Channel Myanmar

New releases (2025)

Content at random


TV Series

The Boss Baby: Back in the Crib (2022) 6.9
The Boss Baby: Back in the Crib (2022) The Boss Baby: Back in the Crib (2022) ============================ IMDb Rating - 6.9/10အားလုံး ချစ်ကြတဲ့ Boss Baby ပြန်လာပါပြီ။ ဒီတစ်ခါမှာတော့ movie အနေနဲ့ မဟုတ်ဘဲ Series အနေနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အပိုင်း (၁၂) ပိုင်း ပါဝင်မှာ ဖြစ်လို့ Boss Baby ရဲ့ စွန့်စားခန်းတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာပါ။ သီယိုဒို တန်ပယ်တင် ဟာ အရွယ်ရောက်ပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ ‌ငွေအလွဲသုံးစားမှုနဲ့ ချောက်ချခံလိုက်ရပြီး အက်ဖ်ဘီအိုင်ရဲ့ လိုက်လံ ဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ ကြံရာမရဖြစ်ပြီး ကလေးပြန်ဖြစ်စေတဲ့ ဖော်မြူလာကို သောက်ပြီး ကလေးအဖြစ် ပြန်လည်နေထိုင်ပါတော့တယ်။ ဒါ့အပြင် သီယိုဒိုတစ်ယောက် သူ့ အစ်ကိုဖြစ်သူ တင်မ်ရဲ့ အိမ်ကို ရောက်လာပြီး အတူတူ နေထိုင်ခွင့်တောင်းပါတယ်။ သို့သော် သီယိုဒိုဟာ အလွှဲသုံးစားမှုကို မဖြေရှင်းနိုင်သေးတဲ့ အချိန်ထိ ကလေးဘဝအဖြစ် နေဖို့အတွက် ...
6.9
TMDb: 6.9/10 1070 votes
tv

The Boss Baby: Back in the Crib (2022)

2022
We Own This City (2022) 7.8
We Own This City (2022) We own this City(2022)======================HBO ရဲ့အကြမ်းစား Crime ,Drama ဇာတ်လမ်းတွဲတစ်ခုထွက်လာပြန်ပါပြီ အကောင်းဆုံး Crime ဇာတ်လမ်းတွဲလို့ပြောလို့ရမယ့် The Wire တို့လို Masterpiece တွေရိုက်ပြနိုင်တဲ့ HBO ဟာ ဒီလို ဇာတ်လမ်းအမျိုးအစားတွေမှာဆိုရင် လုံးဝ Fail လေ့မရှိပါဘူး။ဒီဇာတ်လမ်းတွဲမှာလည်း Punisherဇာတ်ကောင် နဲ့လူသိများကြတဲ့ ဇာတ်ကြမ်းမင်းသား Jon Bernthal က ဦးဆောင်ပါဝင်ထားပါတယ် IMDb - 8.1.10 နဲ့ Metacritic မှာလည်း 7.3 လောက်ရထားတဲ့အတွက် စိတ်ချလက်ချကြည့်လို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲတွေနဲ့ လူမည်း Gang တွေကြားမှာ ဖြစ်တဲ့ မူးယစ်ဆေး၊ တရားမဝင်လက်နက်နဲ့ အကျင့်ပျက်ခြစားမှုတွေကို ရိုက်ပြထားတာဖြစ်ပါတယ် အမေရိကန်ရဲ့ ရာဇတ်မှုအမြင့်ဆုံးမြို့လို့ပြောလို့ရတဲ့ ဘယ်တီမိုးမြို့မှာ လူမည်းအမျိုးသားတစ်ယောက် ရဲအင်အားသုံးအကြမ်းဖက်မှုကြောင့် သေဆုံးရာကနေ တစ်မြို့လုံးရာဇဝတ်မှုတွေ လုယက်မှုတွေ ဆေးမှုတွေ ပိုမြင့်မား အုံကြွလာပြီး ထိန်းမရဖြစ်လာပါတယ်။ ဖက်ဒရယ် ၊ DEA တွေက အစ လက်လျှော့ထားရတဲ့ မြို့ကို ဝိန်းဂျန်ကင်ဆိုတဲ့ Gun Track Force ...
7.8
TMDb: 7.8/10 4 votes
tv

We Own This City (2022)

