Channel Myanmar

Baby Fever (2022)

Skruk

1 Seasons 6 Episodes
Ended

Baby Fever (2022)

6.4
TMDb: 6.4/10 5 votes

General information

Original nameSkruk

Backdrops

Synopsis of Baby Fever (2022)

442

Netflix ရဲ့ စိတ်၀င်စားဖွယ် ဒိန်းမတ် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ CM ပရိတ်သတ်ကြီးရေ….

နာနာဆိုတဲ့ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးဟာ သားဖွားမီးယပ်ဆရာ၀န်မ တစ်ယောက်ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ ဆရာ၀န်ဖြစ်တဲ့အလျောက် သူ့ဆီလာတဲ့
အမျိုးသမီးလူနာတွေကို အမြဲ အကြံဉာဏ်ကောင်းတွေပေး စိတ်ဓာတ်မကျအောင်
ဖေးမလို့ ဆေးကုသပေးသူပေါ့။ ကိုယ်၀န်မဆောင်နိုင်မှာ ကြောက်တဲ့သူတွေကိုလည်း
သာဓကတွေ အမျိုးမျိုးပေးရင်း စိတ်ကျေနပ်စေတဲ့အပြင် သူ အကြံပေးလိုက်သူတိုင်းကလည်း ကိုယ်၀န်ဆောင်နိုင်သွားတဲ့ မိခင်တွေ ဖြစ်လာပါတယ် ….

သို့ပေမဲ့ နာနာ့ရဲ့အဖြစ်က သွားမကောင်းတဲ့ သွားဆရာ၀န်တစ်ယောက်လိုပါပဲ။ အများအကျိူးဆောင်နေပေမယ့် ကိုယ်တိုင်ကျ အခုထိ ကလေးလိုချင်ပါလျက် ကလေးမရနိုင်သူပါ။ မိသားစု မျိုးရိုးဗီဇကြောင့် နောက်ခြောက်လလောက်နေရင် သွေးဆုံးတော့မယ့်
နာနာဟာ အဲဒီခြောက်လအတွင်း ကိုယ်၀န်ဆောင်နိုင်ဖို့အရေးဟာ သူ့အတွက် ဘ၀နဲ့ချီ
ကြီးမားတဲ့ ဆန္ဒတစ်ခု ဖြစ်နေပါတယ်။

ဒီလိုအချိန်မှာ ထီပေါက်တယ်လို့ဆိုရပေမလား…. နာနာဟာ သူတို့ဆေးခန်းကို သုက်ပိုးလာလှူတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတဲ့ ရည်းစားဟောင်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့လည်း လေယာဉ်ပျက်ကျတာ ကံကောင်းလို့ ပင်လယ်ထဲကိုကျ‌သော်ငြား ကံဆိုးလို့ ငမန်းနဲ့တွေ့ဆိုသလိုပဲ..အလျင်လိုနေတဲ့ နာနာက အခုမှ ပြန်တွေ့တဲ့ လူကို ‌ကလေးယူဖို့အကြောင်း သွားပြောလို့ ဟိုက လန့်ဖြန့်ပြီး ကမောက်ကမတွေ
ဖြစ်ကုန်ပါတော့တယ်….

ဒီလိုနဲ့ တစ်ညမှာ ပူပင်မှုအပေါင်းခညောင်းရင်း မူးမူးရူးရူးနဲ့ သူ့ရည်းစားဟောင်း လှူသွားတဲ့ သုက်ပိုးကို သူ့ရဲ့ မိန်းမဖိုထဲထည့်ပြီး ကလေးယူဖို့ ကြိုးစားတဲ့ အချိန်မှာ …..
နာနာ့ရဲ့ ကလေးလိုချင်မှု အရှုပ်တော်ပုံကြီး ဖြစ်ပေါ်လာပါတော့တယ်

 

File size…400 Mb
Quality….Webrip 720p
Format…mp4
Duration….50 Min
Genre…Drama / Drama / Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Yoon Sandi Aung

 

Episode 1

720p – VIP / Yoteshin / Meaup // Usersdrive / Stream

Episode 2

720p – VIP / Yoteshin / Meaup // Usersdrive / Stream

Episode 3

720p – VIP / Yoteshin / Meaup // Usersdrive / Stream

Episode 4

720p – VIP / Yoteshin / Meaup // Usersdrive / Stream

Episode 5

720p – VIP / Yoteshin / Meaup // Usersdrive / Stream

Episode 6

720p – VIP / Yoteshin / Meaup // Usersdrive / Stream

 

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2022-06-08
TypeScripted
Episode runtime35 min
Popularity13.151
TV StatusEnded