Channel Myanmar

Studio Dragon

Voice 4: Judgment Hour (2021) 6.5
Voice 4: Judgment Hour (2021) Voice 4: Judgment Hour (2021)ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်းသစ်(၁ မှ ၁၄ ထိ)စ/ဆုံး Season 4 မှာတော့ 112 call center စင်တာမှူးကြီး K‌ang Kwon Jo ဟာ Season 1,2,3မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်trauma ရသွားကာ psychopath တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး လူတွေကို လိုက်သတ်နေတာလား ...ဒါမှမဟုတ် အမြွှာလို ရုပ်ချင်းတူတဲ့ သူတစ်ယောက်ကများ စင်တာမှူးလိုဟန်ဆောင်ပြီး လိုက်သတ်နေတာလားဆိုတာကိုဖော်ထုတ်ရမှာပါ။မင်းသားနေရာ‌မှာတော့ LA ကပြောင်းလာတဲ့ စုံထောက် Derek Jo (ဂျွန်စော)ပါ၀င်လာပြီးတော့ကွင်းဆက်လူသတ်သမားအမှုနဲ့ အမှုများစွာကို ထပ်မံဖော်ထုတ်ဦးမှာ ဖြစ်ပါတယ်။အညွှန်းအများကြီးမရေးသင့်တဲ့စီးရီးမို့ ကိုယ်တိုင်ပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုကြပါကုန်...Duration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Crime,Adventure,Thriller, DramaTranslated by Ei ...
6.5
TMDb: 6.5/10 29 votes
tv

Voice 4: Judgment Hour (2021)

2021
My Roommate Is a Gumiho(2021)
My Roommate Is a Gumiho(2021) My Roommate Is a Gumiho(2021)အညွှန်း**************************************အပိုင်းသစ်(၁ မှ ၁၆ ) ထိ စ/ဆုံးအမြီးကိုး‌ချောင်းမြေခွေးဂူမီဟိုဆိုတာကို ကိုရီးယားဒရာမာပရိသတ်တို့အနေနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်....ဒါပေမယ့် အခုဒီကားလေးထဲက မြေခွေးကတော့ အသက်999နှစ်ရှိပြီဖြစ်တဲ့ မြေခွေးထီးချောချောလေးပါနော် ...ဒီမြေခွေးထီးလေးရဲ့ အမြုတေကို တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်က အမှတ်မထင်မြိုချမိလိုက်တဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စခွီထရင်းကြည့်ရမယ့် comedy fantasy လေးပါ.....မင်းသမီးကလည်း အားလုံးလည်းသိကြတဲ့ Idol ကနေသရုပ်ဆောင်ဘက်မှာလည်း အောင်မြင်မှုတွေရထားတဲ့Reply 1988 ထဲက မင်းသမီး Hyeri ပါ ဆိုတော့ကာ ရင်ခုန်စွာနဲ့ကြည့်ရှုပေးကြပါဦး....Episodes: 16Aired: May 26, 2021 - Jul 15, 2021Aired On: Wednesday, ThursdayGenres: Comedy, Romance, FantasyTranslator –Hnin Pale,Ichika Satoru,Su Myat Myat Aung & Myo Myo HtetEncoder –  Phyo Pyae  Episode ...

My Roommate Is a Gumiho(2021)

2021
Doom at Your Service (2021)
Doom at Your Service (2021) Doom at Your Service (2021) ******************************** အပိုင်း (၁ မှ ၁၆)ထိ စ/ဆုံး Dong Kyeong ဟာ web novel တွေရေးတဲ့ ကုမ္ပဏီတစ်ခုက အယ်ဒီတာဖြစ်ပါတယ် myeol Mang လို့ခေါ်တဲ့ သူ့ဘဝထဲမှာ ရုတ်တရက်ကြီး ပေါ်လာတဲ့အခါမှာ Dong Kyeong ဟာ အခြေအနေတစ်ခုကြောင့် သူမရဲ့ဘနဲ့အချစ်ကို စွန့်စားဖို့အတွက် Myeol Mang နဲ့အတူ ရက် ၁၀၀ စာချုပ်ကို ချုပ်ဆိုခဲ့ပါတော့တယ်.... Myeol Mang ဟာကတော့ နတ်ဘုရားနဲ့လူသားကြားက ဆက်သွယ်ပေးတဲ့ တမန်တော်တစ်ဦးဖြစ်ပါတယ်... သူတို့နှစ်ယောက် ဘယ်လိုကြောင့် စာချုပ်ချုပ်ဖို့ဖြစ်သွားတာလဲ ဘာအတွက်နဲ့ ဖြစ်သွားတာလဲဆိုတာရယ် တမန်တော်နဲ့ အယ်ဒီတာမလေးတို့ကြားက ချစ်ခြင်းတရားတွေအပြင် ဘယ်လိုအဆုံးသတ်မလဲဆိုတာပါ ရင်ခုန်စွာစောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ် အားလုံးရဲ့ရှေ့ကို ရောက်ရှိလာပါပြီနော်....  Episodes: 16 Aired On: Monday, TuesdayQuality – 720p Duration – 1hr (@Episode) Subtitle – Myanmar Hardsub Format – ...

