Channel Myanmar

New releases (2025)

Content at random


TV Series

Tokyo Swindlers (2024) 7
Tokyo Swindlers (2024)  iMDb – 7.3/10ဒီတစ်ခါမှာတော့ The Japan Times ကနေ ဒီနှစ်နွေရာသီအတွက်Guilty pleasure လေး တစ်ခုလို့ တင်စားထားတဲ့ လူလိမ်စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။မြေတွေ လိမ်ရောင်းပြီး ယန်းသန်းနဲ့ချီ ရိတ်နေတဲ့ ဒီလူလိမ်အဖွဲ့ကခေါင်းဆောင် တဖြစ်လဲ mastermind လို့လည်း ပြောလို့ရတဲ့Harrison ၊ စာရွက်စာတမ်းတွေ လုပ်ကြံဖန်တီးပေးပြီးအကွက်ဆင်ရတဲ့ Takumi ၊ ပွဲစားတွေနဲ့ ဆက်သွယ်ရတဲ့Goto နဲ့ မြေရှင်ယောင်ဆောင်ပေးမယ့် သရုပ်ဆောင်စုဆောင်းရေးအတွက် Reiko တို့ အဓိက ပါဝင်ပါတယ် ။ယန်း ၁၀ ဘီလီယံတန်တဲ့ မြေကွက်ကို လိမ်ရောင်းဖို့ ကြိုးစားနေတဲ့သူတို့ အဖွဲ့ နဲ့ ပရောဂျက်တစ်ခု ပျက်သွားလို့ အစားထိုးစရာမြေကွက်ကောင်းကောင်း လိုချင်နေတဲ့ Sekiyo House ကုမ္ပဏီကတော့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့တယ်ဆိုသလိုပါပဲ ။မြေကွက်ကလည်း ကြီးသလို ပိုင်ရှင်ကလည်း လက်ခက်တဲ့သီလရှင်တစ်ပါး ဖြစ်နေတဲ့အခါ ...
7
TMDb: 7/10 11 votes
tv

Tokyo Swindlers (2024)

2024
Sisterhood (2024)
Sisterhood (2024) Sisterhood (2024) "စစ်စတာမိန်းကလေးကျောင်း"IMDb 7.5အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ ဟာသ/ ကျောင်းသား ဒရာမာ ဇာတ်လမ်းတွဲလေးကို ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ်ဟင်ဒီ ခရစ်ယာန် သီလရှင်ကျောင်းတစ်ကျောင်းမှာ ဇာတ်လမ်းကို အခြေတည်ထားပြီး အကျင့်စရိုက်မတူတဲ့ ကိုးတန်းကျောင်းသူလေးတွေရဲ့ ကျောင်းသူဘဝကို ဖော်ပြထားပါတယ်နီကီတာက စစ်စတာတွေ မကြိုက်တဲ့ ဇိုးတစ်ယောက်ဖြစ်ပြီး ကျောင်းထုတ်ခံရဖို လက်တကမ်းအကွာရောက်နေသူပါ သူ့အချစ်ဆုံးသူငယ်ချင်း ဇိုယာကတော့ လုံးဝဆန့်ကျင်ဘက် ရှစ်တန်းမှာ ၉၈% မှတ်နဲ့ ပထမရခဲ့သူ။မလည်မဝယ် ကိုးတန်းနှစ်ကျကျောင်းသူ အန်းကတော့ သူ့ကိုလှောင်ပြောင်သူတွေကြားမှာ ဇိုယာ့ကို အားကိုးရသူဖြစ်ပြီး ကျောင်းသူသစ် သူဌေးသမီး ဂါဂီကတော့ မာနခပ်ထွားထွားကျောင်းသူဖြစ်ပါတယ်အကျင့်စရိုက် လုံးလုံးလျားလျားကွဲပြားနေတဲ့ သူတိုလေးယောက် ငယ်ရွယ်နုပျိုတဲ့ ကျောင်းသူဘဝမှာ အသစ်အဆန်းတွေ ရှာဖွေကြပုံ၊ သူငယ်ချင်း အချင်းချင်း ရိုင်းပင်းကူညီစိတ်၊ ရိုးသားဖြူစင်ခြင်း၊ ဘဝနှင့် အလှတိုကို ခံစားရမယ့် မီနီစီးရီးလေး ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ Yunni ~ Alex ~ ToMo ~ KKKZ တို ဖြစ်ပါတယ်File Size ...

Sisterhood (2024)

2024
The Decameron (2024) 4.719
The Decameron (2024) The Decameron (2024) Genre – Comedy, Drama, History1348 ခုနှစ် အီတလီနိုင်ငံ ပလိပ်ရောဂါ ကပ်ဘေးဆိုက်ကပ်ချိန် လူတိုင်း လူတိုင်း ရှင်သန်ရဖို့ ဖြစ်လာတယ်။အဲဒီမှာပဲ ကပ်ရောဂါ မကူးစက်သေးတဲ့ ကျေးလက်ဒေသက ဆန်တာအိမ်တော် မြို့စားက လူကုံထံတွေကို လက်ထပ်ပွဲအတွက် လာရောက်ဖို့ ဖိတ်ကြားလိုက်တဲ့အခါမှာ…- ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ဇနီးသည်နဲ့ လူမသိ သူမသိ ကြိတ်သူငယ်ထောင်ချင်တဲ့ ခင်ပွန်းသည် - လေတိုက်ရင်တောင် သေမလိုဖြစ်ပြီး ၉၆ ပါးရောဂါပေါင်းစုံနဲ့ ချူချာကောင် ဂီလာနနဲ့ မြင်သမျှ မိန်းကလေးတိုင်းကို နှာဗူးလိုက်ရမှ ကျေနပ်တဲ့ ဆရာဝန် - မြို့စားနဲ့ အမြန်ဆုံး ညားချင်လှပါပြီဆို ရွပိုးထိုးနေတဲ့ ၂၈ နှစ် အပျိုကြီးနဲ့ အပျိုကြီးလုပ်သမျှ အကုန်မြှောက်ပေးနေတဲ့ အထိန်းတော် - ဖအေကိုပါ ဇီဝိန်ချုပ်ပြီး ဘဝမပျက်အောင် သူဌေးနဲ့ လင်တော်ချင်နေတဲ့ သမီးမိုက်နဲ့ ရူးကြောင်မူးကြောင်နဲ့ ပါသွားတဲ့ အစေခံမလေးတို့ တသိုက် ပျော်ပျော်ကြီး ဆန်တာအိမ်တော်ကို ...
4.719
TMDb: 4.719/10 16 votes
tv

