizer (2024)

2024
Mind Your Language (1977) 8.237
Mind Your Language (1977) Mind your Language ဆိုတဲ့ British Sitcom လေးဟာ ကမ္ဘာပေါ်မှာ နာမည်ကောင်းနဲ့ရော၊ နာမည်ဆိုးနဲ့ရော ကျော်ကြားပါတယ်။ ဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ခေတ်ကာလအခြေအနေက နိုင်ငံရေး လူမျိုးရေး ဘာသာရေးဟာသတွေ ခေတ်စားတဲ့အချိန်လို့ပြောရမလား။ အဲဒီလိုဟာသတွေ ပြောတတ်ရင်ကို ပညာတတ် လူချစ်လူခင်များသူလို့သက်မှတ်တဲ့ခေတ်မှာ ဒီဟာသစီးရီးထဲ ဒီလိုမျိုးတွေ အပြွတ်လိုက်ပါတာ မဆန်းဘူးပြောရမှာပါပဲ။တံခါးပိတ်စနစ် ကျင့်သုံးလုနီးပါးဖြစ်နေတဲ့ တရုတ်နိုင်ငံအပေါ်မှာ ဗြိတိန်သားတို့ အမြင်မကြည်ဘူးထင်ပါရဲ့။ သာတူညီမျှကောင်းစားရေး အရေခြုံကွန်မြူနစ်စနစ်နဲ့ ဒီမိုကရေစီအရေခြုံအရင်းရှင်ဝါဒတို့ အားပြိုင်မှုကိုလည်း တွေ့နိုင်ပါလေရဲ့။ စက်မှုတစ်ခေတ်မှာ ထွန်းတောက်လာတဲ့ ဂျပန်နိုင်ငံကိုတော့ တလေးတစားနေရာပေးထားတာကို ဘက်လိုက်မှုတစ်ခုအနေနဲ့ တွေ့ရပါတယ်။ အီတလီ နဲ့ ပြင်သစ်တို့ကို ထူးထူးကဲကဲ လှောင်ပြောင်မထားပေမဲ့ တဏှာပေမကြီးတဲ့သူတွေအဖြစ် ပုံဖော်ထားခြင်းကလည်း အီတလီ နဲ့ ပြင်သစ်တို့ အဲဒီခေတ်က လူကြီးကြိုက်ကားတွေ အားကောင်းမှုကို မီးမောင်းထိုးပြလိုက်သလိုပေါ့။ အိန္ဒိယ စပိန် ဂျာမန် တို့ကိုတော့ ‌ဗြိတိန်သားတွေ ချမ်းသာပေးထားလေရဲ့။ဘာသာရေးအပိုင်းမှာတော့ ...
8.237
TMDb: 8.237/10 57 votes
tv

Mind Your Language (1977)

1977
Gaanth (2024)
Gaanth (2024) Gaanth Chapter 1: Jamnaa Paar (2024) လကြတ်ညရဲ့ အိပ်မက်ဆိုး Genre – Drama, Mystery, Thriller IMDB – 7.8/10- နမိတ်မကောင်းတဲ့ လကြတ်ညတစ်ည - လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်တစ်အုပ် - မိသားစုလိုက်ကြီး ခွေးပါမကျန် ထူးခြားစွာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေမှု - ပဟေဠိဆန်သော ပူဇော်ပသမှု - ဖုံးကွယ်ထားသော မြေအောက်ခန်း စသဖြင့် အခြေအနေများနဲ့ ရှုပ်ထွေးပလီသော လူသတ်မှုကြီးကို…အရင် အမှုမှာ ပြဿနာရှာထားလို့ တာဝန်ဆိုင်းငံ့ခံရတဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများနဲ့ ဒေါသအိုးကြီး အင်စပတ်တာဂါဒါဆင်းဂ်ရယ်၊ အထက်ကချောက်တွန်းပြီး လွှတ်ထည့်လိုက်တဲ့ အရာရှိမလေး ဆတ်ယာဝတီရယ်၊ ဆေးရုံမှာ တစ်ယောက်တည်းသီးခြားနေပြီး သူများတွေ အမြဲတမ်း အနိုင်ကျင့် နှိမ်တာကို ခံရပေမဲ့ ပညာစွမ်းရည်မှာကျ သူမတူအောင် ထူးချွန်တဲ့ ဆရာဝန်မလေး ဆက်ရှီမာမူရယ် ဒီ သုံးယောက်သားဟာ ဝင်္ကပါလို အကွေ့အကောက်လှည့်ကွက်များပြီး ထူးခြားဆန်းကြယ်လှတဲ့ ဒီလူသတ်မှုကြီးကို ကံကြမ္မာတစ်ခုကြောင့် လာဆုံတွေ့ပြီး ဖြေရှင်းဖို့ ဖြစ်လာခဲ့တဲ့အခါ…….။စုစုပေါင်း ...

