Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Universal Television
8
As We See It (2022)
As We See It (2022) =================== IMDb Rating - 8.1/10ဒီတစ်ခေါက် Series ကတော့ သက်လတ်ပိုင်း Autism သမားများရဲ့ ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီး ရိုက်ကူး တင်ဆက်ထားတဲ့ series တစ်ခုပါ။ ဇာတ်လမ်းအစ လူ့ပတ်ဝန်းကျင်နဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ကော်ဖီဆိုင်ကို လမ်းလျှောက်သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကြိုးစားဖြေဆိုနေတဲ့ မန်ဒီ ဆိုတဲ့ ကောင်မလေးဟာ သက်လတ်ပိုင်း Autism သုံးယောက်နဲ့ အတူ နေထိုင်ရင်း သူတို့ရဲ့ နေ့စဥ် ကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အဖြေရှာပေးနေတဲ့ လက်ထောက် တစ်ယောက်ပါ။မန်ဒီနဲ့အတူ နေထိုင်နေတဲ့ Autism ဖြစ်နေတဲ့ ဂျက်၊ ဗိုင်အိုလက်နဲ့ ဟယ်ရီဆန် တို့က ဘယ်လိုပုံစံရှိမလဲ။ သူတို့တစ်နေ့တာ နေထိုင်မှုဘဝမှာ သူတို့ရဲ့ အခက် အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ။ဒီ Series ရဲ့ season 1 မှာ အပိုင်း (၈) ပိုင်း ပါဝင်ပြီး Austismတွေရဲ့ ...
8
TMDb:
8/10
11 votes
tv
As We See It (2022)
2022
6
The Endgame (2022) (Complete)
The Endgame (2022) (S01 Complete) ~ အစအဆုံး ရပါပြီ ~ ရုရှားကနေ ငယ်ငယ်လေးကတည်းက လုပ်ကြံသတ်ဖြတ်ရေးသမားဖြစ်အောင် မွေးမြူပျိုးထောင်ထားခဲ့တဲ့ အမျိုးသမီးလူသတ်သမားတွေအကြောင်း တစ်ပြုံတမကြီး ကြည့်ဖူးကြပြီးပါပြီ။ ဒီတစ်ခါကတော့ နောက်တစ်ဆင့်လို့ပြောလို့ရတာပေါ့ဗျာ။ ကြေးစားစစ်တပ်တစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ ဉာဏ်ကြီးရှင်အဆင့်ဗျူဟာရှင် ဒုစရိုက်လောကရဲ့ ဘုရင်မ အကြောင်းပဲဖြစ်ပါတယ်။ စစ်တပ်တစ်တပ်က သိမ်းပိုက်ထားတဲ့ရွာကို လူငါးယောက်အဖွဲ့နဲ့ဝင်ပြီး တစ်တပ်လုံးကို အပြတ်ဖြုတ်လာခဲ့တဲ့ ဘုရင်မပေါ့။ ဒုစရိုက်လောကက ဘုရင်တွေအကုန် ဦးညွှတ်ရလောက်အောင် ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ သူ အမေရိကကိုခြေမချရသေးခင်မှာပဲ အမေရိကန်အစိုးရက ဖမ်းထားနိုင်လိုက်တယ်။ သူ့လို ဘုရင်မကို လွယ်လွယ်နဲ့ဖမ်းလို့မိတယ်ဆိုကတည်းက သူ့ကစားကွက်ဆိုတာကို ရိပ်မိလောက်ပါပြီ။ သူ့ရဲ့ အဆုံးသတ်ကစားကွက်ကို ဘဏ် ၇ ဘဏ်ကို တစ်ချိန်တည်းမှာ ဓားပြတိုက်တာနဲ့ စဖွင့်ထားပါတယ်။ သူ့ရဲ့အဆုံးသတ်ကစားပွဲက ဘယ်လိုလဲဆိုတာတော့ မသိရသေးပေမဲ့ ဘာလို့လဲဆိုတာကတော့ ရိုးစင်းတဲ့အကြောင်းပြချက် "အချစ်" ကြောင့်ပဲလို့ ယူဆလို့ရပါတယ်။ တစ်ဖက်မှာတော့ အကျင့်ပျက်မှုနဲ့ အဖမ်းခံထားရတဲ့ ...
