Channel Myanmar

New releases (2025)

Content at random


TV Series

Devil Sister (2022)
Devil Sister (2022) Devil Sister (2022) စ/ဆုံး******************* Devil Sister ဇာတ်လမ်းအညွှန်းကဲ Mon, Tue တိုင်း မျှော်လင့်စောင့်စားစရာ ကားကောင်းလေးတစ်ကား ထပ်လာပါပြီ အားလုံးရဲ့အသည်း ဝင်း မယ်ထဝင်း ပါဝင်ထားတဲ့ Devil Sister ဆိုတဲ့ကားလေးဖြစ်ပါတယ်ဆရာဝန်ပေါက်စလေးဖြစ်သူ 'နမ်ချာ'... သူ့ကို ဝိုင်းသဘောကျကြတဲ့သူများပေမဲ့လည်း ကျောင်းကတည်းကတွဲလာတဲ့ မမကိုသာ အသည်းစွဲဖြစ်နေတဲ့သူ...သူ့ရဲ့မမဖြစ်သူကတော့ နမ်ချာထက် အသက် ၇ နှစ်ကြီးတဲ့ 'အိုင်ရင်'... ကျောင်းတုန်းကတည်းက နမ်ချာနဲ့ လူအသိမခံဘဲ တွဲလာကြတာဖြစ်ပြီး ဆိုးသွမ်းတယ်၊ ရိုင်းစိုင်းတယ်လို ပတ်ဝန်းကျင်က သမုတ်ခံရသူ တစ်ဦးပါတစ်နေ့မှာတော့ မသိနိုင်တဲ့ အကြောင်းအရင်းတစ်ခုကြောင့်... သူတိုနှစ်ယောက်လမ်းခွဲဖိုကို အိုင်ရင်က တောင်းဆိုပါတော့တယ်ဒါကိုလက်မလျှော့နိုင်တဲ့ နမ်ချာက ပတ်ဝန်းကျင်ကို အာခံပြီး.. လူကြီးတွေက အိုင်ရင်နဲ့သဘောတူထားတဲ့ 'ဂျင်' နဲ့အပြိုင် ဘယ်လိုတွေ မမရဲ့အချစ်ကို လုကြမလဲဆိုတာနဲ့ နောက်ထပ် ဘယ်လိုအတားအဆီး၊ အနှောင့်အယှက်တွေက မမနဲ့ မောင်လေးကြားထဲကို ဝင်လာမလဲဆိုတာကို... စောင့်မျှော်ကြည့်ရှုရင်း ရင်ခုန်နိုင်ကြပါပြီနော် Episodes: 18Aired: April.18, 2022 – 14.06.2022Aired ...

Devil Sister (2022)

Honey Cage (2022)
Honey Cage (2022) Honey Cage (2022)  စ/ဆုံး**************************ဖူးခတ်မြို့တွင်အာဏာရှိသော တီရောငိယ် ဆိုသည့် မျိုးနွယ်စုတစ်ခုအတွင်းတွင် လျှို့ဝှက်နက်နဲဖွယ်ကောင်းသော လူသတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်...ထိုလူသတ်မှုတွင် အဘိုးဖြစ်သူဆုံးပါးသွားရသောကြောင့် သွေးမတော်သားမစပ် မွေးစားထားသူ ချလန်ဖွန် တစ်ယောက်က ဒီအမှုကို ဘယ်လိုအမှန်တရား ဖော်ထုတ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်ခိုင်လုံစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်...ရှုပ်ထွေးနက်နဲလှတဲ့လူသတ်မှုတရားခံကို ရှာဖွေတဲ့အချိန်မှာ ဖွန် တစ်ယောက်က အချစ်၊လောဘ၊အငြိုးအတေးတွေ ကြားထဲမှာ ဘယ်လို အနိုင်ယူမလဲ?ကဲ....လူသတ်မှုတရားခံကိုရှာတာတစ်ခုတည်းဆို ပျင်းဖို့ကောင်းမနေဘူးလား ? အရိုတစ်လိုင်းလည်းကြိုက်တဲ့ ပရိသတ်ကြီးတွေအတွက် ဦးနဲ့ခေးတို့ရဲ့ အရိုတစ်လိုင်းတွေကိုကြည့်ရမယ့် 13++ ကားလေးပါနော် ဦး ရဲ့ချောမောခန့်ညားမှုတွေနဲ့အတူ လူသတ်မှုတရားခံ လေးကိုလည်းဝင်ရှုစားပေးကြပါဦးရှင့်Episodes: 17Aired: April.19, 2022Aired On: Mon to TueGenres:  Drama,ActionTranslated by Tin Me Me Soe , Zoe & May ThuEncoded by PinkployEpisode 1 (700MB)UsersDrive / Yoteshin / Mega  ...

Honey Cage (2022)