Doom at Your Service (2021)

2021
MINE (2021) 8
MINE (2021) Mine (2021)ငါစွဲကြီးသူများ .....ငါပိုင်တဲ့ဟာ ငါ့အရာ ဆိုတာမျိုးက လူ့အပေါ်ယံလွှာ ရေပေါ်ဆီတွေကြားမှာ ရေပန်းစားတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ အထက်တန်းလွှာတွေကြားက အားပြိုင်မှုတွေကို တင်ဆက်ထားတဲ့ ဟဲဗီးဒရာမာ ဇာတ်လမ်းတွဲအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။လောင်ရမှာ ကြိုက်တဲ့ ပရိသတ်ကြီးတွေအတွက် ငရဲမီးကို ဓာတ်ဆီနဲ့လောင်းသလို ခံစားရဦးမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။နာမည်ကြီးမင်းသမီးတွေ ဖြစ်တဲ့ Lee Bo Young နဲ့ Kim Seo Hyung အပြိုင်အဆိုင်သရုပ်ဆောင်ထားကြတာ ဖြစ်တဲ့အတွက် အတွဲအစပ်ကတော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲ။ဆောဟီဆူး( Lee Bo Young)က နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ချယ်ဘိုမိသားစုရဲ့ ဒုတိယမြောက်သားနဲ့လက်ထပ်ဖို့အတွက် သူအလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ပါတယ် ချယ်ဘိုမိသားစု ဟျိုဝန်းကုမ္ပဏီကို လုပ်ကိုင်နေပြီးတော့ အရမ်းကိုချမ်းသာတဲ့မိသားစုတစ်စုလည်းဖြစ်ပါတယ် (ဇာတ်ကားကြည့်ရင်းနဲ့ မျက်ရည်ပါသုတ်ရမယ်နော် ချမ်းသာချက်က)မိသားစုရဲ့ ဒုတိယချွေးမအနေနဲ့ကော ကလေးရဲ့မိထွေးအနေနဲ့ပါ အဲ့မိသားစုထဲဝင်ဆန့်အောင် ကိုယ့်ကိုယ်ကို အကောင်းဆုံးကြိုးစားပြီး နေထိုင်းရင်းနဲ့ တစ်ချိန်တည်းမှာပဲ သူကိုယ်သူပျောက်ဆုံးသလိုခံစားနေရတဲ့ ဆိုဟီဆိုဂျောင်ဆူဟွန်း (Kim Seo Hyung) ကတော့ ပထမသားနဲ့လက်ထပ်ထားတဲ့ ချွေးမကြီးဖြစ်ပြီးတော့ ထက်မြတ်တယ် အလုပ်လုပ်ရင်းလည်းတိကျတယ်မတူညီတဲ့မိသားစုနှစ်စုလာတဲ့ ချွေးမနှစ်ယောက် ညီအစ်ကိုနှစ်ယောက်ကိုလက်ထပ်ပြီးတဲ့နောက်မှာသူတို့ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်လိုရှာဖွေကြမလဲ????ဆုံးဖြတ်ချက်တွေ ...
8
TMDb: 8/10 1 votes
tv

MINE (2021)

2021
Voice 3(2019) 6.4
Voice 3(2019) Voice 3(2019) အညွှန်း********************အပိုင်းသစ်( ၁ မှ ၁၆) ထိ စ/ဆုံးဒီတစ်ခေါက် Season 3 မှာတော့ Season 2 တုန်းက မပြီးပြတ်သေးတဲ့အမှုကို ဆက်လက် အဖြေရှာကြမှာပဲဖြစ်ပါတယ်။အလွန်ကောင်းမွန်တဲ့ အကြားအာရုံရှိပေမယ့် ဦးနှောက်အာရုံကြောဝေဒနာတစ်မျိုး ခံစားနေရတဲ့ စင်တာမှူး Kang Gwon Ju ၊နားလည်ရခက်တဲ့ အဖွဲ့မှူး Do Kang Woo နဲ့ Golden Time ကအဖွဲ့သားတို့ဟာ 112 call center ကိုတိုင်ကြားလာတဲ့ ရာဇ၀တ်မှုခင်းတွေကို တက်ညီလက်ညီနဲ့ လိုက်လံဖော်ထုတ်ဖြေရှင်းပေးသွားကြမှာပါ။Season 3 မှာ နောက်ထပ်ပါ၀င်လာတဲ့ အမှုတစ်ခုကတော့ Doctor Fabre ဆိုတဲ့ Dark Web တစ်ခုရဲ့ အဓိကကြိုးကိုင်တဲ့သူကိုရှာဖွေရမှာဖြစ်ပါတယ်။ အဲ့ဒီအဓိကကြိုးကိုင်သူဟာ Do Kang Woo ရဲ့ အတိတ်ကိုဘာလို့အဲ့‌လောက်ထိသိနေရတာလဲ ဘာလို့အမြဲတမ်း ...
6.4
TMDb: 6.4/10 28 votes
tv

Voice 3(2019)

2019
Voice 2(2018) 8.0
Voice 2(2018) Voice 2(2018) ဇာတ်လမ်းတွဲအညွှန်း*****************************အပိုင်းသစ်(၁ မှ ၁၂ )ထိ စ/ဆုံးVoice season 2 မှာလည်း season 1 တုန်းကလိုပဲ 112 call center ကို ဖုန်းဆက်ပြီး အကူအညီတောင်းလာတဲ့သူတွေကို ကယ်တင်ပေးရင်း mysterious ဖြစ်နေသောအမှုအခင်းများကို လိုက်လံဖော်ထုတ်ကြမှာပဲဖြစ်ပါတယ်.....မင်းသမီးကတော့ ထုံးစံအတိုင်း ဟိုးအဝေးကလာတဲ့ အသံသေးသေးလေးတွေကအစ ကြားနိုင်စွမ်းရှိတဲ့ 112 call center ကစင်တာမှူး Kang Gwon Ju ပါ...မင်းသားနေရာမှာတော့ season 1 ပါ၀င်ခဲ့တဲ့ Mu Jin Huyk နေရာမှာ Do Kang Woo အစားထိုးပါ၀င်လာပါတယ်။သူတို့နှစ်ယောက်အတူ ပူးပေါင်းပြီးတော့ ကွင်းဆက်လူသတ်သမားအမှုကိုပဲ ဖော်ထုတ်ကြမှာပဲ ဖြစ်ပါတယ်။Season 2မှာ စုစုပေါင်း အပိုင်း ၁၂ပိုင်း ပါ၀င်မှာဖြစ်ပြီးတော့ သည်းထိတ်ရင်ဖို အမှုအခင်း ဇာတ်လမ်းတွဲကြိုက်သူတွေလက်မလွတ်တမ်း ...
8.0
TMDb: 8.0/10 28 votes
tv

Voice 2(2018)

