Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
wiip
6.22
Bodkin (2024)
ဒီတစ်ခါမှာတော့ May 9 တုန်းကမှ ထွက်ရှိထားတဲ့သည်းထိပ်ရင်ဖို စီးရီးအသစ်တစ်ခုကို CM ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ သတင်းပေး သေဆုံးသွားတဲ့အတွက်အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ခေါင်းမာမာ အမှုစစ်သတင်းထောက် ဒပ်ဗ်ဘတ်ဆာ မယ်လွန်နီနဲ့ အစပြုထားပါတယ် ။ အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ဒပ်ဗ်ကိုသူ့အထက်လူကြီး အယ်ဒီတာက Podcast တစ်ခုအတွက် အိုင်ယာလန်နိုင်ငံ ဘော့ကင်း လို့ ခေါ်တဲ့ကမ်းရိုးတန်းနယ်မြို့လေးကို လွှတ်လိုက်ပါတော့တယ် ။မသွားချင်သွားချင်နဲ့ ရောက်သွားရတဲ့ ဒပ်ဗ်ဟာPodcast သမား ဂေလ်ဘတ် ၊ Researcher အမ်မီတို့နဲ့ပေါင်းပြီး ဘော့ကင်းမြို့မှာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကဆားဝင်ပွဲတော်ညမှာ လူသုံးယောက်ပျောက်သွားတဲ့အမှုကို စုံစမ်းရမှာပါ ။အေးချမ်းတယ်လို့ ထင်ရတဲ့ ဘော့ကင်းမြို့နဲ့မြို့သားတွေဟာ တကယ်ပဲ အေးချမ်းပါရဲ့လား ။လူသုံးယောက်ပျောက်တဲ့အမှုနဲ့ ပတ်သက်လို့ရောသူတို့ ဘာတွေဖုံးကွယ်ထားသလဲ ။ဒပ်ဗ်တို့ သုံးယောက် သွားတည်းတဲ့အိမ်က မသင်္ကာစရာအိမ်ပိုင်ရှင်နဲ့ သားဖြစ်သူကရော ဘာတွေလဲဆိုတာကိုသူတို့ သုံးယောက်နဲ့အတူတူ စိတ်ဝင်စားဖွယ် ဖြေရှင်းရမှာဖြစ်ပါတယ် ။ဒါဆိုရင်တော့ ...
6.22
TMDb:
6.22/10
25 votes
tv
Bodkin (2024)
2024
The Summer I Turned Pretty Season 1+ 2 (2022)
The Summer I Turned Pretty (2022)ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရသအပြည့်အဝပေးနိုင်မယ့် Amazon Prime ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး Drama တွေဖြစ်ကြတဲ့ To All the Boys သုံးကားတွဲရဲ့ စာရေးဆရာမဖြစ်တဲ့ Jenny Han ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ လက်ရာဖြစ်တာမို့ ကောင်းမွန်တဲ့ Drama တွေ ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ ဘယ်လီဆိုတဲ့ ကောင်မလေးဟာ မိသားစုနဲ့အတူ ကာဆင့်စ် ကမ်းခြေကို နွေရာသီတိုင်းမှာ သွားနေကျပါ။ နှစ်စဉ်နှစ်တိုင်းမပျက်သွားနေကြလို့ သူ့အတွက်တော့ ကာဆင့်စ်ကမ်းခြေက အိမ်ဟာ သူ့အတွက်တော့ ပုံမှန်နေနေကျ အိမ်လိုဖြစ်နေပါတော့တယ်။ ဒါပေမယ့် နွေရာသီတစ်ခုမှာတော့ သူဟာ အရွယ်ရောက်လာပြီး ကမ်းခြေကို ခါတိုင်းလိုပဲ လာခဲ့ပေမယ့် အရင်ကနဲ့ မတူတဲ့ နွေရာသီတစ်ခုကို ကြုံတွေ့ရပါတော့တယ်။ အဲဒါကြောင့် တူညီတဲ့ ကိစ္စတွေကို ဘယ်လီတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။အညွှန်းကိုတော့ Leonard Lin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Leonard Lin, Kuz, Richard ...
