Channel Myanmar နှင့် Solid-Drama ပူးပေါင်းတင်ဆက်သည်
ဒီလိုမျိုး Tokusatsu Seriesတွေ စကြည့်တော့မယ်ဆိုရင်
Tokusatsuဆိုတာ ဘာလဲဆိုတာသိဖို့
Tokusatsu အကြောင်းကို ဒီမှာ ဖတ်ကြည့်လိုက်ပါ
Tokusatsu ဆိုတာ– https://m.facebook.com/story.php?story_fbid=172067213345280&id=152942318591103
ဒီSeriesလေးက
ကားဟောင်းလေးဆိုတော့ သိပ်မကြည့်ချင်ကြဘူးဆိုရင်…
ဒီ Reviewလေးဖတ်ပြီး ကြည့်ဖတ်အောင်ကြည့်လိုက်ပါ။
ဇာတ်လမ်းတစ်ခုလုံးပြီးတဲ့အခါ ကြည့်ရတာ လုံးဝစိတ်မပျက်သွားစေရပါဘူး…
Imdb Rating 8.6အထိရထားတဲ့ Showaခေတ်ဟောင်းဇာတ်လမ်းတွဲလေးမို့
သိမ်းထားသင့်ပါတယ်လို့ အရင်ပြောပါရစေ…
Chouji sentai Jetman (1991) Reviewလေးပါ…
ဟောင်းပေမဲ့ကောင်းနေဆဲ ဆန်တိုင်းဇာတ်လမ်းတွဲတခုဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်း။ ။(Spoil ပါဝင်နိုင်သည်)
အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့အစည်းတခုက စွမ်းအားမြင့်စစ်သည်တွေဖန်တီးဖို့
Birdonic wave ဆိုတဲ့ စွမ်းအင်တမျိုးကိုတီထွင်ခဲ့ပါတယ်။
ငှက်လူသားစွမ်းအားကိုရရှိစေမယ့်နည်းပညာပေါ့။
ရီယူး(Ryu) နဲ့ ရိအဲ(Rie)တို့ စုံတွဲဟာ ပထမဆုံး Jetman အဖြစ်ရွေးချယ်ခံရတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးပေါ့။
ဒါပေမဲ့ အာကာသထဲမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကာကွယ်ရေးဌာနပိုင် စမ်းသပ်ခန်းမှာ
ရီယူး ကို Birdonic wave နဲ့ပြောင်းလဲပြီးချိန် တခြားစကြဝဠာကလာတဲ့ Vyram ဆိုတဲ့ နယ်ချဲ့တစုက
Birdonic wave စမ်းသပ်နေတဲ့စခန်းကိုဝင်ရောက်တိုက်ခိုက်တာကြောင့်
ရီအဲဟာ သေဆုံးသွားခဲ့သလို ကျန် Birdonic power ၄ ခုကလည်း ကမ္ဘာပေါ်ကိုလွင့်စင်ထွက်သွားပြီး
မထင်မှတ်ထားတဲ့သာမန်အရပ်သားလေးယောက်ဆီဝင်ရောက်သွားခဲ့ပါတော့တယ်…။
သူတို့ကတော့ ဂိုင်း (Gai), အာ့ကို(Ako), ရိုင့်တ(Raita), ခါအိုရိ(Kaori) တို့ဖြစ်ပါတယ်။
သူတို့လေးယောက်က မတူညီတဲ့အသိုင်းအဝိုင်းတွေကဖြစ်ပြီး
စစချင်းတယောက်နဲ့တယောက်လည်းမသိကျွမ်းကြပါဘူး။
ဒါကလည်း ဇာတ်လမ်းရဲ့အနှစ်သာရတစ်ခုပဲဖြစ်ပါတယ်။
Gai- ဂျစ်ကန်ကန် ခပ်ဆိုးဆိုးခပ်ပေပေနေတတ်တဲ့သူတယောက်
Ako- အထက်တန်းကျောင်းသူ။ ငွေမက်တယ်…
Raita- ခပ်ရိုးရိုး ခပ်အအ လယ်သမား
Kaori- သူဌေးသမီး… ယဉ်ကျေးသိမ်မွေ့တယ်။
သူတို့ကို Commander Aya (အာယ)နဲ့ ရီယူးတို့က ကလိုက်လံစုစည်းတဲ့အခါ