2022
Wedding Agreement: The Series (2022)
Wedding Agreement: The Series (2022) Wedding Agreement (2022) IMDb rating 9.12022ခုနစ်ထွက် အင်တိုနီးရှား Seriesလေးလာပါပြီနော်။တာရီနဲ့ ဘီယန်က မိဘတွေသဘောတူလို့ ယူလိုက်ရတဲ့ လက်ထပ်စုံတွဲပါ။မိဘတွေသဘောတူလို့ ယူလိုက်ရတယ်ဆိုပေမဲ့ နှစ်ဖက်လုံးကမချစ်မနှစ်သက်ကြတာမဟုတ်ဘဲ ဇနီးဖြစ်သူ တာရီဟာ သူ့အမျိုးသားကိုတော်တော်လေးချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးတတ်တဲ့ဇနီးကောင်းတစ်ယောက်ပါ။ ဘာသာရေးကိုင်းရှိုင်းပြီး မိန်းမဝတ္တရားကျေပွန်တဲ့ တာရီက သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကိုအကောင်းမွန်ဆုံးထိန်းသိမ်းဖို့ကြိုးစားနေပေမဲ့လည်း ခင်ပွန်းဖြစ်သူ ဘီယန်ကတော့အိမ်ထောင်ရေးသက်တမ်းတစ်နှစ်ကြာပြီးတဲ့နောက်မှာ ဇနီးဖြစ်သူ တာရီကိုကွာရှင်းပြီးသူ့ရဲ့ချစ်သူဖြစ်တဲ့ ဆာရာနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတင် ပြီးသွားတာမဟုတ်ပါဘူး။ တစ်ဉီးမေတ္တာတစ်ဦးမှာဆိုတဲ့အတိုင်းပဲအသွားအပြန်ရှိတဲ့ မေတ္တာတရားရဲ့ ကိုင်လှုပ်မှုကြောင့် ဘီယန်ဟာ သူ့ရဲ့ချစ်သူ ဆာရာကသူ့နဲ့ကိုက်ညီတဲ့အမျိုးသမီးတစ်ယောက်မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းသဘောပေါက်လာပြီး ဇနီးဖြစ်သူတာရီကို ချစ်မိလာပါတော့တယ်။စရိုက်နဲ့အကျင့်တွေမတူညီတဲ့ ခင်ပွန်းနဲ့ဇနီးနှစ်ယောက် သူတို့ရဲ့အိမ်ထောင်ရေးကို အခက်အခဲတွေ၊ပြဿနာတွေကြားကနေ ဘယ်လိုထိန်းသိမ်းသွားမလဲဆိုတာကို ဒီကားထဲမှာ မြင်ခွင့်ရမှာပါ။Ratingကလည်း 9.1အထိတောင်ရထားတာမို့လို့ ဘယ်လိုပဲဖြစ်ဖြစ် လက်လွှတ်မခံသင့်တဲ့ကားကောင်းလေးဆိုတာ သေချာပါတယ်နော်။ ပုံမှန်တွေ့နေကျ မိဘချင်းသဘောတူလို့ ယူ​ကြရာကနေတစ်အိမ်တည်းနေ၊ တစ်ရေတည်းသောက်ရာကနေ တစ်​ယောက်နဲ့သံယောဇဉ်တွေ၊ အချစ်တွေနဲ့ရစ်ပတ်တွယ်နှောင်လာတဲ့ ကားလေးတစ်ကားပဲဆိုပေမဲ့ ဒီတစ်ကားထဲမှာတင်လင်မယား၊ သူငယ်ချင်း၊ မောင်နှမ၊ ချစ်သူစုံတွဲမျိုးစုံအပြင် ...

Wedding Agreement: The Series (2022)

2022
9 Hours (2022) Complete 9
9 Hours (2022) Complete 9 Hours ဆိုတဲ့ Disney+ Hostar ကအိန္ဒိယ မီနီ စီးရီးလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အက်ရှင်ဇာတ်လမ်း အကြမ်းအရမ်းကိုမှ နှစ်သက်တဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲလေးပါ။ဇာတ်လမ်း အကျဉ်းကတော့ ထောင်ထဲကနေ အကျဉ်းသားသုံးယောက်ကို စီစဉ်အကွက်ချခိုးထုတ်ပေးပြီး သူတို့သုံးယောက်ကို ဦးဆောင်ခိုင်းကာဒါကန်ဗြိတိသျှဘဏ်ရဲ့ ဘဏ်ခွဲသုံးခုကို တစ်ပြိုင်နက်ထဲလက်နက်ကိုင်ပြီး အနုကြမ်းစီးဖို့ အစီစဉ်တစ်ခုရှိပါတယ်။ကျူးလွန်ပြီးရင် သူတို့က ထောင်ထဲကို ပြန်၀င်ရမှာပါ။သူတို့ကိုထောင်ထဲမှာ roll call မခေါ်ခင် ဒီဒုစရိုက် မှုကိုကျူးလွန်ဖို့အတွက် အချိန်က ကိုးနာရီပဲ ရပါတယ်။ဘဏ်ခွဲနှစ်ခုမှာ အဆင်ပြေခဲ့ပေမယ့် ကိုတီဘဏ်ခွဲမှာတော့ သူတို့မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။မှန်းထားသလိုဖြစ်မလာတဲ့အခါ သူတို့တွေ လွတ်လမ်းကို ဘယ်လိုရှာကြမလဲ။ရဲတွေနဲ့ ဘယ်လို အတွေးအခေါ်စစ်ထိုးကြမလဲ။ဘဏ်အတွင်းက ဓားစားခံတွေကိုရော ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ဒီအစီစဉ်ရဲ့ နောက်ကွယ်ကရော ဘယ်သူတွေ ပါ၀င်ပက်သတ်နေတာလဲစတာတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားရမှာပါ။  File Size – 550MB / 300MBQuality – 1080p / 720p Duration ...
9
TMDb: 9/10 1 votes
tv