The Decameron (2024)

2024
Cobra Kai Season 1 + 2 + 3 + 4 + 5+6 8.1
Cobra Kai Season 1 + 2 + 3 + 4 + 5+6 ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။ စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ဇာတ်လမ်းအကျဉ်းကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။ စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး ...
8.1
TMDb: 8.1/10 4140 votes
tv

Cobra Kai Season 1 + 2 + 3 + 4 + 5+6

2018
A Good Girl’s Guide to Murder (2024) 8.842
A Good Girl’s Guide to Murder (2024)  Wednesday ထဲက သမန်းဝံပုလွေမလေး"Emma Myers"ပါဝင်ထားတဲ့ "A Good Girl's Guide To Murder "ဆိုတဲ့ Mystery Thriller စီးရီးလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးက Holly Jacksonရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါဇာတ်လမ်းအကျဥ်းလေးကတော့........ ချောမောလှပပြီး ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့"အန်ဒီဘဲလ်"ဟာအသတ်ခံခဲ့ရပါတယ် နောက်တော့သူမရဲ့ရည်းစားဖြစ်သူ"ဆာလ်ဆင်း"က သူသတ်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပြီး သူ့ကိုယ်သူလည်းသတ်သေသွားပါတယ် အန်ဒီဘဲလ်ရဲ့အလောင်းကိုလည်းရှာမတွေ့ခဲ့တာကြောင့် ဒီလူသတ်မှုကို သေသေချာချာရုံးတင်စစ်ဆေးခြင်းမပြုဘဲ ကိုယ်တိုင်ဝန်ခံခဲ့တဲ့"ဆာလ်ဆင်း"ကိုပဲ တရားခံလို့သတ်မှတ်လိုက်ပြီး အမှုပိတ်လိုက်ပါတယ်ထို့နောက် ၅နှစ်ကြာပြီးနောက်မှာ ထက်မြတ်ပြီးဥာဏ်ကောင်းတဲ့ "ပစ်ပ်"ဆိုတဲ့ကျောင်းသူလေးဟာ ကျောင်းကပရောဂျက်တစ်ခုအတွက် ဒီအမှုကိုပြန်ပြီးအစဖော်ပါတော့တယ် သူမဒီအမှုကိုစုံစမ်းရတဲ့အကြောင်းက ကျောင်းပရောဂျက်ဆိုတာထက် "ဆာလ်ဆင်း"မှာ အပြစ်မရှိဘူးလို့ယုံကြည်နေလို့ပါအဲဒါကြောင့် အဲအမှုနဲ့ပက်သက်ခဲ့တဲ့လူမှန်သမျှဆီကိုသွားပြီး အင်တာဗျူးတာတွေလုပ်ပါတော့တယ် အဲ့လိုစုံစမ်းရင်းနဲ့ တကယ့်တရားခံအစစ်ကအခုထိအပြင်မှာလွတ်နေသေးတယ်ဆိုတာကို သူသိလာရပါတယ် သူအမှန်တရားကိုရှာတွေ့ဖို့နီးလာတာနဲ့အမျှ အန္တရာယ်တွေလည်းကြုံတွေ့လာရပါတယ်အဆုံးသတ်မှာ "ပစ်ပ်"တစ်ယောက်တကယ့်တရားခံအစစ်ကို ရှာတွေ့ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(542 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:40:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby ...
8.842
TMDb: 8.842/10 19 votes
tv

A Good Girl’s Guide to Murder (2024)

2024
Wandee Goodday (2024)
Wandee Goodday (2024) မေ့မရတဲ့ တစ်ညတာ (၂၀၂၄)Ch7ကနေ GMMTV ကို ပြောင်းလာအပြီးမှာ ပထမဆုံး BL ခြေလှမ်းသစ်ကို စတင်မယ့် Beauty Newbie, Start upထဲက မင်းသား‌ချော P'Greatရဲ့ Wandee Good DayProtectiveဖြစ်တဲ့ဖိုက်တာကိုကိုနဲ့ clingy ဒေါက်တာလေးတို့ရဲ့အချစ်ဇာတ်လမ်းကို တောင့်တောင့်ဖြောင့်ဖြောင့်CPနှစ်ယောက်ရဲ့ အတွဲညီညီ ဘယ်လိုသရုပ်ဆောင်မလဲဆိုတာ ရှုစားကြပါဦး။Open relationship တွေကို လူတွေကျင့်သုံးလာတာနဲ့အမျှ friend with benefits တို့ one night stand တို့ဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ တဏှာရမ္မက်သက်သက်နဲ့ စတင်ခဲ့တဲ့ တစ်ညတာဆက်ဆံရေးကနေ အချစ်စစ်တစ်ခု မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်မှာလား။၈ နှစ်တာလုံးကြိတ်ချစ်ခဲ့ရ ကြိတ်ကြွေခဲ့ရတဲ့ခရက်ရှ်ရဲ့ သစ်စိမ်းချိုးချိုးတာခံလိုက်ရတဲ့ ဒေါက်တာဝမ်ဒီးတစ်ယောက် နှလုံးသားဒဏ်ရာကို အရက်နဲ့ကုစားရင်း ရိုရက်ဆိုတဲ့ လက်ဝှေ့သမားနဲ့တွေ့ပါတော့တယ်။ မူးနေတဲ့ဝမ်ဒီးကို ရိုရက်ကအိမ်ပြန်ပို့ပေးရင်းနဲ့ပဲ အိပ်ရာထဲအထိရောက်သွားရင်း တစ်ညတာကို အတူဖြတ်သန်းတဲ့အဆင့်ဖြစ်သွားတော့တာပေါ့။ဒီလိုနဲ့ friend with benefits လုပ်ဖို့ အကြံပြုချက်နဲ့အတူ ဟန်ဆောင်ချစ်သူဘဝအထိ အဆင့်တက်လာတဲ့ ဒီနှစ်ယောက်ကြားမှာ ရင်းနှီးမှုနဲ့အတူ ...

