Channel Myanmar

The Viral Fever

Sisterhood (2024)
Sisterhood (2024) Sisterhood (2024) "စစ်စတာမိန်းကလေးကျောင်း"IMDb 7.5အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ ဟာသ/ ကျောင်းသား ဒရာမာ ဇာတ်လမ်းတွဲလေးကို ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ်ဟင်ဒီ ခရစ်ယာန် သီလရှင်ကျောင်းတစ်ကျောင်းမှာ ဇာတ်လမ်းကို အခြေတည်ထားပြီး အကျင့်စရိုက်မတူတဲ့ ကိုးတန်းကျောင်းသူလေးတွေရဲ့ ကျောင်းသူဘဝကို ဖော်ပြထားပါတယ်နီကီတာက စစ်စတာတွေ မကြိုက်တဲ့ ဇိုးတစ်ယောက်ဖြစ်ပြီး ကျောင်းထုတ်ခံရဖို လက်တကမ်းအကွာရောက်နေသူပါ သူ့အချစ်ဆုံးသူငယ်ချင်း ဇိုယာကတော့ လုံးဝဆန့်ကျင်ဘက် ရှစ်တန်းမှာ ၉၈% မှတ်နဲ့ ပထမရခဲ့သူ။မလည်မဝယ် ကိုးတန်းနှစ်ကျကျောင်းသူ အန်းကတော့ သူ့ကိုလှောင်ပြောင်သူတွေကြားမှာ ဇိုယာ့ကို အားကိုးရသူဖြစ်ပြီး ကျောင်းသူသစ် သူဌေးသမီး ဂါဂီကတော့ မာနခပ်ထွားထွားကျောင်းသူဖြစ်ပါတယ်အကျင့်စရိုက် လုံးလုံးလျားလျားကွဲပြားနေတဲ့ သူတိုလေးယောက် ငယ်ရွယ်နုပျိုတဲ့ ကျောင်းသူဘဝမှာ အသစ်အဆန်းတွေ ရှာဖွေကြပုံ၊ သူငယ်ချင်း အချင်းချင်း ရိုင်းပင်းကူညီစိတ်၊ ရိုးသားဖြူစင်ခြင်း၊ ဘဝနှင့် အလှတိုကို ခံစားရမယ့် မီနီစီးရီးလေး ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ Yunni ~ Alex ~ ToMo ~ KKKZ တို ဖြစ်ပါတယ်File Size ...

Sisterhood (2024)

2024
Kota Factory S1+2+3 8.1
Kota Factory S1+2+3 Kota Factory (2019)"ပုံစံခွက်ထဲက ပြိုင်မြင်းများ" =======================================Season (1) ဇာတ်လမ်းဇာတ်အိမ်တွေရော၊ သရုပ်ဆောင်တွေရော တော်တာ်လေးကောင်းပြီး Fan base လည်းကြီးတဲ့ IMDb 9/10 ရ ဟင်ဒီစကားပြော ဇာတ်လမ်းတွဲလေးကို စီအမ်ပရိသတ်တွေခံစားနိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။ အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။ အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့ စာမေးပွဲတွေကိုဖြေရပါတယ်။ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။ ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့ ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက် ကိုတာမြို့ကို ရောက်လာခဲ့တယ်။အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့ အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊ ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင် ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။3 Idiots ရုပ်ရှင်ထဲက ချာတူးရ်လိုမျိုး အရာရာကို အလွတ်ကျက် ကူးချပြီးဖြေရှင်းချင်နေတဲ့ ဗိုင်ဘာ့ဗ်ကို ဂျီတူးဆိုတဲ့ IIT ...
8.1
TMDb: 8.1/10 84 votes
tv

Kota Factory S1+2+3

2019
Panchayat (2020-2023) 7.9
Panchayat (2020-2023) Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb: 7.9/10 73 votes
tv

Panchayat (2020-2023)

