အခုတလော Interမှာရော မြန်မာနိုင်ငံမှာရော ရေပန်းစားနေတဲ့ Netflix ကနေ ထွက်ရှိထားတဲ့ Baby Reindeer လို့ခေါ်တဲ့ ဖြစ်ရပ်မှန်စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးရဲ့ထူးခြားချက်တစ်ခုက Donny နေရာကို အပြင်က တကယ့်နစ်နာသူ victim ဖြစ်တဲ့ Richard Gadd ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Victim ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ စီးရီးဖြစ်နေတာကြောင့် ဇာတ်လမ်းမှာပါဝင်တဲ့ နောက်ယောင်လိုက်ခံရတာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေကို တခြားစီးရီးတွေထက် နက်နက်ရှိုင်းရှိုင်း ပိုပြီးခံစားရစေမှာပါ။
ဇာတ်လမ်းလေးကတော့ ဒွန်နီဒန်းက မိမိအိပ်မက်ဖြစ်တဲ့ လူရွှင်တော် အလုပ်ကို အကောင်ထည်ဖော်ဖို့ လန်ဒန်ကို လာခဲ့သူလေးပါ။ ဒွန်နီက လူရွှင်တော်ဖြစ်ဖို့ကြိုးစားရင်း ငွေလေးဝင်အောင် ဘားတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒွန်နီ ဘားမှာ အလုပ်လုပ်နေတုန်း မာသာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုင်ထဲဝင်လာပါတယ်။ ဒွန်နီကလည်း သူ့ရဲ့ဝမ်းနည်းပင်ပန်းနေတဲ့ပုံသဏ္ဍာန်ကို သနားသွားပြီး အလကားတိုက်လိုက်ပါတယ်။ ဒီလို အလကားတိုက်လိုက်ရာကနေ မာသာ တစ်ယောက် ဒွန်နီ့ကို တအားစွဲလန်းသွားပြီး ဒွန်နီ အလုပ်လုပ်တဲ့နေရာတွေ၊ ဖျော်ဖြေတဲ့နေရာတွေကိုပါ ရောက်ချလာပါတော့တယ်။ ဒါ့အပြင် emailလည်း တနေ့ကို အစောင် ၈၀လောက် ပို့ပြီး ဆက်တိုက်ကို နှောင့်ယှက်လာပါတော့တယ်။ ဆိုင်ထဲဝင်လာတဲ့ အမျိုးသမီးက သာမန်လို့ပဲ ထင်ထားရာကနေ မာသာရဲ့နောက်ကြောင်းတွေကို ရှာတွေ့သွားတဲ့အခါ …. ဒွန်နီ နောက်ယောင်လိုက်ခံနေရတယ်ဆိုတာကို သိသွားတဲ့အခါ …. ဘာတွေဆက်ဖြစ်ကြမလဲ၊ မာသာ့ဘက်က ဘယ်လောက်ဆိုးဆိုး လိုက်stalkနေမလဲ၊ ဘယ်လောက်ထိ စိတ်ဒဏ်ရာတွေ အနှောင့်ယှက်တွေပေးမလဲ … မာသာ့လက်ထဲကနေ ဒွန်နီတစ်ယောက် ရုန်းထွက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
File size…(688 MB)/(288 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….00:33:27
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Min Khant Kyi Win
Episode 1 720p – Yoteshin / Megaup / Telegram / Usersdrive
Episode 2 720p – Yoteshin / Megaup / Telegram / Usersdrive
Episode 3 720p – Yoteshin / Megaup / Telegram / Usersdrive
Episode 4 720p – Yoteshin / Megaup / Telegram / Usersdrive
Episode 5 720p – Yoteshin / Megaup / Telegram / Usersdrive
Episode 6 720p – Yoteshin / Megaup / Telegram / Usersdrive
Episode 7 720p – Yoteshin / Megaup / Usersdrive
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။