Channel Myanmar

Buddha (2013-2014)

Buddhaa - Rajaon ka Raja

1 Seasons 55 Episodes
Ended

Buddha (2013-2014)

9.2
TMDb: 9.2/10 4 votes

General information

Original nameBuddhaa - Rajaon ka Raja
Created by

Backdrops

Buddha (2013-2014)
Buddha (2013-2014)

Synopsis of Buddha (2013-2014)

442

မိရိုးဖလာသမိုင်းအလွန်က ဗုဒ္ဓဝင် | Buddha – Rajaon Ka Raja (2013 – 2014)

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဝင်နဲ့ပတ်သက်ပြီး အဆင့်အဆန်းတစ်ခုရှိတဲ့ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲထွက်ရှိမှုပမာဏကတော့ လက်ချိုးရေတွက်လို့ရအောင်နည်းလွန်းတာကတော့ စိတ်မကောင်းစရာတစ်ခုပါပဲ။ ရှားရှားပါးပါး ဒါရိုက်တာဦးသုခရိုက်ခဲ့ဖူးတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ် ဆိုတဲ့ ရုပ်ရှင်ကတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မြန်မာတွေဖန်တီးခဲ့သမျှထဲမှာ အဆင့်အတန်းတစ်ခုအထိရှိခဲ့တာကတော့ လက်ခံရလိမ့်မယ်။

၂၀၁၃ က ထွက်ခဲ့တဲ့ Zee TV ရဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းတွဲ Buddha: Rajaon Ke Raja ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ဗုဒ္ဓဘာသာရဲ့ပြယုဂ်တစ်ခုကို ကောင်းကောင်းကြီးပြသပေးခဲ့တဲ့ show တစ်ခုလို့ ပြောရမယ်။ အဲထဲမှာသုံးထားတဲ့ သမိုင်းအကိုးအကားအများစုနဲ့ ဇာတ်လမ်းတည်ဆောက်ပုံတွေကတော့ နီပေါ၊ တိဘက်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ဒေသ​တွေက ဗုဒ္ဓဝင်မူကွဲတွေကို ကိုးကားထားတာတွေ့ရပါတယ်။ (တချို့မူကွဲတွေမှာ မယ်တော်မာယာရဲ့ဝမ်းကြာတိုက်ကို ဆင်ဖြူတော်တစ်ကောင်ဝင်တယ် လို့ အိပ်မက်မက်တယ်၊ တချို့ကြတော့ ကြာပန်းတစ်ပွင့်ဝင်တယ်လို့ အိပ်မက်မက်တယ် လို့ ရေးထားကြတယ်) ဒါပေမယ့် မြန်မာဗုဒ္ဓဝင်တွေနဲ့အများကြီးတူညီတဲ့အကိုးအကားတွေကိုလည်း ဒီထဲမှာပြန်တွေ့ရတယ်ပေါ့။

စုစုပေါင်း ၅၅ ပိုင်း ရှိတယ်။ တစ်ပိုင်းတစ်ပိုင်းကို ပြသချိန်က ၄၅မိနစ်ကနေ တစ်နာရီအထိရှိတယ်။ ဒီ show ကို ဘာလို့သဘောကျရလဲဆိုတော့ ဗုဒ္ဓကို မြန်မာဗုဒ္ဒဝင်တွေထဲကလို ခေါက်ရိုးကျိုးပုံစံတွေနဲ့ပြသထားတာမဟုတ်ပဲ မတူညီတဲ့ရှုထောင့်တွေ၊ လွတ်မြောက်ရာနိဗ္ဗာန်လမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ လူသားတစ်ယောက်အနေနဲ့၊ သူတွေ့ရှိခဲ့တဲ့အသိပညာနဲ့တရားတွေကို လောကထဲကလူသားတွေကိုမျှဝေပေးခဲ့တဲ့ မဟာလူသားတစ်ယောက်အနေနဲ့ ပြသထားတာတွေကြောင့် သဘောကျမိခဲ့တာပေါ့။

အမ္ဗပါလိ၊ ပသေနဒီကောလသ၊ မဟာကဿပ၊ အင်္ဂုလိမာလ စတဲ့စတဲ့ ဗုဒ္ဓဝင်ထဲက ဇာတ်ကောင်တွေကိုလည်း ဒီ show မှာ reality ဆန်တဲ့ ရှူထောင့်တွေနဲ့ပြသခဲ့တယ်။ အထူးသဖြင့် ဒေဝဒတ်နဲ့ပတ်သက်ပြီး တင်ဆက်ပြသခဲ့တဲ့ပုံစံကို တော်တော်သဘောကျမိတယ်။ နောက်ဆုံးမှာ ဒေဝဒတ်တစ်ယောက် သူမှားကြောင်းဝန်ခံခဲ့ပြီး မသေခင်မှာ သရဏဂုံတင်ခွင့်ရသွားခဲ့တယ် ဆိုတာကတော့ မြန်မာဗုဒ္ဓဝင်မူကွဲတွေနဲ့မတူပေမယ့်လည်း လက်ခံလို့ရခဲ့တဲ့အနေအထားတစ်ခုဖြစ်သွားခဲ့တယ်။