9 Hours (2022) Complete

2022
Day Breaker (2022)
Day Breaker (2022) Day Breakerဒီတစ်ခါ CM ပရိသတ်များအတွက် CM ကနေDay Breaker ဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းထဲမှာပါဝင်မယ့် အဓိကမင်းသားကတော့CM မှာတင်ဆက်ပေးဖူးတဲ့ Mirror: A Tale of Twin Citites ထဲကစူးမော့အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Li Yi Feng နဲ့အဓိကမင်းသမီးကတော့ Luo Yang ထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ Song Yi တိုဘဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့မူးယစ်ရဲသား Luo Xiang ကလျှိဝှက်လှုပ်ရှားမှုထဲမှာသေချင်ယောင်ဆောင်ခဲ့တယ်။ဒီလိုနဲ့ငါးနှစ်ကြာပြီးနောက်မှာသူကမျိုးရိုးနာမည်ပြောင်းပြီးသူကိုယ်တိုင်နောက်တစ်ကြိမ်မူးယစ်ကုန်သွယ်ရေးအဖွဲထဲကိုဟန်ဆောင်ပါဝင်ရင်းနဲ့ အရင်တုန်းကချစ်ရတဲ့လူ,သူငယ်ချင်းနဲ့ရန်သူကြားမှာ ပါဝင်ပတ်သက်လာတဲ့အချိန်မှာတော့.....Luo Xiang တစ်ယောက်သူ့တာဝန်ကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်မလား,နောက်ကွယ်ကလက်မည်းကြီးကကောဘယ်သူဖြစ်လဲ,အဲ့ဒါကိုကောသူဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDay Breaker ဇာတ်လမ်းလေးကိုCM ပရိတ်သတ်ကြီးတိုဆက်လက်ကြည့်လိုက်ရအောင်နော် Quality : WEB-DL 720pTotal Episodes : 24Format : mp4Genres : Thriller,Mystery,CrimeDuration : 40 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM ...

Day Breaker (2022)

2022
Under the Banner of Heaven (2022)
Under the Banner of Heaven (2022) Under The Banner of Heaven (2022)(Completed Limited Series) ~ IMDb - 8.9/10, RT - 75%, Meta - 83% ~ လက်ပေါက်အကပ်ဆုံး အမြင်ကပ်စရာအကောင်းဆုံး ကြောက်စရာအကောင်းဆုံးလူတွေကို ပြပါဆိုရင် ဘာသာရေးအစွန်းရောက်တွေကိုပြရမယ်ထင်တယ်။ ကမ္ဘာအရှည်ကြာဆုံး ခရူးဆိတ် စစ်ပွဲဆိုတာ ဘာသာရေးအစွန်းရောက်တွေကြောင့် ဖြစ်တာလို့ ပြောချင်ပါတယ်။ ဘာသာရေးအစွန်းရောက်တွေကြောင့် တခြားအယူဝါဒတွေ၊ သိပ္ပံပညာ၊ လွတ်လပ်တဲ့ အတွေးအခေါ်ဟာ မိစ္ဆာဒိဌိဖြစ်လာတယ်။ အယူဝါဒကွဲပြားမှုတွေကြောင့် ကောင်းကင်ဘုံရဲ့အလံတော်အောက်ကနေ တိုက်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာပေါ်မှာ သွေးမြေကျခဲ့တဲ့ လူတွေ ဘယ်လောက်တောင်များနေပြီလဲ... Under The Banner of Heaven က အဲဒီဇာတ်လမ်းတွေထဲက တစ်ပုဒ်ပါ။ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ ဇာတ်လမ်းတွေကို ရေးတဲ့ စာရေးဆရာ Jon Krakauer ရဲ့ နာမည်တူ ဝတ္ထုကို ရုပ်ရှင် အဖြစ်ပြောင်းလဲ ...

Under the Banner of Heaven (2022)

2022
Goo Pil-soo Is Not There (2022) 8.1
Goo Pil-soo Is Not There (2022)  ဘဝမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ... ဘယ်အရာတွေကပဲ တားဆီးနေပါစေ... "သူများကို ခေါင်းငုံ့စရာမလိုဘူး"... "တက်နင်းတာ ခံစရာမလိုဘူး"... "နောက်ပြန်လှည့်စရာမလိုဘူး"... "အရှုံးပေးစရာမလိုဘူး"ဆိုတဲ့ အဓိပ္ပာယ်ကို အသက် ၄၀ အရွယ်အမျိုးသား Goo Pil-Soo (မင်းသားကြီးKwak Do-Won) တို့မိသားစုနဲ့ အသက်နှစ်ဆယ်အရွယ် Jung Seok (Yoon Doo-Joon) တို့နှစ်ယောက်အပေါ်အခြေခံပြီး ဖော်ပြထားပါတယ်။Goo Pil Soo မှာ ငယ်ရွယ်စဉ်တုန်းက အရာရာတိုင်းအောင်မြင်ခဲ့တဲ့ သိုင်းပညာရှင်ဖြစ်ခဲ့ပေမဲ့ အသက်ကြီးလာပြီး မိန်းမနဲ့ သားလေးတစ်ယောက်ရလာတော့ အကြွေးကိစ္စ ၊ အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်လာခဲ့တယ် ကြက်ကြော်နဲ့ဘီယာဆိုင်လေးဖွင့်ထားပြီး ကိုယ်ပိုင်အိမ်မရှိတဲ့ဘဝမှာ ခက်ခက်ခဲခဲနေရတယ် ကိုယ့်ရဲ့သားလေးကိုလည်း သူများတွေနဲ့တန်းတူဖြစ်စေချင်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် အမြဲစိတ်ညစ်နေရတယ် အဲဒါကြောင့် သူ့မိန်းမနဲ့ သူ့သားလေးအတွက် ပိုကောင်းမွန်တဲ့ဘဝလေးရလာဖို့ အမြဲကြိုးစားနေတဲ့ လူတစ်ယောက်ပေါ့Jung Seok ကတော့ အရမ်းထက်မြက်ပေမဲ့ ဆင်းရတဲ့မိသားစုကနေပဲ ဆင်းသက်လာခဲ့တယ် မိဘတွေရဲ့အကြွေးတွေကိုဆပ်ဖို့ သူ့ရဲ့ဦးနှောက်ကို အသုံးချပြီး ဝါသနာပါတဲ့ Start-Up ဖန်တီးသူဖြစ်လာခဲ့တယ် ကိုယ်ဖန်တီးထားတဲ့ နည်းပညာတွေနဲ့ အောင်မြင်လာအောင် ကြိုးစားမယ့် လူငယ်လေးတစ်ယောက်ပါ။သူတို့နှစ်ယောက်နဲ့ဆက်စပ်နေတဲ့ ချေးငွေပြဿနာတွေ၊ပညာရေးပြဿနာတွေ၊ဝန်ထမ်းပြဿနာတွေ၊ start-up ...
8.1
TMDb: 8.1/10 1 votes
tv