The Summer I Turned Pretty Season 1+ 2 (2022)
2022
6.7
White House Plumbers (2023)
၁၉၇၄ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် နှုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဝါးတားဂိတ်အရှုပ်တော်ပုံကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမ္မတ ရစ်ချက်နစ်ဆင်ဟာ ၁၉၆၉ ခုနှစ် ကနေ ၁၉၇၂ ခုနှစ်ထိ သမ္မတရာထူးတစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် နောက်ထပ်တစ်ကြိမ် ပြန်အရွေးခံရဖို့အတွက် ကြိုးပမ်းရင်း ဒီဝါးတားဂိတ်အရှုပ်တော်ပုံဆိုတာ ပေါ်လာခဲ့ရခြင်းပဲဖြစ်ပါတယ်။ နစ်ဆင်အနိုင်ရဖို့ သမ္မတပြန်လည်ရွေးကောက်ရေးကော်မတီပါဖွဲ့ခဲ့ပြီး ပြိုင်ဘက်အမတ်လောင်းရဲ့ ဒီမိုကရက်တစ်ပါတီ နေရှင်နယ်ဌာနချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အဆောက်အအုံကို ဖောက်ထွင်းဝင်ပြီး အသံဖမ်းစက်တွေတပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ နစ်ဆင်ထောက်ခံသူ မျိုးချစ်နှစ်ယောက်ဖြစ်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်းဂေါ်ဒန်လစ်ဒီနဲ့ စီအိုင်အေအေးဂျင့်ဟောင်း ဟားဝပ်ဒ်ဟန့်တ်တို့က အဲဒီဖောက်ထွင်းမှုတွေကို ဦးဆောင်ခဲ့ပုံတွေအကြောင်း တင်ဆက်ထားပါတယ်။ နိုင်ငံရေးဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပေမဲ့ စိတ်လှုပ်ရှားစရာအက်ရှင်ကားမျိုးအနေနဲ့ ကြည့်ရမှာမဟုတ်ဘဲ အေးဂျင့်၂ ယောက် ဝါးတားဂိတ်ရုံးခန်းထဲဝင်ရဖို့ အကြိမ်ကြိမ်ကျရှုံးပုံတွေကို ပြုံးချင်စရာကောင်းအောင်တင်ဆက်ထားတဲ့ သရော်ဇာတ်လမ်းမျိုး (Political Satire) ဖြစ်ပါတယ်။ HBO ကထုတ်ထားတာဖြစ်ပြီး Cast တွေကလည်း Now you see ...
6.7
TMDb:
6.7/10
32 votes
tv
White House Plumbers (2023)
2023
8.7
Dickinson (2019)
Dickinson (2019) IMDB 7.6 / Rotten Tomatoes 92%မင်းသမီးလှလှလေးနဲ့ဇာတ်လမ်းလှလှလေး ကဗျာလှလှလေးတွေကို ဘာသာပြန်လှလှလေးတွေက တင်ဆက်ပေးထားလိုက်ပါပြီ။ကျွန်တော်တို့အချစ်တော်လေး Hailee Steinfeld နဲ့ မင်းသမီးချော Ella Hunt တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Dickinson series လေးကို တောင်းဆိုကြလွန်းလို့ ကိုယ်ထင်ပြပေးလိုက်ပါပြီဗျာ။ Apple Tv+ က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရရှိထားပါတယ်။Emily Elizabeth Dickinson ဆိုတဲ့ ထူးချွန်ထက်မြက်သော ကဗျာဆရာမအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကဗျာဆရာမဆိုပေမဲ့ ထိုခေတ်ထိုအခါက အမျိုးသမီးများကို စာပေလောကမှ ဖယ်ကျဉ်မှုများကြောင့် စာအုပ်ထုတ်ဝေခြင်းတော့ မရှိခဲ့ပါဘူး။ Emily ဟာ သူ့ဘဝအချိန်အတော်အများကို တစ်ကိုယ်တည်းသီးသန့်ကုန်ဆုံးခဲ့ပြီး သေဆုံးခါနီးအချိန်မှာတော့ အခန်းထဲကတောင် မထွက်တော့ပါဘူးတဲ့။ သူသေဆုံးပြီးနောက်မှာမှ ကဗျာအပုဒ်ရေပေါင်း ၂၀၀၀ ကျော်လောက်ကို အိမ်အကူရဲ့ အဝတ်သေတ္တာထဲမှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ကဗျာအများစုဟာ ခေါင်းစဉ်မရှိဘဲ သာမန်ရိုးကျ ကဗျာစည်းမျဉ်းဘောင်ထဲမှ သွေဖယ်နေခဲ့ပါတယ်။ သူ့ကဗျာတွေထဲမှာ သေခြင်းတရား၊ ထာဝရရှင်သန်ခြင်းနဲ့ ...
8.7
TMDb:
8.7/10
619 votes
tv
Dickinson (2019)
2019