Wandee Goodday (2024)

2024
The Royal Bracelet (2024)
The Royal Bracelet (2024) တော်ဝင် ရွှေလက်ကောက် (၂၀၂၄)ချင်းရိုင်နယ်စပ်နား ဖာလုန်ပြည်ရဲ့ဘုရင် ကျောက်ဆိုင်ဖာကို ပုန်ကန်သူ ကျောက်ဆိုင်မင်းက ဝင်ရောက်တိုက်ခိုက်ဖမ်းဆီးခဲ့ပါတယ် ခွမ်လာ့နဲ့ခထာထော်ကို ပိုင်ဆိုင်လိုစိတ်ကြောင့် ကျောက်ဆိုင်မင်းက တူဖြစ်သူ ကျောက်လာ့ကို ဆက်လက်ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတော့တယ် ကျောက်လာ့က သူပုန်ရန်မှ ထွက်ပြေးစဉ် ပန်ကျောက်လို့ခေါ်တဲ့ ကလေးမလေးအကူအညီနဲ့ တစ်ဖက်ကမ်းကို ကူနိုင်ခဲ့ပါတယ် ကျောက်လာ့ဟာ ဆွန်ရာအမည်ဖြင့် ၁၂နှစ်ကြား လန်ဒန်မှာ ပုန်းအောင်းတိမ်းရှောင်နေခဲ့ရပါတယ် ချင်းရိုင်မှာ ကျောက်ဆိုင်ဖာကို ဖမ်းဆီးလှောင်ပိတ်ထားသည့်နေရာကို ကလေးမပန်ကျောက်တစ်ယောက် တွေ့ရှိပြီး အစားရေစာ အမြဲသွားပို့လေ့ရှိတယ် ၁၂နှစ်ကြာပြီးနောက် ပန်ကျောက် ဘန်ကောက်သွားရချိန်မှာ ကျောက်ဆိုင်ဖာက ခွမ်လာ့လက်ကောက်အကြောင်းနဲ့ တည်ရှိတဲ့နေရာကို ပြောပြခဲ့ပါတယ် ပန်ကျောက်က မိဘမဲ့လေးမို့ အမေ့ကို ဘန်ကောက်မှာ သွားတက်ရှာမဲ့အကြံကတစ်ဖက် ခွမ်လာ့လက်ကောက်ကို ပိုင်ရှင်မှန်ဆီ ပြန်အပ်ဖို့ တာဝန်တစ်ဖက်နဲ့ ဘန်ကောက်ရောက်ချိန် ပန်ကျောက်တစ်ယောက် ရန်သူတွေကြားထဲ အခက်အခဲမျိုးစုံနဲ့ ခွမ်လာ့ကို ဘယ်လိုထိန်းသိမ်းသွားမလဲ ခွမ်လာ့ကရော ပိုင်ရှင်မှန်ဆွန်ရာလက်ထဲရောက်ပါ့မလား သူပုန်တွေကရော ခွမ်လာ့နဲ့ခထာထော်ကို အရင်ရှာတွေ့သွားမလားဆိုတာကတော့“တော်ဝင်ရွှေလက်ကောက်”ဇာတ်ကားထဲမှာ ဆက်လက်စောင့်ကြည့်ကြရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kyi Nue Zin, Nang Mwe Kham, Lei Wutyi Tun, ...

The Royal Bracelet (2024)

Lost Identity (2024)
Lost Identity (2024) စစ်ကားတွေ ရဲကားတွေ မီးသတ်ကားတွေပဲရိုက်လေ့ရှိတဲ့Action မင်းသားချော Huang Jing Yu ကတော့ ဒီတစ်ခါမှာလည်းLost Identity ဆိုတဲ့ စစ်ကားကောင်းလေးကို မင်းသမီးXin Zhi Lei နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး ဒီနေ့မှာပဲ ထွက်ရှိလို့လာပါပြီ ။ဇာတ်လမ်း‌လေးကတော့ ဂျပန်တွေ တရုတ်မှာ ဗိုလ်ကျနေတဲ့အချိိန်ဂျပန်စစ်တပ်ရဲ့ ဇီဝဓာတုအဆိပ်ဓာတ်ငွေ့သုတေသနဌာနကနေလွတ်မြောက်လာတဲ့ တရုတ်ကွန်မြူနစ်ပါတီမြေအောက်အဖွဲ့ဝင်Ou Xiao An နဲ့ စစ်သည်တွေအတွက် အဆိပ်ဖြေဆေးရှာ ၊ရှေ့တန်းမှာရောဂါကုသပေးနေရတဲ့ ‌ဆရာဝန်မလေးQing Mo Qing တို့ရဲ့ ဂျပန်တွေရဲ့လျို့ဝှက်ချက်ကို အတူတူဖော်ထုတ်ကြမှာကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်ကားလေးထဲမှာ သူတို့နှစ်ယောက်ပေါင်းပြီးဂျပန်တွေရဲ့ကြံစည်မှု လျို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲ ?အနားမှာရှိနေတဲ့ သူလျိုတွေကိုရော ဘယ်လိုနည်းလမ်းနဲ့ဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုကြဖို့မမေ့ပါနဲ့နော်။=================================Quality : WEB-DL 720p, 1080p Total Episodes : 40 Format : mp4 Genres :  Mystery, Crime, War Runtime : ...