Gaanth (2024)

2024
A Will Eternal (2020) 8.8
A Will Eternal (2020) MyAnimeList 7.8/10 IMDb 7.9/10သိုင်းဝတ္ထုတွေမှာဆိုရင် Wuxia, xuanhuanနဲ့ xianxiaဆိုပြီး အကြမ်းဖြင်းရှိပါတယ်။ Wuxiaမှာဆိုရင် ဆရာကြီး ကျင်းယုံရဲ့ universeက နာမည်ကြီးပြီး ( ရှောင်ဖုံး၊ ကောကျင့်၊ ကျန်းဝူကျိ၊ လင်ဟူချုံး) Xianxiaမှာဆိုရင် Ergen verseက နာမည်ကြီးပါတယ်။ (မြန်မာဝတ္ထုတွေထဲမှာဆိုရင် ထူးထူးခြားခြား မင်းသိင်္ခဝတ္ထုတွေမှာ ဆားပုလင်းနှင်းမောင်universeဖြစ်နေအောင် ဇာတ်လမ်းဆင်ထားပါတယ်။ ဥပမာ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ မိုးသီး၊ ပုဏ္ဏားဘကွန်း)Ergen Verseအကြောင်းအကြမ်းဖြင်းပြောရမယ်ဆိုရင်တော့ အရင်ဆုံး ဆရာErgenရဲ့ထွက်ရှိထားတဲ့ဝတ္ထုတွေကိုပြောပါရစေ။1. Renegade Immortal (နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်) 2. Pursuit of the truth (အမှန်တရားရှာပုံတော်) 3. I shall see the heaven (ကောင်းကင်တံခါးငါပိတ်မယ်) 4. A Will Eternal (ထာ၀ရအသက်ရှည်လိုသော်) 5. A World Worth Protecting (ကာကွယ်သူတို့ကမ္ဘာ) တို့ပါ။Animeအနေနဲ့ Renegade Immortal, A will eternal, a world worth protectingတို့ ထွက်ထားပါတယ်။ အခုတင်ဆက်ပေးမှာကတော့ Er Gen Verseရဲ့ အမွှေစိန်ပိုင်ရှောင်ချန်းဇာတ်လမ်းပါ။ ဝတ္ထုဖတ်ထဲကလအရမ်းခွီရသလို ဆွဲထားတဲ့ပုံစံက နီကျားပုံစံမျိုးမလို့ ...
8.8
TMDb: 8.8/10 11 votes
tv

A Will Eternal (2020)

2020
CSI: Crime Scene Investigation 7.2
CSI: Crime Scene Investigation အားလုံး စောင့်မျှော်နေကြတဲ့ CSI TV Series ကို တင်ဆက်လိုက်ပါပြီ ရှားလော့ဟုမ်း နဲ့ ခဏတာ ဝေးနေတဲ့ ခဏမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းတွေကို လိုက်ကြည့်ရအောင် ဒီ CSI : Crime Scene Investigation ဆိုတဲ့ TV Series မှာ အပိုင်းတစ်ခုနဲ့ တစ်ခု ညှိတွယ် မထားပဲ အပိုင်းတစ်ခုမှာ အမှုတစ်ခုကို အဆုံးသက်လေ့ရှိပါတယ် ဒါကြောင့် သင့်ကို ဆန့်တငင်ငင် ဖြစ်နေစေမှာ မဟုတ်ပဲ CM ရဲ့ Page တိုင်းအောက်မှာ CSI အပိုင်းသစ်တွေ တင်ပေးပါလို့  အော်နေစရာ မလိုလောက်ပါဘူး :D ကျနော် ကိုယ်တိုင်လဲ CSI Series ကို ပုံမှန်တင်ပေးဖို့ ကြိုးစားသွားမှာဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းတဲ့ မှုခင်းတွေကို CSI အဖွဲ့နဲ့ အတူ အဖြေရှာကြည့်ရအောင်လားဗျာ   File Size - 300 MB Episode Quality - 720P Runtime -  40 min Episode Subtitle - Burmese (Hardsub) Translator -  CM Team Encoder - ...
7.2
TMDb: 7.2/10 414 votes
tv