2017
Voice(2017) Season 1[ Complete] 6.4
Voice(2017) Season 1[ Complete] Voice(2017) Season 1 ဇာတ်လမ်းတွဲ***************************************အပိုင်း(၁ မှ ၁၆ )ထိ စ/ဆုံးVoiceစီးရီးနဲ့ပတ်သက်ပြီး အညွှန်းတော့ထွေထွေထူးထူးရေးစရာမလိုလောက်.....အသက်နဲ့သစ္စာလို့လူသိများကြပါတယ်....ဒီစီးရီးက ရဲမှုခင်းဌာနရဲ့ Call Center တစ်ခုကိုအခြေပြုပြီးတော့ ဇာတ်အိမ်ဖွဲ့ထားတာပါ...ကိုရီးယားရဲ့ လူသိများတဲ့ဇာတ်ကောင်ကPsychopath ပါပဲ...ကြည့်နေတုန်း Screen ထဲဝင်ပြီး သတ်ပစ်ချင်လောက်အောင် ဖမ်းစားနိုင်ပါတယ်....အဲ့လိုနေရာကို နာမည်ကြီးသရုပ်ဆောင်တွေထားသလို ဇာတ်အိမ်ကိုအမြင့်ဆုံးဖြစ်စေနိုင်တဲ့ နာမည်ရသရုပ်ဆောင်တွေPlot Twist အလန်းစားတွေနဲ့ ဖွဲ့စည်းပြီး အဆင့်အတန်းမြင့် Crimeဇာတ်လမ်းတွေဖန်တီးလေ့ရှိတယ်...လူကြိုက်များလှသလို ဒီ Voiceစီးရီးကလည်း အထင်ကရ စီးရီးဆက်ကြီးလို့ပြောရင်လည်းမမှားပါဘူး.....Voiceရဲ့အကောင်းဆုံးကတော့ SE1ရဲ့ အပိုင်း(၁)စပြီး Tempoကိုကျမသွားတာပါပဲ...ကိုယ်တိုင် ဇာတ်လမ်းထဲရောက်သွားသလိုခံစားရပြီး ကိုယ်တိုင်အမှုတွေအဖြေရှာရ  Psychopath က ဘယ်သူဖြစ်မလဲကိုတွေးရ အသံတွေကြားပြီးဘာမှမကယ်နိုင်အကူအညီမပေးနိုင်နဲ့   တော်တော်ဒုက္ခများတယ်လို့ပြောရမှာပါပဲ...တစ်ချို့အခန်းတွေဆို ဟာ ဟင် ထအော်ရတာမျိုးရှိသလို ကြည့်ရင်း လည်ချောင်းတွေခြောက်ပြီးရေတွေပါငတ်တဲ့အခြေအနေမျိုးတွေလည်းကြုံရပါတယ်...ဇာတ်လမ်းအညွှန်းက ခုမှလာပါပြီ...ဇာတ်လမ်းအညွှန်း++++++++++++နင်းကန်ကောင်းတဲ့စီးရီးပါ.... Quality – WEB-DL 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Crime,Adventure,Thriller, ...
6.4
TMDb: 6.4/10 28 votes
tv

Voice(2017) Season 1[ Complete]

2017
Vincenzo(2021) 10
Vincenzo(2021) Vincenzo(2021)အညွှန်း*******************အပိုင်းသစ်(၁ မှ ၂၀)ထိ စ/ဆုံး အသက် ၈နှစ် အရွယ် Park Joo Hyeong ဟာ အီတလီ မိသားစုတစ်စုမှ မွေးစားခံပြီးနောက် အီတလီမှာ ကြီးပြင်းခဲ့ရတယ်။အရွယ်ရောက်တဲ့အခါ Park Joo Hyeong ဟာ "Vincenzo Casano"ဆိုတဲ့ အမည်နဲ့ ရှေ့နေဖြစ်လာပြီး မားဖီးယားရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။သို့သော် မားဖီးယားဂိုဏ်းများကြား တိုက်ပွဲများကြောင့် ရွေးချယ်စရာမရှိဘဲ တောင်ကိုရီးယားကို ထွက်ပြေးခဲ့ရတယ်။တောင်ကိုရီးယားရောက်မှပဲ ပိုဆိုးတဲ့အဖြစ်မျိုးတွေကြုံရပါတော့တယ်...အဓိကဇာတ်ကောင်များအဖြစ် Song Joong Ki နဲ့ Jun Yeo Bin တို့ကပါ၀င်ထားပြီးတော့Channel Myanmar မှ မြန်မာစာတန်းထိုးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဘာသာပြန်တင်ဆက်သူများကတော့ Lwin Lwin Aung, Ei Phyu Khin, Khine Khine Wai နဲ့ Myat Chel တို့ဖြစ်ကြပါတယ်။Native Title: 빈센조Also Known As: BinsenjoScreenwriter: Park Jae BumDirector: Kim ...
10
TMDb: 10/10 1 votes
tv

Vincenzo(2021)

