Exposure (2024)
IMDb – 5.9/10
CM ရဲ့ အင်္ဂလိပ်စီးရီးပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကတော့
အသစ်စက်စက်ထွက်ရှိထားတဲ့ Exposure ဆိုတဲ့ မီနီစီးရီးလေးပဲဖြစ်ပါတယ်။
ဓာတ်ပုံပြိုင်ပွဲအထိပါ ဆုရထားတဲ့ တက်သစ်စဓာတ်ပုံဆရာမလေးဂျက်စ်ဟာ
ငယ်သူငယ်ချင်းရဲ့နာရေးသတင်းကြောင့် မွေးရပ်မြေမြို့လေးကို ပြန်လာခဲ့ပါတယ်။
ရိုးရှင်းတဲ့မြို့ငယ်လေးဖြစ်တာမို့ သူငယ်ချင်းဖြစ်သူရဲ့ သေဆုံးမှုဟာလည်း
သာမာန်ဆန်တဲ့နာရေးတစ်ခုအနေနဲ့ပဲ ပြီးမြောက်သွားခဲ့ပါတယ်။
မပြီးမြောက်နိုင်တာတော့ ဂျက်စ်ပါပဲ။ ဘာရယ်မဟုတ် အတိတ်ကအမှတ်တရတွေကို
လိုက်တူးဆွမိရင်း သူငယ်ချင်းဖြစ်သူရဲ့ဖုန်းထဲက ထူးဆန်းတဲ့လူတစ်ယောက်ကို လိုက်စုံစမ်းမိလာပါတော့တယ်။
ဒီသေဆုံးမှုဟာ ခပ်မှိုင်းမှိုင်းမြို့ငယ်လေးက ခပ်ရိုးရိုးသေဆုံးမှုလား… ဒါမှမဟုတ် မြှုပ်ကွက်များရှိနေမလား၊
ဂျက်စ်တစ်ယောက် သူလိုချင်တဲ့အဖြေရသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ
လိုက်ပါစီးမြောကြည့်ရှုလိုက်ပါဦး။ ခပ်မှိုင်းမှိုင်း Cinematography ၊ ခပ်လေးလေးနောက်ခံတီးလုံးနဲ့ ခပ်အေးအေး
plot အသွားကြောင့် ခုလိုမိုးအေးအေးနဲ့ကြည့်လို့တော့ အကိုက်ဆုံးစီးရီးလေးလို့ ညွှန်းပါရစေ။
အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi, Sai Sumali, Zwe Yan, Alexia နဲ့ V တို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။
File Size – 600MB (Appx;)@Episode
Quality – 1080p WEB DL
Duration – 30minute (@Episode)
Total Episodes: 6Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Mystery
Translator – CM Team
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။