2020
Cubicles  (2019) S1+2+3 8.1
Cubicles (2019) S1+2+3 Cubicles (2019) ကြုံရဆုံရ လူ့ဘဝIMDb - 8.2/10 Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရုပ်သံဇာတ်လမ်းတွဲကောင်းကောင်းကို စီစဉ်ရိုက်ကူးပြီး သူတို့အက်ပ်နဲ့ ယူကျုတွေပေါ်မှာ လွှင့်တဲ့ TVFက ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ပီယုရှ်ဆိုတဲ့ဘဲက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ လူလတ်တန်းစားမိသားစုကဆင်းသက်လာတဲ့သူ။လုပ်ချင် ပြောချင်မိပြီဆို ရှေ့နောက်မကြည့်ဘဲ သူထင်ရာဇွတ်လုပ်တတ်တဲ့ ငနဲ။ အတွက်အချက်တော်ပြီး စည်းကမ်းကြီးတဲ့ဖခင်နဲ့ တစ်နေ့ဖုန်းမဆက်ရင် ပွစိပွစိလုပ်တတ်တဲ့မိခင်ဖြစ်သူတို့ရဲ့ သားတော်မောင်။ပထမဆုံး အလုပ်စဝင်တော့ လစာကို လကုန်တဲ့ည ၁၂နာရီမှာရောက်မလားထိုင်စောင့်ပြီး မရောက်လာလို့ ကုမ္ပဏီလူကြီးဆီဖုန်းဆက်ပြီး ကွန်ပလိန်းတက်တဲ့ ငနှောက်။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ အခန်းအတူငှားနေရင်း အလုပ်လုပ်နေတဲ့သူ။ ဒီလိုအသိုင်းအဝိုင်းကြားမှာ သူနေထိုင်သွားလာ လုပ်ကိုင်နေပုံကို မပျင်းရအောင် ကြည့်ရမှာပါပဲ။အိန္ဒိယရုပ်ရှင် နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းမို့ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 600MB(Appx;)@EpisodeQuality – 1080p WEB DLDuration – minute (@Episode)Total Episodes: ...
8.1
TMDb: 8.1/10 9 votes
tv

Cubicles (2019) S1+2+3

2019
Mera Bhai (2024) 7
Mera Bhai (2024) Mera Bhai (2024) ညီအစ်ကိုကြားက သံယောဇဉ်ကြိုး IMDb - 8.5/10မတည့်အတူနေ ညီအစ်ကိုနှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့ ရန်ပွဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးဖွယ်ရာ ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘစ်တူက ကောလိပ်နောက်ဆုံးနှစ် တက်နေပြီး အလုပ်ရှာဖို့ကြိုးစားနေတဲ့သူ။ ဆစ်တူက ဆယ်တန်းတက်နေပြီး စာမကြိုးစားဘဲ ပေါ့တီးပေါ့ဆနဲ့နေတဲ့သူ။ဒီညီအစ်ကိုနှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ညီအစ်ကိုသံယောဇဉ်ကို သဘာဝကျကျနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File Size – 300MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 21minute (@Episode)Total Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Comedy ~ DramaTranslator – CM Bollywood TeamEncoder – YK Episode 1 - ...
7
TMDb: 7/10 1 votes
tv

Mera Bhai (2024)

