CM ဖန်တွေအတွက် ၆ ပိုင်းတည်းရှိတဲ့ ထိုင်ဝမ်မီနီစီးရီးလေး
CM Team က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
Marry My Dead Body မှာ မောင်မောင်ဆိုတဲ့ ဝိညာဉ်လေးနဲ့
ဖူးစာဆုံခဲ့တဲ့ ဝူမင်ဟန့် တစ်ယောက် ICU ကို ဝင်ပြီးနောက်
စခန်းပြန်ရောက်လာချိန်မှာတော့ “GG Precinct” ဆိုတဲ့
ထိုင်ဝမ် မီနီဒရာမာလေး ပေါ်ထွက်လာပါတော့တယ်…
ဒီကားလေးကို အကျဉ်းပြောရရင် ဝူမင်ဟန့် တစ်ယောက် စခန်းမှာ
ပြန်ပြီး တာဝန်စထမ်းဆောင်တာနဲ့ ပထမဆုံးအမှုကတော့
လျှို့ဝှက်ဆန်းကြယ်မှုအပြည့်နဲ့ အသတ်ခံထားရတဲ့ အလောင်းကို
အစပြုတဲ့ ကွင်းဆက် လူသတ်မှုပါပဲ… တိုက်တိုက်ဆိုင်ဆိုင်ပဲဒီအမှုဟာ
လွန်ခဲ့တဲ့ အနှစ် ၂၀ က ဥပစာစကားလူသတ်သမားမိစ္ဆာရဲ့ အမှုနဲ့
ပတ်သက်မှုရှိနေတာကို တွေ့ခဲ့ရတယ်… ဒီဥပစာစကား လူသတ်သမားဟာဆိုရင်
တရုတ်ဘာသာစကားသင်တဲ့ နည်းပြဆရာဖြစ်ပြီး… သူ့ကျောင်းသားတွေကို
အမှားမဖြစ်စေ အမှားမခံနိုင်တဲ့ အတော်ကို တင်းကြပ်တဲ့ဆရာကြီးပေါ့…
ဒါကြောင့်လည်း သူက စာလုံးမှားရေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေကြ
ဆရာကြမ်းကြီးကနေ နောက်ဆုံးမှာ အားလုံးကြောက်ရတဲ့ စိတ်ဖောက်ပြန်သူ
ကွင်းဆက်လူသတ်သမားကြီး အဖြစ်ပြောင်းလဲသွားတာပေါ့… အခုအမှုက
ဒီဆရာပဲလုပ်တာလား… ဒါပေမယ့် ဒီဆရာက အထူးကြပ်မတ်ထောင်မှာလေ…
ဒါဆို ဘယ်သူကျူးလွန်တာလဲ… တရားခံနဲ့ ဒီဆရာ ဘယ်လိုပတ်သက်တာလဲ…
တကယ်ပဲ ရဲအဖွဲ့ကထင်သလို မူပွားအမှုလား … ဘာလှည့်ကွက်တွေရှိဦးမှာလဲ
အခင်းဖြစ်ပွားပုံ အလောင်းခွဲစိတ်မှု အမှုလိုက်ပုံတွေက သည်းထိတ်ရင်ဖိုဖြစ်ပေမယ့်လည်း
ကာရိုက်တာချင်း ဆက်ဆံမှုကတော့ ဟာသလေးတွေ နှောထားတာမို့
ရင်တထိတ်ထိတ် ရယ်ရမယ့် ကားလေးမို့ ပေါ့ပေါ့ပါးပါး အမှုလိုက်ချင်တယ်ဆို
ဒီကားလေးကို CM Team နဲ့အတူ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…
==================================
Quality : WEB-DL 720p, 1080p
Total Episodes : 6
Format : mp4
Genres : Comedy, Crime
Runtime : 40 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Chu Chu
Encoded by LK
Ep 1 (720p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 1 (1080p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 2 (720p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 2 (1080p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 3 (720p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 3 (1080p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 4 (720p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 4 (1080p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 5 (720p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 5 (1080p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 6 (END) (720p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
Ep 6 (END) (1080p) – GDToT/ Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။