Jehanabad – Of Love & War (2023)
Crime, Drama
IMDb 7.2/10
ဒီစီးရီးလေးက နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ မင်းမဲ့စရိုက်တွေ
တပြိုင်နက် ပေါက်ဖွားလာကာ ထိပ်တိုက်တွေ့ကြမည့် ဘီဟားမှာရှိတဲ့
ဂျာဟနာဘတ်ဆိုတဲ့ မြို့ငယ်လေးတစ်မြို့ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဂျာဟနာဘတ်မြို့လေးရဲ့အချစ်နဲ့စစ်ရဲ့အကြောင်းပါ။
ဒီစီးရီးလေးက SonyLIV က ထွက်ရှိခဲ့တာဖြစ်ပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ကျောရိုးကတော့…။
လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့တပ်မှူးကို ထောင်ကနေလွတ်အောင် စတင်ကြိုးစားနေကြတဲ့အချိန်
တစ်ဖက်မှာလည်း ကောလိပ်ကျောင်းသူလေးနဲ့ ကျောင်းဆရာတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာလည်း
စတင်ပေါက်ဖွားလာနေခဲ့ပြီဖြစ်ပါတယ်။
တစ်ဖက်က စစ်နဲ့ ကျန်တစ်ဖက်က အချစ်မှာ ဘယ်အရာဟာ အောင်နိုင်မှုရရှိသွားမလဲ…။
ဒီဇာတ်လမ်းနှစ်ခုဟာ ဆက်စပ်မှုရှိလာခဲ့လေမလား…။
ဂျာဟနာဘတ်မြို့သူ၊ မြို့သားတွေရဲ့ကံကြမ္မာဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့
ဒီစီးရီးလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပေးပါဦးနော်…။
Quality : 1080p WEB DL / 720p
Total Episodes : 10Eps
Format : mp4
Genres : Drama , Crime
Duration :40m
Subtitle : Myanmar Subtitle ( Hardsub )
Translated by BpL ~ Taylor ~ Yunni ~ Sai Thu Rein ~ Nyein Aye
Encoded by YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။