Lost Identity (2024)

2024
My Name Is Gabriel (2024)
My Name Is Gabriel (2024) My Name Is Gabriel (2024)**************************အပိုင်းသစ် (၆) ကမ္ဘာပေါ်မှာ လူပေါင်း၈ဘီလီယံကျော်ရှိတဲ့အထဲမှာမှတခြားသူရဲ့ နာမည်နဲ့ နေရမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ။ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ရှိုးအသစ်လေးကတော့ AI Gabriel ကPark Bo-gum၊ Ji Chang-wook၊ Park Myung-soo၊ Hong Jin-kyung၊Yeom Hye Ran၊ Gabee၊ Dex တို့လို ကြယ်ပွင့်တွေရဲ့ဘဝကိုခွဲခြမ်းစိတ်ဖြာပြီးတော့ နာမည်အသစ်နဲ့ တခြားသူအဖြစ် ၇၂နာရီတိတိရှင်သန်သွားခိုင်းမှာပဲဖြစ်ပါတယ်။ထိပ်တန်းကြယ်ပွင့်သရုပ်ဆောင်တွေဆိုတဲ့ ခေါင်းစဥ်ကနေခွဲထွက်ပြီးတော့လုံးဝ အနေစိမ်းတဲ့နိုင်ငံ၊ မရင်းနှီးသေးတဲ့နာမည်နဲ့ တခြားသူရဲ့ဘဝအတိုင်းတစ်ထပ်တည်းဖြစ်အောင် နေထိုင်သွားနိုင်ကြပါ့မလား...ကမ္ဘာတစ်ဖက်ခြမ်းက သူစိမ်းတွေနဲ့တွေ့ဆုံရင်း ဘယ်လို စိတ်ဝင်စားစရာကောင်းတာတွေဖြစ်လာမလဲဆိုတာကို "My Name is Gabriel"ဆိုတဲ့ ရှိုးလေးမှာ အတူတူ စောင့်ကြည့်သွားရအောင်နော်။ (အညွှန်းကိုတော့ Hsu Pyae မှ ရေးသားထားပါတယ်။) Aired: Jun 21, 2024 - Jul 26, 2024 Aired On: Friday Genres: Adventure, Life, Documentary Episodes: 6 Original ...

My Name Is Gabriel (2024)

2024
The Great Indian Kapil Show (2024) 9

The Great Indian Kapil Show (2024)

2024
Elite 2018-2024 (Complete) 8
Elite 2018-2024 (Complete) စပိန်စကားပြော ဒီ Netflix စီးရီးလေးကတော့ ၂၀၁၈ ကစတင်ထွက်ရှိခဲ့ပြီး အခုဆို Season (4) ထိ ထွက်ရှိထားသလို နောက်စီစင်တွေလဲ ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။ဒီစီးရီးက ထူးခြားတဲ့တင်ဆက်မှုတစ်ခုဖြစ်ပြီး လူငယ်တွေကြားက နက်နဲတဲ့ Relationshipအကြောင်းတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းတင်ဆက်ထားတာပါ။အသက် ၁၈ နှစ်တောင် မပြည့်ကြသေးတဲ့ လူငယ်တွေ ကျောင်းမှာပညာရှာရင်းနဲ့ ပွဲကြမ်းချက်ကလဲ လက်လန်ပါတယ်...Sex ကိစ္စမှာဆိုလဲ Straight , BL , Lesbian , Cuckold , 2 in 1 , Incest စသည်ဖြင့်အောတိုက်ရလောက်အောင် စုံစီနဖာပဲ အရပ်ကတို့ရေ... ကဲ..ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့.. Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာ ကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့ အထက်တန်းစားကျောင်းတော်ကြီးပေါ့ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက လူငယ်လေးသုံးယောက် Las Encinas ကျောင်းတော်ကြီးမှာတက်ရောက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာပါတယ် မထင်မှတ်ထားတဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ...
8
TMDb: 8/10 9038 votes
tv

Elite 2018-2024 (Complete)

2018
Club Friday Season 16 : Hot Love Issue, Love You To Death (2024)
Club Friday Season 16 : Hot Love Issue, Love You To Death (2024) သေရာပါမဲ့အချစ် (၂၀၂၄)ဒီတစ်ခါမှာတော့ Club friday ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ပဟေဠိ အဖြေညှိဖို့ "သေရာပါမဲ့အချစ်" လာပါပြီ။Foon တစ်ယောက် တစ်နေ့မှာ Club friday က ဖြစ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ ကြားလိုက်ရာက သူ့ဘဝကို ပြန်စဉ်းစားဖို့ လုပ်ရပါတော့တယ်။ ဇာတ်လမ်းရှင် အဲမိန်းကလေးက ကျောင်းသူဘဝက ခရက်ရှ်နဲ့ ရေစက်ဆုံပြီး လက်ထပ်တဲ့အထိ ခရီးဆက်ခဲ့သူပါတဲ့။ လက်ထပ်ပြီးတဲ့အထိ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံအဖြစ် ကံအကောင်းဆုံးဆိုတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ရသူပေါ့။ ဖြစ်ရပ်တစ်ခုလုံးမှာ သူမဘဝအကြောင်းအရာနဲ့ တစ်ပိုင်းတစ်စ တိုက်ဆိုင်မှုတွေရှိနေပြီး ထူးထူးဆန်းဆန်း ပြောပြနေတဲ့ မိန်းကလေးအသံကိုလည်း သူရင်းနှီးနေပြန်ပါတယ်။ သေချာဆန်းစစ်ကြည့်ပြီးတဲ့အခါမှာ ဒီမိန်းကလေးအသံဟာ သူ့ခင်ပွန်းရဲ့ အပျော်မယားဆိုတာ သိလိုက်ရတာပါပဲ။ဒီလိုနဲ့ Club friday ကနေတဆင့် အသံရှင်မိန်းကလေးရဲ့ သူပါဝင်သော ဇာတ်လမ်းတစ်ခုကို နားထောင်ရင်း သူမသိခဲ့တဲ့ သူ့ဘဝတစ်ဖက်ခြမ်းအကြောင်းကို တစ်ခုချင်း အဖြေရှာရပါတော့တယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Kim, Laris M တို့ ...