6
TMDb:
6/10
3 votes
tv
The Endgame (2022) (Complete)
2022
7.8
Russian Doll – Season 02
Russian Doll - Season 02==================IMDb Rating - 7.8/10Season 1 မှာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ ထပ်တလဲလဲဖြတ်သန်းနေခဲ့ရတဲ့ နာဒီယာဟာ အခု Season(2) မှာတော့ အမှတ်(၆)ရထားကိုစီးပြီး သက္ကရာဇ် ၁၉၈၀ ကျော်ကို ပြန်ရောက်သွားခဲ့ပါတယ်။ထူးဆန်းတာက ပြန်ရောက်သွားချိန်မှာ သူကိုယ်တိုင်အနေနဲ့မဟုတ်ပဲ သူ့ကိုကိုယ်ဝန်လွယ်ထားတဲ့ သူ့အမေကိုယ်ထဲရောက်သွားခဲ့တာဖြစ်ပြီး သူဘယ်သွားသွား လူတွေက သူ့အမေနိုရာအဖြစ်ပဲ မြင်နေကြတာပါ။ သူ့အမေဖြစ်သူ နိုရာက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတာဖြစ်ပြီး သူ့အဖွားရဲ့ရွှေဒင်္ဂါးတွေကို ခိုးပြီး အကုန်လျှောက်သုံးခဲ့ပါတယ်။ နောက်ပြီးမိသားစုဆီက အမွေလိုချင်တဲ့နာဒီယာလည်း အဲဒီရွှေဒင်္ဂါးတွေကို ရေဆုံးမြေဆုံးလိုက်ပြန်ရှာရာက ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက် ကြည့်ရှူခံစားလိုက်ပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို May Myat Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ May Myat Thu, Thiha Yan Naing တို့ဖြစ်ပါတယ်။)File Size - (300 MB) Quality – WEBDL 720p Duration - 1Hr (@Episode) Subtitle – Myanmar Hardsub Format ...
7.8
TMDb:
7.8/10
417 votes
tv
Russian Doll – Season 02
2022
7.5
Russian Doll – Season 01
Russian Doll - Season 01=================IMDb Rating - 7.8/10ယခု CM ကနေ တင်ဆက်ပေးမယ့် Drama/ Comedy စီးရီးလေးဟာ 2019 ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး မကြာခင်လည်း Season 2 ထွက်ရှိမှာဖြစ်လို့ Season 1 ကို ဦးစွာတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Natasha Lyoone ဟာ ဒီဇာတ်လမ်းတွဲအတွက် စာရေးဆရာနဲ့ ဒါရိုက်တာပိုင်းမှာ ကိုယ်တိုင်ပါ၀င်ခဲ့ပါတယ်။ဒီစီးရီးထဲမှာတော့ သူဟာ နာဒီယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ပါ ။ ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူတစ်ယောက် ၊ အချစ်ရေး အိမ်ထောင်ရေး တွေမှာလည်း အယုံအကြည်မရှိတဲ့သူပေါ့ ။ ဒီလိုလူတစ်ယောက်ဆီကို စကြာ၀ဠာကြီးက လမ်းကြောင်းပြန်တည့်မတ်ပေးဖို့ ဖြစ်လာတဲ့အခါ နာဒီယာတစ်ယောက် သူ့ရဲ့မွေးနေ့ပွဲညတစ်ညမှာ မမျှော်လင့်ထားတာတွေ ဖြစ်လာရတော့မယ် အလေးအနက် မထားချင်လည်း ထားရမယ့် ကိစ္စတွေ ရှိလာရတော့မယ်။ ဖြစ်ပုံက နာဒီယာဟာ သေလိုက် ရှင်လိုက်နဲ့ တူညီတဲ့မွေးနေ့ပွဲညကိုပဲ ထပ်တလဲလဲဖြတ်သန်းနေရတာပါပဲ ။ ပေါ့ပျက်ပျက်မိန်းမသား နာဒီယာ တစ်ယောက် ...
