No Gain No Love (2024)
***********************
အပိုင်းသစ် (၄)
ဒီတစ်ခါမှာတော့ Hometown Cha-Cha-Cha ထဲမှ မင်းသမီး Shin Min A နဲ့
Penthouse မှ မင်းသား Kim Young Dae တို့ရဲ့
မမနဲ့မောင်လေး Rom-Com ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်
– ဇာတ်လမ်းအကျဉ်း –
ဆွန်းဟယ်ယောင်း (Shin Min-A) ဟာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမှ နစ်နာဆုံးရှုံးမှု မဖြစ်ချင်တဲ့သူမျိုးပါ
ငယ်စဉ်တုန်းက မိဘမဲ့ကလေးတွေကို အိမ်မှာခေါ်ပြီး စောင့်ရှောက်ပေးတတ်တဲ့ အမေဖြစ်သူကြောင့်
အမေ့မေတ္တာကို တခြားကလေးတွေနဲ့ မျှဝေခံစားခဲ့ရတဲ့ ဟယ်ယောင်းလေး ..
အလုပ်ဝင်ပြန်တော့လည်း ဟယ်ယောင်းတို့ကုမ္ပဏီက လူမှုဖူလုံရေး အကျိုးခံစားခွင့် ၉၀% ကို
အိမ်ထောင်သည်များကိုသာ ပုံပေးထားပါတယ် ..
ခုလည်း အမြန်ဆုံး ရာထူးတိုးနိုင်မဲ့ အခွင့်အရေးဖြစ်တဲ့ ကုမ္ပဏီတွင်းပြိုင်ပွဲမှာ လူလွတ်တွေကို မရွေးချယ်ပါဘူးတဲ့ ..
ဘာတစ်ခုမှ အဆုံးရှုံးမခံချင်တဲ့ ဟယ်ယောင်းလည်း နည်းလမ်းရှာဖွေရင်း သူ စဉ်းစားလိုက်မိတာက ယောက်ျားယူဖို့…
သူယူလို့ အဆင်ပြေမဲ့ယောက်ျားကို လိုက်ရှာရင်း ဟယ်ယောင်းမျက်စိကျမိသွားတာကတော့
ကုန်စုံဆိုင်က အချိန်ပိုင်းအလုပ်သမားလေး ဂင်ဂျီအု (Kim Young-Dae) ပဲဖြစ်ပါတယ်
ဂျီအုကတော့ အကူအညီလိုအပ်နေတဲ့သူတွေကို မျက်ကွယ်ပြုမထားနိုင်ဘဲ
မှန်ကန်တဲ့အလုပ်ကိုပဲ လုပ်ဖို့ ကြိုးစားလေ့ရှိသူလေးပါ
သူက ကုန်စုံဆိုင်ကို လာဝယ်တဲ့ ဝယ်ယူသူတိုင်းအပေါ် ဖော်ရွေပေမဲ့
ဆွန်းဟယ်ယောင်းကတော့ ခြွင်းချက်ဖြစ်နေပါတယ်
ဒီလိုနဲ့ ဟယ်ယောင်းက ဂျီအုကို ဟန်ဆောင်လက်ထပ်ရမဲ့ အချိန်ပိုင်းအလုပ်ကိုလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့…
နစ်နာဆုံးရှုံးမှု မဖြစ်ချင်လို့ လက်ထပ်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်တဲ့ ဆွန်းဟယ်ယောင်းနဲ့
သူများကို နစ်နာဆုံးရှုံးမှု မဖြစ်စေချင်လို့ ဟန်ဆောင်သတို့သားလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဂင်ဂျီအု…
သူတို့နှစ်ယောက်ကြားက Rom Com အချစ်ဇာတ်လမ်းလေးကိုတော့
အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စောင့်ကြည့်လို့ရမှာပဲဖြစ်ပါတယ်
အညွှန်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်
Episodes: 12
Aired: Aug 26, 2024
Aired On: Monday, Tuesday
Original Network: TVING, tvN
Genres: Comedy, Romance, Drama
Translated by Hsu Pyae, Thin, Emily Eric, Toe Toe, Lucien & Saung Yupar
Encoded by AHtet
<<<< Telegram Channel >>>
Episode 01
[720p] »»» UsersDrive • Yoteshin • MegaUp • StreamVid • Mega.NZ
[1080p] »»» UsersDrive • Yoteshin • MegaUp • StreamVid • Mega.NZ
Episode 02
[720p] »»» UsersDrive • Yoteshin • MegaUp • StreamVid • Mega.NZ
[1080p] »»» UsersDrive • Yoteshin • MegaUp • StreamVid • Mega.NZ
Episode 03
[720p] »»» UsersDrive • Yoteshin • MegaUp • StreamVid • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • StreamVid • GDToT
Episode 04
[720p] »»» UsersDrive • Yoteshin • MegaUp • StreamVid • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • StreamVid • GDToT
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။