CSI: Crime Scene Investigation

2000
Deep Night The Series: The Two of Us (2024)
Deep Night The Series: The Two of Us (2024) မမတို့ရဲ့အချစ် (၂၀၂၄)Deep Night the series ကိုသဘောကျခဲ့ကြတဲ့ CM ပရိ့သတ်ကြီးတို့အတွက် နောက်တစ်ဖန် အခွဲထွက်ရှိလာတဲ့ The Two of us ဆိုတဲ့GLကားလေးနဲ့ ထပ်မံမိတ်ဆက်ပေးချင်ပါတယ်Nightclub ကိုဦးစီးနေသူ စီးပွါးရေးလုပ်ငန်းရှင် ဖယ်ရာဆီကို သူ့ရဲ့တွယ်တာရတဲ့အချစ်ဆုံးသူငယ်ချင်း မယ့်ဂျီတစ်ယောက် နိုင်ငံခြားက ပြန်ရောက်လာရာက အိမ်မှာအတူနေဖြစ်ကြတာနဲ့ အစပျိုးထားပါတယ်ဒါပေမဲ့ သူမကြားချင်ဆုံးသတင်းတစ်ခုကလည်း အတူပါလာပါခဲ့ပါတယ် သူ့အချစ်ဆုံးသူငယ်ချင်းမယ့်ဂျီ လက်ထပ်တော့မယ့်သတင်းကြားပြီးတဲ့နောက် ခွန်ဖယ်ရာတစ်ယောက် စိတ်ထဲမှာ နှမြောစိတ်နဲ့အတူ ချစ်ခြင်းများတစ်ပါတည်း နိုးကြွလာခဲ့ပါတယ်ဒါကြောင့် မယ့်ဂျီကို မဆုံးရှုံးရအောင် ဘယ်လိုတွေလုပ်မလဲ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုအချိုအအီတွေကို ဖြစ်ကြမလဲဆိုတာသိချင်ရင်တော့ အပတ်တိုင်းစောင့်ကြည့်ဖို့လိုပါမယ်နော်ထူးခြားတာကတော့ အသက်အပိုင်းအခြားတစ်ခုရောက်နေပြီဖြစ်တဲ့ မမနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဖြစ်နေတဲ့အပြင် မမဖယ်ရာရဲ့ကြူးတတ်ပုံတွေကိုလည်း ကြည့်ရမှာပဲဖြစ်ပါတယ်GL ကားတွေရဲ့ထုံးစံ ကလိကလိဖြစ်စေရမှာမို့ ပရိသတ်ကြီးတို့ကြည့်ဖို့ရာ CM မှတင်ဆက်ပေးလိုက်ပါတယ်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin နဲ့ Cali တို့ ပဲ ဖြစ်ပါတယ်။Genre..... GL, Drama Quality…. 1080p | 720p File size… 200MB ...

Deep Night The Series: The Two of Us (2024)

