IMDb – 7.8/10
ကျား/မ တန်းတူညီမျှရေးဆိုတာ ဒီခေတ်မှာ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ စကားမျိုးပါပဲ…..အခုလို ကိစ္စတိုင်းနီးပါး တန်းတူညီမျှထားပါတယ်လို့ ဆိုနေကြတဲ့အချိန်မှာတောင် တချို့ အရပ်ဒေသတွေမှာ အမျိုးသမီးတွေကို တဆင်နိမ့်ဆက်ဆံတဲ့နေရာတွေရှိနေတော့ အရင်ခေတ်ကလို ကျား/မ ခွဲခြားဆက်ဆံတဲ့ခေတ်ဆို တွေးသာကြည့်ပေတော့ပဲ…..
အဲဒီလို ကျား/မ ခွဲခြားဆက်ဆံတဲ့အထဲမှာ ဥရောပနိုင်ငံတွေက အင်မတန်ဆိုးရွားလှပါတယ်……အဲဒီထဲမှာ စပိန်လည်းအပါအဝင်ပေါ့ သူတို့ရဲ့ ကျား/မ တန်းတူအခွင့်အရေးရဖို့ မဲပေးခွင့်ရဖို့တွေအတွက် တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ ရုပ်ရှင်ပေါင်း မှတ်တမ်းပေါင်းများစွာလည်းရှိကြပါတယ်…..သူတို့ရဲ့ တွန်းလှန်မှုတွေဟာ အခြေအနေတခုထိအောင်မြင်ခဲ့တာလည်း အခုမျက်မြင်ကိုယ်တွေ့ပါပဲ…..
အခုဇာတ်လမ်းတွဲလေးကတော့ ၁၉၇၀ပြည့်နှစ်တွေတုန်းက စပိန်နိုင်ငံရဲ့ အငွေ့အသက်တွေရယ် အဲဒီခေတ်တုန်းက ကျား/မ ဘယ်လိုခွဲခြားဆက်ဆံကြတယ်ဆိုတာရယ် အထက်တန်းကျောင်းသူလေးတစ်ယောက်အနေနဲ့ အမျိုးသမီးဝါဒီကို ဘယ်လိုဆွဲကိုင် တွန်းလှန်မယ်ဆိုတာရယ်ကို ကြည့်ရှုရမှာပါ…..ကျောင်းသားဘဝကနေ စပြီးရိုက်ပြထားတာမို့ ကျောင်းသားအငွေ့အသက်လေးတွေကိုလည်း ခံစားရမယ် ဆယ်ကျော်သက်တွေရဲ့ စူးစမ်းလေ့လာချင်စိတ် လေတိုက်တိုင်းစိတ်ကစားတတ်တဲ့စိတ် ကလေးဘဝရဲ့ပျော်ရွှင်မှု အစရှိတာတွေကိုပါ ခံစားရမှာမို့ ကြည်နူးစေမဲ့ကားလေးတစ်ကားလို့ပဲ မိတ်ဆက်ပေးပါရစေ……
မင်းသမီးလေးက Francisca Estevez ဆိုတော့ ဆွဲဆောင်မှုလည်းရှိ ချစ်ဖို့ပါကောင်းနေတော့ ကြည့်နေရင်းပြုံးနေမိမှာပါ…..
File size…(1.1 GB)/(500 Mb)
Quality….Webrip 1080p / 720p
Format… mp4
Duration…. 00:42:00
Genre… Drama, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoded & Translated by Garfield
Season 1
Episode 1 720p – Telegram/Yoteshin /gdtot/ Megaup / Usersdrive / Streamwish
Episode 2 720p – Telegram/Yoteshin /gdtot/ Megaup / Usersdrive / Streamwish
Episode 3 720p – Telegram/Yoteshin /gdtot/ Megaup / Usersdrive / Streamwish
Episode 4 720p – Telegram/Yoteshin /gdtot/ Megaup / Usersdrive / Streamwish
စီစန်၁မှာ အပိုင်း ၁၃ပိုင်း ပါဝင်မှာဖြစ်ပြီး ကျန်အပိုင်းများကိုလည်း ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်…..
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။