2024
Who’s Your Gynac (2023) 5.5
Who’s Your Gynac (2023) Whos your gynac? ( သားဖွားမီးယပ်ဆရာဝန်မလေး ဒေါက်တာဗီဒူရှီ)imdb 7.1/10 ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Amazon TV ကနေ ထုတ်လွှင့်ပြသ‌ထားတဲ့ အိန္ဒိယ comedy drama serie လေးပဲဖြစ်ပါတယ် IMDb 7.1 တောင်ရရှိထားပြီး Amazon လိုမျိုး Streaming Service ကနေတင်ဆက်ပေးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်သဘာဝကျပြီး ကြည့်ကောင်းတဲ့ စီးရီးလေးတစ်ခုပါပဲဒေါက်တာဗီဒူရှီဟာ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ပါ ဆေးခန်းလေးတစ်ခုလဲ ဖွင့်ထားပါတယ် သူ့ဆေးခန်းက လူနာတွေများချက်က လူနာတွေတန်းစီရတာ ရုရှားကနေပါလာပြတဲ့ထိကို ကမ္ဘာကျော်ပါတယ်တဲ့ အမှန်ကတော့ ဒါ ဒေါက်တာဗီဒူရှီရဲ့ နေ့ခင်းဆေးခန်းမှာ လူမရှိလို့ အိပ်ငိုက်ရင်း ရုရှားတွေပါ လူနာအဖြစ်လာပြတယ်လို့ ထည့်မက်ပစ်တာပါအဲဒီလိုမျိုး အတွေ့အကြုံများပြား အလွန်တော်တဲ့ ဒေါက်တာဗီဒူရှီလေးလိုချင်တာက ကလေးတစ်ယောက်လောက် မွေး‌ပေးချင်တာပါပဲ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဆွာရာကဗိုက်ကြီးပါတော့တယ် သူငယ်ချင်းတွေရော အားလုံးက ဒီဗိုက်ကို ဆွာရာအနေနဲ့ အချစ်ဆုံးသားဖွားမီးယပ်အထူးကုကြီး ဒေါက်တာဗီဒူရှီဆီမှာပဲ ဗိုက်အပ်မယ်ထင်ခဲ့ပေမဲ့ ဆွာရာကတော့ စိတ်ချယုံကြည်စွာပဲ မအပ်ခဲ့ပါဘူး အဲဒါကို ဗီဒူရှီတစ်ယောက်သိပြီး စိတ်ထိခိုက်သွားကာ ဘာတွေဆက်ဖြစ်လာမလဲ ဒေါက်တာဗီဒူရှီတစ်ယောက် အောင်မြင်တဲ့ သားဖွားဆရာဝန်တစ်ယောက်ဖြစ်လာမှာလား စသည်ဖြင့် ဟာသလေးလည်းပါ ဒရာမာလေးနဲ့အတူ ...
5.5
TMDb: 5.5/10 3 votes
tv

Who’s Your Gynac (2023)

2023
Aspirants (2023) Season 2 7.446
Aspirants (2023) Season 2 Aspirants Season 2(2023) (သို့) ဇွဲဆုရှင်IMDb-9.2/10အရာရှိဖြစ်ဖို့ UPSC စာမေးပွဲဝင်ဖြေခဲ့ရတဲ့ အဘီလာ့ရှ့်ရဲ့ အခက်အခဲအ‌ဖုံဖုံအကြောင်း ၂၀၂၁ Season 1 မှာ ကြည့်ရှူခဲ့ပြီးတဲ့ CM ပရိသတ်ကြီးအတွက် Season 2 ထပ်မံထွက်ရှိလာပါပြီဒီမှာတော့ အဘီလာ့ရှ်တစ်ယောက်ဟာ သိပ်လိုချင်ခဲ့တဲ့ အရာရှိရာထူးနေရာကိုရရှိသွားခဲ့ပါပြီ ဒါပေမဲ့ မကုန်မခန်းနိုင် ပိုမိုခက်ခဲတဲ့ ဘဝအရည်အချင်းစစ်စာမေးပွဲကြီးနဲ့ တစ်ခါနဖူးတွေ့ဒူးတွေ့ကြုံရပြန်‌ပါတော့တယ်အတူတူခင်မင်ကြီးပြင်းလာပြီး ဘဝအတွက် ကိုယ့်လမ်းကိုယ်ရွေးချယ်ခဲ့ကြတဲ့ SK ဂူရီနဲ့ အဘီလာ့ရှ်တို့ သုံးယောက်သားရဲ့ လုပ်ငန်းချင်းနီးစပ်ရာက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ ၊ ဌာနအတွင်း ခက်ခဲအားပြိုင်ပြင်းထန်မှုတွေ ၊ တာဝန်ကျေအောင်ဆောင်ရွက်ရင်းက ကြုံတွေ့လာရတဲ့ ဘေးပတ်ဝန်းကျင်က စိတ်ရှုပ်စရာတွေ ၊ ဖိအားမျိုးစုံရဲ့ ဒဏ်တွေဟာ သူခက်ခက်ခဲခဲဖြေဆိုခဲ့ရတဲ့စာမေးပွဲထက် ခက်ခဲနေချိန်မှာတော့...ဒီအခက်အခဲတွေ ဘယ်လိုကျော်လွှားပြသွားမလဲ ခံစားကြည့်ပါဦး( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ...
7.446
TMDb: 7.446/10 28 votes
tv

