Channel Myanmar

Studio & New

Good Partner (2024)
Good Partner (2024) Good Partner (2024) *******************အပိုင်းသစ် 13ရှေ့နေမမနှစ်ယောက်အပြိုင်ကြဲကြမဲ့ ကားသစ်လေးရပါပြီ ...ဒယ်ဂျောင်းဥပဒေရုံးက ရှေ့နေမမ ချာအွန်းဂယောင်းဟာဆိုရင်....ကွာရှင်းတဲ့အမှုတွေကိုပဲသီးသန့်လိုက်တဲ့ လုပ်သက် ၁၇ နှစ်ရှိ နာမည်ကြီးရှေ့နေတစ်ယောက်ပါအလုပ်လုပ်တဲ့နေရာမှာ ထက်ထက်မြက်မြက်ရှိပြီး....သူ့အတွက် သူ့ရဲ့အမှုသည်တွေနဲ့ ဒယ်ဂျောင်းဥပဒေရုံးအတွက်အကျိုးအမြတ်ရရှိရေးကသာ.....ပထမဦးစားပေးအဖြစ်သတ်မှတ်ထားသူတစ်ယောက်ဆိုရင်လည်းမမှားပါဘူးဒီလိုနဲ့ အလုပ်ခွင်က ကွာရှင်းတဲ့အမှုတွေကိုဖြေရှင်းပေးရင်း....တစ်နေ့မှာ သူကိုယ်တိုင် ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းရတော့မဲ့အရေးကိုကြုံလာပါတော့တယ်တစ်ဖက်မှာလည်း ချာအွန်းဂယောင်းနဲ့အလုပ်အတူတွဲလုပ်ရတဲ့....ရှေ့နေပေါက်စမလေး ဟန်ယူရီက မတရားမှုမှန်သမျှကို လက်ပိုက်ကြည့်မနေနိုင်တဲ့သူပါအလုပ်လုပ်တဲ့နေရာမှာ အမှုသည်အဆင်ပြေရေး၊ ဥပဒေရုံးနာမည်ကောင်းရရေး၊အကျိုးအမြတ်ရရေးကိုကြည့်ပြီးလုပ်တတ်တဲ့ ချာအွန်းဂယောင်းနဲ့.....မတရားဘူးထင်ရင် လျစ်လျူမရှုနိုင်ဘဲ ဝင်ဖြေရှင်းတတ် ဝင်စွက်ဖက်တတ်တဲ့ ဟန်ယူရီတို့ဟာဆိုရင်....ပြဒါးတစ်လမ်း သံတစ်လမ်းနဲ့ သိပ်ကီးမကိုက်လှတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ပါတယ်ဒီလိုနဲ့ အရာရာတိုင်းကို မတူညီတဲ့အမြင်တွေနဲ့ကြည့်ပြီး....အမြဲငြင်းခုံနေရတဲ့သူတို့နှစ်ယောက် ကိုယ်စီကိုယ်စီ ဘဝရဲ့ပြောင်းလဲမှုကြီးတွေနဲ့ကြုံတွေ့လာကြတဲ့အခါ..... Cast တွေအနေနဲ့ အမိုက်စားမမနှစ်ယောက်ဖြစ်တဲ့.....Jang Na Ra, Nam Ji Hyun တို့ကအဓိကပါဝင်သွားမှာဖြစ်သလို.....Kim Joon Han, Phyo Ji Hoon, Ji Seung Hyun, Han Jae Yi တို့က ပါဝင်အားဖြည့်သွားမှာပဲဖြစ်ပါတယ်....CM ကနေလည်း အပတ်စဉ် ...

Good Partner (2024)