ဂိုင်း တယောက်က ဂျစ်ကန်ကန်နဲ့ ဘယ်သူ့အမိန့်မှမနာခံတတ်သူဆိုတော့
အတော်ခက်ခက်ခဲခဲစည်းရုံးခဲ့ရတာတွေ…
Warrior တွေအဖြစ်နေထိုင်လာကြတာမဟုတ်ပေမဲ့ ကမ္ဘာကြီးကို
Vyram တွေရန်က ကာကွယ်ဖို့ စည်းလုံးခဲ့ကြတာတွေ
တယောက်နဲ့တယောက်အပြန်ပတ်သက်မှုတွေ သူငယ်ချင်းမိတ်ဆွေသံယောဇဉ်တွေ…
ဒါတွေကို ရသအစုံစုံကြည့်ရှုခံစားရမယ့်အပြင်
Vyram တွေဘက်ကဇာတ်လမ်းတွေဆိုလည်း အချင်းချင်းကြားမှာ
အသာစီးရလိုမှု မနာလိုမှုတွေနဲ့အားပြိုင်တာတွေကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။
————————————————-
ဒီဇာတ်လမ်းတွဲဟာ ဆန်တိုင်းသမိုင်းမှာ
အင်မတန်ထူးခြားမှုတွေရှိခဲ့တဲ့ဇာတ်လမ်းတွဲတခုပါ။
ဘာလို့လဲဆိုတော့ Toei ကုမ္ပဏီဟာ Jetmanဇာတ်လမ်းတွဲ သာ ထင်သလောက်မပေါက်ရင်
Supersentai series တွေနိဂုံးချုပ်ရတော့မယ့်အခြေအနေကိုကြုံခဲ့ရပါတယ်တဲ့။
သူ့ရှေ့က Five man မှာ ကြည့်ရှုနှုန်းကျဆင်းခဲ့ပြီး ဘတ်ဂျက်မလုံလောက်မှုကြောင့်လည်းပါပါတယ်…
(သေချာကြည့်မယ်ဆိုရင် စက်ရုပ်တွေ ဆက်တင်တွေတော်တော်Low Budget နဲ့လုပ်ထားတာသိသာပါတယ်)။
ဒါပေမဲ့ Jetman ဟာ Drama ပိုင်းမှာသိပ်ကောင်းတာကြောင့်
လူကြီးပိုင်းတွေပါအားပေးမှုရှိခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် Supersentai series ရဲ့ ကယ်တင်ရှင်ဖြစ်ခဲ့ပါတယ်.. ။
နောက်ထပ်ထူးခြားမှုလေးတွေအနေနဲ့ပြောရရင်..
Vyram တွေဖျက်စီးခဲ့တဲ့ စကြဝဠာက Dimensia ဂြိုဟ်ကနေရောက်လာတဲ့
Dimensia ရဲ့နောက်ဆုံးစစ်သည် သုံးယောက်ထဲက Dan ဆိုတာဟာ Zyuranger မှာပါတဲ့ Dan ပဲဖြစ်ပါတယ်…
ထို့အတူ Neo Jetman တပ်ဖွဲ့ထဲမှာလည်း Zyuranger ထဲက
Geki အဖြစ်ပါဝင်မယ့်မင်းသားကိုပွဲထုတ်ထားပါတယ်…။
Series ရဲ့ Ending theme ဖြစ်တဲ့ Kokoro wa Tamago ဆိုတဲ့သီချင်းလေးဟာလည်း
ထိုခေတ် ထိုအခါကကြည့်ခဲ့ရတဲ့ပရိတ်သတ်တယောက်အနေနဲ့ ပြန်ကြားရတိုင်း
ငယ်ဘဝကိုသတိရစရာ သီချင်းကောင်းလေးတပုဒ်ဖြစ်ပါတယ်…။
ရုပ်ရှင်အညွှန်းကို Ko Sai (Manga Artist) မှရေးသားပေးတာဖြစ်ပြီး
(Aung Kyaw မှ ဘာသာပြန်ပေးထားတာဖြစ်ပါတယ်)
Subtitles: Burmese Hardsub
Imdb Rating: 8.6
Status: Ongoing
Genre: Action | Drama | Fantasy | Horror | Romance | Sci-Fi | Thriller
Translated By Aung Kyaw
Subtitle Style Edited By Min Khant Oo
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။