Aspirants (2023) Season 2

2023
Hostel Days (2023)
Hostel Days (2023) Hostel Days(TV Series)(2023) IMDb-8.1/10အင်ယာကျောင်းတော်ကြီးကို အလွမ်းသယ်ဖို့နောက်ထပ်စီးရီးအသစ်လေးတခုလာပါပြီ။ ဒီလိုဇာတ်လမ်းတွေကြည့်ရင် တချိန်ကတက္ကသိုလ်ကိုသတိရမိတာအမှန်ပဲ။ကျောင်းတက်ဘဲလ်မြည်တဲ့အသံလေးရယ် ဘဲလ်ပျက်နေရင် ကျောင်းတက်ရမှာမသိတာလိုလို ယောင်လည်လည်နဲ့ အတန်းနောက်ကျခဲ့တာတွေ။ ရိုးကောလ်မပြည့်လို့ မိသားစုဆရာမနောက် တကောက်ကောက်လိုက်ပြီး အပူကပ်ရတာတွေ။ သူငယ်ချင်းနှစ်ယောက်စကားများပြီး ကျောင်းနားကလယ်ကွင်းထဲ ဆိုင်ကယ်တစီးတည်းစီးသွား မောနေအောင်နပမ်းလုံးပြီး အတူတူကျောင်းကိုပြန်လာခဲ့ကြတာတွေ။တညလုံးမအိပ်ဘဲ မိန်းကလေးဆောင်တွေဂစ်တာလိုက်တီးပြီး အလင်းဆိုင်လေးမှာထမင်းဆီဆမ်းနဲ့ကြက်ဥခေါက်ကြော်စားခဲ့တာတွေ။ တညအိပ်နှစ်ရက်ဖဲထိုင်ရိုက်ခဲ့တာတွေ။ စနေ၊တနင်္ဂနွေ နှစ်ရက်လုံး ထန်းရည်ဆိုင်ကမပြန်ခဲ့တာတွေ။ အဲဒီလို စတာတွေက အဆောင်နေကျောင်းသားတွေအတွက်တော့ ပြန်တမ်းတအောက်မေ့မိတဲ့အတိတ်ကပုံရိပ်တွေပေါ့။ ကြည့်နေရင်း ကြည့်နေရင်း ငါတို့တုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့တာလေဆိုတဲ့ဇာတ်ဝင်ခန်းတွေနဲ့။ဗရုတ်တကောင်ပါမယ်။စာကြမ်းပိုးတကောင်ပါမယ်။ဖွန်ကြောင်တဲ့တကောင်ရှိမယ်။နှစ်ဆွေးအရက်သမားကြီးတကောင်ပါမယ်။ ဒါဆိုကျောင်းသားကားတစ်ကားအတွက်က ပြည့်စုံနေပါပြီ။တစ်ခန်းကို လူနှစ်ယောက်ပဲနေရပေမယ့် အခန်းနံပါတ် ၂၀၉မှာ ယာဒါ့ဗ်၊ချီတာ၊စိုင်းဆိုတဲ့ ဒီသုံးယောက်ကဘာလို့အတူနေရတာလဲဆိုတာကအစ၊ သုံယောက်ပေါင်းပြီး ဘယ်လိုတွေဗရုတ်ကျကြမလဲ၊အမေဖြစ်သူရဲ့ချုပ်ချယ်မှုအောက်ကနေ လွတ်မြောက်လာဖို့အတွက် အင်ဂျင်နီယာကျောင်းတော်ကြီးကို လာတက်တဲ့ကာဗယာတယောက် သူလိုချင်တဲ့လွပ်လပ်မှုတွေရမှာလား။ သေးသေးမွှားမွှားကိစ္စလေးကအစ အဖေဖြစ်သူနဲ့တိုင်ပင်တတ်တဲ့ ရီသီကာတစ်ယောက်ကရော သမီးအလိမ္မာလေးအဖြစ်နဲ့ဆက်ရှိနေမှာလားဆိုတာ။ အပိုင်းငါးပိုင်းပဲပါတဲ့ ဒီစီးရီးလေးကိုကြည့်ရင်း ကျောင်းသားဘ၀ကိုပြန်လည်အောက်မေ့လိုက်ကြတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Moon~Yunni~BpLတို့ပဲဖြစ်ပါတယ်)File Size – 500MB / 250MBQuality – 1080p / 720pDuration – 33minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...

Hostel Days (2023)

2023