IMDb Rating (8.1)
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ဖူးကြတဲ့ တာယာပွကြီးတို့၊ခြူသစ်တို့ရဲ့ ဗီတာမင်စာစုများကာတွန်းစာအုပ်တွေလိုပါပဲ….
အခု Netflix က တင်ဆက်လိုက်တဲ့ တမေလ်စကားပြော Navarasa anthology ဇာတ်လမ်းတွဲဟာ
အပိုင်း ၉ ပိုင်း ဇာတ်လမ်း ၉ ခုနဲ့ နဲ့ဖွဲ့စည်းထားပြီး ဝတ္ထုတိုပေါင်းချုပ်လို ဟင်းပေါင်းတစ်ခွက်လို
ချိုချဉ်ဖန်ခါး အပူအစပ်အဟပ်တွေကို တပြိုင်တည်း တည့်တည့်တိုးမိသလို
တစ်ပိုင်းခြင်းဆီက မတူညီတဲ့ ခံစားချက်တစ်ခုဆီကို တပြိုင်တည်း ခံစားကြည့်ရှုရမှာပါ။
Navarsa ဆိုတာ တမီးလ်ရုပ်ရှင်တွေအတွက် ခြေလမ်းသစ်တခုဖြစ်ပြီး
တွေ့မြင်နေကျ တောင်ပိုင်းကားတွေနဲ့မတူပဲ Netflix ကားပီပီ လွတ်လွတ်လပ်လပ် တင်ဆက်ခွင့်ရထားတာဖြစ်တဲ့အတွက်
ဆန်းသစ်တဲ့ရိုက်ချက်နဲ့တင်ပြပုံတွေကိုမြင်ရပါလိမ့်မယ်။
တောင်ပိုင်းကားတွေနဲ့ရင်းနှီးနေကျ ပရိသတ်တွေအတွက် Suriya, Vijay Sethupathi, Siddharth တို့လို
ဒိတ်ဒိတ်ကြဲတွေကစလို့ နာမည်ကျော်ဇာတ်ပို့ဇာတ်ရံတွေအများကြီးပါဝင်ထားပါတယ်။
ဂရုဏာ၊ ရယ်မောခြင်း ၊ အံသြဖွယ် ၊ စက်ဆုပ်ဖွယ် ၊ ငြိမ်းချမ်းရေး ၊ ဒေါသ ၊ ကြောက်ရွံမှု ၊ ရဲစွမ်းသတ္တိ ၊
ဆွတ်ပျံကြည်နူးဖွယ်ဆိုတဲ့ စိတ်ခံစားချက်တွေကို အပိုင်းလိုက်တင်ပြထားပြီး
အပိုင်းတိုင်းက ကြည့်ရှုသူရင်ထဲကို မေးခွန်းတွေရော ခံစားမှုတွေရော ချန်ထားခဲ့ပေးမှာပါ။
Story ၉ ပုဒ်ကို ဒါရိုက်တာ ၉ ယောက်က ကိုယ့်စတိုင်နဲ့ကိုယ် အပြိုင်ကြဲတင်ဆက်ထားတာမို့ ဘယ်သူက အမိုက်ဆုံးလဲဆိုတာ………။
File Size – 400MB @Episode
Quality – WEB-DL 1080P 5.1 CH
Duration – 30 minute (@Episode)
Total Episodes: 9
Subtitle – Myanmar Hardsub
Format – Mp4
Genre : Extreme Drama
Translator – Alias , San Thu Aung , Sai Thurein Lynn , Taik San
Encoder – Nyeinsaeya Aung
အားပေးမှုကို ကျေးဇူးတင်ရှိပါသည်။
CM မှ ဘာသာပြန်တင်ဆက်ထားသော ဇာတ်ကားများကို CM နှင့်မသက်ဆိုင်သည့်
Telegram Channel နှင့် App များတွင် ကူးယူခြင်း မပြုပါရန် အသိပေးအပ်ပါသည်။
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။