![Krypton Season 1 [COMPLETE]](https://www.channelmyanmar.to/wp-content/uploads/2018/03/MV5BMTkxNDM1NzkyNV5BMl5BanBnXkFtZTgwNjg2MzU4NDM@._V1_SY1000_CR006681000_AL_.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/2ZDH1mj5OthywHyWDnVrurOitAX.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/7nirUd0OoPzS2uk23F5sp85tjrx.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/9vmnek9AZ1dOPo1KQgoPWqIVhQ3.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/v4v2XPWnocy2BxP9UocZvWQKMfA.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/5HkZNcoNDTBASSkMrfrYAnkTfhQ.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/kHplrooPyGvwstLqGHnZYabQQ0C.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/cziOkBQmK6SWtojAGGqPYVh9gkd.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/mUZaQfsEKwmIuMkCliE5Dc1sIeu.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/bQBONjzueiXvx6d9dnbhB5lSTxl.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/lpItdOGWnECp6CSzTnXldQ6uY2B.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/pw27HcJlXAoIIRu0Uh81Al3JfTr.jpg)
![Krypton Season 1 [COMPLETE]](https://image.tmdb.org/t/p/w300/d23SkRNGOeY57W8uUvU7VgvKJLq.jpg)
ဒီနေ့မှာ စတင်ပြသပြီး IMDB Rating ….7.4 ရထားတဲ့အပါတ်စဉ်ကြာသပတေးနေ့တိုင်း
တစ်ပါတ်ကိုတစ်ပိုင်းထုတ်လွင့်ပြသပေးမယ့် တီဗီစီးရီးလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။
ကျွန်တော်တို့ရဲ့ စူပါဟီးရိုးကြီး စူပါမန်း Kal-El ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ Krypton ဂြိုလ်နဲ့
သူရဲ့အဘိုးဖြစ်သူ ဆဂ်-အယ်လ်တို့အကြောင်း တင်ဆက်ထားတဲ့စီးရီးလေးပါ။
ကြည့်ရှုပြီးသူများရဲ့ ၇၅% ကျော်ကဆီကနေလည်း Positive review လေးတွေရထားပါတယ်။
တစ်ချို့ကတော့ အာကာသထဲက Game of Throne စီးရီးအလား တင်စားကြပြီး
တင်ဆက်မှုကောင်းကောင်း ဇာတ်လမ်းဇာတအိမ််ခိုင်ခိုင်မာမာရှိတဲ့စီးရီးကြည့်ချင်ရင်
ဒီစီးရီးလေးကြည့်ကြပါတဲ့
ဇာတ်လမ်းအကျဉ်းလေးကတော့…………
စူပါမန်းမမွေးဖွားခင် နှစ်ပေါင်း ၂နှစ်ရာကျော်လောက်တုန်းက အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။
အဲဒီအချိန်မှာ ခရစ်ပတွန်ဂြိုလ်မှာ The Voice of Rao လို့ခေါ်တဲ့ မျက်နှာဖုံးစွပ်အရှင်သခင်ကြီးက
Krypton ဂြိုလ်မှာကြီးစိုးထားပြီး အားလုံးက သူ့သြဇာအာဏာကို နာခံကြရပါတယ်။
ဒီစကြာဝဠာတစ်ခုလုံးမှာလည်း Kryptonဂြိုလ်တစ်ခုတည်းသာတည်ရှိနေတယ်လို့
ယုံကြည်လက်ခံထားကြပါတယ်။
စူပါမန်းရဲ့ အဘေး(Great Great Grandfather) ဗယ်လ်-အယ်လ်က
အတော်ဆုံးသိပ္ပံပညာရှင်သြဇာအာဏာရှိသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဒီစကြာဝဠာမှာ သူတို့သာမဟုတ် တခြားဂြိုလ်တွေလည်း ရှိနေသေးတယ်လို့
သူ ယုံကြည်လက်ခံလာပါတယ်။
ဒီအတွက် ဗယ်လ်-အယ်လ်ကို ပုန်ကန်သူအဖြစ် သေဒဏ်ပေးခဲ့သလို
စူပါမန်းတို့ရဲ့မျိုးနွယ် “အယ်လ်” အိမ်တော်ကိုလည်း ရာထူးရာခံတွေအားလုံး သိမ်းဆည်းပြီး
သာမန်လုပ်သားအဆင့်ကိုနှိမ့်ချသတ်မှတ်လိုက်ကြပါတယ်။
ဒီလိုနဲ့ ၁၄နှစ်ကြာပြီးအခါမှာ လူပျိုလေးတစ်ဦးဖြစ်နေပြီဖြစ်တဲ့ စူပါမန်းရဲ့အဘိုးဆီ
ကမ္ဘာဂြိုလ်က လူစိမ်းတစ်ယောက် အချိန်တွေ အာကာသတွေကိုဖြတ်ကျော်ပြီး ရောက်လာပါတယ်။
ဒီလူစိမ်းက သူရဲ့မြေးလေး စူပါမန်းဟာ စကြာဝဠာတစ်ခုလုံးမှာ အတော်ဆုံးသူရဲကောင်းတစ်ဦးဖြစ်လာမှာမို့
ဒါကို တားဆီးမယ့်သူတွေရှိနေလို့ စူပါမန်းကို မမွေးဖွားလာနိုင်အောင် လုပ်နိုင်တာမို့
ဒါကိုတားဆီးပေးဖို့ ပြောလာတဲ့အခါမှာတော့………
ဘာတွေ ဆက်ဖြစ်လာကြမလဲ
စူပါမန်းရဲ့ မျိုးနွယ်တွေက နဂိုကတည်းက စွမ်းအားရှင်တွေလား
ခရစ်ပတွန်သားတွေရဲ့ စိတ်ဓါတ် ယုံကြည်ချက်တွေက ဘာတွေလဲဆိုတာကို
တစ်ပါတ်တစ်ပိုင်း စောင့်မျှော်ကြည့်ရှုကြပါစို့လား…
Translator ….. Little Twinlay
Encoder …. Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။