My Lovely Bodyguard (2022)
My Lovely Bodyguard (2022) My Lovely Bodyguard(2022) စ/ဆုံး-----------------------------------5နှစ်တွဲခဲ့တဲ့ ရည်းစားနဲ့ အဖြတ်ခံထားရပြီး အသည်းကွဲနေတဲ့ လူ‌တယောက်ဖြစ်သူ “ ထေဝမ်”မိဘမဲ့ဖြစ်သွားသော ငွေကြေးသန်းပေါင်းများစွာ အမွေရလိုက်တဲ့တူလေးဖြစ်သူအား စောင့်ရှောက်ရန်တာဝန်ရှိလာသောအခါ ………ငယ်ငယ်ကတည်းက ဆင်းရဲပင်ပန်းစွာရုန်းကန်လာခဲ့ရသော ကိုယ်ကာယကြံခိုင်သူ အမျိုးသမီးလေး “ ဆာရဖီ”ထေဝမ်ဟာ ဆာရဖီရဲ့ အရည်အချင်းတွေကို မြင်ပြီး သူရဲ့ သက်တော်စောင့်အဖြစ်နဲ့ သူမကို ငှါးရမ်းခဲ့ပါတော့တယ် ………ဆာရဖီဟာလည်း သူမရဲ့ငွေကြေးပြဿနာတွေကြောင့် သက်တော်စောင့် အဖြစ် လက်ခံလိုက်ပါတော့တယ်ဆာရဖီနဲ့ ထေဝမ်တို့ နောက်ကွယ်က အမွေလုလုပ်ကြံသူရဲ့ အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်ကြမလဲ ….သက်တော်စောင့်ဘဝမှာ ဆာရဖီ ဘယ်လိုအသက်အန္တရာယ်တွေနဲ့ကြုံတွေ့ရင်း ထေဝမ်နဲ့ ငြိတွယ်သွားမလဲ …… ထေဝမ်နဲ့ ဆာရဖီတို့ရဲ့ ကံဇာတာ ဘယ်လိုဖြစ်လာမလဲ။ဆာရဖီဟာလည်း အကြွေးကျေဖို့ ဘယ်လို အလုပ်မျိုးလုပ်ရဦးမှာလဲ။ ထေဝမ်ဟာလည်း အသည်းကွဲခြင်းကနေ ဘယ်လိုရုန်းထွက်သွားမလဲဆိုတာ ခံစားကြည့်ရှုရမှာပါEpisodes: 12Aired: May .2 ,  2022Aired On: Mon to TueGenres: Romance, ActionTranslated by Zee , Zoe & ...

My Lovely Bodyguard (2022)

The Baby (2022) (Completed) 8
The Baby (2022) (Completed) The Baby (2022) (Completed Mini Series) ~ IMDb - 6.1/10, Rotten Tomatoes - 64% ~ ခင်ဗျားလက်ထဲ လေထိတောင်မခံတဲ့ မွေးကင်းစလေးချစ်စရာ‌လေးကို ကိုင်ထားပြီး အဲဒီကလေးကို တိုက်ပေါ်၀ရန်တာက လွတ်ကျသွားတယ်လို့ တွေးကြည့်။ သိပ်လန့်စရာကောင်းတယ်မလား။ ဒီရုပ်ရှင်ဟာ အဲဒီလိုကြောက်လန့်စရာကောင်းတဲ့ ရုပ်ရှင်‌ပေါ့။ HBO ရဲ့ အသစ်ထွက် Horror, Comedy Series လေးပါ။ Horror Comedy တော်တော်များများက ကြောက်ရတာထက် ရယ်စရာပိုကောင်းနေတတ်တယ်ဆိုပေမဲ့ ဒီတစ်ခုကတော့ ရယ်လည်းရယ်ရ အသည်းလည်းထိတ်ရပါပဲ။ ကလေးတွေဆိုတာ ရတနာလေးတွေ။ ကလေးရပြီဆိုတာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်ဆိုပေမဲ့ ဒီဇာတ်လမ်းထဲက နာတာရှာလောက်တော့ ပြောင်းနိုင်မယ်မထင်ဘူး။ နာတာရှာက သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေအကုန်လုံး အိမ်ထောင်တွေကျ ကလေးတွေရကုန်လို့ သူ့ကိုပလစ်ကုန်ကြလို့ မကျေမနပ်ဖြစ်နေသလို ကလေးဆိုရင် အသံမကြားချင်လောက်အောင်မုန်းတဲ့လူပါ။ တစ်နေ့ သူနေတဲ့ ချောက်ထဲကို ကလေးတစ်ယောက် ပြုတ်ကျလာပြီး ...
8
TMDb: 8/10 3 votes
tv

The Baby (2022) (Completed)

2022
Ordinary Greatness (2022)
Ordinary Greatness (2022) CM ကနေ ဒီတစ်ခါတော့ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့Ordinary Greatness ဆိုတဲ့ကားလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်Main cast တွေကတော့Sword Snow Stride ထဲကမင်းသား Zhang Ruoyun ကရဲတပ်ဖွဲဝင် Li Dawei အဖြစ် Forever and Ever ထဲက Bai Lu လေးကတော့ရဲမေ Xia Jie အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ရဲတပ်ဖွဲထဲကို ဝင်တာမကြာသေးတဲ့အဖွဲဝင်သစ်လေးယောက်ရဲ့ အကြောင်းလေးကိုနောက်ခံထားထားတာပဲဖြစ်ပါတယ်အဖွဲဝင်အသစ်လေးတွေက စစချင်းအဖွဲထဲ‌ဝင်လာတဲ့အချိန်မှာအတွေးကိုယ်စီအိမ်မက်ကိုယ်စီရှိကြပြီး စိတ်ကူးထဲမှာကိုယ်တိုင်ပုံဖော်ထားတဲ့ ရဲဝန်ထမ်းဆိုတဲ့စံပုံစံလေးလည်းရှိနေခဲ့ပါတယ်တကယ်တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာတော့အခက်အခဲတွေ ပြဿနာပေါင်းစုံ ဖိအားပေါင်းစုံနဲ့ ကြုံလာရတဲ့အချိန်မှာတော့စိတ်ကူးနဲ့လက်တွေ့ထပ်တူမကျတော့ဘဲလက်လျှော့ချင်လောက်တဲ့အထိ စိတ်ပျက်သွားကြတာပေါ့ဒါပေမယ့်လည်း စီနီယာတွေရဲ့ သင်ကြားပေးမှု ထောက်ပံ့ပေးမှုတွေနဲ့အတူလေ့ကျင့်ရေးတွေ လုပ်ပြီးတဲ့နောက်မှာတော့ အရည်ချင်းပြည့်မှီတဲ့ရဲတပ်ဖွဲဝင်လေးတွေဖြစ်လာပါတော့တယ်အက်ရှင် သူငယ်ချင်းသံယောဇဉ် အစရှိတာတွေကိုအခြေခံရိုက်ကူးထားတဲ့Ordinary Greatness ဆိုတဲ့ကားလေးကိုCM ကနေ တင်ဆက်ပေးတော့မှာ ဖြစ်လို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်(အညွှန်းရေးသားထားသူကတော့ Kyawt ဖြစ်ပါတယ်) Quality : WEB-DL 720pTotal Episodes : 38Format : mp4Genres ...