Goo Pil-soo Is Not There (2022)

2022
Mommy I Love You (2022)
Mommy I Love You (2022) Mommy I Love You(2022) စ / ဆုံး"ချစ်သောမေမေ"--------------------------------Casts: ဖာနွတ် အဖြစ် March Chutavuth ဖရီမာ အဖြစ် Margie Rasri ချနချို အဖြစ် Nat Sakdatorn ဂန်နရီ အဖြစ် Joy Rinlaree ပီရ အဖြစ် Bomb Tanin ဆရင်သာ အဖြစ် Ying Rhathaနိုင်ငံခြားထွက်ပြီး ပညာသင်ကြားဖို့ခြားထွက်ပြီး ပညာသင်ကြားဖို့ ရည်မှန်းချက်ရှိတဲ့ ဖာနွတ်တစ်ယောက် မမျှော်လင့်ပဲ ချစ်ရသူ ကောင်မလေး ဖရီမာနဲ့ ကိုယ်ဝန်ရသွားခဲ့တယ် ဖရီမာက အကြောင်းစုံသိပြီး မိမိချစ်သူကောင်လေးအနာဂတ်အောင်မြင်ဖို့အတွက် ကိုယ်ဝန်ရှိနေတာကိုဖုံးကွယ်ပြီး Single Mom အဖြစ်နေသွားဖို့ဆုံးဖြတ်ခဲ့တယ်နှစ်ပေါင်းများစွာ အကြာမှာတော့ ဖာနွတ်ဟာ ဖရီမာဟာ ကိုယ့်ကလေးမွေးခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ကို သိသွားပြီး ဖရီမာကို ပြန်ရဖို့ ကြိုးစားခဲ့တယ် အဲ့အချိန်မှာပဲ ဖရီမာဟာ စားဖိုမှူးလေးပီရနဲ့ ဒိတ်နေပြီ ဖြစ်ပါတယ်အမြဲတမ်းကလေးရဖို့ပဲတွေးနေခဲ့တဲ့ Working Woman ဂန်နရီ တစ်ယောက် မိမိမျိုးဥကို ဆေးရုံတွင် ထားပြီး ပြည့်စုံသော ( sperm ) ...

Mommy I Love You (2022)

Queendom (2019) Season1 + Season2 7.6
Queendom (2019) Season1 + Season2 “Comebacks စစ်ပွဲ Queendom”Mnet ရဲ့ အကြီးမားဆုံး show တွေထဲက တစ်ခုဖြစ်ပြီး “Queendom” ဆိုတဲ့အတိုင်း ဘုရင်မတွေချည်း အုပ်စိုးမယ့် reality survival show တစ်ခုပဲ ဖြစ်ပါတယ်။ပါဝင်ယှဉ်ပြိုင်သွားမယ့် အဖွဲ့တွေကတော့ ..👑 Hit ဖြစ်တဲ့သီချင်းများစွာနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့အပြင် အဖွဲ့ disband ဖြစ်သွားပြီးတဲ့နောက်မှာတောင် အောင်မြင်မှုအရှိန်ကျမသွားတဲ့ 2NE1 ရဲ့ main vocalist “Park Bom”👑 အဖွဲ့လိုက်အောင်မြင်မှုတွေဆွတ်ခူးနေနိုင်ရုံသာမက အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ Solo Album ကိုယ်စီနဲ့ပါ အောင်မြင်မှုတွေ သိမ်းယူနေဆဲဖြစ်တဲ့ ဘုရင်မလေးပါးပါဝင်တဲ့ “MAMAMOO”👑 Skirt တိုတိုလေးတွေနဲ့ ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းလှပတဲ့ကောင်မလေးတွေဆိုတာနဲ့ သူတို့ကိုပြေးမြင်ရမယ့် Miniskirt ရဲ့မူပိုင်ရှင် “AOA”👑 တခြားနာမည်ကြီးအဖွဲ့တွေနဲ့မတူဘဲ ချစ်စဖွယ် theme တစ်မျိုးနဲ့ကွဲထွက်နေပြီး Ah-Choo သီချင်းနဲ့ ပရိသတ်ရင်ထဲကိုပိုရောက်လာခဲ့တဲ့ “Lovelyz”👑 Girly ဆန်ဆန် ချစ်စဖွယ်ကောင်းတဲ့ပုံစံလေးလား ...
7.6
TMDb: 7.6/10 5 votes
tv