Club Friday Season 16 : Hot Love Issue, Love You To Death (2024)

2024
Nightmare Teacher (2016) 7.674
Nightmare Teacher (2016) Nightmare Teacher (2016) ************************* ဒီတစ်ခေါက် CM ကနေ ဘာသာပြန်တင်ဆက်ပေးချင်တဲ့ Nightmare Teacher ဆိုတဲ့စီးရီးလေးမှာ Penthouse ဇာတ်လမ်းတွဲတွေမှာ ဂျူဒန်းထယ်ဆိုတဲ့ဇာတ်ကောင်နဲ့နာမည်ကြီးပြီးသားဖြစ်တဲ့ မင်းသားကြီးအွန်းဂီဂျွန်းအပြင်ပရိသတ်အချစ်ကိုရထားပြီးသားဖြစ်တဲ့ မင်းသမီးချောဂင်ဆိုဟျွန်းနဲ့BtoB အဖွဲ့ဝင် rapper‌ချောလေးအီမင်ဟျော့တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်းကတော့ ..ဟန်ဘုံဂူဆိုတဲ့ကျောင်းဆရာတစ်ယောက် ကျောင်းကိုရောက်လာချိန်မှစပြီးကျောင်းမှာ ကျောင်းသူ/သားတွေ စတင်ပျောက်လာခဲ့ပါတယ်။ဒါကို ဂန်ယယ်ရင်ဆိုတဲ့ အတန်းခေါင်းဆောင်က စတင်သတိထားမိခဲ့ပြီးကျောင်းသားတွေပျောက်ဆုံးသွားရခြင်း နောက်ကွယ်ကအကြောင်းရင်းကို ဆောဆန်းဝူဆိုတဲ့ ကျောင်းသားနဲ့အတူ စတင်စုံစမ်းပါတော့တယ်။အဲဒီလိုစုံစမ်းရာကနေ ဘယ်လိုထိတ်လန့်စရာအမှန်တရားမျိုးကို သူတို့သိရှိသွားမလဲကျောင်းဆရာဟန်ဘုံဂူရဲ့လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာကိုတော့အတူတူဇာတ်ကား‌လေးကိုကြည့်ရင်း ရှာဖွေလိုက်ကြတာပေါ့ ..အညွှန်းကို Double M မှ ရေးသားပေးထားပါတယ်Episodes: 12 Aired: Mar 14, 2016 - Mar 31, 2016 Aired On: Monday, Tuesday, Wednesday, Thursday Original Network:  Naver TV Cast Duration: 15 mins Genres: Mystery, Horror, Youth, Supernatural Translated by Esther Oo ...
7.674
TMDb: 7.674/10 23 votes
tv

Nightmare Teacher (2016)

2016
Lampan (2024)
Lampan (2024) Lampan (2024) ဖြူစင်သော ငယ်ဘဝ Genre – Family, Dramaအားလုံးပဲ ကျွန်တော့်နာမည်က လမ်ပန်ပါဗျ၊ တစ်ခါတလေ ချစ်စနိုးနဲ့ လမ်ပူ လမ်ပယာ ဆိုပြီးလည်း ခေါ်ကြပါတယ်။ကျွန်တော်တို့ မိသားစုလေးမှာ ဖေဖေရယ် မေမေရယ် ညီမလေး ၂ ယောက်ရယ် ရှိကြတယ်။ ဒါပေမဲ့ ဘာလို့မှန်းမသိပါဘူး မေမေက သူ့ ဖေဖေ မေမေရှိတဲ့ ရွာလေးကိုဘိုးဘိုးဘွားဘွားက ၂ ယောက်တည်း နေတာမို့လို့ အဖော်ရအောင် သွားနေလိုက်ပါတဲ့၊ သူကတော့ ညီမလေး ၂ ယောက်က အဖော်ရှိလို့ အဆင်ပြေတယ်ဆိုပြီး ပြောပါတယ်။ ဘိုးဘိုးကတော့ အိမ်မှာ သူ့ဘာသာ အေးဆေးနေတတ်ပြီး ဘွားဘွားကတော့ အမြဲတမ်း ပွစိပွစိနဲ့ ကျွန်တော် ဘာပဲလုပ်လုပ် ဆူပူကြိမ်းမောင်းနေပေမဲ့ နှစ်ယောက်လုံးက ချစ်ကြပါတယ် ဒါပေမဲ့လည်း အထီးကျန်သလိုပဲ အဲဒါကြောင့် မကြာခဏ မေမေ့ကို လွမ်းမိပါသေးတယ်။ကျောင်းမှာကျတော့လည်း သူငယ်ချင်းတွေ ရှိပေမဲ့ အထီးကျန်သင်းကွဲတစ်ယောက်လိုပဲ ခံစားရပါတယ်။ ဒီလိုနဲ့ ချောင်ကျကျ ရွာလေးက အဖော်မဲ့ဖြစ်နေတဲ့ ...