Ordinary Greatness (2022)

As the Crow Flies (2022) Complete 7.8
As the Crow Flies (2022) Complete 2022 ဇွန်လ ၃ရက်နေ့ မှ ထုတ်လွှင့်ခဲ့တဲ့ netflix မှာထုတ်လွှင့်နေတဲ့ တူရကီ စီးရီးအသစ်ဆက်ဆက်လေး လာပါပြီ စီးရီးလေးကတော့ ဒရာမာ အမျိုးအစားကားလေးဖြစ်ပြီး အပိုင်း ၈ ပိုင်းထွက်ရှိထားပြီးဖြစ်ပါတယ်။ " မုဆိုး နဲ့ သားကောင် ဖြစ်တဲ့ တောဘုရင် ခြင်္သေ့ ကြီးနဲ့ သူ့ရဲ့ သားကောင် ငှက်ငယ် ကျီးကန်း လေး " လာလေ ကီရန်ကတော့ နာမည်ကြီး ဂျာနယ်လစ်တစ်ယောက် တစ်နည်းအားဖြင့်ပြောရရင် ထိပ်ဆုံးမှာ အောင်မြင်မှုရနေတဲ့ တောဘုရင် ခြင်္သေ့ကြီးပေါ့ အက်စ်လီကတော့ ငယ်ငယ်ထဲက လာလေကို ကြည့်ပြီး သူ့လို အောင်မြင်တဲ့ ဂျာနယ်လစ်သမားတစ်ယောက် ဖြစ်ချင်တဲ့ လူငယ်လေး ကျီးကန်းလေး ပျံသန်းသလို ရည်မှန်းချက်ကို ကြိုးစားပျံသန်းနေတဲ့ သူတစ်ယောက် တစ်ဆင့်ချင်းစီတက်ပြီး ရည်မှန်းချက်ရောက်ဖို့ ကြိုးစားရမယ့်အစား ဖြတ်လမ်းနည်း ရရာနည်းလမ်းကို သုံးကာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ငှက်ငယ်လေး အက်စ်လီ ခြင်္သေ့တစ်ကောင်လို ရဲရင့်ပြီး ထိပ်ဆုံးမှာရပ်တည်နေတဲ့ လာလေတစ်ယောက် ကျရောက်လာတော့မယ့် အန္တရာယ်တွေကို သတိမပြုမိ​ဘဲ နေလာရာကနေ ငှက်ငယ်လေးဖြစ်တဲ့ ...
7.8
TMDb: 7.8/10 12 votes
tv

As the Crow Flies (2022) Complete

2022
Two Summers (2022) 6.6
Two Summers (2022) Two Summers (2022)Thriller-Mystery seriesပိုင်းမှာ အင်္ဂလိပ်စကား​ပြော မဟုတ်တဲ့series​တွေဟာ အဆင့်အတန်း တစ်ခုထိရှိ​ကြောင်း Netflix က​နေအကြိမ်ကြိမ် သက်​သေပြ​​ထားသလို ဒီတစ်​ခေါက်မှာလည်း IMDb 7.0 ရှိပြီး Total Epi၆ပိုင်းတည်းနဲ့ Thriller အရသာကို အပြည့်အဝခံစားရ​စေမယ့် ထူးထူးခြားခြား ဘယ်ဂျီယမ် မီနီစီးရီး​​​လေး တစ်ခုတင်ဆက်​ပေးလိုက်ပါတယ်။ငယ်ငယ်ကတည်းက ပေါင်းလာကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စုဟာ ​​နွေရာသီတစ်ခုမှာ ပျော်ပွဲစားထွက်လာရင်း မ​တော်တဆတစ်ခု​ကြောင့် အဖွဲ့ထဲက သူငယ်ချင်းတစ်​ယောက် ​သေဆုံးသွားပြီး​နောက်ပိုင်း အဖွဲ့​တွေကွဲ၊ အဆက်အသွယ်​​တွေပြတ်ပြီး ကိုယ့်ဘဝနဲ့ကိုယ် ​​ရှေ့ဆက်လာရင်း နှစ်၃၀အကြာ လက်ရှိကာလမှာ ကွဲ​နေတာကြာပြီဖြစ်တဲ့ ငယ်​ပေါင်းကြီး​ဖော်​တွေ ​နွေဥတုတစ်ခုမှာပဲ ပြန်လည်ဆုံ​တွေ့ပြီး ကျွန်းတစ်ခုကို အပန်း​ဖြေခရီး ထွက်လာကြပါတယ်။ဒါ​ပေမဲ့ သူတို့ရဲ့ခရီးစဉ်ဟာ ​ပျော်ဖို့ကောင်းမ​နေဘဲ လွန်ခဲ့တဲ့နှစ် ၃၀ ​ပျော်ပွဲစားတုန်းက အဖွဲ့ထဲက ​ယောကျ်ား​​လေး​တွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုကို သက်​​သေနှင့်တကွ ခြိမ်း​​ခြောက်ပြီး ​ငွေညှစ်လာတဲ့အဖြစ်နဲ့ ကြုံ​တွေ့လာရပါတယ်။ အဲဒီသက်​​သေဆိုတာက ထိုအချိန်ကတည်းက ဖျောက်ဖျက်ပြီးသား သက်​သေဖြစ်​နေလို့ ​ငွေညှစ်သူအ​နေနဲ့ ဒီအ​ထောက်အထားကို ဘယ်က​ရလာသလဲဆိုတာ ပ​​ဟေဠိဖြစ်​နေသလို ခြိမ်း​ခြောက်သူဟာ ဒီပြစ်မှုအ​ကြောင်းကို သိထားတဲ့ ဒီ သူငယ်ချင်း​တွေထဲကပဲ ဖြစ်မယ်ဆိုပြီး သံသယ​တွေ ...
6.6
TMDb: 6.6/10 10 votes
tv