2024
The Tyrant (2024) [Complete]
The Tyrant (2024) [Complete] The Tyrant (2024)***********************အပိုင်းသစ် (၁ မှ ၄) စ/ဆုံး မင်းသားကြီး Cha Seung-Won နဲ့ Kim Sun-Ho တို့သာမကမင်းသား Kim Kang-Woo နဲ့ မင်းသမီး Joo Yoon-su တို့အပြင်အခြားနာမည်ကြီးတွေပါဝင်ထားတဲ့ အမိုက်စားအက်ရှင်ကားသစ်ကြီး ထွက်လာပါပြီ။ဇာတ်လမ်းအညွှန်းကတော့-Tyrant လို့ခေါ်တဲ့ Program ရဲ့ နောက်ဆုံးနမူနာဟာတစ်နေရာကိုပို့ဆောင်ရင်း မတော်တဆ ပျောက်ဆုံးသွားပါတော့တယ်။ဒါရိုက်တာ ချွဲ (Kim Sun-Ho)ကတော့ အစိုးရအဖွဲ့အစည်းတစ်ခုရဲ့ ဗျူရိုဒါရိုက်တာဖြစ်ပေမဲ့ဒီ Tyrant program ကို တရားမဝင်ခွဲခြမ်းစိတ်ဖြာနေတဲ့သူပါ။အင်ဆန်း (Cha Seung-Won) ကတော့ အေးဂျင့်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့Tyrant Program နဲ့ ပတ်သတ်တဲ့သူမှန်သမျှကို လိုက်ရှင်းပစ်နေတဲ့သူပေါ့။Paul (Kim Kang-Woo)ကတော့ နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီတစ်ခုရဲ့အေးဂျင့်တစ်ဦးဖြစ်ပြီး Tyrant Program ရဲ့ နောက်ဆုံးနမူနာကိုဖျက်ဆီးပစ်ဖို့အတွက် အမိန့်ရထားတဲ့သူပါ။ဒီလိုနဲ့ ပျောက်ဆုံးသွားတဲ့ Tyrant Program ကို မတူညီတဲ့ရည်ရွယ်ချက်အသီးသီးနဲ့ပြန်လည်ရယူဖို့ကြိုးစားရင်း အချင်းချင်း ...

The Tyrant (2024) [Complete]

2024
Red Swan (2024)
Red Swan (2024) Red Swan (2024) *************** အပိုင်းသစ် (၉+၁၀) ဇာတ်သိမ်းပိုင်းမင်းသားချော Rain နဲ့ "Nothing Uncovered", "18 again"စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသမီး Kim Ha Neul တို့ ပါဝင်ထားတဲ့ "Red Swan"ဇာတ်လမ်းတွဲကတော့ ထွက်ရှိလာပါပြီဇာတ်လမ်းကတော့ဝန်းဆူ(Kim Ha Neul)ဟာ ထိပ်တန်း ဂေါ့ဖ်ကစားသမားတစ်ယောက်ဖြစ်ပြီးပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ်ဒါကြောင့် သူမဟာ ဟွာအင်လုပ်ငန်းစုရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်လိုက်ပြီးဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပါတယ်အဲဒီဖောင်ဒေးရှင်းကနေတစ်ဆင့် ပရဟိတအလုပ်တွေလုပ်ပြီးကမ္ဘာတစ်ဝှမ်း ကျော်ကြားမှုတွေ ရရှိခဲ့ပါတယ်ဒိုယွန်း(Rain)ကတော့ ဝန်းဆူရဲ့ ဘော်ဒီဂတ်အသစ်ဖြစ်ပြီးရဲတက္ကသိုလ်မှ ဘွဲ့ရခဲ့တဲ့ ကိုယ်ခံပညာထူးချွန်သူတစ်ဦးဖြစ်ပါတယ်သူဟာ ဟွာအင်လုပ်ငန်းစုရဲ့ လုံခြုံရေးအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခဲ့တာပါဒါကြောင့် သူ့ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဝန်းဆူက ဟွာအင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် action, romance ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်Episodes: 10 Aired: Jul ...

Red Swan (2024)

