Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tims&B
2
Shahmaran (2023)
Shahmaran (2023)မြွေတစ်ပိုင်းလူတစ်ပိုင်းဒဏ္ဍာရီဆိုတာ အာရှနိုင်ငံတွေမှာအများဆုံးရှိသလို အဲဒီဒဏ္ဍာရီတွေပေါ်အခြေခံတဲ့မြွေကားတွေကလဲ တစ်ခေတ်တစ်ခါကပရိတ်သတ်ကြားမှာတော်တော်ရေပန်းစားခဲ့တာပါ။အခုထွက်ရှိလာတဲ့ တူရကီမြွေဇာတ်လမ်း Shahmaran ကလဲ ပရိသတ်ကြားမှာအကြိုက်တွေ့ကြဦးမယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် Shahmaran ရှာမရန်း ဒဏ္ဍာရီလေးကိုပြောပါဦးမယ်။ မူကွဲတွေရှိပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ ရှာမရန်းက လူတစ်ပိုင်းမြွေတစ်ပိုင်း မြွေဘုရင်မပါ။ သူကမြွေတွေနဲ့အတူမြေအောက်မှာနေတယ်ပေါ့။ တစ်နေ့တော့လမ်းပျောက်ပြီးရောက်လာတဲ့ လူသားနဲ့ချစ်ကျွမ်းဝင်မိတယ်။ သူက လူသားကို ဆေးပညာရပ်တွေ သင်ကြားပေးခဲ့တယ်လို့ဆိုတယ်။ နောက်တော့ လူသားက မြေပေါ်ကိုပြန်သွားခဲ့တယ်။ ရှာမရန်းကလဲ သူ့အကြောင်းဘယ်သူ့ကိုမှ အသိမပေးဖို့မှာလိုက်တယ်။ လူသားက အစကတော့ကတိတည်ပါတယ်။ ဒါပေမဲ့သူတို့တိုင်းပြည်ကဘုရင် နာမကျန်းဖြစ်ပါရော။ အမတ်တွေကပြောတယ် ရှာမရန်းအသားကိုစားရင်ပြန်ကျန်းမာမယ်ပေါ့။ အဲမှာလူသားကလဲ ရှာမရန်းရဲ့နေရာကိုပြောပြလိုက်တယ်။ ရှာမရန်းကဖမ်းခံရချိန်မှာ "ငါ့အသားကိုဘုရင့်ကိုကျွေး ငါ့အူကလီစာတွေကို အမတ်တွေကိုကျွေး" လို့ပြောခဲ့တယ်။ ဘုရင်ကကျန်းမာသွားပေမယ့် အမတ်တွေကတော့သေသွားခဲ့တယ်ပြောတယ်။ လူသားကတော့နောင်တရားတွေနဲ့အတူ ရှာမရန်းသင်ကြားပေးထားတဲ့ ဆေးပညာကိုဆက်လက်အသုံးချကူညီပေးမှုတွေလုပ်သွားခဲ့တယ်ပြောတယ်။ ဒီဇာတ်လမ်းမှာတော့ ရှားစုဆိုတဲ့မိန်းကလေးက သူ့အမေကိုငယ်ငယ်ထဲကထားသွားခဲ့တဲ့ သူ့အဖိုးဖြစ်သူကိုလိုက်ရှာရင်း မြို့တစ်မြို့ကိုရောက်လာပါတယ်။ ဒီမြို့မှာ သူ့ကိုနှစ်ပေါင်းများစွာအရင်ထဲက ကြိုတင်စောင့်ဆိုင်းနေတဲ့ လူတစ်စုနဲ့ဆုံရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ မူလ ရှာမရန်းဇာတ်လမ်းနဲ့ရော ဘယ်လိုတွေပတ်သက်မှုရှိနေမလဲဆိုတာ ကြည့်လိုက်ကြရအောင်အစအဆုံး ၈ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
2
TMDb:
2/10
1 votes
tv
Shahmaran (2023)
2023
7.3
Hot Skull (2022)