Two Summers (2022)

2022
From Now On, Showtime! (2022) 5
From Now On, Showtime! (2022) From Now On Showtime 2022ဒီတခါမှာတော့ ကိုရီးယားဝိဉာဥ်သရဲကားကြိုက်သူတွေရော မှုခင်းကားကြိုက်သူတွေပါ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်ချာချာဝန်းက သူရဲ့ကျွမ်းကျင်လှတဲ့ မျက်လှည့်လှည့်ကွက်တွေကြောင့် နာမည်ကြီးတဲ့ မျက်လှည့်ပညာရှင်တစ်ဦးပါ TV တွေမှာ တိုက်ရိုက်မျက်လှည့်ပွဲတွေ ပြသတင်ဆက်သလို သူရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ ချာချာဝန်းမှာ အများနဲ့အတူ ထူးခြားလှတဲ့ အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ သရဲတွေကို မြင်နိုင်တာ ပြီးတော့ သူတို့နဲ့ဆက်သွယ်နိုင်တာပါပဲအဲ့လိုထူးခြားတဲ့စွမ်းရည်နဲ့ ချာချာဝန်းတစ်ယောက် ရဲမေဂိုနဲ့ပူးပေါင်းပြီး အမှုတွေကို စုံစမ်းရာကနေ သူတို့နှစ်ယောက်ကြား ဘယ်လို ရိုမန်တစ်ဆန်ဆန်အချစ်တွေဖြစ်လာမလဲလူသားတွေနဲ့ဆက်ဆံရမှာကိုမုန်းတီးတဲ့ မျက်လှည့်ဆရာရဲ့နောက်ကွယ်က အကြောင်းအရာတွေကရော ဘယ်လိုတွေဖြစ်မလဲမင်းသား Park Hye Jin နဲ့ မင်းသမီး Jin Ki Joo တို့ပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဥ် Sat & Sun မှာတင်ဆက်ပေးထားမဲ့ Kdrama အသစ်လေးပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Shwe Pyae က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Shoon, Shwe Pyae, Khaing Khin ...
5
TMDb: 5/10 1 votes
tv

From Now On, Showtime! (2022)

2022
Our Blues(2022)
Our Blues(2022) Our Blues(2022) ဇာတ်လမ်းတွဲအညွှန်း ********************************အပိုင်း ( ၁ မှ ၂၀ ) ထိ စ/ဆုံးဒီကားလေးက တွေ့မြင်နေကြ လူငယ်အချစ်သဘာဝပုံစံမျိုးကို ခံစားရမှာမဟုတ်ဘဲ လောကကြီးမှာ နေတာကြာလာတာနဲ့အမျှ ရင့်ကျက်လာကြ၊ တွေးတောတတ်လာကြပြီး အခြေအနေအရထိုက်သင့်တဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့ရတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေနဲ့ Lifestyle ကို မြင်သာထင်သာရှိအောင် ဖော်ပြပေးမှာမလို့ Hometown Cha Cha Cha လို ကျေးရွာလေးနဲ့ ပင်လယ်ကို ခံစားနိုင်တဲ့ ရသရမဲ့အပြင်ပါနေကြမဟုတ်တဲ့ လူလတ်ပိုင်းအရွယ်တွေရဲ့ အချစ်ရေးလေးတွေပါတာမလို့ ကြည့်ရတာ တမူထူးခြားပြီး ကြည့်လို့ကောင်းနေစေမှာပါ။ ဒါ့အပြင် သရုပ်ဆောင်ပညာပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တွေချည်းပဲဆိုတော့ ပြောနေစရာကိုမလိုဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် မထုတ်လွှင့်ခင်ကတည်းက သတင်းမွှေးနေတာပါ။ဇာတ်လမ်းအကျဉ်း....ဂျယ်ဂျူကျွန်းပေါ်က ရွာလေးတစ်ရွာမှာ မွေးဖွားလာပြီး ကုန်ကားတစ်စီးနဲ့ ကျွန်းပေါ်ဈေးပတ်ရောင်းပြီး စီးပွားရှာတဲ့ လူရိုးကြီး 'အီဒုံဆော့' က ကျွန်းပေါ်ကို အခုမှပြောင်းရွှေ့လာတဲ့ Mystery ဆန်ဆန် 'မင်ဆွန်းအာ' ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီးတဲ့အခါမှာတော့...ဘာဆက်ဖြစ်ကြမလဲကျွန်းပေါ်မှာမွေး၊ ကျွန်းပေါ်မှာပဲကြီးတဲ့ 'ချွဲဟန်ဆူ' ကတော့ အကြာကြီးနေမှ ...

Our Blues(2022)