2021
Melting Me Softly (2019) {Complete} 8
Melting Me Softly (2019) {Complete} cryonics ဆိုတဲ့ သိပ္ပံ နည်းလမ်း ကတော့ ခန္ဓာကိုယ်ကို အအေးလွန်အောင် လုပ်ပြီး အေးခဲ ထိန်းသိမ်းထားတာပါ ဒါကို ( Cryonic Suspension ) လို့ခေါ်ပါ တယ် incurable လူနာတွေကို အအေးလွန် ထိန်းသိမ်းထားပြီးနောက် ပြန်လည်နိုးထလာတဲ့အချိန်မှာ ပိုမိုကောင်းမွန်အောင် ကုသနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါကို လုပ်ဆောင်နေကြတာပါ ဒီဇာတ်လမ်းလေးမှာတော့ အများနဲ့ မတူတာတွေ အမြဲလုပ်တတ်တဲ့ သူများမလုပ်တာတွေကိုမှလုပ်တတ်တဲ့ ရုပ်သံလွှင့်ရုံရဲ့ PD မာဒုံချန်းက ပရိုဂရမ်အသစ်ရိုက်ကူးရေးအတွက် cryonic experiment လုပ်နေတဲ့ ပရော်ဖက်ဆာဟွမ်ရဲ့ စမ်းသပ်မှုမှာ သူကိုယ်တိုင်ပါ၀င်စမ်းသပ်ခံပြီး ၂၄ နာရီကြာ ရိုက်ကူးရေးပြုလုပ်မှာပါဖြစ်ပါတယ် သူနဲ့အတူပါ၀င် စမ်းသပ်ခံဖို့အတွက် သူ့ရဲ့ ခက်ခဲတဲ့ show တိုင်းမှာ ပါ၀င်ရိုက်ကူးခံခဲ့တဲ့ ဂိုမီရမ်ကိုလည်း သူက စည်းရုံးခဲ့ပါတယ် ဂိုမီရမ်က လည်း ပါ၀င်စမ်းသပ်ဖို့လက်ခံခဲ့ပြီး ၂၄ နာရီမပြည့်မှာ စမ်းသပ်မှု ပြသနာတက်ခဲ့ပါတယ် ပရော်ဖက်ဆာနဲ့အတူတူ သူတို့ ၂ ယောက်လည်း နှစ်၂၀ကြာ ပျောက်ဆုံးသွားခဲ့ပြီးမှ မအိုမင်းပဲ ၂၀၁၉ ခုနှစ်မှာ ပြန်လည်နိုးထလာကြပါတယ် အနှစ် ၂၀ ကြာမှ ...
8
TMDb: 8/10 48.325 votes
tv

Melting Me Softly (2019) {Complete}

2019
Love Alarm (2019) {Complete}
Love Alarm (2019) {Complete} ကိုရီးယားကား၊ အချစ်ကားကြိုက်သူတွေအတွက် netflix ရဲ့ Love Alarm ဇာတ်လမ်းတွဲ ... တကယ်လို့ ကိုယ့်ဘေးနားက လူတွေ ကိုယ့်ကို ကြိုက်နေတယ်၊ မကြိုက်နေဘူးဆိုတာ အချက်ပေးတဲ့ mobile app တစ်ခုရှိနေမယ်ဆိုရင် ဘယ်လိုနေမလဲ။ ဥပမာ ကျောင်းသွားတယ်။ အတန်းထဲလည်းရောက်ရော ကိုယ့်ကို ကြိတ်ခိုက်နေသူ ဘ ယ်နှစ်ယောက်ရှိလဲ၊ ကိုယ်ကရော ဘယ်သူ့ကို ကြိတ်ခိုက်နေသလဲဆိုတာ ပုန်းကွယ်ထားမှုမရှိဘဲ ဖုန်းမှာ လာပေါ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုမျိုးကောင်းကွက်တွေ ရှိပြီး ဆိုးကွက်တွေရှိလာနိုင်မလဲ။ ဒီ Love Alarm ဇာတ်လမ်းတွဲထဲမှာ ဒီ Love Alarm app ကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းကွက်တွေ၊ ဆိုးကွက်တွေကို မြင်ရမှာဖြစ်ပါတယ်။ အညွှန်းကို DatShin Page မှ ကူးယူဖော်ပြပါသည်။ ဇတ်လမ်းတွဲလေးကို ဘာသာပြန်ပေးထားသူတွေကတော့ Hay Thar Oo နှင့် Htet Nandar Aung တို့ပဲ ဖြစ်ပါတယ်   Download List ========== Season 1 - CM CM App Link EP 01 ...


2019
L.U.C.A.: The Beginning (2021) L.U.C.A.: The Beginning (2021)*******************************အပိုင်းသစ် (၁၂) ဇတ်သိမ်းပိုင်း + Complete ZipJi Oh ဆိုတဲ့အမျိုးသားက သူ့ခံစားချက်တွေကို သူများတွေဆီထုတ်ပြခဲတဲ့လူတစ်ယောက်ပါ။သူ့မှာထူးခြားတဲ့စွမ်းအားနဲ့ လျှို့ဝှက်ချက်တစ်ခုရှိပေမဲ့သူ့ကိုယ်သူဘယ်သူလဲဆိုတာကို သူကိုယ်တိုင်တောင်မသိပါဘူးသူ့ပတ်ဝန်းကျင်က မေးခွန်းပေါင်းများစွာကိုအဖြေရှာဖို့ကြိုးစားရင်းပဟေဠိဆန်သောလူတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံရပါတော့တယ် Gu Reumဆိုတဲ့ အမျိုးသမီးကတော့ သူလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာတစ်ခုကိုပြီးဆုံးသည်အထိလုပ်ဆောင်တတ်သူပါ။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကပျောက်ဆုံးသွားခဲ့ရပြီးသူကြီးလာတော့ စုံထောက်ဖြစ်တဲ့အခါ မိဘနှစ်ပါးရဲ့ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ စုံထောက် Gu Ruemတစ်ယောက် ထူးခြားတဲ့စွမ်းအားပိုင်ရှင် Ji Ohနဲ့တွေ့တဲ့အခါမှာတော့သူမဘဝကစတင်ပြောင်းလဲပါတော့တယ်...LUCA ဆိုတဲ့ဇာတ်လမ်းတွဲမှာတော့ မင်းသားJi Ohအနေနဲ့ Kim Rae-Wonက ပါဝင်သရုပ်ဆောင်ထားပြီးစုံထောက်မလေးGu Ruemနေရာမှာတော့ မင်းသမီး Lee Da-Heeက ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့အမိုက်စားဇာတ်ကွက်တွေကို လက်မလွှတ်တမ်းရှုစားကြပါဦး။ Quality – 720p Duration – 1hr (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre :  Drama, Mystery Translator – Ei ...