Queendom (2019) Season1 + Season2

2019
Heirs to the Land (2022) 7.0
Heirs to the Land (2022) Heirs to the Land (2022) ================== IMDb Rating - 7.0/10Netflix ကရိုက်တဲ့စပိန်စီးရီးလေးပါ။ 14 ရာစုနောက်ပိုင်း စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအခြေတည်ထားပြီး ခရစ်ယာန်နဲ့ ဂျူးတွေရဲ့ ဘာသာရေးပရိပက္ခတွေ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေရဲ့အရှုပ်ဇာတ်လမ်းတွေအကြောင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ခရစ်ယာန်ဘာသာကိုးကွယ်သူတွေနဲ့ဂျူးဘာသာကိုးကွယ်သူတွေ အတူကွနေထိုင်ကြတယ်ဆိုပေမယ့် ကိုးကွယ်ယုံကြည်မှုပြင်းထန်တဲ့ အတွက်ကြောင့် ဘာသာမတူချင်းချစ်ကြိုက်တာ၊ လက်ထပ်တာကို အပြင်းအထန်တားမြစ်ထားပါတယ်။ ဒီဇာတ်လမ်းအဓိကဇာတ်ဆောင် ဟူဂိုဆိုတဲ့ခရစ်ယာန်လေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက အိမ်ရဲ့ ဝင်ငွေကိုအဓိကရှာပေးတဲ့ ဖခင်ဆုံးပါးသွားတဲ့အတွက်ဆင်းရဲနွမ်းပါး လွန်းတဲ့အတွက် မြို့တော်ကောင်စီအဖွဲ့ဝင်ဖြစ် အာနူအက်စတန်ညော်က ကူညီစောင့်ရှောက်ပေးထားပါတယ်။တစ်နေ့မှာ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ကြီးနတ်ရွာစံသွားတော့ ပုလ္လင်လုပွဲ စတင်ဖြစ်ပါတော့တယ်။ အာနူအက်စတန်ညော်ရဲ့ရန်ဖက်ဖြစ်ခဲ့တဲ့ ပုခ်ျ မျိုးနွယ်ဟာ ဘုရင့်သားတော်ကြီးနဲ့ ပူပေါင်းပြီးထီနန်းရအောင်တိုက်ခိုက် ပေးပါတော့တယ်။ ဒီလိုနဲ့အနိုင်ရှိသွားပြီး ပုခ်ျမျိုးနွယ်ဟာတစ်ချိန်က အမုန်းတရားတွေကိုလက်စားချေဖို့အတွက် အာနူအက်စတန်ညော်ကို နိုင်ငံတော်ကိုသစ္စဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ခေါင်းဖြတ်သတ်လိုက် ပါတော့တယ်။ ခိုကိုးရာမဲ့ဖြစ်သွားတဲ့ဟူဂိုဟာ အရင်ကအာနူအက်စတန်ညာ်နဲ့ ကျေးဇူးမကင်းတဲ့ ဂျူးဘာသာဝင် ဂျုဖက်က စောင့်ရှောက်ပေးပါတော့တယ်။ ဟူဂိုဟာ ဂျူးဘာသာဝင်တွေနဲ့အတူနေထိုင်ရင်း အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတော့တယ်။ ဘာသာမတူချစ်တဲ့အတွက်ကြောင့်ဟူဂိုတစ်ယောက် ဘယ်လိုတွေပြဿနာတွေရင်ဆိုင်ရမလဲ။ တိုင်းပြည်ရဲ့ နန်းလုပွဲ ပရိပက္ခတွေက ဟူဂိုဆီကိုဘယ်လောက်အထိသက်ရောက်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူပေးပါဦး။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်။)File Size.............(400 MB) Quality...............WEBDL 720p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, History Translator..........Tin Myo Lwin Encoder..............SWM720P ...
7.0
TMDb: 7.0/10 8140 votes
tv

Heirs to the Land (2022)

2022
Super PupZ (2022) 6.7
Super PupZ (2022) Super PupZ (2022) ============== IMDb Rating - 6.7/10Netflix ကနေ ပြသထားတဲ့ စီးရီးကောင်းလေးကို ဒီနေ့အတွက် တင်ဆက်ပေးချင်ပါတယ်။အမွှေးထူထူဂြိုလ်သာကောင်လေးဇီတာဟာ ကမ္ဘာမြေပေါ်ကျ ရောက်လာပြီးနောက် အစိုးရက သူ့ကို စမ်းသပ်ခန်းထဲ ခေါ်သွားခဲ့ ပါတယ်။ စမ်းသပ်မှုလုပ်တဲ့နေရာမှာ ချောချောမွေ့မွေ့ဖြစ်ဖို့ အစိုးရက ခွေးအလေအလွင့် လေးကောင်ကို ဇီတာနဲ့အတူ လှောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ခွေးလေးကောင်ဟာ ဇီတာဆီကနေ မတူညီတဲ့စွမ်းအားတွေ ရရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ငါးကောင်ဟာ အစီအစဉ်ဆွဲပြီး စမ်းသပ်ခန်းကနေ ထွက်ပြေးကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ ဇီတာလေး တစ်ကောင်ကတော့ ကျန်နေခဲ့ပါတယ်။ လွတ်မြောက်သွားတဲ့ ခွေးပေါက်လေး တွေဟာ သူတို့ရဲ့ သခင်အသစ် လူသားကလေးလေးတွေနဲ့အတူ ဇီတာကို ကယ်တင်ဖို့ကြိုးစားကြတာကို ကြည့်ရှုရမှာပါ။ကလေးတွေသဘောကျမယ့် ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး ပါပီလေး တွေကိုချစ်တတ်တဲ့ ကိုကို မမတွေလည်း ကြည့်ရှုနိုင်မယ့်ကားလေးဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းမှုကိုကတစ်ဝကြီးကြည့်ရှုနိုင်ပြီး ဟာသခန်း လေးတွေအပြင် စွန့်စားခန်းလေးတွေလည်းပါတာမို့ ကြည့်ကောင်းမယ့် ဇာတ်လမ်း တွဲလေးဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(300 MB) Quality...............WEBDL ...
6.7
TMDb: 6.7/10 2200 votes
tv

