Channel Myanmar

Studio Dragon

Sh**ting Stars (2022)
Sh**ting Stars (2022) Shooting Starsဆော့ဟွန်းလေးနဲ့ ဘုတ်ဂျူးလေးတို့ နှစ်ယောက်ရဲ့ ကြောင်နဲ့ကြွက်အချစ်ဟာသအခွီကားလေး လာပါပြီLee Sung Kyung ဟာ အင်တာတိန်းမန့် ကုမ္ပဏီတစ်ခုရဲ့ PR အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့Kim Young Dae ကတော့ အဲ့ကုမ္ပဏီကနေ ပွဲဦးထွက်ထားတဲ့ ထိပ်တန်းနာမည်ကြီးမင်းသားတစ်လက်ဖြစ်ပါတယ်ပရိသတ်တွေကတော့ ချိုသာယဉ်ကျေးတဲ့မင်းသားမို့ သဘောကျကြသလောက် နောက်ကွယ်မှာတော့Kim Young Dae ဟာ ဆတ်ဆတ်ထိမခံတဲ့ ဒေါသအိုးလေး ဖြစ်လို့နေပါတယ်ကုမ္ပဏီကလူတွေအတွက်ကတော့ ဒါဟာ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေကို အမြဲကြုံနေရသလိုပါပဲဒီလိုအခြေအနေကို စီမံခန့်ခွဲမှုအရမ်းတော်တဲ့ မမLee Sung Kyung အနေနဲ့ ဘယ်လိုတွေ စီမံခန့်ခွဲသွားမလဲဒေါသအိုးမင်းသားလေးနဲ့ ထက်မြက်တဲ့မမနဲ့ ရိုမန့်တစ်အနေအထားလေးတွေ ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို အခွီလေးတွေ အရယ်အမောလေးတွေနဲ့ ကြည့်ရမှာပါPenthouse က ရိုနာ့အဖေလည်းပါပြီးတော့ ဂီတမှူးဆရာလည်းပါပါတယ်Lee Lung Shin ဆိုတဲ့ ကောင်လေးလည်း ပါမှာမို့လို့ အဆင်လေးတွေနဲ့ ကြည့်ပျော်တဲ့စီးရီးလေးဖြစ်မှာသေချာတယ်ဒီဇာတ်ကားလေးကို TVN က ထုတ်လွှင့်မှာဖြစ်ပြီးတော့ ဒါရိုက်တာကတော့ ...

Sh**ting Stars (2022)

2022
The Killer’s Shopping List(2022)
The Killer’s Shopping List(2022) The Killer's Shopping List(2022)ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်း(၁ မှ ၈) အထိ စ/ဆုံးအားလုံးအတွက် ဟာသလည်းပါပြီး သဲထိတ်ရင်ဖိုဖြစ်ရမယ့် ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....အဲဒါကတော့ မင်းသားလီကွမ်ဆူနဲ့ AOA ကအချောလေး ‌Seolhyunတို့ပါဝင်သရုပ်ဆောင်ထားတဲ့The Killer's Shopping Last ဇာတ်ကားလေးဖြစ်ပါတယ်.....Ahn Dae Sungက မှတ်ဉာဏ် အလွန်ကောင်းသူ တစ်ယောက်ဖြစ်ပါတယ်....အစိုးရဝန်ထမ်း သုံးခါ ကျပေမဲ့လည်း သူဟာ ဇွဲမလျှော့ဘဲ စာဆက်ကြိုးစားနေဆဲပါပဲ....Ahn Dae Sungဟာ သူ့အမေပိုင်တဲ့ MS martမှာ အချိန်ပိုင်း ဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီးသူ့ချစ်သူဖြစ်တဲ့Ah Hee က ရဲဝန်ထမ်းတစ်ယောက်ပါ.....တစ်နေ့တော့ ထူးဆန်းလျှို့ဝှက်တဲ့ လူသတ်မှုတစ်ခုဟာ သူတို့ရဲ့ MS martနားကတိုက်ခန်းမှာ ဖြစ်ပွားခဲ့ပါတယ်..... ဒီအမှုကို Dae Sung, Ah Heeနဲ့ Dae Sung အမေ Myung Sook တို့သုံးယောက်သား ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲဆိုတာကို ...

The Killer’s Shopping List(2022)

