Olaf Presents (2021)
=====================
(mini စီးရီး အနေနဲ့ 5ပိုင်းအဖြစ်ထွက်ရှိထားပေမယ့်
တစုတစည်းတည်းကြည့်လို့ရအောင်
တပိုင်းတည်းအဖြစ်တင်ဆက်ပေးထားပါတယ် )
Let it go, Into the Unknown စတဲ့သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့
Frozen ကားလေးကတော့ လူတိုင်း သိပြီးဖြစ်မှာပါ။ ဒီကားလေးထဲမှာမှ
Elsa, Anna တို့အပြင် လူတိုင်း ချစ်ခင်ကြတဲ့ မုန်လာဉနီနှာခေါင်းလေးနဲ့
နှင်းလူသားလေး Olaf ကတော့ဖြင့် comback လာခဲ့ပြန်ပါပြီ။ Comeback တောင်
ရိုးရိုး Comeback မဟုတ်ဘဲ Disney ရဲ့ သမိုင်းဝင်ကားတွေဖြစ်တဲ့
The Little Mermaid, Moana, The Lion King, Aladdin,
Tangled, Frozen စတဲ့ဇာတ်လမ်းတွေကို အတိုချုံးပြန်လည်တင်ဆက်တဲ့
Olaf Presents ဆိုတဲ့ Mini Series လေးအဖြစ် ပြန်လည် ထွက်ပေါ်လာတာပါ။
Olaf Presents မှာ အပိုင်း ၆ ပိုင်း ပါဝင်ပြီးတော့ တစ်ပိုင်းစီက Disney ကားဟောင်းတွေဖြစ်တဲ့
“The Little Mermaid, Moana, The Lion King, Aladdin, Tangled, Frozen”
တစ်ခုချင်းစီကို မှီငြမ်းထားတာ ဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီရဲ့ မင်းသား၊
မင်းသမီးနေရာရော ဗီလိန်နေရာရောအတွက် Olaf နဲ့အတူ Frozen ကားထဲက
Sven နဲ့ Marshmallow, Frozen 2 ထဲက Bruni နဲ့ Gale တို့တွေက
ပေါက်ကရလုပ်လိုက်၊ တစ်စိတ်ကိုတစ်အိတ်လုပ်လိုက်နဲ့ သရုပ်ဆောင်သွားမှာပါ။
ဒီ Mini Series လေးကိုကြည့်ရင်း သေချာတာတစ်ခုက Little Mermaid တို့
Lion King တို့လို ကားဟောင်းတွေကို ပြန်ကြည့်ချင်စိတ် တဖွားဖွား
ဖြစ်ပေါ်လာမယ့်အပြင် ငယ်ဘဝ အမှတ်တရတွေကိုပါ ပြန်လည်သတိရလာဦးမှာပါ။
ဒီတော့ ဘဝအမောတွေကို တစ်ခဏတာဖြေဖျောက်ဖို့
မအေးအေးဝင်းစီစဉ်တာ မဟုတ်ဘဲ Olaf စီစဉ်တင်ဆက်တဲ့
Olaf Presents Mini Comedy Series လေးကို CM နဲ့အတူ ခံစားကြည့်ရှုရအောင်နော်။
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။