Super PupZ (2022)

2022
Cracow Monsters (2022)
Cracow Monsters (2022) Cracow Monsters (2022) ================== IMDb Rating - 5.5 / 10ဒီတစ်ခါတော့ စိတ်ကူးယဉ်ဆန်ဆန် လျှို့ဝှက်ဆန်းကြယ် ပိုလန်စီးရီးလေးတစ်ခုကို မြည်းစမ်းကြည့်ရအောင်ပါ။ဆေးကျောင်းသူတစ်ယောက်ဖြစ်တဲ့ Alex ဟာ အိပ်မက် ဆိုးတွေ အမြဲမက်လေ့ရှိတဲ့သူပါ။ မတော်တဆမှုတွေဖြစ်တိုင်း တခြားလူတွေအကုန်သေကုန်ကြပေမဲ့ Alex ကတော့ ထူးထူး ဆန်းဆန်း သူတစ်ယောက်တည်း အမြဲ ဘေးမသီရန်မခ လွတ် လာလေ့ရှိပါတယ်။ အဲဒီအကြောင်း ကျောင်းက ပရော်ဖက်ဆာ တစ်ယောက်ကသိသွားပြီး Alex ကို သူ့သုတေသနအဖွဲ့ထဲ ဆွဲထည့်ပါတော့တယ်။လျှို့ဝှက်ဆန်းကြယ်တဲ့ ပရော်ဖက်ဆာနဲ့  သူ့ရဲ့ကျောင်းသား တစ်သိုက်ဟာ တစ်အိမ်တည်းစုနေပြီး ပရော်ဖက်ဆာရဲ့ ဦးဆောင်မှုနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သုတေသနတစ်ခုကို လုပ်နေကြတာပါ။ Alex တစ်ယောက် အဲဒီအိမ်ကိုရောက်သွားပြီး စလဗ်လူမျိုးတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ ရှေးခေတ် မကောင်းဆိုးဝါးတွေ၊ သွေးဆာနေတဲ့ နတ်မိစ္ဆာတွေနဲ့ ပတ်သက်မိတဲ့အခါမှာတော့....(ဒီစီးရီးရဲ့ အညွှန်းကို Roman NoX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(800 MB) / (300 MB) Quality...............WEBDL 1080p / 720p Duration............1Hr(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Adventure, ...

Cracow Monsters (2022)

2022
Be Mbitious (2022)
Be Mbitious (2022) Be MbitiousMNet ရဲ့နာမည်ကြီး Street Woman Fighter အစီအစဉ်ကို မှတ်မိကြတယ်မလား?မမတွေရဲ့အပြိုင်ကြဲခဲ့ကြတဲ့ Dance တွေကို အဟောင်းသားကြည့်ခဲ့ကြရတယ်လေအခု ဒီ Be Mbitious show ကတော့ Street Man Fighter ကို မဝင်ခင်လုပ်တဲ့အယောက်၄၀ Pre audition show မျိုးပဲဖြစ်ပြီး ဒီမှာsurviveဖြစ်တဲ့သူတွေက SMF အနေနဲ့ ပါဝင်ရမှာပဲဖြစ်ပါတယ်Applicant အယောက်၄၀ ပါဝင်မှာဖြစ်ပြီးဒီshowမှာထူးခြားတာကတော့ dancer နယ်ပယ်တွေတင်မကဘဲတစ်ချိန်က idolဖြစ်ခဲ့တဲ့သူတွေရော လက်ရှိidolလုပ်နေတဲ့သူတွေထဲကအကကိုတကယ်နှစ်သက်တဲ့သူတွေ ပါဝင်လာကြတာပဲဖြစ်ပါတယ်ဒီshowက အယောက်လေးဆယ်ထဲက idol applicant တွေကတော့ PENTAGON - Kino KARD - BM HOTSHOT - Roh Tae Hyun ONF - U INFINITE - Hoya တို့ပဲဖြစ်ပါတယ် ဒါ့အပြင် SM ရဲ့ choreographer - Kasper နဲ့Single inferno ...

Be Mbitious (2022)