2024
Tell Me That You Love Me (2023) [Complete]
Tell Me That You Love Me (2023) [Complete] Tell Me That You Love Me (2023)(function(f,b,n,j,x,e){})();********************************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံးဒီဒရာမာလေးကတော့ 1995ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Aishiteiru to Ittel Kureဆိုတဲ့ ဂျပန်ဇာတ်လမ်းကိုRemakeပြန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Main Cast တွေအနေနဲ့ကတော့ နာမည်ကြီးသရုပ်‌ဆောင်တွေ ဖြစ်တဲ့ Jung Woo Sung နဲ့Shin Hyun Bin တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ ငယ်ရွယ်စဉ်မှာ အမည်မသိအဖျားရောဂါ ခံစားခဲ့ရပြီးအကြားအာရုံဆုံးရှုံးသွားခဲ့တဲ့ ချာဂျင်ဝူက ပန်းချီဆွဲတဲ့ အသက်(၃၀)အရွယ် ပန်းချီဆရာတစ်ယောက်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ ကမ်းခြေမှာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးဂျောင်မိုအွန်းနဲ့တွေ့ပြီးချစ်ကြိုက်သွားခဲ့ပါတော့တယ်။ဂျောင်မိုအွန်းကတော့ သရုပ်ဆောင်ဖြစ်ချင်တဲ့အိမ်မက်အတွက်လေယာဉ်မယ်အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ဒါပေမဲ့ နှစ်ယောက်စလုံးက မသန်စွမ်းဆိုတဲ့ လက်တွေ့ဘဝမှာ အခက်အခဲတွေကိုကျော်ဖြတ်ဖို့ဘယ်လိုတွေကြိုးစားလဲဆိုတာ ဒီဒရာမာထဲမှာ တွေ့ရမှာဖြစ်ပါတယ်။လက်သင်္ကေတနဲ့စကားပြောပြီး အကြားအာရုံချို့တဲ့နေတဲ့ပန်းချီဆရာ ဂျင်ဝူနဲ့ နှလုံးသားနဲ့နားထောင်ပေးတဲ့သရုပ်ဆောင်ဖြစ်ဖို့ကြိုးစားနေတဲ့ မိုအွန်းတို့ရဲ့အသံမရှိတဲ့အချစ်ကိုပုံဖော်ပေးထားတဲ့ Classic Melodrama လေးကိုတော့ အပတ်စဉ် ...

Tell Me That You Love Me (2023) [Complete]

2023
The Beauty Inside (2018) [Complete] 7.991
The Beauty Inside (2018) [Complete] The Beauty Inside (2018)**************************အပိုင်း ( ၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာလည်း CM ပရိသတ်ကြီးတွေအတွက်Lee Min Ki, Seo Hyun Jin, Ahn Jae Hyeon, Lee Da Heeတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးစီးရီးဟောင်းလေးတစ်ခုကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း...မည်မည်ရရ အကြောင်းအရင်းမသိရဘဲ တစ်လကိုတစ်ခါမျက်နှာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုရောဂါကို ခံစားနေရတဲ့ထိပ်ထိပ်ကြဲ နာမည်ကြီး သရုပ်ဆောင်မင်းသမီးဟန်ဆယ်ဂယ်ကတော့ ပါပါရာဇီတွေအကြိုက် သားကောင်ဖြစ်သလိုလူတွေပါးစပ်ဖျားမှာလည်း အမြဲ ကောလာဟာလတွေနဲ့ ပြည့်နေတဲ့သူပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ သူ ဘယ်လို ပုံစံပြောင်းသွားပါစေသူ့ကို အမြဲမှတ်မိနေတဲ့ ဆောဒိုဂျယ်ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီမှသူဌေးသားလေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။သူတို့နှစ်ယောက် ဘယ်လို အလွဲတွေနဲ့ တွေ့ဆုံပြီးဒိုဂျယ်ကြောင့် ဆယ်ဂယ်ရဲ့ ဘဝမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆယ်ဂယ်ကရော သူ့ရဲ့ရောဂါကြောင့် ဘယ်လိုတွေ ကြုံတွေ့လာရမလဲဆိုတာကိုရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ Aired: Oct 1, 2018 - ...
7.991
TMDb: 7.991/10 57 votes
tv

The Beauty Inside (2018) [Complete]

2018
Moving (2023) [Complete]
Moving (2023) [Complete] Moving (2023)*************** အပိုင်း ( ၁ မှ ၂၀ ) ထိ စဆုံးရပါပြီ[ 4K Quality ထိတင်ဆက်ထားပါပြီ။]ဒီ “Moving”ဆိုတဲ့ ဇာတ်ကားလေးကတော့ 200m viewsတောင် ရရှိထားတဲ့ Webtoonကို ပြန်လည်အသက်သွင်းထားတဲ့ သဘာဝလွန် ကိုရီးယားစီးရီး ဇာတ်လမ်းလေးဖြစ်ပါတယ်။ Disney+ ကနေ ဒီနေ့ပဲထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ budgetကလည်း K series သက်တမ်းတစ်လျှောက် အမြင့်ဆုံးလို့တောင် ပြောလို့ရပြီး သရုပ်ဆောင်တွေကလည်း Ryu Seung Ryong၊ Jo In Sung၊ Han Hyo Joo၊ Kim Sung Kyun၊ Cha Tae Hyunတို့လို နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ Go Youn Jung၊ Lee Jung Ha၊ Kim Do Hoon တို့လို လူငယ်သရုပ်ဆောင်တွေတင်သာမက အရံတွေထိ ဒိတ်ဒိတ်ကြဲတွေ သုံးထားတာမို့ လုံးဝလန်ထွက်နေမှာနော်....ဇာတ်လမ်းအကျဥ်းလေးကတော့.. အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ ...

