Something in my room _ ผมกับผีในห้อง (2022)
“ကျွန်တော်နှင့်အခန်းထဲက သရဲလေး” စ / ဆုံး
ဇာတ်လမ်းအကျဉ်း
ဖုပ် အဖြစ် Nut Supanut
ဖတ် အဖြစ် Plan Thanawat
ဖခင်ရဲ့ စွန့်ပစ်မှူကြောင့် အမေ ခေါ်ဆောင်ရာ အမေ တစ်ခု သားတစ်ခုဘဝသို့
ဆန္ဒနဲ့ ဆန်ကျင်စွာ ရောက်ရှိလာတဲ့ ဖတ် တစ်ယောက်
တစ်နေ့မှာ မိခင် ဖြစ်သူနဲ့ အတူနေဖို့ အိမ်တစ်လုံးငှားဖို့ အကြောင်းဖန်လာပါတော့တယ်…
ဒါပေမယ့် ဖတ်တို့ ငှားလိုက်သော အိမ်ကြီးမှာ ထူးခြားချက်များစွာနဲ့ ပြည့်နက်နေခဲ့ပါတယ်…
ထိုအိမ်ကြီးကို ငှားတဲ့ သူမှန်သမျှ ဘယ်လောက်မှ မကြာပဲ ပြောင်းရွှေ့ကုန်ကြတာပါပဲ..
ငှားမယ့်သူ မရှိသော အိမ်ကြီးရဲ့ငှားခက လက်ရှိတန်ဖိုးထက် ချိုသာသော ဈေးနှူန်းကြောင့်
ဖတ် အမေ ဖြစ်သူက ထိုအိမ်ကို ငှားရမ်းဖို့ တစ်နေ့မှာ ဆုံးဖြတ်လိုက်ပါတော့တယ်…..
အဲ့ဒီနောက်တော့ ဖခင်ဆီကိုပဲ ပြန်သွားချင်တဲ့ ဖတ်တစ်ယောက်
အိမ်ကြီးရဲ့ထူးခြားမှုကို တစ်ဆတစ်ဆ သံသရာ ဝင်လာပါတော့တယ်….
ပြီးတော့ သူ့အိပ်မက်ထဲကို ဝင်လာတဲ့ ဝိညာဉ်တစ်ခုကိုပါ တွေ့ရှိခဲ့ရပါတော့တယ်
ဒါကြောင့် လက်ရှိငှားနေတဲ့ အိမ်ကြီးဆီကနေ ပြေးထွက်ပြီး
ဖခင်ဖြစ်သူထံ ပြန်သွားချင်နေတဲ့ ဖတ်တစ်ယောက် အကြောင်းပြချက် တစ်စုံတစ်ခု ရဖို့အတွက်
သူငယ်ချင်းဖြစ်သူ ဒရင်းနဲ့အတူ သရဲခေါ်ဖို့ ဆုံးဖြတ်ချက်ခဲ့ပါတော့တယ်….
ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် သူ့ဘဝထဲကို
လက်တလော သေဆုံးထားသော ဝိညာဉ် တစ်ခု ရောက်ရှိလာခဲ့သောအခါ
ဘာတွေဆက်ဖြစ်မလဲ?
သူ့ဘဝထဲကို ရောက်ရှိလာတဲ့ သရဲလေးရဲ့ ထူးခြားတဲ့သေဆုံးမှုကို
ဘယ်လို ဖော်ထုတ်ကြမလဲ?
စည်းတွေ ခြားနားထားတဲ့ လူသား နှင့် သရဲလေးကြားက
အချစ်ခရီးလေးကရော ဖြောင့်ဖြူးမလား?
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ဗျ