Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ten Years Younger Productions
10
Dil Dosti Dilemma (2024)
Dil Dosti Dilemma (2024) အက်စ်မာရဲ့နွေရာသီIMDb 6.5/10ဒီတစ်ခေါက်ကတော့ dramaဇာတ်လမ်းလေးတစ်ခုကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။မိသားစုတိုင်းမှာ လူငယ်နဲ့လူကြီးကြား ဒီဇာတ်လမ်းထဲလို တစ်ခေါက်လောက်တော့ ဖြစ်ဖူးကြမှာပါ။ အရှက်ရတာမျိုးပေါ့။ ကိုယ်တို့ရဲ့ဘဝမှာ လူကြီးတွေရဲ့တစ်ခုခုကို အရှက်ရပြီးအပေါင်းအသင်းတွေကို ဖုံးကွယ်ထားတာမျိုး လုပ်ဖူးကြပါတယ်။ အမေစာမတတ်တာ၊ အဖေအရက်သောက်ပြီး ရိုက်တတ်တာ၊ ဆွေမျိုးတွေရဲ့ အတွေးအခေါ်က နိမ့်ကျနေတာ အစရှိသဖြင့်ပါ။ ကိုယ့်စိတ်ထဲ ဒါကအောက်တယ်ထင်ပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာဖုံးကွယ်ထားမျိုး ငယ်ရွယ်တုန်းမှာ လုပ်မိတတ်ကြပါတယ်။ဒီထဲက အက်စ်မာဆိုတဲ့ကောင်မလေးကလည်း အတူတူပါပဲ။စီးပွားရေးအဆင်ပြေ၊ ခေတ်မှီ၊ ပွင့်လင်းပြီးအမြင်ရှိတဲ့ မိဘတွေလက်မှာ ချမ်းချမ်းသာသာနေရတဲ့ ကောင်မလေးပါ။ တီနဲ့နွန်းဆိုတဲ့ သူ့လိုrk ကောင်မလေးနှစ်ယောက်နဲ့လည်း အတွေးတူ အမြင်တူ အချစ်ဆုံးသူငယ်ချင်းတွေပါ။ ရှောပင်းလေးထွက်လိုက်၊ ကောင်လေးတွေနဲ့ ဇယားခင်းလိုက်နဲ့ ဘဝကိုပေါ့ပေါ့လေး နေနေရပါတယ်။ အက်စ်မာရာဟာ နွေရာသီမှာ အစ်ကိုဘွဲ့ယူမယ့်ကနေဒါကို မိသားစုလိုက်သွားမယ့်အရေးတွေးပြီး အစီအစဥ်တွေ အပြည့်ဆွဲထားခဲ့တယ်။ဒီလိုနဲ့ တစ်နေ့အိမ်ကို နယ်ကအဘွားလာလည်တော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတွေရှိနေတဲ့အခိုက်ဖြစ်နေခဲ့တယ်။ အဲဒီမှာ အဘွားရဲ့ရိုးရိုးအအပုံတွေကြည့်ပြီး အထင်သေးနေတဲ့ သူငယ်ချင်းတွေကြောင့် သူမျက်နှာပျက်ရမှာကြောက်ပြီး အဘွားသူငယ်ချင်းလို့ လိမ်လိုက်တော့တယ်။အဘွားခမျာ စိတ်ထိခိုက်ပြီး သမီးအလာတောင်မစောင့်ဘဲ ...
10
TMDb:
10/10
1 votes
tv
Dil Dosti Dilemma (2024)
2024