2022
Juvenile Delinquency S01 (2022) [Complete]
Juvenile Delinquency S01 (2022) [Complete] Juvenile Delinquency S01 (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်း - ၁၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ကဲ ဒီတစ်ခါမှာတော့ All of Us are Dead ဇွန်ဘီကားနဲ့ အားလုံးရဲ့အသည်းကို ခြွေချသွားတဲ့ တက်သစ်စ မင်းသားလေး ယွန်းချန်းယောင်းရဲ့ လူငယ်ကားသစ်လေးတစ်ကားကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကလည်း လူငယ်ကားလေးဖြစ်ပေမဲ့ AOUAD နဲ့မတူညီတဲ့ Vibe မျိုးရမဲ့ ကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲ ဆေးခြောက်/မူးယစ်ဆေးကို သေချာကွက်ကွက်ကွင်းကွင်းရိုက်ပြထားမဲ့ ဇာတ်အိမ်မျိုးဖြစ်တာကြောင့် ဆန်းသစ်ပြီး ကြည့်ရတာတမျိုးထူးနေမှာပါ။မင်းသမီးလေးကလည်း မျက်နှာသစ်ဖြစ်တဲ့အပြင် လူအများမှတ်မိမဲ့ ဇာတ်ကောင်ကတော့ A Year-End Medley ဇာတ်လမ်းထဲက ကောင်လေးတွေကြိတ် Crush ခြင်းခံရတဲ့ "အင်မ်အာယောင်း" ဆိုတဲ့ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီမင်းသမီးလေးနဲ့ အသည်းကျော်ချန်းယောင်းတို့ ဘယ်လိုအတွဲညီညီနဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ပညာတွေကို ချပြမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျ။ ဇာတ်လမ်းအကျဉ်းကတော့...လူငယ်သဘာဝ ကျောင်းတက်ပြီးပျော်ရွှင်နေရမဲ့ ဆယ်ကျော်သက်အရွယ်ဖြစ်သူ "ဂယောင်ဒါဂျောင်း" ဆိုတဲ့ကောင်မလေးက ကိုယ့်မိဘအရင်းခေါက်ခေါက်ဆီကနေ ...

Juvenile Delinquency S01 (2022) [Complete]

2022
The Battle of Stars (2018) 8
The Battle of Stars (2018) The Battle of Stars (2018) စ/ဆုံး" ကြယ်ပွင့်တိုက်ပွဲ " _______________ဇာတ်လမ်းအကျဉ်းကမ္ဘာကြီးက ပရိယာယ်ဆန်တယ် ရှုပ်ထွေးတယ် လှည့်စားလွန်းတယ်လို့ လူတစ်ချို့က ပြောဖူးကြတယ်...ဒါပေမယ့် အနုပညာလောက က ပိုပြီး ပရိယာယ်ဆန်တယ် မာယာများတယ် ရှုပ်ထွေးတယ်လို့ ပြောရင် လက်ခံနိုင်မလား?လူအများရှေ့မှာ စိတ်မကြည်နေဘူး ပျော်မနေဘူးဆိုရင်တောင်မှ ခံစားချက်ကို ဦးစားပေးလို့ မရတဲ့ သရုပ်ဆောင် လို့ ခေါ်ကြတဲ့ ကြယ်ပွင့်လေးများ...လူရယ်လို့ ဖြစ်လာရင် လွတ်လပ်မှုကို မြတ်နိုးကြတယ်ဆိုပေမယ့် သူတို့အတွက်တော့ လွတ်လပ်မှုဆိုတာ မြူမှူန်စလေးတစ်မှုန်သာသာလိုပဲ ဖြစ်နေတဲ့ သူတို....တစ်လောကသားချင်း မတည့်ဘူးဆိုရင်တောင် အရှိကို အရှိတိုင်း ထုတ်ပြပိုင်ခွင့်မရှိတဲ့ သူတို့....အောင်မြင်မှုဂုဏ်ကို ခံစားလွန်းပြီး ကြီးနိုင်ငယ်ငြင်း ဝါဒဖြင့် ကြီးသူမှ ငယ်သူကို ပြန်ထိုးနှက်ချတဲ့ သူတို့လောက....တစ်ဦးနဲ့တစ်ဦး ပိုနာမည်ကြီးရေးအတွက် သူတစ်ပါး ဘယ်လိုပဲ ဖြစ်ဖြစ် တက်နင်းချပြီး အောင်မြင်မှုသရဖူကို ဆောင်းမယ့် သူတို့.....လုပ်ရပ်တစ်ခု မှားသွားတာနဲ့ ကြိုးစားသမျှ အရာအားလုံး ...
8
TMDb: 8/10 1 votes
tv

The Battle of Stars (2018)

2018
Meow Ears Up (2022)
Meow Ears Up (2022) Meow Ears Up (2022) စ / ဆုံး......................................................ဇာတ်လမ်းအကျဉ်းအခန်းကျဉ်းကျဉ်းလေးထဲမှာ ပျင်းစရာကောင်းလှတဲ့ အထီးကျန်ဆန်ဘဝနဲ့တစ်ယောက်တည်း ကျင်လည်ရှင်နေတဲ့ ကာတွန်းဆရာလေး ဒန်တန်ဟာ....ငယ်ငယ်ကတည်းက ကိုယ့်ဒူးကိုယ်ချွန် ရပ်တည်လာခဲ့ပြီး မိဘမဲ့တစ်ယောက် ဖြစ်တာကြောင့်"နွေးထွေးတဲ့ အချစ်မေတ္တာ" ကို ငတ်မွတ်နေသူ တစ်ဦးပါ.....ရိုလာကိုစတာ မဆန်ပဲ ရေငြိမ်လို ရပ်တန့်နေတဲ့ သူ့ဘဝက မရိုးမဖန် လောကဓံကြားမှာ အပြောင်းအလဲမရှိ လည်ပတ်နေချိန်မှာ....ရုတ်တရက် ပုံသေ သတ်မှတ်ထားလို့ မရတဲ့ ကံကြမ္မာက ဖန်လာပြီး"နွေးထွေးတဲ့အချစ်မေတ္တာ"နဲ့ တူသော "ထူးဆန်းပြီး လမ်းပျောက်နေတဲ့ ကြောင်ကလေးတစ်ကောင်" နဲ့ တွေ့ဆုံစေခဲ့ပါတော့တယ်....ထူးခြားတာက အဲ့ဒီကြောင်ကလေးက လူအဖြစ် ပြောင်းလဲလာတဲ့ ကြောင်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်...ငြိမ်သက်နေတဲ့ ရေပြင်ကျယ်ပေါ်ကို ခဲတစ်လုံး ပစ်ချလိုက်သလို....အဲ့ဒီကြောင်ကလေးက ဒန်တန့်ဘဝထဲ ဝင်ရောက်လာပြီး သူ့ဘဝကို လှုပ်လှုပ်ရွရွနဲ့ အရောင်စုံလာအောင် ဖန်တီးပေးလိုက်တဲ့အခါ....ဘာတွေ ဆက်ဖြစ်လာမလဲ?အသွင်မတူတဲ့ ကိုယ်ခန္ဓာနှစ်ခုကြားက တရိပ်ရိပ် ကြီးထွားလာတဲ့ အချစ်စစ် မေတ္တာစစ်ကို အတူပျိုးထောင်နိုင်ပါ့မလား?  Episodes: ...