ဒီ တစ် show လုံးမှာ အစအလယ်အဆုံး ဗုဒ္ဓဝါဒဆိုတာကို ရိုးရှင်းတဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာက ထင်မှတ်မထားအောင်စိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင်တော့ ဗုဒ္ဓဟာ ဉာဏ်ပညာအလင်းရသွားတဲ့မဟာလူသားတစ်ယောက်ဖြစ်ပေမယ့် လူသားထဲကလူသားတစ်ယောက်ပါပဲဆိုတဲ့အမြင်နဲ့ တင်ဆက်ခဲ့တာပေါ့။ အဲမှာတစ်ခုရှိတာက အရှေ့တောင်အာရှက ဗုဒ္ဓဝင်တွေနဲ့ကွဲထွက်နေတဲ့အကြောင်းအရာတွေ၊ အငြင်းပွားစရာဇာတ်လမ်းအ​ကြောင်းအရာတွေလည်းပါသွားတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီလိုအငြင်းပွားစရာအကြောင်းအရာတွေက ဇာတ်လမ်းရဲ့တင်ဆက်ပုံမှာရော၊ ဗုဒ္ဓဝါဒကိုပါ ထိခိုက်မှုမရှိတာကိုတွေ့ခဲ့ရတယ်ပေါ့။

ပြောရရင် ဒီ show တစ်ခုလုံးမှာ ဗုဒ္ဓက တန်ခိုးပြခဲ့တယ်ဆိုတာ လုံးဝပါမလာခဲ့ဘူး။ အောင်ခြင်း ၈ ပါးထဲက ပထမဆုံးဖြစ်တဲ့ မာရ်နတ်ကိုအောင်ခြင်းလောက်ပဲ တန်ခိုးတွေစွမ်းအားတွေထည့်သုံးထားတာတော့ရှိတယ်၊ ဒါကလဲ ဗုဒ္ဓဖြစ်ဖို့ကျင့်ကြံနေတုန်းမှာ မာရ်နတ်ကနှောင့်ယှက်တာဆိုတော့ ဖြစ်သင့်တဲ့အနေအထားတစ်ခုပါပဲ။ အဲဒီမှာကျွန်တော်ကြိုက်မိတာက မိမိကိုယ်ကိုအောင်နိုင်ခြင်း ဆိုတဲ့ သဘောတရားကို ဖိသုံးထားတာကိုပါပဲ။

ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီးပြောရရင် ဗုဒ္ဓနေရာကနေသရုပ်ဆောင်ခဲ့တဲ့ Himanshu Soni ကို လုံးဝသဘောကျတယ်။ တော်ရုံတန်ရုံသရုပ်ဆောင်တွေ လုပ်နိုင်ရင်တောင် လုပ်ဖို့မတတ်နိုင်တဲ့ နက်နဲတဲ့ဇာတ်ကောင်စရိုက်ကို ပီပီသသပုံဖော်နိုင်ခဲ့တာ နည်းတဲ့သရုပ်ဆောင်ချက်မျိုးမှမဟုတ်တာပဲမလား။

အနှစ်ချုပ်သဘောနဲ့ပြောရရင် အယူသီးလွန်းတဲ့မြန်မာနိုင်ငံမှာ reality ဆန်တဲ့ အိန္ဒိယရဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းတွဲက လူကြိုက်များသွားခဲ့တာ တော်တော်အံ့သြဖို့ကောင်းတယ်လို့ပြောလိုက်ချင်တာပါပဲ။ ကျွန်တော်တို့နယ်မှာ ဘုန်းကြီးကျောင်းတချို့ဆိုရင် ဒီဇာတ်လမ်းတွဲကို ညဘက်တွေမှာ ဘုန်းကြီးကျောင်းသားတွေနဲ့ ကိုရင်တွေကို အခွေထိုးပြီးပြတဲ့အဆင့်အထိရှိခဲ့ဖူးတယ်။

ကာလတွေကြာလာလေလေ၊ ကိုးကွယ်ကြသူတွေရဲ့ အယူသီးစိတ်တွေကြောင့် ဗုဒ္ဓဝါဒဟာ ကိုယ်တိုင်အားထုတ်ခြင်း မဟုတ်တော့ပဲ တန်ခိုးရှင်နဲ့ ဗေဒင်ဝါဒဘက်ကို တစ်စတစ်စရောက်လာလေလေ ဖြစ်လာတဲ့အချိန်မှာ အဘိဓမ္မာစာပေတွေဖတ်ဖို့အချိန်မပေးနိုင်ရင် ဒီ show ကို ကြည့်လိုက်ရင်တော့ တစ်ခုမဟုတ်တစ်ခုအသိပညာရသွားမှာအမှန်ပါပဲ။

Sub-Zero ရေးသည်။

(ရုပ်ရှင်အညွှန်းကို Myanmar Varient Entertainment FB Page မှ ကူးယူဖော်ပြပါသည်။)

 

File Size – 1.2 GB (Appx;) @Episode
Quality – BluRay 1080p
Duration – 45 min (@Episode)
Episode – 55
Subtitle – Myanmar Hardsub
Format – mp4
Genre : Adventure,Drama, History, Documentary,Biography, Mystery
Encoder – Ka Naung

 

(အပိုင်းလိုက်ကို CM App မှာဒေါင်းပါ…Zip ကိုတော့ YoteShin Link နဲ့တင်ပေးထားပါတယ်။)

 

Watch & Download in App >>>www.cmapp.tv

 

Download Zip Link
=============

Ep (1-10) Zip (12 GB) >>> YoteShin

 

Ep(11-20) Zip (12 GB) >>> YoteShin

 

Ep(21-30) Zip (12 GB) >>> YoteShin

 

Ep(31-40) Zip (12 GB) >>> YoteShin

 

Ep(41-50) Zip (12 GB) >>> YoteShin

 

Ep(51-55-END) Zip (5 GB) >>> YoteShin

 

(ပြီးပါပြီ။)

– Channel Myanmar Team –



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2016-09-24
TypeScripted
Episode runtime45 min
Popularity17.191
TV StatusEnded

Seasons and episodes

No data available


Videos

No data available