Channel Myanmar

Maxton Hall – The World Between Us (2024)

Maxton Hall - Die Welt Zwischen Uns

1 Seasons 6 Episodes
Returning Series

Maxton Hall – The World Between Us (2024)

8.4
TMDb: 8.4/10 132 votes

General information

Original nameMaxton Hall - Die Welt Zwischen Uns
Created by

Backdrops

Synopsis of Maxton Hall – The World Between Us (2024)

442

Maxton Hall – The World Between Us ( 2024 )
========================================

ဒီစီးရီးကတော့ ကျွန်တော်တို့ဒရာမာပေါင်းစုံမှာ မြင်နေရတဲ့ ထိတ်ထိတ်ကြဲလူချမ်းသာ လူဘော်ကြော့ သူဌေးသားနဲ့ ရိုးသားကြိုးစားဆင်းရဲတဲ့ ကျောင်းသူမလေးတို့ကြားက ဒရာမာတွေကို အခြေတည်ထားတဲ့ စီးရီးပဲ။ ကောင်လေးရယ် ကောင်မလေးရယ် ခြားထားတဲ့ ကမ္ဘာတွေရယ်ပေါ့။ ထူးတာက ဒီစီးရီးက ကျွန်တော်တို့မြင်နေကျ နိုင်ငံတွေက စီးရီးတော့မဟုတ်ဘူး။ ဂျာမနီက ထုတ်တဲ့စီးရီး။ ဒါကြောင့်မို့ပဲ ထူးခြားသွားလို့လားတော့မသိ Maxton Hallစီးရီးဟာ အမေဇုန်ပရိုင်းရဲ့ ကြည့်ရှုသူအများဆုံးစီးရီးစာရင်းထဲ နိုင်ငံပေါင်း၁၂၀မှာ ထိပ်ဆုံးမှာ ရောက်နေတယ်။ ဂျာမနီစာရေးဆရာမMona Kastenရဲ့ Save Me ဆိုတဲ့ စာအုပ်ကိုပဲ ပြန်ရိုက်ထားတယ်။ လက်ရှိမှာ Season 1 ထွက်ရှိထားပြီး အောင်လည်းအောင်မြင်နေတာမို့  Season 2ပါ ဆက်ထွက်ဖို့ ပရိုင်းက မီးစိမ်းပြထားတယ်။

ဇာတ်လမ်းကတော့  Pride and Prejudice, Gossip Girl,နဲ့ Gilmore Girlsတို့ကို ရောသမမွှေထားသလိုပဲ လို့တော့ ပြောကြတယ်။ ရူဘီဆိုတဲ့ကျောင်းသူလေးက မက်တန်ဟောလ်ဆိုတဲ့  ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်ရပြီး ကျောင်းလာတက်နေတယ်။ သူ့အိပ်မက်ကတော့ အောက်စ်ဖို့တက္ကသိုလ်မှာ ဝင်ခွင့်ရဖို့ပေါ့။ သူက သူ့အိပ်မက်အတွက် အသေအလဲကြိုးစားနေတဲ့ ကျောင်းသူလေးတစ်ယောက်ပဲ။ အဲဒီကျောင်းက တကယ့်ထိတ်ထိတ်ကြဲ သူဌေးသား သမီးတွေချည်းရှိနေတဲ့ ကျောင်းလို့ပြောရမယ်။ အဲဒီထဲမှာမှ အထင်ရှားဆုံးက ဂျိမ်းစ်ဘဲလ်ဖို့လို့ခေါ်တဲ့ နာမည်ကျော်ဘဲလ်ဖို့မိသားစုကြီးက မျိုးဆက်။ ချမ်းသာသလိုပဲ လူချမ်းသာသူဌေးသားတွေကို ကိုယ်စားပြုနေတဲ့ အချိုးမပြေခြင်းပေါင်းများစွာလည်း သူ့မှာရှိနေတယ်။  ဒီလိုနဲ့ ဂျိမ်းစ်နဲ့ရူဘီတို့ဟာ သူတို့မထင်ထားတဲ့ပြဿနာတစ်ခုကနေစပြီး တစ်ယောက်နဲ့တစ်ယောက် ပတ်သက်ရဖို့အကြောင်းဖန်လာတယ်။ ဒီလိုပတ်သက်လာတဲ့အခါမှာ အစက ရူဘီရဲ့ ကမ္ဘာဟာ မတည်ရှိသလိုဖြစ်နေခဲ့ပေမဲ့ ဂျိမ်းစ်ကြောင့် ရူဘီ့ကမ္ဘာဟာ မြင်သာလာတဲ့နောက် ရူဘီနဲ့ကျောင်းက တခြားလူတွေကြားက ခြားထားတဲ့ကမ္ဘာဟာ ပိုပေါ်လွင်လာခဲ့တယ်။ ဂျိမ်းစ်နဲ့ ရူဘီကြားက ခြားထားတဲ့ ကမ္ဘာအထပ်ထပ်ဟာလည်း ပိုပေါ်လွင်လာခဲ့တယ်။ သူတို့ကြားခြားထားတဲ့ ကမ္ဘာအထပ်ထပ်ကို ရူဘီနဲ့ဂျိမ်းစ်တို့ အချစ်နဲ့ပဲ ကျော်လွှားမလား ကိုယ့်လမ်းပဲကိုယ်ဆက်လျှောက်ကြမလား ကြည့်ရမယ့် စီးရီးပါပဲ။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )

Quality_Blu-Ray 1080p / 720p
Format_mp4
Aired: 2024
Original Network: Prime Video
Duration_00:45:00
Genre_Drama, Romance
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by W

Episode (1) [400MB]

Yoteshin / Megaup / StreamVid

Episode (1)_1080p [850MB]

Yoteshin / Megaup/ StreamVid

Episode (2) [400MB]

YoteshinMegaup / StreamVid

Episode (2)_1080p [850MB]

YoteshinMegaup/ StreamVid

Episode (3) [400MB]

Yoteshin / Megaup / StreamVid

Episode (3)_1080p [850MB]

Yoteshin / Megaup/ StreamVid

Episode (4) [400MB]

Yoteshin / Megaup / Userdrive / StreamVid

Episode (4)_1080p [850MB]

Yoteshin / Megaup/ Userdrive / StreamVid

Episode (5) [400MB]

Yoteshin / Megaup / Userdrive / StreamVid

Episode (5)_1080p [850MB]

Yoteshin / Megaup/ Userdrive / StreamVid

Episode (6) [400MB]

Yoteshin / Megaup / Userdrive / StreamVid

Episode (6)_1080p [850MB]

Yoteshin / Megaup/ Userdrive / StreamVid



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Production
Release Year
Firt air date
Last air date2024-05-09
TypeScripted
Popularity1259.804
TV StatusReturning Series