Channel Myanmar

Transformation Films

Curse Code (2023)
Curse Code (2023) ကျိန်စာသင့် ပုစ္ဆာ (၂၀၂၃)ထိုင်းသရဲကားတွေနဲ့ မစိမ်းတဲ့ ဇာတ်လမ်းချစ်သူတို့အတွက် ဒီတစ်ခေါက်မှာ “Curse code” ဆိုတဲ့ စီးရီးကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ နတ်ကိုးကွယ်ယုံကြည်မှုတွေ ယဇ်ပူဇော်ခြင်းဓလေ့တွေ အောက်လမ်းအတတ်ပညာ လေ့လာလိုက်စားမှုတွေအကြောင်း ရိုက်ပြတဲ့နေရာမှာ ထိုင်းကလည်း နေရာတစ်နေရာမှာ ရှိနေပါတယ်။ ဒီဇာတ်ကားဟာလည်း အောက်လမ်းအသုံးပြုမှုကြောင့် အစီအရင်နဲ့တကွ ချိပ်ပိတ်ပြီး ကွပ်မျက်ခံလိုက်ရတဲ့ အဖြစ်အပျက်ကို အခြေတည်ပြီး ဇာတ်လမ်းပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ မိသားစုမှာ ကျိန်စာသင့်ခံနေရသလို လက္ခဏာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးလာတဲ့အခါ ဒီမိသားစုရဲ့ သမီးဖြစ်တဲ့ Krittiya ဟာ ကျိန်စာကို ချေဖျက်ဖို့ ကြိုးစားရင်း သူတို့မိသားစုအတွက် အစီအရင်လုပ်ပေးခဲ့တဲ့ ပုဏ္ဏားမျိုးနွယ်ရဲ့ မျိုးဆက် ဖြစ်တဲ့ Akerit ကို ရှာတွေ့သွားခဲ့ပါတယ်။ Akerit တစ်ယောက် မိဘမဲ့နေတဲ့ တူနဲ့ တူမနှစ်ယောက်ကို စောင့်ရှောက်ဖို့ ရုန်းကန်နေရချိန် Krittiya ရဲ့ ကမ်းလှမ်းမှုက အခွင့်အရေးတစ်ရပ်လို့ ဖြစ်နေတာကြောင့် ဒီ မိသားစုရဲ့ ကျိန်စာကို ကူညီဖြေရှင်းဖို့ လက်ခံလိုက်ပါတော့တယ်။ Akerit ဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုကြမ်းလာတဲ့ ...

Curse Code (2023)

2023