Lampan (2024)

2024
Hong Gil-Dong, The Hero (2008) [Complete] 5.6
Hong Gil-Dong, The Hero (2008) [Complete] Hong Gil-Dong, The Hero (2008)*********************************အပိုင်း (၁ မှ ၂၄) စ/ဆုံး "ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)"အထက်တန်းလွှာမျိုးရိုးရဲ့သားဖြစ်ပေမဲ့လည်း တရားမဝင်သားဖြစ်တာကြောင့်မိသားစုအိမ်တော်မှာ နေရာမရတဲ့အပြင် အတတ်ပညာလည်း သင်ကြားခွင့်မရတဲ့ဟုန်းဂီဒုံတစ်ယောက်ဟာ ဘဝကို ဆိုးပေတေစွာနဲ့ ဖြတ်သန်းနေတဲ့သူဖြစ်ပေမဲ့လည်းမတရားမှုကို ရွံ့ရှာတွန်းလှန်တတ်တဲ့ စိတ်ရင်းခံလေးရှိတဲ့သူတစ်ယောက်ပါ။ဘဝကိုပျော်သလိုနေလွန်းလို့ ပတ်ဝန်းကျင်ရဲ့ ကျဉ်ဖယ်ခြင်းကို ခံခဲ့ရပေမဲ့လည်းဂျိုဆွန်းပြည်မှာ ဒုက္ခခါးစည်းခံနေရတဲ့ပြည်သူတွေဘဝကို မြင်ရပြီးနောက်အများအကျိုးဆောင်ပေးမှုတွေကြောင့် ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)ကြီးဖြစ်လာသူကြီးပေါ့။အဲဒါကြောင့်လည်း ဘုရင့်ရဲ့အမျက်တော်လည်း အရှခံရကာ ဝရမ်းပြေးဘဝပါ ရောက်ရပါတော့တယ်။တစ်ဖက်မှာလည်း ဂျိုဆွန်းခေတ် ထိုကာလမှာ နန်းပလ္လင်ပေါ်ရှိတဲ့ ဘုရင်ရဲ့ ညံ့ဖျင်းမှုအပျော်အပါးလိုက်စားမှုနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တဲ့ ချင်နိုင်ငံရဲ့ ယုတ်မာမှုတွေကြောင့်ဂျိုဆွန်းပြည်သူတွေရဲ့ ဘဝဟာ ခါးသထက်ခါးသက်လာခဲ့ပါတယ်။လက်ရှိဘုရင်ရဲ့ရန်ကြောင့် မယ်တော်မိခင်ကိုဆုံးရှုံးခဲ့ရကာ အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့မင်းသားကြီးကလည်း ကမ္ဘာမကြေတဲ့အငြိုးကို လက်စားချေဖို့အတွက် သေရွာကနေ ဂျိုဆွန်းကို ပြန်လာခဲ့ပါတယ်။ရော်ဘင်ဟု(ဒ်) ဟုန်းဂီဒုံနဲ့ ရန်အငြိုးအကြွေး လာယူတဲ့မင်းသားကြီးတို့နှစ်ယောက် တွေ့ဆုံမိပြီးဂျိုဆွန်းပြည်သူတို့ကို ဒုက္ခပင်လယ်ထဲကနေ ဘယ်လိုကယ်တင်ကြမလဲဆိုတဲ့ အကြောင်းအရာအပြင်ဂျိုဆွန်းပြည်ရဲ့ ပြည်သူ့သူရဲကောင်းကြီးဟုန်းဂီဒုံ၊ ပြည်သူ့မင်းသားကြီးအီ၊ သာမည ဂျိုဆွန်းသူလေး ဟောအီနို့တို့ရဲ့သုံးပွင့်ဆိုင်ချစ်ဇာတ်ကြောင်းကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရဦးမှာပါနော်။ဟုန်းဂီဒုံအဖြစ် ...
5.6
TMDb: 5.6/10 7 votes
tv

Hong Gil-Dong, The Hero (2008) [Complete]

2008
Land of Women (2024) 7.9
Land of Women (2024)  နယူးယောက်မြို့မှာ အမျိုးသားနဲ့ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဂါလာစကော့ဟာ အားလုံးအားကျရတဲ့ ဘဝမျိုးမှာ‌နေထိုင်နေသူဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဂါလာ့ယောက်ျားဟာ ဂါလာ့မျက်လုံးထဲမှာတော့ ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါတယ်။ဒါပေမဲ့ သူတို့ဘဝရဲ့ အရေးကြီးတဲ့ရက်တစ်ရက်မှာ ဂါလာ့ဘဝဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ သူ့အမျိုးသားရဲ့စနက်ကြောင့် အိမ်စီးပွားရေးလည်း ညတွင်းချင်းပျက်ဆီးလို့အမေနဲ့သမီးကိုခေါ်ပြီး အကြွေးရှင်တွေလက်ထဲကထွက်ပြေးရတဲ့အခါ မထင်ထားတဲ့ အဖြစ်အပျက်တွေကိုတစ်ခုပြီးတစ်ခုကြုံရပါတယ်။ ဂါလာထင်ထားတဲ့နဲ့ တစ်ခြားစီဖြစ်နေတဲ့ ယောက်ျားဖြစ်သူရဲ့ အလေ့အကျင့်တွေ သိပြီးတဲ့နောက်မှာတော့ စပိန်နိုင်ငံက ကျေးလက်မြို့လေးတစ်မြို့ကဂါလာတို့မြေအဘွားတစ်တွေရဲ့ အဖြစ်ကို ဟာသလေးနှောပြီးကြည့်ရမှာဖြစ်ပါတယ်။  File Size – 861 MB / 475 MBQuality –WEB-DL 1080p 5.1CH , 720pEpisodes -  6 EpsDuration -  42 minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Drama Translator – ThiRi , ...
7.9
TMDb: 7.9/10 15 votes
tv