L.U.C.A.: The Beginning (2021)

2021
True Beauty(2020)
True Beauty(2020) True Beauty(2020)ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်းသစ်(၁၆) ဇတ်သိမ်းပိုင်း မိန်းကလေးဆိုတဲ့အမျိုးက ကလေးဘဝကထဲက အလှအပကိုစိတ်ဝင်စားသလိုလှပအောင်လည်းကြိုးစားနေထိုင်တတ်ကြတယ်...မှန်လေးကြည့်လိုက်လို့ သူတို့ရုပ်ရည်လေးအဆင်ပြေနေမှကိုယ့်ကိုကိုယ် ယုံကြည်ချက်လည်းရှိကြတာကိုး...ဒါ့ကြောင့် Selfie ဆွဲလို့ ပိုလှတဲ့ ဖုန်းတွေရောင်းကောင်းကြတာမဟုတ်လား...ဒီအထဲက ကောင်မလေးတစ်ယောက်လည်း အဲ့လိုပါပဲ...သူ့ရည်ရည်အပေါ်ယုံကြည်ချက်မရှိလို့ make-up tutorial တစ်ခုကိုကြိုးစားပန်းစားပြင်လိုက်မှ မဟာသရဲမကြီးနဲ့တူပြီး ကြိုက်တဲ့ကောင်လေးကငြင်းခံလိုက်ရလို့ကိုယ့်ကိုကိုယ်သတ်သေဖို့အထိတောင်ဖြစ်သွားရတယ်...ဒီလိုသတ်သေတဲ့အချိန်ကောင်လေးတစ်ယောက် တားဆီးလိုက်လို့အသက်မသေခဲ့တာကံကောင်းတယ်ပြောရမှာပါ...အဲဒီနောက်တော့ ကျောင်းပြောင်းရတဲ့အနေအထားြဖစ်တော့သူမအတွက် အနည်းငယ်ခံသာသလိုြဖစ်သွားတယ်...ကျောင်းအသစ်မှာ မိတ်ကပ်ပြင်နည်းတွေအမှန်အကန်ကြိုးစားပြီး ကျောင်းတက်တဲ့အခါမှာတော့ အရင်တုန်းက ခပ်ဆိုးဆိုးရင်ဆိုင်ရဲ့တဲ့အနေအထားတွေဟာ ရုတ်ချဉ်းပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..ဒီစီးရီးက ဆယ်ကျော်သက်ကျောင်းသား ကျောင်းသူဘဝကို အဓိက ကျောရိုးပြုရိုက်ကူးထားတာဖြစ်ပြီးပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့မို့ ကြည့်ရအတော်ကောင်းပါတယ်...လှတပတလေးတွေနဲ့ မျက်စိအပန်းပြေသလိုကောင်လေးတွေရော ကောင်မလေးတွေပါ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပညာရစေတဲ့ကားလေးဆိုလည်းမမှားပါဘူး... ဘာသာပြန်သူများကတော့Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်....Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  ...

True Beauty(2020)

2020
Awaken(2020)
Awaken(2020) Awaken(2020)အညွှန်း**********************အပိုင်းသစ်(၁၆) ဇတ်သိမ်းပို်ငးမင်းသား Nam Goong Min ဟာ Hot Stove League (၂၀၁၉) နဲ့Doctor Prisoner(၂၀၁၉)တို့မှာRo ခန်းမပြောနဲ့ မင်းသမီးကို ချစ်တဲ့ဟန်အမူအရာလုံးဝမပါဘဲ ပွဲပတ်ကြမ်းနေတဲ့ ထူးထူးခြားခြား ကိုရီးယားစီးရီး(၂)ခုမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပါဝင်ခဲ့တာပါ....ဂျစ်ကန်ကန် မထေမဲ့မြင်အပြုံးနဲ့ တစ်ဘက်သားကို ထိုးနှက်ဖို့စကားလုံးလှလှတွေသုံးရင်း ထက်မြက်လှတဲ့ သူ့အရည်အချင်းတွေနဲ့ ရန်သူကို အနိုင်တိုက်တတ်တဲ့ဒီဟန်အမူအရာတွေကြောင့် အဆင်ငမ်းပါ့မယ်ဆိုတဲ့ နှုတ်ခမ်းနီမလေးတွေတောင် ကြွေခဲ့ပါတယ်.....ဒီစီးရီးထဲမှာလည်း နှုတ်ခမ်းမွေးစစ ပေစုတ်စုတ်နဲ့ လုပ်ချင်ရာလုပ်တဲ့ စုံထောက်အဖြစ်နဲ့ပါဝင်ထားပါတယ်....အပိုင်း(၁)မှာ လွန်ခဲ့တဲ့ ၂၈ နှစ်က အစုလိုက်အပြုံလိုက်သေတဲ့မှုခင်းကြီးတစ်ခုကိုပြထားပြီးနောက် ဓားပြတိုက်တဲ့အဖွဲ့ ကို Nam Goong Min တို့ရဲစုံထောက်တွေလိုက်ဖမ်းတာနဲ့စထားပါတယ်....ကျွန်တော်ကတော့ အပေါ်ကပြောခဲ့တဲ့ စီးရီး(၂)မှာတင် လုံးဝသဘောကျခဲ့တာမို့ဒီစီးရီးမှာလည်း လန်းဖို့များပါတယ်...သူနဲ့အလိုက်ဆုံး စရိုက်နဲ့ ဖွဲ့စည်းထားတာမို့တော်တော်လည်း အထှာကျပါတယ်..ပြီးတော့ ဘက်ဂျက်အများကြီးသုံးထားပုံရပါတယ်..ရိုက်ထားတာတွေလည်း တော်တော်မိုက်ပါတယ်. စုံထောက် ၊အက်ရှင်၊မှုခင်းကားတွေ မျှော်လင့်နေတဲ့သူတွေအဖို့ ရော Nam Goong Min ...