2022
Sh**ting Stars (2022)
Sh**ting Stars (2022) Shooting Starsဆော့ဟွန်းလေးနဲ့ ဘုတ်ဂျူးလေးတို့ နှစ်ယောက်ရဲ့ ကြောင်နဲ့ကြွက်အချစ်ဟာသအခွီကားလေး လာပါပြီLee Sung Kyung ဟာ အင်တာတိန်းမန့် ကုမ္ပဏီတစ်ခုရဲ့ PR အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့Kim Young Dae ကတော့ အဲ့ကုမ္ပဏီကနေ ပွဲဦးထွက်ထားတဲ့ ထိပ်တန်းနာမည်ကြီးမင်းသားတစ်လက်ဖြစ်ပါတယ်ပရိသတ်တွေကတော့ ချိုသာယဉ်ကျေးတဲ့မင်းသားမို့ သဘောကျကြသလောက် နောက်ကွယ်မှာတော့Kim Young Dae ဟာ ဆတ်ဆတ်ထိမခံတဲ့ ဒေါသအိုးလေး ဖြစ်လို့နေပါတယ်ကုမ္ပဏီကလူတွေအတွက်ကတော့ ဒါဟာ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေကို အမြဲကြုံနေရသလိုပါပဲဒီလိုအခြေအနေကို စီမံခန့်ခွဲမှုအရမ်းတော်တဲ့ မမLee Sung Kyung အနေနဲ့ ဘယ်လိုတွေ စီမံခန့်ခွဲသွားမလဲဒေါသအိုးမင်းသားလေးနဲ့ ထက်မြက်တဲ့မမနဲ့ ရိုမန့်တစ်အနေအထားလေးတွေ ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို အခွီလေးတွေ အရယ်အမောလေးတွေနဲ့ ကြည့်ရမှာပါPenthouse က ရိုနာ့အဖေလည်းပါပြီးတော့ ဂီတမှူးဆရာလည်းပါပါတယ်Lee Lung Shin ဆိုတဲ့ ကောင်လေးလည်း ပါမှာမို့လို့ အဆင်လေးတွေနဲ့ ကြည့်ပျော်တဲ့စီးရီးလေးဖြစ်မှာသေချာတယ်ဒီဇာတ်ကားလေးကို TVN က ထုတ်လွှင့်မှာဖြစ်ပြီးတော့ ဒါရိုက်တာကတော့ ...

Sh**ting Stars (2022)

2022
The Life and Movies of Erşan Kuneri (2022) အောမင်းသားရဲ့ ဒဏ္ဍာရီ 8.6
The Life and Movies of Erşan Kuneri (2022) အောမင်းသားရဲ့ ဒဏ္ဍာရီ   ဟာသဇာတ်လမ်းတွေဆိုတာ နိုင်ငံနဲ့ယဉ်ကျေးမှုကိုလိုက်ပြီး ရသတွေ မတူညီတတ်ကြပါဘူး။တူရကီတွေရဲ့ ဟာသတင်ဆက်ပုံကိုကြည့်ချင်ရင်တော့ ဒီစီးရီးကို ရှုစားလိုက်ကြပါ။တူရကီ ဟာသဇာတ်လမ်းတွဲကောင်းလေးတစ်ကားတော့ရောက်လာပါပြီအရင်တူရကီရဲ့ နာမည်က အပြာမင်းသားကြီး အာဆန်အကြောင်းကိုစိတ်ကူးယဉ်ပြီးတော့ ဖြစ်ရပ်မှန်တွေပေါင်းထည့်ပြီး ရိုက်ထားတဲ့ကားကောင်းလေးတစ်ကားပါပဲ အပြာမင်းသားကြီးကားဖြစ်တဲ့အတွက်တချို့ဟာသတွေကတော့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်တာတွေပါပေမဲ့လည်း၁၈ယောက်စုကြည့်စရာလည်းမလိုပါဘူး တစ်ယောက်တည်းကြည့်ရင်တော့တခွီခွီနဲ့ရယ်ရဖို့အတွက် ရေဗူးဆောင်ထားဖို့ပဲ အကြံလေးပေးချင်ပါတယ်ဇာတ်လမ်းကတော့ တကယ့်ကိုတန်ပါတယ် ရုပ်ရှင်မင်းသားအကြောင်းရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းထဲက ဇာတ်လမ်းတွေပါကြည့်ရတော့ပိုပြီးတော့တောင် ကြည့်လို့တန်မဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲဟာသတွေနဲ့ဇာတ်မြူးလေးဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းအကျဉ်းကတော့ရေးပေးစရာမလိုလောက်အောင်ကို ဇာတ်ကွက်တစ်ခုစီတိုင်းကရယ်နေရတာပါဘဝအမောတွေပြေပျောက်ချင်တယ်ဆိုရင်တော့ ရဲရဲကြီးသာကြည့်လိုက်ပါရေဗူးလေးတော့မမေ့နဲ့ပေါ့ File size…(554Mb) Quality….Webrip 720p/1080p Format…mp4 Duration….50 Min Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Episode 1720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 2720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 3720p - ...
8.6
TMDb: 8.6/10 13 votes
tv

The Life and Movies of Erşan Kuneri (2022) အောမင်းသားရဲ့ ဒဏ္ဍာရီ

2022
The Essex Serpent (2022) Completed 6.7
The Essex Serpent (2022) Completed The Essex Serpent (2022) Completed Mini Series ~ IMDb - 7.1/10, Rotten Tomatoes - 100% ~ Apple TV+ကနေ ထုတ်လိုက်တဲ့ စီးရီးအသစ်ပါ။ ၁၈ရာစု ဗစ်တိုးရီးယားခေတ်မှာ ရိုက်ထားပြီး စီးရီးပေမဲ့ တကယ့်လိုကေးရှင်းအစစ်တွေမှာ သွားရောက်ရိုက်ကူးထားပြီး Production Designတို့ Costume Design တို့ မိုက်ပါတယ်။ ၁၈ ၁၉ရာစုတွေမှာ အခြေတည်ထားတဲ့ ကားတွေကို သဘောကျတဲ့သူတွေ သဘောကျမှာပါ။ Cast တွေကလည်း Tom Hiddleston တို့ ရိုမီရို ဂျူးလိယက်ထဲက ဂျူးလိယက် Claire Danes တို့ပါ။ Tom ရဲ့ မာဗယ်ကနေ ပြန်ခွဲထွက်ပြီး တကယ့်အနုပညာစစ်တဲ့ကား‌တွေမှာ ပြန်သရုပ်ဆောင်ဖို့ လမ်းအစလို့လည်း တစ်ချို့ဝေဖန်ရေးသမားတွေကဆိုပါတယ်။ ဇာတ်အိမ်ကတော့ အတိုဆုံးပြောရရင် သိပ္ပံပညာနဲ့ ယုံကြည်မှုကြား အားပြိုင်တဲ့အကြောင်းပေါ့။ ၁၈ရာစု ...
6.7
TMDb: 6.7/10 15 votes
tv