Moving (2023) [Complete]

2023
Doctor Cha (2023)
Doctor Cha (2023) Doctor Cha (2023)ဒီတစ်ခါတင်ဆက်​ပေးမှာက​တော့ ဆရာဝန်ဇာတ်လမ်း​ကောင်း​ကောင်း​လေး​တွေ ကြိုက်တတ်တဲ့သူ​တွေအတွက်ဖြစ်ပါတယ်အိမ်ရှင်မအလုပ်နဲ့ ပိုက်ဆံရှာတဲ့အလုပ်ကို တွဲလုပ်ရတာခက်တဲ့​ခေတ်ကြီးမှာ "ဆရာဝန်" ဆိုတဲ့အလုပ်က​တော့ နှစ်ခုတွဲလုပ်ဖို့အတွက်အခက်ဆုံးပါပဲချာ​ဂျောင်ဆု ဆိုတဲ့ အမျိုးသမီးက​တော့ ဆရာဝန်ဘဝက​နေ အနားယူပြီး အိမ်မှုကိစ္စ​တွေ သားသမီးပျိုး​ထောင်တာ​တွေလုပ်ခဲ့ပြီး အနှစ် ၂၀ ကြာမှ ဆရာဝန်အဖြစ်အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တစ်ဖက်မှာ ခင်ပွန်းဖြစ်သူရဲ့ သစ္စာ​မရှိမှု​ကြောင့်လည်း အိမ်​ထောင်​ရေးကို ဘယ်လို​တွေ​ရှေ့ဆက်သွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်မင်းသမီးကြီး Uhm Jung Hwa ရဲ့ comeback drama ​လေးဖြစ်လို့ အတူကြည့်​ပေးကြပါဦး​နော်အညွှန်းကိုတော့ JoyZ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii, Hmwe, JoyZ, ThantSin တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size…. 1GB | 350MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator .....Lai Laii, Hmwe, JoyZ, ThantSin Encoder ..... Aaron720pEpisode ...

Doctor Cha (2023)

2023
Rookie Cops(2022)
Rookie Cops(2022) Rookie Cops(2022) ဇာတ်လမ်းတွဲအညွှန်း***********************************အပိုင်းသစ်  (၁၅ နှင့် ၁၆) (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး) Kang Daniel လေးရဲ့ ပထမဦးဆုံး ဇာတ်ကားသစ်စာဘက်မှာလည်း ထူးချွန်ပြီး ရဲတက္ကသိုလ်ကိုလည်း အမှတ်အမြင့်ဆုံးနဲ့ ဝင်လာပြီး မှန်တယ်ထင်ရင် ခေါင်းငုံ့မခံတတ်တဲ့ အကြောတင်းလေး Wi Seung Hyun...သူ့ရဲ့အဖေကလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး အဖေ့ခြေရာအတိုင်း လိုက်နင်းပေးတဲ့ Wi Seung Hyun တစ်ယောက် Go Eun Kang ဆိုတဲ့ ကောင်မလေးနဲ့ သွားပက်သက်မိရာက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်...ဒီဇာတ်လမ်းလေးကတော့ ၂၀၀၀ ခုနှစ်ဖွား လူငယ်တွေ သူတို့ရဲ့ တက္ကသိုလ်ကျောင်းသား ဘဝကနေတဆင့် ​ရှေးရိုးစွဲ တက္ကသိုလ်တွေရဲ့ အယူဝါဒတွေကို ထိုးဖောက်ကာ ကိုယ်ပိုင်လမ်းသစ် လျှောက်လှမ်းခြင်းကို အဓိကရိုက်ပြထားပါတယ်...ကိုရီးယားလူငယ်တွေရဲ့ အိပ်မက် အချစ် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ ကြည့်ရှုပြီး အလွဲလေးတွေ အခွီလေးတွေနဲ့ လူငယ်များအကြိုက် ကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးပါ..Episodes: 16Aired:  ...