7.5
TMDb:
7.5/10
396 votes
tv
Russian Doll – Season 01
2019
8.4
House M.D
House MDဒီ ဇာတ်လမ်းတွဲကို ၂၀၁၁ တုန်းက ကျွန်တော့်ဆရာကညွှန်းလို့ ကြည့်ဖြစ်ခဲ့လိုက်တာပါ။တစ်ပိုင်းကြည့်ပြီးသွားတော့ စွဲသွားပြီးအဆုံးထိ ဆက်တိုက်ကြည့်မိသွားတယ်။အဲဒါပြီးတော့ အစအဆုံး နောက်ထပ်၂ ခေါက်ထပ်ကြည့်မိသေးတယ်။ဒီတော့ ကျွန်တော့်အကြိုက်ဆုံးဇာတ်လမ်းတွဲ စာရင်းထဲမှာ ပါပါတယ်။အပိုင်းတွေက အရမ်းများတာရယ်၊ဘာသာပြန်ဖို့ ခက်တာရယ်ကြောင့်အများကြည့်ဖို့ ပြန်မရှဲဖြစ်ခဲ့တာပါ။အခုတော့ နည်းနည်းချင်း ဘာသာပြန်ပေးဖို့ရည်ရွယ်ပြီး စလိုက်ပါပြီ။တစ်ခုတော့ ကြိုတင်တောင်းပန်ထားချင်ပါတယ်။ဒီစီးရီးက ၇ နှစ်ကြာအောင် လွှင့်ခဲ့တဲ့ စီးရီးပါ။ကျွန်တော်လည်း အလုပ်တွေတစ်ဖက်နဲ့ဖြည်းဖြည်းချင်း ဘာသာပြန်ပေးမှာမို့ အပိုင်းတွေအများကြီး ဆက်တိုက်တက်လာမှာတော့မဟုတ်ဘူး။တီဗီက အပတ်စဉ်လွှင့်သလိုသဘောထားပြီးမေ့မေ့ပျောက်ပျောက် အေးအေးဆေးဆေးပဲကြည့်ကြပါ။တစ်ပိုင်းချင်းဆီ ရသ ပေးတာမို့တန်းလန်းကြီးတော့ မမျှော်ရပါဘူး။ဇာတ်လမ်းအမျိုးအစားကတော့ဆေးပညာဆိုင်ရာ ဒရာမာ ဇာတ်လမ်းတွဲပါပဲ။ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ဆရာဝန်တစ်ယောက်ပါ။Doctor House လို့ ခေါ်ပါတယ်။ကူးစက်ရောဂါနဲ့ ကျောက်ကပ်ရောဂါ ပါရဂူပါ။သူက ဆေးရုံမှာ ရောဂါရှာဖွေဌာနတစ်ခုတည်ထောင်ထားပြီး အရည်အချင်းအပြည့်လွန်နေတဲ့ဆရာဝန် အငယ် ၃ ယောက်နဲ့ အတူ အလုပ်လုပ်ပါတယ်။ဆေးရုံပေါင်းစုံက အဖြေရှာမရတဲ့ ကေ့စ်တွေ၊အခက်ခဲဆုံး ကေ့စ်တွေကိုပဲ သီးသန့် အဖြေရှာ ကုသပါတယ်။သူ့ရဲ့ အခင်မင်ဆုံး မိတ်ဆွေကတော့ကင်ဆာအထူးကု ...