The Essex Serpent (2022) Completed

2022
Time To Fall In Love (2022)
Time To Fall In Love (2022) Time To Fall In LoveCM ပရိသတ်တွေအတွက် CM ကနေပေါ့ပေါ့ပါးပါးလူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်လေးဖြစ်တဲ့Time To Fall In Love ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားထဲမှာပါဝင်ထားတဲ့မင်းသားကတော့Idol Producer မှာပါဝင်ခဲ့ဖူတဲ့ Luo Zheng နဲ့မင်းသမီးကတော့ The Sleepless Princess မှာပါဝင်သရုပ်ဆောင်ထားတဲ့ Lin XinYi တိုပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ရှေးရိုးရာစတိုင်မိတ်ကပ်ဘလော့ဂါတစ်ယောက်ဖြစ်တဲ့Su Yan Xi ကအမြွှာအစ်မဖြစ်သူ He Jin Xi ရဲ့ဖိအားပေးမှုကြောင့်ချမ်းသာကြွယ်ဝတဲ့ကုမ္ပဏီဥက္ကဌ Gu Xi Cheng နဲ့စာချုပ်အရဆက်ဆံရေးမှာအစားထိုးခြင်းခံခဲ့ရတယ်။ဒီစာချုပ်ဖြစ်လာရတဲ့အကြောင်းရင်းကတော့Gu Xi Cheng ရဲ့နာမကျန်းဖြစ်နေတဲ့အဖွားစိတ်အလိုကျအတိုင်းဖြည့်ဆည့်ပေးစေချင်တာပေါ့။ဒီလိုနဲ့အဖွားအတွက်ဟန်ဆောင်ချစ်ကြိုက်ပြရင်းနှလုံးသားကသံမဏိလိုမာကျောတဲ့ Gu Xi Cheng နဲ့ပျော်ပျော်နေပြီးနွေးထွေးကြင်နာတတ်တဲ့ Su Yan Xi တိုတစ်အိမ်တည်းအတူတူနေလာကြတယ်။အချိန်ကြာလာတာနှင့်အမျှတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အဖော်ပြုရင်းဖေးမကူညီပေးရင်းအချစ်ခံစားချက်တွေဖော်လာတဲ့တချိန်တည်းမှာပဲSu Yan Xi ရဲ့လျှိဝှက်ချက်ပေါ်သွားတဲ့အချိန်မှာတော့...ကဲဒီတော့ လျှိဝှက်ချက်သိသွားတဲ့ Gu Xi Cheng တစ်ယောက်Su Yan Xi ကိုဆက်ချစ်နိုင်ပါ့မလား။Su Yan Xi ...

Time To Fall In Love (2022)

2022
1 Night 2 Days 7.2
1 Night 2 Days 1 Night 2 DaysVariety Show ပရိတ်သတ်ကြီးအတွက် Channel Myanmar မှ 2Day1Night ဆိုတဲ့ Show တစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။တစ်နိုင်ငံလုံးအနှံ့က စိတ်ဝင်စားဖွယ်နေရာတွေကို 2 ရက်တာစီ ခရီးတိုအနေနဲ့ သွားလာရင်း အဖွဲ့ဝင် ခြောက်ယောက် ပျော်ရွှင်ဖွယ် ဂိမ်းတွေဆော့ကြမှာ ဖြစ်ပါတယ် ။ကိုးရီးယားနိုင်ငံရဲ့သဘာ၀ အလှတရားတွေ ၊ နိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်နေတဲ့ ရိုးရာယဉ်ကျေးမှုတွေကို တစ်ဝကြီး မြင်တွေ့ခံစားရမဲ့ Show တစ်ခုလည်း ဖြစ်ပါတယ်။အဖွဲ့ဝင်တွေ အနေနဲ့ Yeon Jung-hoon , Kim Jong-min, Moon Se-yoon , DinDin, Ravi နဲ့ ပါးချိုင့်ပိုင်ရှင် အကြည်ဓာတ်လေး Kim Seon-ho တို့ပါဝင်ကြမှာ ဖြစ်ပါတယ်။ထူးခြားဆန်းပြားတဲ့ အလှတရားတွေအပြင် အဖွဲ့ဝင်တွေရဲ ့ပျော်ရွှင်စရာ ပုံစံများကြောင့် CM ပရိတ်သတ်ကြီးကို စိတ်အပန်းပြေစေမဲ့ Showတစ်ခုဖြစ်မှာသေချာပါတယ် ။အညွှန်းကိုတော့ Nanthin Myint Zu က ရေးပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety Team ...
7.2
TMDb: 7.2/10 15 votes
tv