Rookie Cops(2022)

2022
Descendants of the Sun (2016) DOTS Complete 8.5
Descendants of the Sun (2016) DOTS Complete - ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ဘေးကင်းလုံခြုံမှုက နိုင်ငံတော်ရဲ့ ပထမဦးစားပေးသတ်မှတ်ချက်ပဲ.. ငါ့လို စစ်သားတစ်ယောက်အတွက်ကတော့ ...တိုင်းသူပြည်သားတစ်ယောက်ရဲ့ အသက်ထက် ပိုပြီး အရေးကြီးတဲ့ တာဝန်ဆိုတာမျိုးကို တိုင်းပြည်က ဘယ်တော့မှ ပေးအပ်မှာ မဟုတ်ပါဘူး.. (ဗိုလ်ကြီးယိုရှီဂျင်)- ကျွန်မ လူနာတွေရဲ့ကျန်းမာရေးနဲ့သူတို့ရဲ့အသက်က ...ကျွန်မရဲ့ပထမဦးစားပေးပါပဲ.. လူနာတွေရဲ့အဆင့်အတန်းတွေ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ နိုင်ငံတွေကိုမေ့ထားပြီး ကျွန်မလူနာတွေအပေါ်မှာ တာဝန်ကျေပွန်အောင် စွမ်းဆောင်ကုသပေးမှာပါ...(ဒေါက်တာဂန်မိုယွန်း)ဒီလိုအနှစ်တွေနဲ့ ဒီစီးရီးက ၂၀၁၆ ရဲ့အဟော့ဆုံးစီးရီးတစ်ခုဖြစ်ခဲ့သလိုကြည့်ရှုသူတိုင်းကြိုက်နှစ်သက်ရတဲ့ Drama Series တစ်ခုဖြစ်ခဲ့ပါတယ်။ Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီးDoctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အညွှန်း ==================အာရှအလယ်ပိုင်း ....Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီးစစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု ...
8.5
TMDb: 8.5/10 419 votes
tv

Descendants of the Sun (2016) DOTS Complete

2016
Doom at Your Service (2021)
Doom at Your Service (2021) Doom at Your Service (2021) ******************************** အပိုင်း (၁ မှ ၁၆)ထိ စ/ဆုံး Dong Kyeong ဟာ web novel တွေရေးတဲ့ ကုမ္ပဏီတစ်ခုက အယ်ဒီတာဖြစ်ပါတယ် myeol Mang လို့ခေါ်တဲ့ သူ့ဘဝထဲမှာ ရုတ်တရက်ကြီး ပေါ်လာတဲ့အခါမှာ Dong Kyeong ဟာ အခြေအနေတစ်ခုကြောင့် သူမရဲ့ဘနဲ့အချစ်ကို စွန့်စားဖို့အတွက် Myeol Mang နဲ့အတူ ရက် ၁၀၀ စာချုပ်ကို ချုပ်ဆိုခဲ့ပါတော့တယ်.... Myeol Mang ဟာကတော့ နတ်ဘုရားနဲ့လူသားကြားက ဆက်သွယ်ပေးတဲ့ တမန်တော်တစ်ဦးဖြစ်ပါတယ်... သူတို့နှစ်ယောက် ဘယ်လိုကြောင့် စာချုပ်ချုပ်ဖို့ဖြစ်သွားတာလဲ ဘာအတွက်နဲ့ ဖြစ်သွားတာလဲဆိုတာရယ် တမန်တော်နဲ့ အယ်ဒီတာမလေးတို့ကြားက ချစ်ခြင်းတရားတွေအပြင် ဘယ်လိုအဆုံးသတ်မလဲဆိုတာပါ ရင်ခုန်စွာစောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ် အားလုံးရဲ့ရှေ့ကို ရောက်ရှိလာပါပြီနော်....  Episodes: 16 Aired On: Monday, TuesdayQuality – 720p Duration – 1hr (@Episode) Subtitle – Myanmar Hardsub Format – ...

Doom at Your Service (2021)