Awaken(2020)

2020
Start-Up(2020)[စ/ဆုံး]
Start-Up(2020)[စ/ဆုံး] Start-Up(2020)အညွှန်း*********************အပိုင်း(၁ မှ ၁၆) စ/ဆုံးSeo Dal Miဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ကောင်မလေးတစ်ယောက်ဟာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ဖို့ အိပ်မက်မက်နေတဲ့သူပါ။လိုအပ်တဲ့ရင်းနှီးမြှုပ်နှံငွေရဖို့ ကျောင်းကနေထွက်ခဲ့ပြီး အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ကာအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။သူမရဲ့အကြီးမားဆုံးအိပ်မက်ကတော့ ကိုရီးယားရဲ့စတိဗ်ဂျော့အဖြစ်နဲ့ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်သူပါ။ Nam Do Sanကတော့ အတွက်အချက်တော်တဲ့ သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီးSamsan Techရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ သူ့ရဲ့ကုမ္ပဏီဟာအကျဥ်းအကြပ်ထဲကျရောက်နေပြီး စီးပွားရေးအခက်အခဲကြုံတွေ့နေရပါတယ်။ ဒီလိုရည်မှန်းချက်ကြီးမားတဲ့လူငယ်လေးနှစ်ယောက်ဟာ  ဘယ်လိုတွေဆုံကြမလဲ...သူတို့အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါ့မလား.. တစ်ယောက်နဲ့တစ်ယောက်ရော အပြန်အလှန်ကူညီနိုင်ကြပါ့မလား...ခံစားကြည့်ကြပါဉီး.....ဇာတ်လမ်းအညွှန်းကို Ei Phyu Khin မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin & Hnin Pale တို့ပဲဖြစ်ပါတယ်....Quality – WEB-DL  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Comedy, DramaTranslated by Lwin Lwin Aung,Shoon Thu ...

Start-Up(2020)[စ/ဆုံး]

2020
Tale of the Nine Tailed(2020)[စ/ဆုံး]
Tale of the Nine Tailed(2020)[စ/ဆုံး] Tale of the Nine Tailed(2020)အညွှန်း*********************************အပိုင်း(၁ မှ ၁၆)ထိ စ/ဆုံး<<<<Zip Fileလည်းရပါပြီ>>>>>လီယွန်ဆိုတာ အရပ်ရှည်ရှည် နဲ့ ထီးတစ်ချောင်းကို ကိုင်ရင်း လျှောက်သွားနေတဲ့သူတစ်ယောက်....ဒီထီးက နယ်နယ်ရရတော့မဟုတ်ဘူး..အရေးကြီးအစွမ်းထက်တဲ့ဓားတစ်ချောင်းအဖြစ်ပြောငး်လဲနိုင်သလိုသူ့ကိုလည်း စွမ်းအားပြည့်အသုံးချနိုင်ဖို့အထောက်အကူပြု လက်နက်ဖြစ်တယ်...တကယ်တော့သူဟာလူသားတွေနဲ့မခြားနေနိုင်စွမ်းရှိတဲ့ မြေခွေးတစ်ကောင်ဖြစ်ပါတယ်....သူဟာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို အဲ့ဒီကာလအတွင်းမှာလည်းအချိို့သောမြေခွေးတွေကို လိုက်သုတ်သင်နေတဲ့သူဖြစ်တယ်....နမ်ဂျီအာဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပရလောကတွေဟာ တကယ်ရှိတယ်လို့ယုံကြည်နေတဲ့သူဖြစ်ပြီး အဲ့အကြောင်းအရာတွေကို လိုက်လံရှာဖွေပြီး တင်ဆက်နေတဲ့ရုပ်သံလိုင်းကပီဒီတစ်ဉီးပေါ့.......လီယွန်ဆိုတဲ့မြေခွေးဟာ ဘာကိုလိုက်ရှာနေတာလဲ....ဒီလောကကြီးထဲမှာ လီယွန်လို လူသားပုံဖြစ်နေတဲ့မြေခွေးတွေဘယ်လောက်များနေပြီလဲ.... လူသားတွေကိုရောဒုက္ခပေးနိုင်လား.....သူတို့လို မြေခွေးတွေကို နှိမ်နှင်းနေတဲ့ တခြား မိစ္ဆာကောင်တွေရောရှိနိုင်လား....နမ်ဂျီအာဆိုတဲ့ကောင်မလေးနဲ့ရော ဘယ်လိုတွေ တွေ့ဆုံကြမလဲ....ဒီဇာတ်လမ်းတွဲကက အပတ်စဉ် Wednesday, Thursday မှာ ထုတ်လွှင့်ပြီးတော့(၁၆) ပိုင်းထိရှိပါတယ်....အက်ရှင်ခန်းတွေက တော်တော်မိုက်သလို သဘာဝလွန်စွမ်းအားတွေကိုအသုံပြုပြီး ဗျင်းတဲ့အခန်းတွေဆိုလည်း တော်တော်ကြည့်ကောင်းပါတယ်....စောင့်မျှော်ကြည့်ရှုကြပါကုန်....Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres: Action, Thriller, ...

Tale of the Nine Tailed(2020)[စ/ဆုံး]

2020
Record of Youth(2020)[စ/ဆုံး]
Record of Youth(2020)[စ/ဆုံး] Record of Youth(2020)အညွှန်း*****************************အပိုင်း(၁ မှ ၁၆ )ထိ[စ/ဆုံး]Sa Hye Joon (Park Bo Gum) က သာမန်မိသားစုတစ်ခုရဲ့ ၂၆နှစ်အရွယ်သားအငယ်။ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်မင်းသားဖြစ်ဖို့ တစိုက်မတ်မတ်ကြိုးစားနေသူ။ မွေးချင်းအစ်ကိုတစ်ယောက်ရှိပြီးငယ်စဉ်တည်းက အစ်ကိုနဲ့နှိုင်းယှဉ်ပြောဆိုခံခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာရှိသူ။စိတ်နှလုံးနွေးထွေးပြီး ကိုယ်ချင်းစာတတ်သူ။ သူ့အိပ်မက်ဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ချက်တွေဟာ မှေးမှိန်နေပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားသူ။ ဒီလို တစိုက်မတ်မတ်ကြိုးစားနေချိန်မှာပဲသူ့ဆီကို နိုင်ငံတော်ထံမှ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာသောအခါ...။ Ahn Jung Ha (Park So Dam) ကတော့Makeup artist ကောင်မလေးဖြစ်ပြီး သူ ဝါသနာပါရာအလုပ်အပေါ် ဒီထက်အောင်မြင်အောင်လုပ်ဖို့ရည်မှန်းချက်ကြီးမားသူ။ အထီးကျန်ဆန်အားငယ်မှုတွေကို ပျော်ရွှင်တက်ကြွတတ်တဲ့ မိန်းမငယ်လေးအသွင်နဲ့ဖုံးကွယ်ထားသူ။ တစ်ယောက်တည်း ခက်ခဲနေတဲ့အချိန်တွေတိုင်းမှာ Jung Ha ရဲ့တစ်ခုတည်းသော အလင်းရောင်လေးကတော့ သူမရဲ့ Idol Sa Hye Joon ပါပဲ။ Ahn Jung ...