2022
A Superior Day ( 2022 )
A Superior Day ( 2022 ) အီဟိုချောဟာ မီးသတ်သမားဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသာမန်ပျော်ရွှင်ဖွယ်ရာမိသားစုလေးကို ပိုင်ဆိုင်ထားသူပါဒါပေမဲ့ တစ်နေ့မှာတော့ ဟိုချောဆီကို ကံကြမ္မာဆိုးတစ်ခုရောက်လာခဲ့ပါတယ်အဲဒါကတော့ အမည်မသိသူစိမ်းတစ်ယောက်က သူဆီကို သတင်းခေါင်းစီးမှာပါတဲ့လူသတ်သမားက သူ့ဘေးအိမ်ကလို့ သတင်းပေးခဲ့တာပဲဖြစ်ပါတယ်ဒါတင်မကသေးဘဲ ဒီသတင်းထက်ပိုဆိုးနေတာကတော့သတင်းပေးကလည်းသာမန်လူတစ်ယောက်မဟုတ်ဘဲ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်နေတာပဲဖြစ်ပါတယ်ဟိုချောတစ်ယောက် အဲဒီသတင်းရပြီးချိန်မှာတော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲလူသတ်သမားနှစ်ယောက်ကြား,ကြားညှပ်သွားပြီးသူ့ဘဝကြီး ဗြောင်းဆန်ကာ ချစ်ရတဲ့မိသားစုဝင်တွေပါ,ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့...သာယာပျော်ရွှင်နေတဲ့ သူတို့မိသားစုလေး ကံကြမ္မာဆိုးတွေကိုဘယ်လို အလူးအလဲခံစားရမလဲ လူသတ်သမားနှစ်ယောက်ရဲ့ပတ်သတ်မှုကရော ဘာတွေဖြစ်နေမလဲဆိုတာစိတ်လှုပ်ရှားခြောက်ခြားဖွယ်ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်  Quality : HDTV 1080p , 720p Format : mp4 Total Episodes : 8 Ep Duration : 1h ( Per Episode ) Aired On March 13 2022 Genres : Drama , Mystery Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK   Episode 1 Yoteshin / ...

A Superior Day ( 2022 )

2022
Monstrous(2022) 6
Monstrous(2022) Monstrous(2022) ဇာတ်လမ်းတွဲအညွှန်း**********************************အပိုင်း( ၁ မှ ၆) ထိ စ/ဆုံးရှေးနှစ်ပေါင်းများစွာက လူတွေဟာ ဘာသာအလိုက် ဆင်းတုတော်တွေထုလုပ် ပြီးကိုးကွယ်ကြတယ်...အဲ့တုန်းက ခပ်ဆန်းဆန်းစာတွေ ထွင်းပြီး ထုလုပ်တဲ့ ဗုဒ္ဓဆင်းတုတော်တစ်ခုရှိခဲ့တယ်....ထုလုပ်ပြီးမကြာဘူး ...အဲ့ပတ်ဝန်းကျင်မှာ မကောင်းမှုတွေဖြစ်ရပ်ဆန်းတွေနဲ့ ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံတဲ့လူသေမှုတွေရှိခဲ့တယ်လို့ဆိုတယ်...ကျွန်တော်တို့အရပ်အခေါ်ဆို ခိုက်တယ်လို့ပြောရမှာပေါ့....အဲ့ဒီနောက်ဘာသာရေးခေါင်းဆောင်တွေဟာ ဒီကြံမ္မာဆိုးကိုကာကွယ်ဖို့  ခိုက်တဲ့ဆင်းတုတော်ကို ကုစားဖို့ရာ နောက်ထပ်ဆင်းတုတော်တစ်ခု ထုလုပ်ပြီး ဖြစ်ရပ်ဆိုးတွေကိုကာကွယ်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုတယ်...အဲ့ဒီနောက် ဆင်းတုတော် ၂ခုလုံးကိုမြှုတ်နှံခဲ့ကြတယ်...ဒါပေမဲ့ ဒီနေ့ခေတ်မှာ မတော်လောဘသမားတွေဟာ ဒီဆင်းတုတော်အကြောင်းကို မသိဘဲ တူးဖော်ခဲ့ကြတယ်...အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...ဒီစီ:ရီးက တော်တော်လန့်ဖို့ကောင်းတယ်....အပိုင်း (၁)ကနေကိုစကြမ်းတာ...နည်းနည်းကြောက်တတ်တဲ့သူတွေတော့မကြည့်သင့်ပါဘူး... Episodes: 6Duration: 40MinQuality :Web-DL 1080p,720pGenres:  Mystery ,Horror ,DramaTranslated by  Win , Yumeko , ThynnNuSwe  & ChitTheEncoded by  Phyo Pyae  Episode 1 720P(250MB)>>>>  | Yoteshin |     MegaUp    |     Mega.NZ ...
6
TMDb: 6/10 1 votes
tv

Monstrous(2022)

2022
Military Prosecutor Doberman ( 2022 ) 7
Military Prosecutor Doberman ( 2022 ) စစ်တပ်ထဲမှာရှိတဲ့ အကျင့်ပျက်ချစားမှု အရှုပ်အရှင်းတွေကို ဥပဒေနဲ့အညီအလန်းစားဖော်ထုတ်ကြမယ့် DOTS ထဲက တပ်ကြပ်လေးAhn Bo Hyun နဲ့ မြေခွေးကားထဲက မင်းသမီးလေး Jo Bo Ah ရဲ့ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။စစ်ဘက်ဆိုင်ရာရှေ့နေ့တစ်ဦးဖြစ်တဲ့ Do Bae Man ဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်ကနေထွက်ပြီး အောင်မြင်မှုကိုရှာဖို့ရည်ရွယ်နေချိန်မှာ တရားမျှတမှုကိုလိုလားတဲ့ အမျိုးသမီးစစ်ဗိုလ်လေးCha Woo In နဲ့ပူးပေါင်းမိပြီး မကောင်းမှုတွေကိုဥပဒေနဲ့အညီဖြိုခွင်းဖို့ ကြမ္မာဖန်လာပါတော့တယ်။သူတို့နှစ်ဦးလိုက်မယ့် စစ်တပ်အတွင်းကမှောင်ချထားတဲ့အမှုတွေက ဘာတွေလဲ ?သူတို့ရဲ့အတိတ်နဲ့ရော ဘာတွေပတ်သတ်နေမလဲ ?ဗီလိန်တွေကရော ဘယ်လိုတွေယုတ်မာကြမလဲ ? ဆိုတာကိုတော့အပတ်စဥ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ CM မှာတင်ဆက်ပေးသွားမှာမို့ လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။  Quality : HDTV 1080p , 720p Format : mp4 Total Episodes : 16 Duration : 1h 10min ( Per Episode ) Aired ...
7
TMDb: 7/10 1 votes
tv

