Fugueuse (2018) Season-1
Fugueuse (aka) Runaway လို့အမည်ရတဲ့ ဒီစီးရီးဟာ ပြင်သစ်စကားပြော ကနေဒါ Teenage ရုပ်သံစီးရီးဖြစ်ပါတယ်။ IMDb Rating (7.6) ရရှိထားပြီး ထိုက်သင့်တဲ့အောင်မြင်မှုရရှိခဲ့တာကြောင့် 2020 မှာ Season-2 ထပ်မံထွက်ရှိခဲ့ပါတယ်…CM အနေနဲ့တော့ Season 1 ကို အရင်တင်ဆက်တာဖြစ်ပြီး S2 ကိုတော့ အလျဉ်းသင့်ရင် ထပ်မံတင်ဆက်သွားပါမယ်။ ကနေဒါမင်းသမီး Ludivine Reding က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး အဖော်အချွတ်ခန်းတွေပါဝင်တာကြောင့်မိသားစုနဲ့ ကြည့်ရှုလို့မရတဲ့ ဆယ်ကျော်သက်ရုပ်သံစီးရီးဖြစ်ပါတယ်။
ရုပ်ရှင်တစ်ခု၊ အထူးသဖြင့် အချိန်ပိုပေးရတဲ့ စီးရီးတစ်ခုကို မကြည့်ခင် ဘာကြောင့်ကြည့်သင့်တာလဲ ဆိုတဲ့မေးခွန်းကို မေးဖို့လိုတယ်။ အနုပညာက အနုပညာအတွက်သက်သက်ဆိုတဲ့ အမြင်ကြောင့်ကြည့်မလား။ ဒါမှမဟုတ် အသိတစ်ခုရဖို့အတွက် ကြည့်မလား။ ဒီစီးရီးက အသိတစ်ခုရဖို့ ဖျော်ဖြေမှုကောင်းကောင်းနဲ့ ချပြထားတဲ့ စီးရီးတစ်ခုလို့ ပြောနိုင်တယ်။ လောကကြီးက ပွေလီတယ်။ ယုံစားလို့မရတဲ့လူတွေရှိတယ်။ ကိုယ့်ရဲ့ဖြူစင်မှုကို နင်းချမယ့် လူတွေရှိတယ်။ ဒီစီးရီးမှာ မိဘတွေရဲ့ လှောင်အိမ်ကြားကနေ လောကကြီးထဲ ပစ်ဝင်ပြီး အမြတ်ထုတ်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရလိမ့်မယ်။ သူ့ဘဝကိုမြင်ရမယ်။ သူ့အတွေးတွေကိုမြင်ရမယ်။ သူ့ဆီကတဆင့် ကျနော်တို့ရဲ့ ဆယ်ကျော်သက်ဘဝက အတွေးတွေကိုပါ ပြန်မြင်ရလိမ့်မယ်။
Fugueuse ဆိုတာ အိမ်ပြေးလို့ အဓိပ္ပာယ်ရတယ်။ အဓိက ဇာတ်ကောင်ကတော့ ဖန်နီဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးပဲ။ သူ့မိသားစုက အာရှမိဘတွေလို သိပ်ချုပ်ချယ်တယ်။ ညဆို ဘယ်နှနာရီပြန်လာ၊ ဘယ်သူနဲ့ပဲပေါင်း၊ ဘာလုပ်၊ ညာလုပ်ပေါ့။ မိဘတွေရဲ့ အမြင်မှာတော့ သူတို့သမီးလေးကို အန္တရာယ်မဖြစ်စေချင်လို့ အဲဒီလိုထိန်းချုပ်ထားတာပဲ။ ဖန်နီရဲ့အမြင်မှာတော့ သူ့ကို ချုပ်ချယ်တယ်လို့ပဲမြင်တယ်။ ဖန်နီက သူ့ကို အခုလို ချုပ်ချယ်နေတာကို သဘောမကျဘူး။ ဘက်ပေါင်းစုံက ဖိအားများလာတဲ့အချိန်မှာ ပေါက်ထွက်သွားဖို့လွယ်တယ်။ ဖန်နီ ပေါက်ကွဲသွားဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့ စီစဉ်ထားတဲ့ခရီးတစ်ခု မသွားရတဲ့ကိစ္စက စနက်တံဖြစ်သွားတယ်။
ခရီးပေးမထွက်တဲ့ညက သူ့မိဘတွေကို ပုန်ကန်မယ်ဆိုတဲ့အတွေးနဲ့ သူအပြင်မှာ အိပ်တယ်။ အဲဒီမှာ ဒေမီယန်ဆိုတဲ့ အဆိုတော်တစ်ယောက်နဲ့တွေ့တယ်။ သူက ဖန်နီ့ကို သူ့ရဲ့ ဗီဒီယိုမှာ ပါဖို့ပြောပြီး အမြဲအဆက်အသွယ်လုပ်တယ်။ ဒီနေရာမှာ အသက်ကြီးတဲ့လူတွေက ကောင်မလေးတွေကို ဘယ်လို Manipulate လုပ်သလဲဆိုတာကိုပါ မြင်ရတယ်။ အရင်ဆုံး လက်ဆောင်တွေပေးတယ်၊ ဖန်နီ သူ့ရည်းစားနဲ့ပြတ်သွားတဲ့အချိန် နွေးထွေးမှုပေးတယ်။ သူလိုချင်တာကို မရမချင်း လုံးဝ လူကောင်းတစ်ယောက်လိုနေပြီး သူ့စိတ်တိုင်းကျ ပုံသွင်းတယ်။ ဒါတွေက အခုခေတ် လူငယ်တွေအနေနဲ့ သိထားသင့်တဲ့ လူတွေအကြောင်းကို ကောင်းကောင်းပြောပြလိမ့်မယ်။ အဲဒီလို အယုံသွင်းပြီးတဲ့နောက်တော့ သူ့ကို ပြည့်တန်ဆာလောကထဲအထိ ခေါ်သွင်းသွားခဲ့တယ်။