Land of Women (2024)

2024
Òlòtūré: The Journey (2024) 6.333
Òlòtūré: The Journey (2024) Oloture : The JourneySeason 1 (2024)IMDb rating - 6.3/10အညွှန်းဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Netflix mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အိုလိုကျူရီ ဆိုတဲ့ တက်သစ်စဂျာနယ်လစ်‌လေးဟာ လူကုန်ကူးမှုအကြောင်း သတင်းရေးဖို့အတွက် အသွင်ယူတာကနေ စပါတယ်။ ဒီကနေပဲ ပြဿနာတွေလည်း စတော့တာပေါ့။ လူအချိတ်အဆက်တွေများ ရှုပ်ထွေးပွေလီလှတဲ့ ဒီနယ်ပယ်ကြီးထဲမှာ အိုလိုကျူရီတစ်ယောက် လက်လွန်ကြက်သွန်ဖြစ်ရင်း ပြန်ထွက်မရတော့တဲ့ အခြေအနေထိပါ ရောက်ကုန်ပါတယ်။ဒီလိုကနေ ဥရောပကိုပို့မယ့် လူကုန်ကူးခရီးစဉ်မှာ လိုက်ပါလာရပါတယ်။ တရားမဝင်သွားရတဲ့ခရီးမှာ ဒုက္ခအလီလီ ကြုံတွေ့ရပုံတွေကို ရိုက်ကူးပြထားတာပါ။ နောက်တစ်ခုက သူရေးမယ့်သတင်းကရော ဘယ်လိုဆက်ဖြစ်မလဲ၊ သူရဲ့ဘဝကြီးကရော ဘယ်လိုတွေဆက်ဦးမလဲ။ ဆက်လက်ကြည့်ရှုကြပါဦး။(အပိုင်းသုံးပိုင်းပါဝင်ပြီး ကြာချိန် တစ်နာရီ မိနစ်၄၀ကျော်ပဲရှိပါတယ်။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူမှာ Orika ဖြစ်ပါတယ်။)File Size – 750(Appx;)@EpisodeQuality – 1080p WEB DLDuration –45minute (@Episode)Total Episodes:3EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama~CrimeTranslator ...
6.333
TMDb: 6.333/10 3 votes
tv

Òlòtūré: The Journey (2024)

2024
Presumed Innocent (2024) 8.064
Presumed Innocent (2024)  Presumed Innocent စီးရီးကတော့ လူသတ်မှုတခုကတဆင့်ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ့ မီနီစီးရီးတစ်ခုဖြစ်ပါတယ်။အဓိကဇာတ်‌ဆောင်မင်းသား Jake Gyllenhaal က အစိုးရရှေ့နေRusty Sabich နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတော့အီသီယိုးပီးယား-အိုင်းရှစ်ရှ်မင်းသမီး Ruth Negga ကသူ့ရဲ့ဇနီးနေရာကနေ တွဲဖက်သရုပ်ဆောင်ထားပါတယ်။တရားခွင်တစ်ခုရဲ့တရားခံနေရာမှာထိုင်နေရသူတိုင်းဟာတရားသူကြီးက အပြစ်ရှိတယ်လို့စီရင်ချက်မချမချင်းအပြစ်မရှိသူတွေအဖြစ်သာယူဆရမှာဖြစ်ကြောင်းမီးမောင်းထိုးပြချင်တာက ဇာတ်ကားရဲ့ဆိုလိုရင်းတစ်ခုဖြစ်နိုင်ပါတယ်။ချီကာဂိုအစိုးရရှေ့နေ Rusty Sabich ကို ဗဟိုပြုထားတဲ့ဒီစီးရီးမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့မိန်းမလှလေး Carolyn Polhemus ဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့အခါ Rusty ဟာ အဓိက လူသတ်သမားတရားခံအနေနဲ့ စွပ်စွဲခံရပါတော့တယ်။သက်သေအထောက်အထားတွေအားလုံးက Rusty ဟာလူသတ်တရားခံဖြစ်ကြောင်း သူ့အပေါ်မှာ တဆင့်ပြီးတဆင့်အထပ်ထပ်ချည်နှောင်လာတဲ့အခါ သူတည်ဆောက်ထားတဲ့မိသားစု၊ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရရှိဖို့Rusty တယောက် ဘယ်လိုတိုက်ပွဲဝင်သွားမှာလဲ၊ တရားရုံးမှာသူ့ရဲ့ပြစ်မှုတွေက ပိုပြီးထင်ရှားလာမှာလား၊ ကိုယ်ကျင့်တရားပျက်ပြားမှုအပေါ် သူ့ရဲ့မိသားစုကရော ဘယ်လိုအတူတကွရင်ဆိုင်ပေးသွားမှာလဲဆိုတာ အာဏာ၊ နိုင်ငံရေး၊ အချစ်ရေး၊အိမ်ထောင်ရေးသံယောဇဉ်၊ လိင်မှုကိစ္စတွေနဲ့ အဆင့်ဆင့်ချိတ်ဆက်ထားတာကြောင့် ဇာတ်အိမ်ခိုင်မာပြီး ကွင်းဆက်မိမိနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် လျှို့ဝှက်သဲဖို စုံထောက်မှုခင်းစီးရီးကောင်းတခုဖြစ်ပါတယ်။   File Size – ...
8.064
TMDb: 8.064/10 47 votes
tv

Presumed Innocent (2024)