Military Prosecutor Doberman ( 2022 )

2022
The King of Pigs (2022) 6.0
The King of Pigs (2022) The King Of Pigs(2022)==================လွန်ခဲ့တဲ့နှစ်၂၀ကကျောင်းတွင်းအကြမ်းဖက်မှုဒဏ်ခံခဲ့ရတဲ့ဟွမ်ဂယောင်မင်ဟာ အဲဒီစိတ်ဒဏ်ရာနဲ့ပဲနေထိုင်ရင်းထင်မှတ်မထားတဲ့ကိစ္စတစ်ခုကြောင့်အဲစိတ်ထိခိုက် မှုတွေပြန်ပေါ်လာခဲ့ပြီး ...အဲအချိန်မှာပဲ စုံထောက်ဂျူံဆော့ဆီကိုလွန်ခဲ့တဲ့နှစ်၂၀တုန်းကသူငယ်ချင်းတစ်ယောက် ပို့လိုက်တဲ့ ပဟေဠိဆန်တဲ့စာတစ်စောင်လက်ခံရပြီး‌တော့ အဲတုန်းကကျောင်းတွင်း အကြမ်းဖက်မှုကိုပြန်သတိရစေခဲ့ပါတယ်။ဂျူံဆော့တစ်ယောက် အဆိုပါပ‌ဟေဠိဆန်တဲ့စာနောက်ကိုလိုက်ရင်း ပဟေဠိဆန်တဲ့ကွင်းဆက်လူသတ်မှုတွေစတင်ပြီးဆက်တိုက်ဖြစ်ပေါ်လာချိန်မှာတော့...ဝမ်းနည်းဖွယ်ကံကြမ္မာနဲ့ ဒီကာရိုက်‌တာတွေကနေတဆင့် ကျောင်းတွင်းအကြမ်းဖက်မှုတွေ အနိုင်ကျင့်မှုတွေပြည့်နှက်နေတဲ့ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းကိုဖော်ပြထားတဲ့ thriller dramaဖြစ်ပါတယ်။Country: South Korea Type: Drama Episodes: 12 Aired: Mar 18, 2022 - Apr 22, 2022 Aired On: Friday Original Network: tvN Duration: 40 min 720P (300 Mb)------------------------Episode(1)Yoteshin / Megaup / MegaNZ / Streamsb / Usersdrive Episode(2)Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive Episode(3)Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive Episode(4)Yoteshin /  Megaup / MegaNZ ...
6.0
TMDb: 6.0/10 2300 votes
tv

The King of Pigs (2022)

2022
Twenty Five Twenty One (2022)
Twenty Five Twenty One (2022) Twenty Five Twenty One (2022)ဒီဇာတ်လမ်းကတော့ ၁၉၉၈ ခုနှစ်မှာ ကိုရီးယားလူငယ်တွေရဲ့အိပ်မက်တွေ ပျက်စီးခဲ့ရပြီး လမ်းသစ်ဖောက်ရှာဖွေခဲ့ရတဲ့အချိန်ကို တည်ပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် နဲ့ ၁၈ နှစ် မှာ စတွေ့ခဲ့ကြတဲ့ လူနှစ်ယောက်က နောက်ထပ် ၃ နှစ်အကြာ ၂၅ နှစ် နဲ့ ၂၁ နှစ်မှာ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်ခဲ့ကြတာပါ။နာဟီးဒို ကတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ် ဆိုက်ချိန်မှာတော့ အထက်တန်းကျောင်း ဓားသိုင်းအားကစားအဖွဲ့ကို ဖျက်သိမ်းခဲ့ရပါတော့တယ်။ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီးချိန်မှာတော့ သူက နိုင်ငံတော်အဆင့် ဓားသိုင်းအားကစားအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဆုတ်ကပ်ကြောင့် ဘဲ့အီဂျင်အဖေက စီးပွားပျက်ပြီး ဒေဝါလီခံခဲ့ရပါတယ်။ အဲဒါကြောင့် ဘဲ့အီဂျင်အတွက် ဘဝစိန်ခေါ်မှုတွေ ကြုံခဲ့ရပြီး သူဌေးသားဘဝကနေ တမုဟုတ်ချင်း ကုန်းကောက်စရာ မရှိတဲ့ ဆင်းရဲသား ဖြစ်ခဲ့ရပါတယ်။ သတင်းစာပို့တဲ့ အချိန်ပိုင်းအလုပ်လိုမျိုး လုပ်ရင်းနဲ့ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့အားကစားသတင်းထောက် ဖြစ်လာပါတော့တယ်။ခက်ခဲတဲ့ဘဝတွေကြားက ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မို့ ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာကတော့ ...