ဒီစီးရီးတစ်ခုလုံးကို အဖြစ်အပျက်သေးသေးလေးတွေကပဲ သယ်သွားတယ်။ အဲဒီအဖြစ်အပျက်သေးသေးလေးတွေက စုပုံလာတာကို မြင်နေရင်း ကြည့်တဲ့သူကပါ ရင်မောလာလိမ့်မယ်။ ကျနော်တို့ ကြုံခဲ့ဖူးလောက်တဲ့ teenage crisis ကိုပါ ဒီထဲပါ သေချာမြင်ရလိမ့်မယ်။ ပြည့်တန်ဆာလောကတွေ၊ မူးယစ်ဆေးတွေ၊ လူကုန်ကူးမှုတွေအကြောင်း အရှိအတိုင်းပြထားတဲ့အတွက် သတိထားဆင်ခြင်စရာတွေ ရလိမ့်မယ်။ အဖော်အချွတ်အခန်းတွေပါတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်တော်ပါဘူး။ ဘဝဆိုတာ ပန်းခင်းတွေနဲ့ချည်းပြည့်နေတာမဟုတ်သလို လူတွေကလည်း သူတော်စင်တွေချည်းမဟုတ်ဘူး။ မိတ်ဆွေတွေ၊ မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူတွေ လောကမှာ အပြည့်ရှိတယ်။ ကိုယ့်ရန်သူကို အနိုင်ယူဖို့ ရန်သူအကြောင်းသိရမယ်။ ဒီစီးရီးကတော့ ရန်သူတွေအကြောင်း တစ်စေ့တစ်စောင်းပါပဲ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)
File Size –(1.3 GB) / (600 MB) (Appx;) @Episode
Quality – WEB-DL 1080p HEVC /720P
Duration – 40 min (@Episode)
Total Episode – 10 Episode in Season-1
Subtitle – Myanmar Hardsub
Format – mkv/mp4
Genre : Adult , Drama
Translator – Min Thant Bo
Encoder – Ka Naung
Download Season(1)Complete
==============
Episode-1 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-1 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-2 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-2 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-3 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-3 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-4 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-4 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-5 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-5 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-6 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-6 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-7 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-7 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-8 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-8 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-9 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-9 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
Episode-10 (1080p) >>> Yoteshin / Gdtot / MegaUp
Episode-10 (72op) >>>Telegram/ Yoteshin / Gdtot / MegaUp
– Season(1) ပြီးပါပြီ။
– Season 2 ကိုတော့ အလျဉ်းသင့်မှသာ တင်ဆက်သွားပါမည်။
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။