1 Night 2 Days

2007
Clark (2022) Complete 7.2
Clark (2022) Complete Stockholm syndrome ဆိုတဲ့ ​စကားလုံးကို ဒီဘက်​ခေတ်မှာ အ​တော်များများ ရင်းနှီး​လောက်မှာပါ။ ဆွီဒင်နိုင်ငံ စ​တော့ဟုမ်း မြို့ကို ရည်စူး​ထားတဲ့နာမည်ဖြစ်ပြီး ကိုယ့်အ​ပေါ် ဒုက္ခ​ပေး​နေတဲ့ ဒုစရိုက်သမားကိုမှ သ​ဘောကျမိတဲ့၊ ချစ်မိတဲ့ စိတ်အ​ခြေအ​နေ ကို တင်စားတာမျိုး​ပေါ့။ဒီလိုထူးခြားတဲ့ စိတ်အ​ခြေအ​နေကို Stockholm syndromeလို့ ​ပေးရတဲ့ ရာဇဝင်တစ်ခုကလည်း ရှိပါ​သေးတယ်။ ဒီစီးရီးမှာ အဲဒီ နာမည်ကို ​ဖြစ်​လာစေခဲ့တဲ့ လူတစ်​ယောက်အ​ကြောင်းကို ခ​ရေ​​စေ့ တွင်းကျ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ IMDb ratingမှာ 7.4 Rotten Tomatoesမှာ 86% ရရှိထားပြီး It ထဲက pennywise အ​ဖြစ်သိကြတဲ့ မင်းသား​Bill Skarsgårdက ​​ခေါင်း​ဆောင်အဖြစ် ပါဝင်ထားပါတယ်။Bill Skarsgårdက ဒီစီးရီးထဲမှာ Clark Olofssonဆိုတဲ့ ဆွီဒင်ရဲ့ နာမည်ဆိုးဖြင့် အ​ကျော်ကြားဆုံး ဂိုဏ်းစတားတစ်​ယောက်​အ​နေနဲ့ သရုပ်​ဆောင်ထားပါတယ်။ Clarkဆိုတဲ့ လူမိုက်က ခိုးဆိုးလုယက် ဓါးပြမှုကစလို့ ဘဏ်ဓါးပြမှု အနုကြမ်းစီးမှုအထိ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်တဲ့သူပါ။ ဒါ့အပြင် ရူပါ​ကလည်း ဖြူး၊ ​လေ​ပေးကလည်း ​ဖြောင့်​လေ​တော့ နာမည်တုမျိုးစုံနဲ့ ​ဥစ္စာ​​ပေါ​ရုပ်​ချော အပျိုကြီး​တွေ တစ်ခုလပ်​တွေပါ မကျန် ခြူစားပါ​သေးတယ်။တစ်​နေ့မှာ​ဖြင့် ...
7.2
TMDb: 7.2/10 21 votes
tv

Clark (2022) Complete

2022
Dear Doctor I’m Coming For Soul (2022)
Dear Doctor I’m Coming For Soul (2022) Dear Doctor I'm Coming For Soul (2022)  စ/ဆုံး --------------------------------------------------- လူနှစ်ယောက် ချစ်ကြဖို့ အဓိက လိုအပ်တာက"လျှောက်လမ်းမယ့် ပန်တိုင်းချင်း ဝါသနာချင်း" တူညီရမယ်တဲ့.... ဝါသနာတူ ရည်ရွယ်ချက်တူတဲ့ လူနှစ်ဦးက အလိုလိုနီးစပ်ရင်းချစ်သွားနိုင်တယ်လို့လည်း စာတစ်ချို့မှာ တွေ့ဖူးတယ်... ဒီလိုဆို ဦးတည်ရာ လမ်းကြောင်းချင်း ရည်ရွယ်ချက် ပန်းတိုင်ချင်း မတူတဲ့ လူနှစ်ယောက်ကရော?တစ်ယောက်က လူ့အသက်ကို ကြိုးစားအားထုတ် ကယ်တင်ပေးတဲ့ "ဆရာဝန်" နောက်တစ်ယောက်က ကမ္ဘာကြီးမှာ နေဖို့ အချိန်ကုန်သွားတဲ့ လူနာတွေရဲ့ ဝိညာဉ်တွေကိုနေရာအသစ်ဆီ ခေါ်ဆောင်သွားပေးတဲ့ "သေမင်း" အသက်တစ်ချောင်းရှင်သန်ဖို့က "ဒေါက်တာ" ရဲ့ လက်ထဲမှာပဲ ရှိသလိုသေဆုံးခြင်းကတော့ "သေမင်း" ရဲ့ လက်ထဲမှာရှိနေတော့.... ဆန့်ကျင်ဘက် ဦးတည်နေသော မျှားနှစ်စင်းက ဆုံမှတ်နိုင်ပါ့မလား? Episodes: 12Aired: March 23 , 2022Aired On: WedGenres:  RomanceTranslated by Mann Maw KunnEncoded by Mann ...

Dear Doctor I’m Coming For Soul (2022)

2022
Love All Play (2022)
Love All Play (2022) Love all play (2022)Love ဆိုတာကတော့ ကြက်တောင်မှာ သုည ဆိုတဲ့ အဓိပ္ပါယ်ပါ။ Love all play ဆိုတာကတော့ အချစ်ကို ဗလာသက်သက်က စမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဒီဇာတ်လမ်းရဲ့ နောက်ထပ်နာမည်တစ်ခုလည်း ရှိပါသေးတယ်။ The Speed to you is 493 km ပါ။ အဲဒါကတော့ ကြက်တောင်လောကရဲ့ လက်ရှိဂင်းနစ်စံချိန် ဖြစ်တဲ့ တစ်နာရီကို ၄၉၃ ကီလို နှုန်းပါ။ ဒီတော့ မင်းဆီကို ငါက ၄၉၃ ကီလိုမီတာ အမြန်နှုန်းနဲ့ လာခဲ့မယ် ဆိုတာပါပဲ။အခုကားထဲမှာတော့ Nevertheless ထဲက မောင်ကျန်ရစ်ဖြစ်ခဲ့သူ အာလူးလေးရဲ့ Main Lead ကားလေးလာပါပြီ မင်းသမီးကတော့ Mouse ထဲက အိုဘုံရီအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေးဆိုတော့ နှစ်ယောက်သား ဓာတုဗေဒတွေ မိနေမှာတော့ အသေအချာပါပဲနော်ဇာတ်ကြောင်းလေးကတော့...​ကြက်တောင်လောကကို မိသားစုစီးပွားရေးကြောင့်ရောက်လာပြီး အားကစားကို စီးပွားတစ်ခုလိုသတ်မှတ်တဲ့ သူဌေးသားလေး Park Tae Joonကြက်တောင်ရိုက်အားကစားကို အရမ်းချစ်ပေမဲ့ ...