Twenty Five Twenty One (2022)

2022
Tell Me What You Saw (2020) 7.4
Tell Me What You Saw (2020) Tell me what you saw (2020)ကိုရီးယားဇာတ်လမ်းတွဲကိုမှ Thriller အမျိုးအစားကို ကြိုက်နှစ်သက်သူများအတွက် ဇာတ်လမ်းတွဲကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ဇာတ်လမ်းနာမည်အတိုင်းပါပဲ .... မြင်မြင်သမျှကို ဓာတ်ပုံရိုက်ထားသလို မှတ်မိတဲ့ Photographic Memory ကို ပိုင်ဆိုင်ထားသူ ချာဆူယောင်းက ငယ်ရွယ်စဉ်ကလေးဘဝမှာ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ ဆုံးရှုံးလိုက်ရတဲ့နေ့ကလည်း ထူးထူးခြားခြား မိုးတွေရွာတဲ့နေ့တစ်နေ့ ဖြစ်နေခဲ့ပါတယ်။တစ်နေ့တော့ သူ တာဝန်ထမ်းဆောင်နေတဲ့ရွာမှာ အလောင်းတစ်လောင်းကို လက်ဆွဲသေတ္တာနဲ့ စွန့်ပစ်ထားတာကို တွေ့ရပါတော့တယ်။ အဲဒီအထဲက ပူရှိန်းသကြားလုံးတစ်လုံး ပါလာပါတယ်။ အရင်ကလည်း ပူရှိန်းသကြားလုံးတစ်လုံးနဲ့ လူသတ်ပြီး ချန်ခဲ့တဲ့ ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား ဆိုတာ ရှိခဲ့ပါတယ်။ အခု ဖြစ်ရပ်ကတော့ ၅ နှစ်အကြာမှာ ထပ်မံပေါ်ပေါက်လာတာပါ။ ဒေသဆိုင်ရာစုံစမ်းရေးအဖွဲ့လို အထူးအဖွဲ့တွေ ပါ ပါဝင်လာချိန်မှာတော့ ဇာတ်လမ်းက ရှုပ်ထွေးလာပါတော့တယ်။ "ပူရှိန်းသကြားလုံး" ကရော လူသတ်မှုနဲ့ ဘယ်လိုပတ်သတ်နေလဲ။ လွန်ခဲ့တဲ့ ၅ နှစ်က သေဆုံးသွားပြီလို့ ထင်ထားခဲ့တဲ့ "ပူရှိန်းသကြားလုံး ကွင်းဆက်လူသတ်သမား" က တကယ်ပဲ မသေသေးတာလား ဒါမှမဟုတ် အတုခိုးပြီး လိုက်သတ်တဲ့ လူသတ်သမားလား ဆိုတဲ့ ...
7.4
TMDb: 7.4/10 14 votes
tv

Tell Me What You Saw (2020)

2020
Ghost Doctor (2022)
Ghost Doctor (2022) Ghost Doctor (2022)အနုပညာလှုပ်ရှားမှု​တွေ ခပ်ကျဲကျဲ ပဲ လုပ်​တော့တဲ့ မင်းသားကြီး Rainနဲ့ မအို​ဆေးစားထားတဲ့မင်းသား Kim Bumတို့ ခေါင်း​ဆောင် ပါဝင်ထားတဲ့ Ghost Doctor စီးရီးသစ်ထွက်ပါပြီCha Young Min ( Rain )ဟာ ခွဲစိတ်ကုသဖို့ ဘုရားက​ပေးလိုက်တဲ့ ဆရာဝန်လို့​ ဆိုရ​အောင် ပါရမီထူးတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးပါ၊ ဒါ​ပေမဲ့ ပါရမီရှင်တို့ရဲ့ထုံးစံအတိုင်း ပညာဂုဏ်​မောက်ရာမှာ သူမတူသလို တစ်ကိုယ်​ကောင်းလည်းဆန်ပြီး တခြားဘယ်ဆရာဝန်ကိုမှ ထီမထင်တဲ့ ​ငါစွဲသမား အတ္တကြီးတဲ့သူပါ၊Go Seong Tak (Kim Bum) က​တော့ ​မြောင်ရှင်း​ဆေးရုံဥက္ကဌရဲ့သား၊ တည်​ထောင်သူရဲ့ ​မြေးဖြစ်ပြီး မိသားစု​နောက်ခံနဲ့ ဒီ​ဆေးရုံကို ​ရောက်လာတဲ့ အလုပ်သင်ဆရာဝန်တစ်​ယောက်ပါ၊ ​ အကပ်နဲ့ ​နေရာရလာသူတို့ထုံးစံအတိုင်း ​​ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား၊ ဆရာဝန်အလုပ်ကို မ​လေးစားတတ်တဲ့ သူမျိုးပါJang Se Jin ( Uee)က Cha Young Min ရဲ့ ရည်းစား​ဟောင်း အာရုံ​ကြောခွဲစိတ်ကု ...

