ဒီတစ်ခေါက် CM ကနေ ဘာသာပြန်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့
ပေါ့ပေါ့ပါးပါး သိုင်းကားလေးပဲ ဖြစ်ပါတယ်
ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်တော့
သိုင်းပညာတော်ပြီး စိတ်လှုပ်ရှားမိတာနဲ့ ထူးထူးဆန်းဆန်း နေမကောင်းဖြစ်တတ်တဲ့
ကျိုးယွမ်ဆိုတဲ့ ကောင်မလေးဟာ လက်ထပ်ပွဲတွေကို မုန်းတီးနေတဲ့ သခင်လေးဝေ့ချီ ရှိတဲ့
ချင်းယွင်ကျောင်းတော်မှာ ယောက်ျားလေးအဖြစ် ဟန်ဆောင်ပြီး
ပညာလာရောက်သင်ယူခဲ့ရာကနေ ဇာတ်လမ်းလေး အစချီခဲ့ပါတယ်
စိတ်လှုပ်ရှားမိတာနဲ့ ရောဂါဖောက်တတ်ပေမယ့် လက်ထပ်ရဖိုမျှော်လင့်နေတဲ့ ကျိုးယွမ်နဲ့
ထိမ်းမြားမင်္ဂလာပြုခြင်းတွေကို မုန်းတီးနေတဲ့ သခင်လေးဝေ့ချီတိုကြားမှာ မတည့်ခြင်းက
အစပြုတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပေါ်လာတဲ့ အကြောင်းလေးကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်
Main cast တွေအနေနဲ့ကတော့
The Blood of youth ထဲက လေဝူကျဲ (Ao Ruipeng)က မင်္ဂလာပွဲကို မုန်းတီးသူ သခင်လေးဝေ့ချီအဖြစ်
Love the way you are ထဲက ချစ်စရာဝတုတ်မလေး ကျန့်ယွမ်ယွမ်(Judy Qi)က
ထူးဆန်းတဲ့ကောင်မလေး ကျိုးယွမ်အဖြစ် ပါဝင်ထားတာပဲ ဖြစ်ပါတယ်
ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးသိုင်းကားလေးကိုမှ ဟာသဆန်ဆန်လေး ရိုက်ကူးထားတာဖြစ်လို
အပန်းပြေကြည့်ရှုသင့်တဲ့ ကားလေးဖြစ်တာမို CM ကနေမကြာခင်မှာ ဘာသာပြန်တင်ဆက်ပေးတော့မယ့်
ဒီကားလေးကို စောင့်မျှော်ကြည့်ရှုအားပေးလိုရပါတယ်နော်…..
Quality : WEB-DL 720p,1080p
Total Episodes : 24
Format : mp4
Genres : Romance, Youth, Fantasy
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။