Ice Age: Scrat Tales (2022)
သစ်ချသီးတစ်လုံးသည် သူ့ချည်းသီးသန့်ဆို အခွံမာသီးတစ်လုံးသာဖြစ်သလို
ရှဉ့်တစ်ကောင်သည်လည်း အမွေးပွယောင်းယောင်း နှင့် ချစ်စရာတိရစ္ဆာန်လေးဖြစ်သည် ဟု ဆိုပါစို့၊
သူ့ဘသာသူ သီးသန့်ရှိနေကြမည်ဆိုရင်ဖြင့် ဘာဆိုဘာမှ မဖြစ်ပေမယ့်
တို့တွေဆုံစည်းမိလျှင်တော့ ကမ္ဘာအစ ရေခဲခေတ် အရည်ပျော်ပါသည်၊
ကမ္ဘာ့ဝင်ရိုးပြောင်းကာ တစုတစည်းတည်းရှိသော ကုန်းမြေပြင်မှသည် တိုက်ကြီး ၇ခုအထိ ကွဲထွက်သွားနိုင်သည်၊
ယုတ်စွအဆုံး မြေအောက်ကမ္ဘာထဲမှာ သွားနေနေတဲ့ ဒိုင်နိုဆောတွေပါ ငါးပါးမှောက်ရသည်။
အဟုတ်ဖြစ်သည်၊
ဒီလောက်ဒုက္ခများရသည်မှာ ထိုသစ်ချသီးနဲ့ ရှဉ့်က အပြင်လောကမှာရှိနေတဲ့ အရာတွေမဟုတ်ဘဲ
Ice Age ကမ္ဘာထဲက ကမ္ဘာဦးရှဉ့်နှင့် ဝက်သစ်ချသီး ဖြစ်နေသောကြောင့် ဖြစ်သည်၊
Ice Ageအစကတည်းက ကိုယ့်လက်ဝယ်ရပြီးသား သစ်ချသီးကို
အနှီကမ္ဘာဦးရှဉ့်က မစားဘဲသိမ်းထားဖို့ ကြိုးပမ်းရာမှ Ice Age franchiseကြီး စတင်ခဲ့ချေသည်တမုံ့။
ရှဉ့်နှင့်သစ်ချသီးတို့၏အလွဲသည် ဒီနေ့ခေတ်ကိုရီးယားစီးရီးတွေ တေ့လွဲလွဲပုံထက် အပုံကြီးခံစားရသည်၊
လက်ထဲပြန်ရောက်ကာမှ အကြောင်းအမျိုးမျိုးကြောင့် လက်လွှတ်ရပုံတွေ၊
ဗီလိန်ရှဉ့်တွေ ရဲ့ အမျိုးစုံ ကြိုးခုန် နှောင့်ယှက်မှုတွေကြားမှာ ပြန်ဆုံစည်းလိုက်၊
ဝေးကွာလိုက်နဲ့ ဆွေးတတ်လျှင် ဆွေးချင်စရာပင်ဖြစ်သည်၊
အနှီရှဉ့်သည်လည်း သစ်ချသီးကို လက်ဝယ်ပြန်ပိုင်ဆိုင်ဖို့ Ice Age 1 ထဲကစလို့
ဇွဲနပဲကြီးစွာကြိုးစားသည်ဟာ မဟာဇနက္က နှင့် နင်လား၊ ငါလားပဲဖြစ်သည်၊
ဤသို့ဤပုံ ကြိုးစားသည့် အနှီရှဉ့်သည် သူပိုင်သည့်သစ်ချသီးကို ဥစ္စာရင်းမှန်သဖြင့် ပြန်လည်ပိုင်ဆိုင်နိုင်မည်လား၊
မည်သို့သောအနှောင့်အယှက် ပိစိလေးက ဒုက္ခတွေပေးလေဦးမလဲ၊
ဘယ်လို တေ့လွဲလွဲဦးမလဲဆိုတာကို Disney +မှ Ice Age Scrat Talesဆိုသည့် အမည်ဖြင့်
Spin off ဇာတ်လမ်းတို ၆ပိုင်းထုတ်ပေးလိုက်ရာ
CMမှ တစ်ခါတည်း ဒေါင်းကြည့်လို့ အဆင်ပြေအောင်
၆ပိုင်းစလုံးကို တစ်ပိုင်းတည်း ပေါင်းတင်ဆက်ပေးလိုက်ပါပြီ၊
ဒေါင်းယူကြည့်ရှုရင်း မပြုံးဘဲ ဝါးလုံးကွဲရယ်မောပျော်ရွှင်ကြပါစေ၊
အညွှန်းကိုတော့ JimX က ရေးသားပေးထားခြင်း ဖြစ်ပါသည်။
Genre…..Animation, Family
Quality….WEB-DL 1080p and 720p
File size…455MB and 200MB
Format…mp4
Duration….23min
Subtitle….Myanmar Subtitle (Hardsub)
Encoder ….. August
CM App Link – Click Here!
1080p – Userdrive | Yoteshin | Megaup | Meganz | Streamsb
720p – Userdrive | Yoteshin | Megaup | Meganz | Streamsb
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။