Record of Youth(2020)[စ/ဆုံး]

2020
Missing: The Other Side (2020) 7.0
Missing: The Other Side (2020) နောက်ထပ် Ongoing Series အသစ်လေးတစ်ခု တင်ပေးလိုက်ပါတယ်OCN ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပေးမယ့် SERIES လေးပါအပိုင်း 12 ပိုင်းအထိ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်း ဆန်းဆန်းလေးမို့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါဇာတ်လမ်းအကျဉ်းသေဆုံးသွားပြီးနောက်အလောင်းရှာ မတွေ့သေးတဲ့ လူတွေရဲ့ ဝိညာဉ် တွေဟာ ဒူအွန်လို့ခေါ်တဲ့ ဝိညာဉ္ပေျာက်ရွာမှာ နေထိုင်ကြပါတယ်သူတို့ အလောင်းတွေကို ရှာမတွေ့မချင်း ဒီရွာကနေ ထွက်လို့မရသလို ကျွတ်လွတ်ကြမှာလည်း မဟုတ်ပါဘူးဂင်ဝု ဟာ ရုပ်ရည်ပြေပြစ်ပြီး စကားပြော အလွန်ကောင်းတဲ့ လူလိမ်တစ်ယောက်ပါတစ်နေ့မှာ ပြန်ပေးဆွဲမှုတစ်ခုကို မျက်မြင်တွေ့ခဲ့တာကြောင့် လိုက်သတ်ခံရရင်း ဒူအွန်ရွာကို ရောက်သွားခဲ့ပါတယ်အသက်ရှင်လျက်နဲ့ရောက်ရှိသွားခဲ့တဲ့ ဂင်ဝု တစ်ယာက် ဒီရွာမှာ သေပြီးသား ဝိညာဉ် တွေနေတယ်ဆိုတာကို သိရှိသွားတဲ့အခါ ဘာဆက်ဖြစ်မှာလဲလူတွေကရော သူ့စကားကို ယုံကြည်ပါ့မလားဒီဝိညာဉ် တွေရဲ့ အလောင်းတွေကိုကော ရှာဖွေပေးနိုင်မှာလားဆိုတာဒီဇတ်ကားမှာ ဆက်လက်ကြည့်ရှုကြပါနော်...။( အညွှန်းရေးသားထားသူကတော့ Hay Thar Oo ဖြစ်ပါတယ် ...
7.0
TMDb: 7.0/10 votes
tv

Missing: The Other Side (2020)

2020
Stranger 2(2020) Complete 8.7
Stranger 2(2020) Complete Stranger 2 (2020)ဇာတ်လမ်းတွဲအညွှန်း************************************အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံး(Stranger Season 1 ရဲ့အဆက်မို့ SE 1 ကြည့်ပြီးမှကြည့်ကြပါ...အောက်မှာ SE 1 စဆုံး Link ချပေးထားပါတယ်...)အညွှန်းကလည်း SE1 ကဟာပဲထားပါ့မယ်... ထပ်ရေးရင်လည်းအပိုပဲဖြစ်မှာမို့ပါ...ရှေ့နေရုံးက အမှုစစ် တစ်ယောက်ဆီကို လူတစ်ယောက်ရောက်လာတယ်....သူက ဒီရှေ့နေကို ပိုက်ဆံတွေအများကြီးပေးဖို့ ဝန်မလေးသလို သူဒုက္ခရောက်မယ့်အရေးကလွတ်ဖို့ဆိုဘာမဆိုလုပ်မယ့်ပုံပါပဲ....ကြည့်ရတာ ဒီလူသိထားတဲ့ လျှို့ဝှက်ကိစ္စတော်တော်များများရှိသလို ထိပ်သီးပိုင်းကလူကြီးတွေကလည်းအန္တရယ်ရှိတဲ့ သူ့ကိုရှင်းထုတ် အပြစ်ပုံချချင်တဲ့ အနေအထားမှာရှိတယ်...ဒါ့ကြောင့် တော်လွန်းတဲ့ရှေ့နေတစ်ယောက်ဆီ ကာကွယ်ဖို့ရောက်လာတာဖြစ်တယ်...အမှုစစ်ကလည်း စိတ်ဝင်စားစရာ ဒီကိစ္စကိုစုံစမ်းဖို့ နောက်နေ့  အကူအညီလာတောင်းတဲ့သူအိမ်ကိုလိုက်သွားတယ်...အိမ်ကိုရောက်တဲ့အချိန်မှာပဲ နောက်ကျသွားပါပြီ...ဘာဖြစ်လို့ဆို ရှေ့နေမရောက်ခင်ကထဲကဒီလူဟာ အသတ်ခံလိုက်ရလို့ပါပဲ.....ဒီစီရီးက အပိုင်း(၁)မှာတင် ခပ်သွက်သွက်စဖွင့်ထားတယ်.... လူသေမှုနဲ့စတင်ပြီး နှုတ်ပိတ်ခံရတဲ့ သဲလွန်စများနဲ့ ပျိုးထားသလို အမှုစစ်တွေ ရဲတွေကလည်း အချက်အလက်ပေါ်မူတည်ပြီး အဖြေထုတ်တဲ့ အခန်းတွေကို စိတ်ဝင်စားစရာပြထားတယ်...အသေးစိတ်အချက်အလက်တွေနဲ့ တင်ပြထားသလို အီနေတာကိုမရှိဘူး...Tempo က အပိုင်းတစ်မှာကထဲကတဖြည်းဖြည်းတင်သွားတာ...ကျသွားတယ်ရယ်လို့မရှိဘူး...အချစ်အမုန်း သရေကွင်းဝါးပြီး ပန်းခြံထဲပြေးလွှားနေတဲ့ ...
8.7
TMDb: 8.7/10 32 votes
tv