Ghost Doctor (2022)

2022
Bulgasal: Immortal Souls (2021)
Bulgasal: Immortal Souls (2021) Bulgasal : Immortal souls (2021)Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူးMin Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့‌ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်‌နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထား‌တွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ်Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါအဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား...မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ...

Bulgasal: Immortal Souls (2021)

2021
Bad and Crazy(2021)
Bad and Crazy(2021) Bad and Crazy(2021)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း) ဒီတစ်ခါ CM ကထပ်ပြီးတင်ဆက်ပေးမှာကတော့ Kdrama fan တို့ရဲ့အသည်းစွဲဖြစ်တဲ့Lee Dong Wook နဲ့ Squid Game က​နေလူသိများလာတဲ့ Wi Ha Joon တို့ရဲ့စုံထောက်ကားကောင်းလေးပဲဖြစ်ပါတယ်....အဓိက လီဒုံဝု မင်းသားကြီးသရုပ်ဆောင်ထားတဲ့ဇာတ်ကောင်ဖြစ်တဲ့ "လျူဆူယောလ်" က မှုခင်းဆေးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိတဲ့ ရဲအရာရှိတစ်ယောက်ပါ။တပ်ဖွဲ့တစ်ခုလုံးကသူတွေထဲမှာ အထက်တန်းပညာအရည်အချင်းသာ ရှိပေမဲ့လည်းအထက်လူကြီးတွေ အကြိုက်နေတတ်ပြီး အရည်အချင်းရှိတာကြောင့်ရာထူးတွေတိုးပြီး နေရာတစ်နေရာ ရလာနေတဲ့ ရဲအရာရှိ လူလည်ကြီးပေါ့ဗျာ...အထက်လူကြီးတွေ သဘောကျ လူကြိုက်များတဲ့ အမှုတွေကိုပဲစွမ်းစွမ်းတမံဆောင်ရွက်ရင်း တချို့ အမှန်တရားကို သိနေပေမဲ့ နာမည်ကောင်းမရနိုင်တဲ့အမှုမျိုးဆို မသိကျေးကျွံလည်း ပြုထားတတ်သေးတာဗျ။အဲလိုနဲ့ ရာထူးတိုးကာလ နီးကပ်လာတဲ့အခါမှာတော့သူ့ရဲ့နေရာပျောက်ဆုံးနိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခုပေါ်လာပါတော့တယ်။အဲဒါကတော့ "ကေ" ဆိုတဲ့ အမှန်တရားရဲ့ ဘက်တော်သားဖြစ်ပြီး အလွန်တရာကိုမှသမာသမတ်ကျတဲ့သူကြီး ပေါ်လာတာကြောင့်ပါပဲ။သူက သမာသမတ်ကျတဲ့ လူကောင်းတစ်ယောက်ဆိုပေမဲ့လည်းပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ  ရှေ့နောက်မတွေးဘဲ မိုက်ရူးရဲဆန်တဲ့လူစားမျိုး...ဒီလိုလူ(၂)ဦးဟာ ဌာန တစ်ခုထဲ ...

Bad and Crazy(2021)

2021
Melancholia (2021) 9
Melancholia (2021) Melancholia (2021)ဇာတ်လမ်းတွဲအညွှန်း***********************************အပိုင်းသစ် (၁ မှ ၁၆ )ထိ စ/ဆုံးသင်္ချာကိုချစ်မြတ်နိုးတဲ့ ဆရာမနဲ့ကျောင်းသားလေးတို့ကြားက ရိုမန့်တစ် ဆန်ဆန် အချစ်ဇာတ်လမ်းလေးလာပါပြီ မနဲ့မောင် ဇာတ်လမ်းလေးဆိုတော့ ပိုတောင်ရင်ဖိုဖို့ကောင်းသေးPirvate အထက်တန်းကျောင်းတစ်ခုမှာ သင်္ချာဆရာမ အဖြစ်အလုပ်ဝင်နေတဲ့ Ji Yoon Su ဟာ စိတ်ထားကောင်းမွန်ပြီး သင်္ချာပညာရပ်ကို အလွန်ကိုစိတ်ဝင်စားတဲ့ သူတစ်ဦးဖြစ်ပါတယ် ကျောင်းသားတွေကိုလည်း အမြဲမေးခွန်းမေးရတာ ကြိုက်ပြီး (ကိုယ်တွေနဲ့တော့ အဆင်မပြေလောက် 😝) စိတ်ပိုင်းဖြတ်လိုက်ပြီဆို ဘာမဆိုဖြစ်အောင်လုပ်တဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးပေါ့အဲလိုအမျိုးသမီးလေးက သူ့လိုပဲ သင်္ချာကိုစိတ်ဝင်စားပြီး ထူးချွန်တဲ့ ကျောင်းသားလေးတစ်ဦးအပေါ် စိတ်ယိုင်သွားတဲ့အခါမှာတော့.... Baek Seung Yoo ကတော့ ငယ်ငယ်လေးတည်းက သင်္ချာဉာဏ်ကြီးရှင်လို့ နာမည်ကြီးပြီး ၅ နှစ်အရွယ်နဲ့ တက္ကသိုလ်အဆင့်ရှိတဲ့ သင်္ချာမေးခွန်းတွေကို ဖြေနိုင်သူတစ်ဦးဖြစ်ပါတယ် အသက် ၁၀ နှစ်နဲ့ MIT ကိုဝင်ခွင့်ရခဲ့ပြီး ၁၂ နှစ်မှာပြုတ်သွားကာ ရုတ်တရက် ဘယ်သူမှမသိတဲ့ အကြောင်းတစ်ခုနဲ့ အစအနပျောက်သွားခဲ့ပါတယ်အဲလိုမျိုး ဝါသနာတူ ...
9
TMDb: 9/10 3 votes
tv