Hot Skull (2022) ============= IMDb Rating - 7.3/10ကမ္ဘာကြီးပျက်စီးသွားပြီးတဲ့နောက် ကာလတွေကိုအခြေခံထားတဲ့ ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေကိုအများကြီးမြင်ခဲ့ရဖူးပါပြီ။ နျူက လီးယားဘေး စစ်မက်ဘေးကြောင့်ပျက်စီးသွားတဲ့ကမ္ဘာ၊ သဘာဝ ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားတဲ့ကမ္ဘာ၊ ဖုတ်ကောင်ကပ် ရောဂါ ကပ်ကြောင့်ပျက်စီးသွားရတဲ့ ကမ္ဘာစသဖြင့်ပေါ့လေ၊ ဒီဇာတ်ကားကလဲ အဲ့ဒါမျိုးတွေနဲ့ဆင်တူ ကပ်ရောဂါတစ်ခုရဲ့ဒဏ်ကြောင့် ပျက်စီးလုနီးပါး ဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ကာလတစ်ခုကိုအခြေခံပါတယ်။လွန်ခဲ့တဲ့ရှစ်နှစ်ကစတင်လာခဲ့တဲ့ ကပ်ရောဂါတစ်ခုဟာ ကမ္ဘာကြီးရဲ့ပုံမှန် အခြေအနေတွေကိုတိုက်စားဖြိုဖျက်ပစ်ခဲ့ပါတယ်။ ရောဂါကတော့ စကား ပြောရာကနေကူးစက်တာဖြစ်ပြီး ကူးစက်ခံရသူတွေဟာ ပုံမှန်အသိစိတ် ပျောက်သွားပြီး ပါးစပ်ကနေ ဗလုံးဗထွေး အဓိပ္ပါယ်မဲ့စကားတွေစပြောပါ တော့တယ်။ အဲ့ဒီရောဂါကိုကာကွယ်ဖို့အတွက် လူတွေဟာနားကြပ်တွေ အမြဲတပ်ထားပြီး နေထိုင်သွားလာကြရပါတယ်။အစပိုင်းမှာတော့ လူတွေဟာ တစ်ချိန်မှာ ဒီရောဂါကိုတိုက်ဖျက်နိုင်မယ်၊ ကာကွယ်ဆေးရှာတွေ့နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့၊ ကာလကြာချိန်မှာတော့ အသားကျအောင်ကြိုးစားနေထိုင် ကြရတဲ့အခြေအနေပါဖြစ်လာခဲ့ပါတယ်။အဲ့ဒီရောဂါကိုတိုက်ဖျက်ဖို့ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ AEI အဖွဲ့ကလဲအင်အားကြီး ထွားလာပြီးတော့ လူတွေကိုအကြမ်းဖက်အာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့ အနေအထားကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီလိုမတရားလုပ်ရပ်တွေကို ဆန့်ကျင်ဖို့ အတွက်လဲ Plus 1 ဆိုတဲ့အဖွဲ့တစ်ဖွဲ့လည်းပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ဒီရောဂါကိုပြီးနေတဲ့ မူရတ်ဆိုတဲ့လူတစ်ယောက်ရှိကြောင်းကိုနှစ်ဘက်လုံးက သိရှိသွားပြီး အားပြိုင်မှုတွေဖြစ်ပေါ်လာပါတော့တယ်။IMDb Rating 7.3/10၊ RT 88% တို့ကိုရရှိထားတဲ့အပြင် production value အမိုက်စားတွေ၊ တစ်ပိုင်းပြီးတစ်ပိုင်းဆွဲဆောင်ခေါ်ယူသွားမယ့်ဇာတ်အိမ် ကောင်း ကောင်း၊ သရုပ်ဆောင်တွေကြားကအချိတ်အဆက်မိတဲ့ chemistry နဲ့ပီပြင်မှုတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အားပြိုင်ဉာဏ်ကစားမှုတွေ လှည့်ကွက်တွေကြောင့် Natural disaster /dystopian ...
7.3
TMDb:
7.3/10
2800 votes
tv
Hot Skull (2022)
2022