Meow Ears Up (2022)

2022
As We See It (2022) 8
As We See It (2022) As We See It (2022) =================== IMDb Rating - 8.1/10ဒီတစ်ခေါက် Series ကတော့ သက်လတ်ပိုင်း Autism သမားများရဲ့ ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီး ရိုက်ကူး တင်ဆက်ထားတဲ့ series တစ်ခုပါ။ ဇာတ်လမ်းအစ လူ့ပတ်ဝန်းကျင်နဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ကော်ဖီဆိုင်ကို လမ်းလျှောက်သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကြိုးစားဖြေဆိုနေတဲ့ မန်ဒီ ဆိုတဲ့ ကောင်မလေးဟာ သက်လတ်ပိုင်း Autism သုံးယောက်နဲ့ အတူ နေထိုင်ရင်း သူတို့ရဲ့ နေ့စဥ် ကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အဖြေရှာပေးနေတဲ့ လက်ထောက် တစ်ယောက်ပါ။မန်ဒီနဲ့အတူ နေထိုင်နေတဲ့ Autism ဖြစ်နေတဲ့ ဂျက်၊ ဗိုင်အိုလက်နဲ့ ဟယ်ရီဆန် တို့က ဘယ်လိုပုံစံရှိမလဲ။ သူတို့တစ်နေ့တာ နေထိုင်မှုဘဝမှာ သူတို့ရဲ့ အခက် အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ။ဒီ Series ရဲ့ season 1 မှာ အပိုင်း (၈) ပိုင်း ပါဝင်ပြီး Austismတွေရဲ့ ...
8
TMDb: 8/10 11 votes
tv

As We See It (2022)

2022
Witch at Court (2017) 9.1
Witch at Court (2017)  စီးရီးသစ်တွေ အများကြီးထွက်လို့ ဗြာများပြီး ဘယ်ဟာကောင်းလဲမသိရွေးချယ်ရခက်နေသူ CM fan တွေအတွက် ၂၀၁၇ က ထွက်ထားပြီး နာမည်ကြီး မင်းသားကြီးတွေပါတဲ့ NETFLIX က Crime , Mystery အမျိုးအစား ဇာတ်လမ်းတွဲကောင်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်ခံရတဲ့ အကြမ်းဖက်မှုတွေနဲ့ လိင်အကြမ်းဖက်မှုတွေကို အသားပေးရိုက်ကူးထားပါတယ် ။ဇာတ်လမ်းအကျဥ်းပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူကိုရှာဖွေနိုင်ဖို့ အမှုစစ်တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့ မာအီဒွန်...စိတ်ရောဂါအထူးကုဆရာဝန်အဖြစ်ကနေ နှုတ်ထွက်ပြီး အမှုစစ်တစ်ယောက်ဖြစ်လာတဲ့ ယောဂျင်အု...အီဒွန်က အထက်လူကြီးတွေဆီကအာရုံစိုက်မှုရဖို့နဲ့ ရာထူးတိုးဖို့အမြဲကြိုးစားပြီး ကိုင်တဲ့အမှုတိုင်းနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံ လှည့်ကွက်မျိုးစုံကိုသုံးလေ့ရှိပါတယ် ၊ဂျင်အုကတော့ အမှန်တရားဘက်မှာ အမြဲနေပြီး စည်းမျဥ်းစည်းကမ်းအတိုင်း သေချာလုပ်ဆောင်တတ်တဲ့ အမှုစစ်တစ်ယောက်ပါမထင်မှတ်တဲ့ပြဿနာတွေဖြစ်ပြီး အမျိုးသမီးနှင့်ကလေးသူငယ်မှုခင်းဌာကို ပြောင်းရွှေ့ခံလိုက်ရတဲ့ မာအီဒွန်နဲ့အမျိုးသမီးနဲ့ကလေးငယ်တွေဘက်က ရပ်တည်ပေးဖို့ အဖွဲ့ပြောင်းလာတဲ့ ယောဂျင်အုတို့နှစ်ယောက် တွေ့ကြတဲ့အခါ...သူတို့နှစ်ယောက်ဘယ်လိုဆက်ပြီး အတွဲညီညီ အမှုတွေကို ဖော်ထုတ်သွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင် ။*** တစ်ရက် ၂ ပိုင်းနှုန်း ...
9.1
TMDb: 9.1/10 7 votes
tv

Witch at Court (2017)

2017

Genres

Archives