Stranger 2(2020) Complete

2017
Flower of Evil(2020)
Flower of Evil(2020) Flower of Evil(2020)ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်း(၁ မှ ၁၆) အထိစဆုံးဘဲ့ဟီဆန်းဆိုတဲ့သူဟာ မိသားစုကို ချစ်မြတ်နိုးတဲ့အပြင်ရှေ့ရေးမပူပန်ဘဲ ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ အမြဲအလုပ်ကြိုစားတဲ့သူတစ်ယောက်...ဒါ့ကြောင့်သူ့အလုပ်ရုံလေးကလည်းအတော်အသင့်အောင်မြင်တယ်လို့ပြောလို့ရတယ်...ဇနီးဖြစ်သူ စုံထောက် ချာဂျီဝန်းအတွက် ကျေနပ်စရာကောင်းတဲ့မိသားစုလေးပေါ့...အဲ့ဒီနောက်တော့ ချာဂျီဝန်းအမြဲခေါင်းကိုက်ရတော့မယ်ကိစ္စတစ်ခုပေါ်လာတယ်...အဲ့ဒါက စိတ္တဇလူသတ်သမားတစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့ ထိတ်လန့်ဖွယ်အမှုတွေကြောင့်ပါပဲ...ဒီအမှုကိုဖော်ဖို့ကြိုးစားတဲ့အချိန်ကစလို့ မထင်မှတ်တဲ့အကြောင်းအရာတွေဆက်တိုက်ဖြစ်လာပါတော့တယ်..သဲထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလည်းဖြစ်ရမယ်..မင်းသားလည်းချောရမယ်..မင်းသမီးလည်းလှနေရမယ်ဆိုတာမျိုးမှကြိုက်တဲ့သူတွေအတွက်လက်လွှတ်မခံသင့်ပါကြောင်း....ကိုင်းဘာတွေဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...Quality – HDTV  720pDuration – 70Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Translated by Lwin Lwin Aung,Shoon Thu Thu Chain,& Hnin PaleEncoder – Phyo Pyae  Episode 1(450MB)  UsersDrive /Yoteshindrive/ Upstream /   Mega.nz/ Yandex/MegaUp    Episode 2(450MB)  UsersDrive /Yoteshindrive/ Upstream /   Mega.nz/ Yandex/MegaUp    Episode 3(450MB)  UsersDrive / Upstream /   Mega.nz/ Yandex/MegaUp     Episode 4(450MB)  UsersDrive / Upstream ...

Flower of Evil(2020)

2020
Bring It On, Ghost(2016)[စ/ဆုံး] 7.6
Bring It On, Ghost(2016)[စ/ဆုံး] Bring It On, Ghost(2016)ဇာတ်လမ်းတွဲ**********************************(စ/ဆုံး)လူငယ်လေးတစ်ယောက်..သူ့မှာ မွေးရာပါထူးခြားတဲ့စွမ်းအင်ပါလာတယ်...အဲ့ဒါက သရဲတွေကိုမြင်နေရသလို ဒီသရဲတွေကို ထိတွေ့တိုက်ခိုက်လို့လည်းရတယ်...ဒီလောကကြီးမှာ ကောင်းမွန်တဲ့သရဲတွေရှိသလို လူတွေကို လိုက်လံဒုက္ခပေးနေတဲ့ သရဲဆိုးတွေလည်းရှိနေတော့ ဒီလူငယ်လေးဟာ ခေတ်နဲ့အလိုက်တစ်မျိုးကြံတယ်...သရဲဆိုးတွေကို အခကြေးငွေနဲ့ လိုက်လံနှိမ်နှင်းပညာပေးရင်း စီးပွားရေးလေး တစ်ဘက်တစ်လမ်းကဝင်ငွေတိုးစေဖို့ကြံရွယ်တယ်....ဒီလိုလိုက်ဗျင်းတဲ့အခါမှာ သူ့ပညာအဆင့်က အငယ်တန်းစားမို့ အစွမ်းနိမ့်သရဲတွေကိုပဲနှိမ်နှင်းနိိုင်တာမို့ သရဲဆိုးတွေနဲ့တွေ့ရင်မာလကီးယားပြီးပြန်လာရလေ့ရှိတယ်...ဒါကြောင့် ဝင်ငွေကလည်းထင်သလောက်မရဘူး...ဆိုတော့ သရဲဆိုးတွေကိုနှိမ်နှင်းဖို့သူ့ပညာကို Upgrade လုပ်ရင်း သရဲဆိုးတွေကိုလုပ်ဖို့ကြိုးစားတဲ့အခါမှာတော့သူထင်မထားဖူးတဲ့ သရဲမလေးနဲ့တွေ့ရင်း နောက်ကွယ်က ထူးဆန်းရှုတ်ထွေးလှတဲ့ ဆိုးယုတ်မှုတွေကို သိလာရတဲ့အခါမှာတော့....ဒီစီးရီးက အပိုင်း(၁၆)ပိုင်းရှိပြီး ရယ်လည်းရယ်ရသလို အက်ရှင်ခန်းတွေလည်း တစ်လှေကြီးပါတယ်..ပြီးတော့ ဇာတ်လမ်းလေးက ဆန်းလှသလို မင်းသားမင်းသမီးကလည်း ချေ့စရာလေးတွေမို့...CM ဖန်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...တစ်ရက်ကို တစ်ပိုင်းနှုန်းတင်ဆက်သွားမှာပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Htet Nandar Aung    ပဲဖြစ်ပါတယ်.... Quality –WEB-DL 720 p Duration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : ...
7.6
TMDb: 7.6/10 28 votes
tv

Bring It On, Ghost(2016)[စ/ဆုံး]

2016