2024
Orphan Black: Echoes (2024) 9.5
Orphan Black: Echoes (2024) Orphan Black: Echoes ( 2024 ) ==============================မာဗယ်မှာ ဂျက်စီကာဂျုန်းလုပ်တုန်းက လူသိများခဲ့သလို Breaking Badထဲ Jane Margolisနဲ့ လူကြိုက်တော်တော်များခဲ့တဲ့ ညို့ဓာတ်အပြည့်နဲ့ Krysten Ritterက အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးအသစ်ပါ။ ကားစကတည်းက ပွဲကြမ်းပြနေတာဆိုတော့ ဒါနဲ့တင်တန်နေပြီဆိုပေမဲ့ သူ့ချည်းပဲလားဆိုတော့ မဟုတ်သေးဘူး။ ဒီစီးရီးရဲ့ ဇာတ်လမ်းကလည်း  တကယ့်ငစားဇာတ်ကြီး။ အမျိုးအစားကလည်း science-fiction thrillerဆိုတော့ စားတာမဆန်းဘူး။ သူ့မူရင်းက 2013တုန်းကထွက်ခဲ့တဲ့ သူ့မူရင်းစီးရီးဖြစ်တဲ့  Orphan Blackဆိုတဲ့စီးရီး။  ရုပ်ချင်းတစ်ပုံစံတည်းတူနေတဲ့လူကလုန်းတွေကို အခြေတည်ထားတဲ့ဇာတ်။ ဒီစီးရီးကလည်း မူရင်းစီးရီးနဲ့ ယူနီဗာ့စ်တစ်ခုတည်းမှာပဲ ဇာတ်အိမ်တည်ထားတယ်။ဇာတ်လမ်းအစမှာ လူစီဆိုတဲ့ မိန်းမတစ်ယောက် နိုးလာတာနဲ့စတယ်။ နိုးလာတယ်ဆိုပေမဲ့ သူ့မှာ အရင်တုန်းကဆိုတာမျိုးမရှိဘူး။ အခုမှဘွားခနဲမွေးလာသလိုပဲ။ ဒါပေမဲ့ သူက လူလတ်ပိုင်းဖြစ်နေပြီ။ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အသိဉာဏ်မျိုးလည်းရှိနေတယ်။ ခံစားချက် စဉ်းစားနိုင်စွမ်း အကုန်ရှိနေတယ်။ လိုအပ်တာဘာမှမရှိဘူး။ ဒါပေမဲ့ တစ်ခုတော့လိုနေတယ်။ သူ့မှာအတိတ်မရှိနေဘူး။ ...
9.5
TMDb: 9.5/10 2 votes
tv

Orphan Black: Echoes (2024)

2024
Pretty Little Liars: Original Sin (2023) Season 2 7.959
Pretty Little Liars: Original Sin (2023) Season 2 Pretty Little Liars (2023 ) ======================Pretty Little Liarsဟာ ၂၀၀၆မှာ စထွက်ခဲ့တဲ့ စာအုပ်ကနေ အစပြုခဲပြီး စာအုပ်ပေါင်းများစွာနဲ့ တီဗီစီးရီးလေးခု WEBစီးရီးတစ်ခုထွက်ထားတဲ့  အောင်မြင်တဲ့ franchiseတစ်ခုပါပဲ။ 2010မှာ တီဗီစီးရီးအဖြစ် စအသက်သွင်းခဲပြီး။ ခုထိကို တစ်ခု ပြီးတစ်ခု ဆက်တိုက်ထွက်နေခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၂၂ဗားရှင်းရဲ့ ပထမတွဲမှာတော့ မေးလ်ဝုဒ်မှာနေတဲ့ ကောင်မလေးငါးယောက်နဲ့ အေလို့ခေါ်တဲ့ ကွင်းဆက်လူသတ်သမားဆိုက်ကိုကောင်ကြားက ပြဿနာတွေကိုပြသွားခဲ့သလို အဆုံးမှာ အေကိုလည်း ဖမ်းမိသွားကြတယ်။ ဒီ၂၀၂၄မှာထွက်တဲ့ ဒုတိယတွဲမှာတော့ အဲဒီနေရာကနေပဲ ပြန်စထားပါတယ်။ အေကြောင့် ထရော်မာရနေတဲ့ ကောင်မလေးငါးယောက်ဟာ အေကို စိတ်မကျန်းမာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပဲ ပြစ်ဒဏ်ချလိုက်ရင် လွတ်လာပြီး သူတို့ကိုလာသတ်တော့မှာပဲဆိုပြီး  ပူနေကြတာပါ။ တကယ်လည်း အေကလွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ဖမ်းမိသွားပြီးနောက် သေဒဏ်ချမှတ်ခံခဲ့ရတယ်။ စိတ်အေးလက်အေးနဲ့ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းရတော့မယ် ထင်ခဲ့ကြပေမဲ့ အေနဲ့တစ်ပုံစံတည်းတူတဲ့ နောက်ထပ်ကွင်းဆက်လူသတ်သမားတစ်ယောက်ပေါ်လာတဲ့အချိန်မှာတော့ သူတို့တွေ ဘာတွေကိုရင်ဆိုင်ရဦးမလဲ ...
7.959
TMDb: 7.959/10 184 votes
tv

Pretty Little Liars: Original Sin (2023) Season 2

2022

Genres

Archives