2021
Graceful Friends (2020) 7.0
Graceful Friends (2020) [Unicode]မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေရှိကြတယ်..သူတို့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်ထောင်ကျပြီးတဲ့နောက်လည်း ဒီမြို့မှာပဲအခြေချဖြစ်တာဆိုတော့ အလုပ်ကိုယ်စီလုပ်လိုက် အားရင် သူငယ်ချင်းအရင်းတွေဆိုတော့ ဆုံပြီး စားသောက်ကြပေါ့... ဒီလိုပဲဖြတ်သန်းနေတဲ့ သူတို့ဘဝဟာ တကယ့်ကို သုခဘုံလို့ဆိုရမလားပဲ... အဲ့ဒီနောက်မှာတော့ ဒီမြို့မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်... ဒီလူသတ်မှုဟာ ဟိုးအတိတ်သူတို ငယ်စဉ်ကာလနဲ့ဆက်စပ်မှုရှိတဲ့အပြင် သူငယ်ချင်းတွေအားလုံးနဲ့ သက်ဆိုင်သလိုဖြစ်လာတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...ဒီစီးရီးက သရုပ်ဆောင်တွေအတော်များများဟာ အခြားစီးရီးတွေမှာဆို အဓိကကျတဲ့ဗီလိန်ခန်းတွေမှာ ပါတဲ့သရုပ်ဆောင်တွေဖြစ်တဲ့အပြင် သရုပ်ဆောင်မှုအပိုင်းမှာလည်း ဆရာကျတဲ့သူတွေချည်းပါပဲ...ပြီးတော့ လူသတ်မှုနဲ့ဆက်စပ်ပြီးတဲ့နောက် ကိုယ်စီ စိတ်ခံစားမှုကြောင့် ရုန်းကန်တဲ့ ဉာဏ်နီဉာဏ်နက်တွေကို စိတ်လှုပ်ရှားစွာ ကြည့်ရတဲ့စီးရီးမို့ ချစ်ကြိုက်မုန်း တွေငြီးငွေ့တဲ့သူတွေအဖို့တော့ တော်တော်ကြီးမိုက်မှာသေချာပါတယ်.... အပိုင်း(၁၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာ စနေညတွေမှာလွှင့်မှာမို့စောင့်မျှော်ကြည့်ကြပါကုန်...( အညွှန်းရေးသားထားသူကတော့ Htet Nandar Aung ဖြစ်ပါတယ် ) [Zawgyi]မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေရှိကြတယ်..သူတို့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်ထောင်ကျပြီးတဲ့နောက်လည်း ဒီမြို့မှာပဲအခြေချဖြစ်တာဆိုတော့ အလုပ်ကိုယ်စီလုပ်လိုက် အားရင် သူငယ်ချင်းအရင်းတွေဆိုတော့ ဆုံပြီး စားသောက်ကြပေါ့... ဒီလိုပဲဖြတ်သန်းနေတဲ့ သူတို့ဘဝဟာ တကယ့်ကို သုခဘုံလို့ဆိုရမလားပဲ... အဲ့ဒီနောက်မှာတော့ ဒီမြို့မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်... ဒီလူသတ်မှုဟာ ...
7.0
TMDb: 7.0/10 votes
tv

Graceful Friends (2020)

2020
Chief of Staff (2019) 8.2
Chief of Staff (2019) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးမဲ့ongoing series လေးကတော့Chief Of Staff ပဲဖြစ်ပါတယ်အပိုင်း ၁၀ ပိုင်းပါဝင်ပြီး June လ ၁၄ ရက်နေ့က စတင်ပြသခဲ့တာပါPolitical Drama အမျိုးစားဖြစ်ပြီးအပတ်စဉ် သောကြာ/စနေနေ့တိုင်းမှာ အပိုင်းသစ်ထွက်ရှိမှာပါမင်းသားမင်းသမီးကတော့ အားလုံးသိကြတဲ့Along with the god တို့ Triple တို့ထဲက မင်းသားကြီး Lee Jung Jae နဲ့Oh My Venus တို့ My Girlfriend is Gumiho စတဲ့ဇာတ်ကားတွေမှာ ပါဝင်ခဲ့ Shin Min-A တို့ပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်က ကိုရီးယားရဲတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး စုံထောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်သူက ပိုပြီး အာဏာရချင်တဲ့အတွက် အမျိုးသားလွှတ်တော်မှာအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးနောက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်ဆုန်းဟီဆော့အတွက် အလုပ်လုပ်ပေးရတဲ့အလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်သူက ထက်မြက်ပြီး ဆုံးဖြတ်ချက်တွေကိုအေးအေးဆေးဆေးချနိုင်တဲ့ လူတစ်ယောက်ပါအနိုင်လိုချင်စိတ်လဲ ပြင်းပြသူတစ်ဦးဖြစ်ပါတယ်သူ့မှာ လွှတ်တော်ကိုစားလှယ်ဖြစ်လာချင်တဲ့ ရည်မှန်းချက်ကြီးလဲ ရှိနေပါတယ်ဂန်ဆွန်ယောင်းကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး ...
8.2
TMDb: 8.2/10 3 votes
tv

Chief of Staff (2019)

2019