Melancholia (2021)

2021
Secret Royal Inspector & Joy(2021)
Secret Royal Inspector & Joy(2021) Secret Royal Inspector & Joy(2021)ဇာတ်လမ်းတွဲအညွှန်း**************************************************အပိုင်း ( ၁ မှ ၁၆ ) ထိ စ/ဆုံးလူငယ်လေးတစ်ယောက်ရှိတယ်...သူက ဟင်းချက်အရမ်းဝါသနာပါပြီးသူ့ရဲ့အချိန်တော်တော်များများကို ဒီအချက်အပြုတ်နဲ့ပဲကုန်ဆုံးလေ့ရှိတယ်...သို့ပေမဲ့ ထက်မြက်လွန်းတာကြောင့်သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နန်းတွင်းအမတ်ဖြစ်လာတယ်...အသက်အငယ်ဆုံးအမတ်ဆိုတော့ သူဟာ ပေါ့ပေါ့ပါးပါးပဲနေလေ့ရှိတယ်....တစ်နေ့တော့ ဘယ်သူမှာ တာဝန်ထမ်းဆောင်ခြင်းမရှိလိုတဲ့ ရွာလေးတစ်ယောက်ကိုအထောက်တော်တာဝန်နဲ့ ရာထူးတစ်ဆင့်တိုးသွားဖို့ဖြစ်လာတယ်....ရာထူးတိုးတယ်ဆိုတာ တကယ်တမ်းပြောရရင် ထိုးကျွေးဖို့ အကွက်လှလှလေးသုံးလိုက်ခြင်းပါပဲ..ဘာလို့ဆိုဒီရွာကိုသွားတဲ့အထောက်တော်တိုင်း သေလုနီးပါး ဒုက္ခစုံကိုရင်ဆိုင်ရလို့ပါပဲ...ဘုရင့်အမိန့်ဆိုတော့ ရှောင်လွှဲလို့မရတဲ့အဆုံး တပည့်ကျော်(၂)ယောက်နဲ့အတူခရီးထွက်ဖို့ဖြစ်လာခဲ့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....ဒီဇာတ်လမ်းတွဲကိုရိုက်ကူးပုံဖော်သူကတော့ နာမည်ကြီး ဇာတ်လမ်းတွဲများ ဖြစ် တဲ့Descendants of the Sun နဲ့ What's Wrong With Secretary Kimတို့ကို ရိုက်ကူးခဲ့သူဒါရိုက်တာ Yoo Jong Sunဘဲဖြစ်တာမို့ ကောင်းဖို့တော့များပါတယ်...ဆက်လက်စောင့်ကြည့်ကြပါစို့နော်...   Episodes: 16Aired:  Nov 8, 2021 -Dec 28, 2021Aired On: Monday, TuesdayGenres:Drama, Mystery, ComedyTranslated by ChitThe, ...

Secret Royal Inspector & Joy(2021)

2021
Jirisan(2021)
Jirisan(2021) Jirisan(2021) ဇာတ်လမ်းတွဲအညွှန်း******************************အပိုင်း ( ၁ မှ ၁၆ ) ထိ စ/ဆုံးဂျီရီတောင်အမျိုးသားဥယျာဉ်မှာ တောခေါင်းတွေဟာ လူတွေကိုကယ်တင်တဲ့အလုပ်လုပ်ရတာပါ...Seo Yi-Gangက ဂျီရီတောင်အမျိုးသားဥယျာဉ်မှာ အတော်ဆုံးတောခေါင်းပါ...သူမက တောင်ကိုဘယ်နေရာကနေတက်ရမလဲဆိုတာကောင်းကောင်းသိပြီးအဲ့ဒီပတ်ဝန်းကျင်အကြောင်းအလုံးစုံနီးပါးသိတဲ့သူပါ...Kang Hyun-Jo ကတော့ ဂျီရီတောင်အမျိုးသားဥယျာဉ်ကတောခေါင်းအသစ်ပါစစ်သင်တန်းကျောင်းဆင်းဖြစ်ပြီး အရင်ကစစ်တပ်ခေါင်းဆောင်ဖြစ်ဖူးတဲ့ Kang Hyun-Jo မှာဘယ်သူ့ကိုမှပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်....Seo Yi-Gang နဲ့ Kang Hyun-Jo တို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာပြီးတိုက်ဆိုင်တာပဲလား ကံဆိုးတာပဲလား....အစုလိုက်အပြုံလိုက်ဒုက္ခရောက်နေတဲ့သူတွေကိုအတူတကွကယ်တင်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ CMပရိသတ်ကြီးဆက်လက်ရှုစားပေးပါဦး....Episodes: 16Aired: Oct 23, 2021 - Dec 12, 2021Aired On: Friday, SaturdayGenres: Action, Thriller, Mystery, DramaTranslated by  Khine Khine Wai,ChitThe,Shoon Thu Thu Chain & Song SongEncoded by  Phyo PyaeEpisode Complete Zip File- Yoteshin   Episode 1 720P >>> ...