8.4
TMDb:
8.4/10
1644 votes
tv
House M.D
2004
8.4
Dan Brown’s The Lost Symbol (2021)
Dan Brown's The Lost Symbol (2021)IMDb - 7.3/10မင်းသားကြီး Tom Hanks ရဲ့ The Davinci's Code တို့ Angels and demons တို့ကိုကြည့်ဖူးကြရင် ဒီကားနာမည်နဲ့ မစိမ်းလောက်ပါဘူး။အနောက်တိုင်းဘာသာရေးဂိုဏ်းတွေရဲ့ ပဟေဠိတွေ ဖြေရှင်းတာကို အသက်ရှူဖို့မေ့လောက်အောင် စိတ်ဝင်တစားကြည့်ခဲ့ရပါတယ်။ဒီစီးရီးဟာလည်း အဲ့ဇာတ်လမ်းတွေရဲ့အဆက်ဖြစ်ပြီး သရုပ်ဆောင်တွေပဲပြောင်းသွားတာပါ။စာရေးဆရာ Dan Brown ရဲ့ဝတ္ထုတွေထဲက The Lost Symbol ကို အခြေခံပြီး ရိုက်ကူးထားပဲ ဖြစ်ပါတယ်။ ပရော်ဖက်ဆာရောဘတ်လန်ဒန်ဟာ ဟားဗက်တက္ကသိုလ်မှာ သင်္ကေတဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး ဘာသာရေးကိစ္စတွေကို ရင်းနီးကျွမ်းဝင်သူပါ။ တစ်နေ့မှာလူစိမ်းတစ်ယောက်ဟာ သူ့ဆရာပီတာကိုပြန်ပေးဆွဲထားကြောင်း ဖုန်းဆက်လာပြီး လျှို့ဝှက်ဝင်ပေါက်တစ်ခုကိုရှာပေးဖို့ ခြိမ်းခြောက်ကာ သဲလွန်စတွေပေးသွားပါတယ်။ဆရာဖြစ်သူကိုကယ်ဖို့ ရောဘတ်ရဲ့ပဟေဠိဝှက်စာဖော်စကေးတွေနဲ့ စွန့်စားအဖြေရှာပုံတွေကို စိတ်ဝင်တစားကြည့်ကြရမှာဖြစ်ပါတယ်။Dan Brown စာအုပ်တွေရဲ့ အရင်ဇာတ်လမ်းတွေကိုကြည့်ဖူးတဲ့သူတွေကတော့ သေချာပေါက်ကြည့်သင့်တဲ့စီးရီးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် ပဟေဠိအမျိုးအစားတွေကြိုက်ကြရင်လည်း လုံးဝလက်လွှတ်မခံဖို့ပြောချင်ပါတယ်။အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Pyi Ti Nyein က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Pyi Ti Nyein နဲ့ Jerrica ပဲ ဖြစ်ပါတယ်။Quality…. 1080p File ...
8.4
TMDb:
8.4/10
7 votes
tv
Dan Brown’s The Lost Symbol (2021)
2021
7.1
Away (2020)
အခုတစ်ခါCMကပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမှာကတော့လောလောလတ်လတ်ထွက်ရှိထားတဲ့netflixကဇာတ်လမ်းတွဲလေးပါနော်...မားစ်ဂြိုဟ်ပေါ်သွားမယ့်အာကာသမှူးတွေအကြောင်းရိုက်ထားတာပါ...ကိုယ့်ရဲ့ကမ္ဘာ ကိုယ့်မိသားစု ကိုယ်ချစ်ရတဲ့လူတွေရဲ့အဝေးကိုသွားရတဲ့အခါခံစားရတဲ့ခံစားချက်လေးတွေအကြောင်းရိုက်ကူးထားတာပါ..ကိုယ်အဝေးမှာရောက်နေတဲ့အချိန်ကိုယ်မိသားစုတစ်ခုခုဖြစ်နေတာသိပေမဲ့သွားမကြည့်နိုင်နှစ်သိမ့်မပေးနိုင်တဲ့အခါ...IMDB 6.1ရှိတဲ့Dramaဇာတ်လမ်းတွဲလေးကိုအားပေးကြပါဦးလို့... Translators : Alicia , Ei Phyo KhaingEncoder : Moe Myint Lwin Complete Zp VIP / Megaup / Yoteshin
7.1
TMDb:
7.1/10
85 votes
tv
Away (2020)
2020
1
2
Previous