2024
Possessed Love (2024) [Complete]
Possessed Love (2024) [Complete] Possessed Love (2024)**********************အပိုင်းသစ် (၁ မှ ၆) စ/ဆုံး ဒီတစ်ခေါက် Dating Show ကတော့ ထွက်ခဲ့သမျှDating show တွေနဲ့ ပုံစံကွဲထွက်နေတာမို့Dating show fans တွေအတွက်တော့ ဆန်းသစ်တဲ့ရသတစ်မျိုးကိုပေးစွမ်းနိုင်မှာကတော့ အမှန်ပါပဲ..။“Possessed Love” လို့ အမည်ရပြီး တခြား Dating show တွေနဲ့မတူညီဘဲ ထူးခြားနေတဲ့အချက်က ပါဝင်သူတွေအကုန်လုံးဟာအနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ကြတဲ့ ဗေဒင်ဆရာတွေ၊နတ်ဆရာတွေ နဲ့ တားရော့ဆရာတွေ ဖြစ်နေတာပါပဲ။(ကကြီးတို့ရဲ့ dating show concept က လိုက်မမီတော့ဘူးနော် ပရိတ်သတ်ကြီးတို့)အနာဂတ်ကို ကြိုတင်မှန်းဆနိုင်ပြီး မိမိရာသီဇာတာခွင်အရတစ်ဖက်လူဟာ ကိုယ်နဲ့လိုက်ဖက်မှုရှိမရှိဆိုတာကြိုတင်သိနိုင်တဲ့သူများဖြစ်သော်ငြားလည်း ခံစားချက်အလိုအရ စိတ်စေရာသွားမလား…..။နှလုံးသားထက် ဦးနှောက်ကို ပိုဦးစားပေးမလားဆိုတာကိုdating show တွေရဲ့ထုံးစံဖြစ်တဲ့ အတက်အကျ အနုအရွတွေနဲ့ စောင့်မျှော်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။) Aired: Jun 18, 2024 - ? Aired On: ...

Possessed Love (2024) [Complete]

2024
NCIS: Sydney (2023) 7.4
NCIS: Sydney (2023) NCIS: Sydney (2023) IMDb: 5.9/10 Rotten Tomatoes: 73% Genre: Action/Drama/CrimeNCIS: Sydney ဟာ NCIS တွေထဲမှာ နောက်ဆုံးထွက်ထားတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။ သူဟာ မှုခင်းစုံထောက်အမျိုးအစားဖြစ်ပြီး တစ်ပိုင်းကိုအမှုတစ်မျိုးကြည့်ရမှာဖြစ်ပါတယ်။ အတော်လေးကြည့်လို့ကောင်းတဲ့ စီးရီးစ်တစ်ခုဖြစ်ပြီး မိသားစုနဲ့လည်းကြည့်လို့ရမှာဖြစ်ပါတယ်။ NCIS ဆိုတာကတော့ "ရေတပ်ဆိုင်ရာပြစ်မှုထောက်လှမ်းရေးအဖွဲ့" ဖြစ်ပါတယ်။ဇာတ်ညွှန်း စစချင်းမှာ အဖွဲ့နှစ်ခုရှိတယ်။ အဲဒါက ဩစတြေးလျ ပြည်နယ်ရဲနဲ့ "NCIS"၊ ဘယ်လိုမှဆက်စပ်စရာအကြောင်းမရှိတဲ့ အဖွဲ့နှစ်ခုပေါ့။ တစ်ခုက ရေတပ်နဲ့ဆိုင်တဲ့ပြစ်မှုထောက်လှမ်းရေး၊ နောက်တစ်ခုက ရဲတပ်ဖွဲ့။ ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတော့ ဇာတ်လမ်းစစချင်း ဆစ်ဒနေဆိပ်ကမ်းမှာ သုံးနိုင်ငံလုံခြုံရေးစာချုပ် ချုပ်ဖို့လုပ်နေတုန်း ရေတပ်တပ်ကြပ်ကြီးတစ်ယောက် ဆုံးသွားခဲ့တယ်။ ဆစ်ဒနေမြို့မှာဖြစ်တာဆိုတော့ ရဲဆာဂျင် ဂျင်မ်ဒမ်ဆေးဦးဆောင်တဲ့ ဩဇီသားလေးများအဖွဲ့က ကိုင်ရတာပေါ့။သူ့အဖွဲ့မှာဘယ်သူတွေပါလဲဆိုတော့ မှုခင်းစစ်ဆရာဝန် ရွိုင်းပန်ရို့စ်၊ လက်ထောက်ရဲ အီဗီကူပါး၊ အသစ်စက်စက် တွဲဖက်မှုခင်းစစ် ကြောင်တောင်တောင်မလေး ဘလူးတို့ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ရေတပ်အမှုဆိုတော့ NCIS ပါဝင်ပါလာခဲ့ပါတယ်။သူတို့အဖွဲ့မှာကျ အထူးအေးဂျင့် မစ်ချဲလ်မက်ကီနဲ့ အေးဂျင့် ဒီရှောင်န်ဂျက်ဆန်တို့ပါဝင်ပါတယ်။ အဲဒီကစလို့ Chemistry မိမိနဲ့ အမှုတွေကိုဘယ်လိုမျိုးလိုက်သွားမလဲဆိုတာကိုကြည့်ရမှာပါ။ဂျင်မ်၊ ဘလူး၊ ဒီရှောင်န် တို့သုံးယောက်ရဲ့ ဟာသတွေကလည်း ဝါးလုံးကွဲမရယ်ရရင်တောင် အတော်လေးကိုသဘောကျဖို့ကောင်းလှပါတယ်။မှုခင်းစုံထောက်တဲ့ဇာတ်လမ်းကိုသဘောကျတဲ့လူဆိုရင်တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။အညွှန်းရေးသားသူ ...
7.4
TMDb: 7.4/10 29 votes
tv

NCIS: Sydney (2023)

2023

Genres

Archives