Jirisan(2021)

2021
Happiness (2021) 8.5
Happiness (2021) Happiness (2021)==============ဒီတစ်ခါ အသစ်ထွက်ရှိလာတဲ့ ကားလေးကတော့ အမည်မသိကူးစက်ရောဂါပျံ့နှံ့လာမှုကိုအခြေခံပြီး အစပျိုးထားတဲ့သည်းထိတ်ရင်ဖိုဇာတ်လမ်း‌လေးပါ။ မြို့တော်မှာ ဆောက်လုပ်ပြီးစီးတော့မယ့် အထပ်မြင့်အဆောက်အဦးအသစ်တစ်ခုမှာလူတန်းစားအ‌မျိုးမျိုး နောက်ခံအမျိုးမျိုးနဲ့  လူပေါင်းစုံနေထိုင်နေကြပေမဲ့ ကူးစက်ရောဂါပျံ့ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှအထိတ်တလန့်နဲ့ သွေးရူးသွေးတန်းတွေဖြစ်လာကြရင်း လူတန်းစားပေါင်းစုံကြားထဲက ပဋိပက္ခတွေနဲ့အတူ ‌ကူးစက်ရောဂါရဲ့ခြောက်လှန့်မှုတွေကလည်း ပိုလို့တောင်ကြီးထွားလာခဲ့ပါတယ်။ရှုပ်ထွေးပွေလီလွန်းတဲ့ လောကကြီးထဲ အေးအေးချမ်းချမ်းနေချင်တဲ့ အထူးရဲတပ်ဖွဲ့ဝင်Yoon Sae-Bom (Han Hyo-Joo) နဲ့ဘေ့စ်ဘောကစားသမားဘဝကိုလက်လျော့လိုက်ရပြီး အကြမ်းဖက်မှုစုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တဲ့ Jung Yi-Hyun(Park Hyung-Sik)တို့ သူငယ်ချင်းနှစ်ယောက်က လှည့်ကွက်ပေါင်းစုံကြားထဲ အဖြေရှာကြရင်း၊ရောဂါကူးစက်မှုနဲ့ပက်သက်တဲ့ဝှက်ဖဲကို စုံစမ်းဖော်ထုတ်ကြမှာပါ။နောက်ဇာတ်ကောင်ဖြစ်တဲ့ Han Tae-Seok (Jo Woo-Jin)ကတော့  စစ်တပ်က ထွက်လာပြီးနောက်ပိုင်း  ဆေးဝါးကုမ္ပဏီတစ်ခုရဲ့အမှုဆောင်အကြီးအကဲအဖြစ်လုပ်ကိုင်နေသူပါ။ကူးစက်မှုရဲ့ သော့ချက်ကို လက်ကိုင်ထားသူအဖြစ်လည်း ယူဆရပြီး ဘယ်လိုနေရာကပါဝင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပါဝင်အားဖြည့်ပေးထားတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်တွေပါပဲ။အတော်ကြာမှ Han Hyo Jooနဲ့ Park Hyung Sikတို့ကို ပြန်လည်မြင်တွေ့ရမယ့် အခွင့်အရေးလည်းဖြစ်တာကြောင့်ဘယ်လိုအပေးအယူမျှမျှ အားဖြည့်ထားမလဲဆိုတာကို စောင့်ကြည့်သင့်တဲ့ ကားလေးပါ။သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲတွေ ...
8.5
TMDb: 8.5/10 2 votes
tv

Happiness (2021)

2021
Yumi’s Cells(2021)
Yumi’s Cells(2021) Yumi's Cells(2021) ဇာတ်လမ်းတွဲအညွှန်း ********************************************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးအားလုံး inside out ဆိုတဲ့ အင်္ဂလိပ်ကာတွန်းကားလေး ကြည့်ဖူးကြတယ် ဟုတ်။Yumi's cell ဆိုတဲ့ webcomic ကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်အသက်သွင်းထားတဲ့ဒီကားလေးမှာလည်း အတူတူပါပဲ။မင်းသမီးရဲ့ ဦးနှောက်ထဲမှာ အချစ်ဆဲလ်၊ ခံစားချက်ဆဲလ်၊ ဖက်ရှင်ဆဲလ်၊ဆာလောင်မှုဆဲလ်၊ စုံထောက်ဆဲလ်၊ စိုးရိမ်မှုဆဲလ်၊ ဆင်ခြင်မှုဆဲလ် အစရှိတဲ့ဆဲလ်တွေက မင်းသမီးရဲ့ ဦးနှောက်ထဲကနေ လူကို ထိန်းချုပ်သွားမှာပါ။Inside out ကားထဲကလိုမျိုးပဲ ဆဲလ်တစ်ခုချင်းစီရဲ့ ကိုယ်ပိုင်အတွေးခံစားချက်တွေသက်ရှိတစ်ယောက်လို စကားပြောဆိုနေတာတွေကို animation တွေနဲ့ ပေါင်းစပ်ဖန်တီးထားမှာပါ။Extraordinary ဇာတ်လမ်းမျိုးတွေနဲ့ အလိုက်ဖက်ဆုံးလည်းဖြစ်၊ Goblin နဲ့The King: Eternal Monarch ကားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားသွားတဲ့Kin Go Eun ကပဲ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သွားမှာဆိုတော့သရုပ်ဆောင်ချက်တွေကို အထူးတလည် ...