Love All Play (2022)

2022
Defying the Storm (2022)
Defying the Storm (2022) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့တော်လှန်ရေးကာလကို အခြေခံထားတဲ့Defying the Strom ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်Castsတွေကိုပြောပြရမယ်ဆိုရင်ပွဲဦးထွက်ဇာတ်လမ်းလေးဖြစ်တဲ့ A love so beautifulနဲ့နာမည်ကြီးလာတဲ့ Hu Yitian ကဝေဟင်သူရဲကောင်း Zhang Qi အဖြစ်My Love, Everyone wants to meet you အစရှိတဲ့ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာတဲ့ Zhang Ruonan ကဆရာမလေး Meng Haitang အဖြစ်ပါဝင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်1937 ခုနစ်မှာ ဂျပန်တွေရဲ့ကျူးကျော်မှုကြောင့်မြောက်ပိုင်းက ကျောင်းတွေတော်တော်များများဟာတောင်ပိုင်းကို ပြောင်းရွှေ့ကြပေမယ့်လည်းစစ်မီးကတစ်စတစ်စ ပိုပိုကြီးလာခဲ့ပါတော့တယ်တိုင်းပြည်ကြီးအနိုင်ကျင့်ခံနေရတဲ့အချိန်မှာတော့ပညာတတ်လူငယ်တွေဟာ ဖောင်တိန်အစားသေနတ်ကိုင်ကာ ပြန်လည်တွန်းလှန်ကြဖို စီစဉ်ကြပါတော့တယ်မျိုးချစ်စိတ်ဓာတ်အပြည့်ရှိကြတဲ့Zhang Qi နဲ့Meng Haitangတိုချစ်သူနှစ်ဦးဟာလည်းမိမိတိုတိုင်းပြည်ကြီးအတွက်ကျရာတာဝန်ကိုထမ်းဆောင်ရင်းလွတ်လပ်ရေးရဖို ကြိုးပမ်းခဲ့ကြပါတယ်လွတ်လပ်ရေးရဖိုအတွက်ပြည်သူတိုင်းရဲ့ စွန့်လွှတ်မှု အနစ်နာခံမှုတွေကို ရိုက်ကူးထားတဲ့Defying the Storm ဆိုတဲ့ကားလေးကိုCM ကနေတင်ဆက်ပေးတော့‌မှာဖြစ်လို အားပေးကြပါဦးနော်~~~~ Quality : WEB-DL 720pTotal Episodes : 40Format : mp4Genres : ...

Defying the Storm (2022)

2022
This Is Going to Hurt (2022) 9.3
This Is Going to Hurt (2022) This is going to hurt (2022)ကျွန်တော်တို့ CM ကနေ ဆရာဝန် ဟာသ စီးရီးလေးတစ်ခု ထပ်တင်ပေးချင်ပါတယ်။ အပိုင်း ၇ ပိုင်းပဲ ပါပါတယ်။ဆရာဝန် ဟာသပညာရှင် အဒမ်ကေရဲ့ နိုင်ငံတကာ best seller ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဆရာဝန်တစ်ယောက်ရဲ့ ကြုံခဲ့ဖူးတဲ့ အလွဲတွေဟာသတွေပေါ့။ဒီတစ်ခါတော့ အဓိက ဇာတ်ကောင်က သားဖွားမီးယပ်ပါရဂူ ပေါက်စလေးပါပဲ။ ထူးထူးခြားခြား ပါရမီပါတာလည်းမဟုတ်ပါဘူး။ အမှားတွေလုပ်တတ်တယ် သင်ယူနေရတယ်။ သူလိုကိုယ်လိုပါပဲ။ ဂျစ်ကပ်ကပ်နိုင်တယ် ဂွစာတိုက်တတ်တယ်။ လူနာတွေအပေါ် စေတနာကောင်းတယ်။ ဂေးဖြစ်နေတာကို ဆေးရုံကလူတွေမသိအောင် ဖုံးထားချင်တယ်။ ပြီးတော့ သားဖွားမီးယပ် ဆရာဝန်အကြီးတန်းဖြစ်ချင်ပြီး ပိုက်ဆံများများရပြီး နှပ်ချင်တယ်။ ဒီလိုရိုးရှင်းပါတယ်။ပြီးတော့ BBC ရဲ့ ဗြိတိန်ကားဆိုတော့ မြန်မာနိုင်ငံနဲ့ကျန်းမာရေးစနစ်ချင်း ဆင်ပါတယ်။ သင်ရိုးနဲ့ လုပ်ပုံလုပ်နည်းတွေလည်းဆင်ပါတယ်။ ဟောက်စ်ဆာဂျင်တွေ နှစ်လလောက်ကြာတာတောင် ကလေးမွေးဖို့ သင်ပေးမယ့်သူမရှိလို့ မမွေးတတ်သေးတာတွေ တောက်တိုမယ်ရပဲလုပ်နေရတာတွေ၊ အစိုးရဆေးရုံမို့ လူပေါင်းစုံ ပြဿနာပေါင်းစုံကို ရှင်းရတာတွေ။ လူနာတွေက လူမျိုးရေးခွဲခြားပြီး နှိမ်ချင်တာတွေ။ ဆေးရုံမှာမနိုင်မနင်းနဲ့ ပင်ပန်းလွန်းကြတာတွေ။ဒီလိုသဘာဝကျကျ ဇာတ်ကောင်တွေနဲ့ ဟာသလည်းမြောက် ဗဟုသုတလည်းရ ပျော်စရာလည်းကောင်းတဲ့စီးရီးမို့ သေချာပေါက်ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။တုံးလုံးအခန်းတွေ ...
9.3
TMDb: 9.3/10 3 votes
tv

This Is Going to Hurt (2022)

2022
Six Flying Dragons(2015) 8.1
Six Flying Dragons(2015) Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု  ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ‌ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

Six Flying Dragons(2015)

2015

Genres

Archives