Yumi’s Cells(2021)

2021
Hometown ( 2021 )
Hometown ( 2021 ) ဆန်းကြယ်တဲ့ကွင်းဆက်လူသတ်မှုနဲ့ သဘာဝမဆန်တဲ့အရာတွေကို ရှာဖွေသိရှိခဲ့ရတဲ့၁၉၉၉ ခုနှစ်က နယ်မြိုလေးတစ်ခုကို အခြေတည်ထားပါတယ်၁၉၈၉ ခုနှစ်မှာ အကြမ်းဖက်သမား Jo Kyung Ho ဟာ ဂျပန်နိုင်ငံမှာ ပညာသင်ပြီးနောက်တောင်ကိုရီးယားနိုင်ငံကိုပြန်လာကာ သူ့ရဲ့မွေးရပ်မြေက ဘူတာရုံတစ်ခုမှာ Sarin gas ကိုထုတ်လွှတ်ကာ ခရီးသည်တွေကိုသေစေခဲ့တာကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်သူ့ရဲ့သမီးဖြစ်သူ Jo Jae Young ကိုတော့ ညီမဖြစ်သူ Jo Jung Hyun ဆီသိုလွှတ်ကာ နေထိုင်စေခဲ့ပါတယ်ဆယ်နှစ်ကြာပြီးတဲ့နောက် လူသတ်မှုဖြစ်တဲ့ဖြစ်တဲ့ နယ်မြိုလေးကို ရောက်ရှိလာတဲ့စုံထောက် Choi Hyun ဟာ လူသတ်မှုတွေဟာ အကြမ်းဖက်သမားတွေနဲ့တစ်နည်းနည်းပက်သက်နေတယ်လို သံသရှိနေခဲ့ပါတယ်......လွန်ခဲ့တဲ့ ၁၀ နှစ်ကအကြမ်းဖက်သမားတွေရဲ့ရန်ကနေ ဇနီးသည်ကို မကာကွယ်နိုင်တာကြောင့်အပြစ်ရှိစိတ်ဖြစိနေတဲ့ Choi Hyun ဟာ Jung Hyun ရဲ့တူမဖြစ်သူပျောက်ဆုံးသွားရာက အမှုကို စတင်စုံစမ်းခဲ့ပါတော့တယ်Jung Hyun တစ်ယောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်Choi Hyun နဲ့လက်တွဲကာ အမှန်တရားကို ...

Hometown ( 2021 )

2021
Hometown Cha-Cha-Cha ( 2021 )
Hometown Cha-Cha-Cha ( 2021 ) အားလုံးစောင့်မျှော်နေတဲ့ ကားလေးထွက်ပါပြီနော်Yoon Hye Jin ဟာ ဉာဏ်ထက်မြက်ပြီး လှပတဲ့ သွားဆရာဝန်မလေးတစ်ဦးဖြစ်ပါတယ်ဒါပေမယ့် သူမရဲ့ဘဝဟာ နှလုံးအလိုကို မဖြည့်ဆည်းနိုင်တာကြောင့်သူမရဲ့အစီအစဥ်တွေ ပြိုလဲခဲ့ရပါတယ် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ပြီးတဲ့အခါမှာတော့ဂုံဂျင်းမှာရှိတဲ့ ပက်လယ်ကမ်းစပ်ကို ပြောင်းရွှေ့ခဲ့ပါတော့တယ်အဲဒီမှာ Hong Doo Shik နဲ့တွေ့ပြီး သူနဲ့ပက်သက်တာတွေကို သိချင်စိတ်ပြင်းပြလာပါတယ်Chief Hong လိုလူသိများတဲ့ Hong Doo Shik ဟာ မြိုခံတစ်ဦးဖြစ်ပြီးတရားဝင်အလုပ်ခန့်ထားခြင်းတော့မရှိပါဘူး ဒါပေမယ့် သူဟာ သူများတွေကိုကူညီပေးရတာ ကြိုက်နှစ်သက်ပြီးတော့ ဂုံဂျင်းမြိုမှာဘယ်လိုမျိုးအခက်အခဲတွေပဲရှိရှိ ရှေ့ဆုံးကနေ ပြေးပြီး ဖြေရှင်းပေးတတ်တဲ့လူလည်း ဖြစ်ပါတယ်ဒီလိုပါးချိုင့်လေးနှစ်ယောက်ရဲ့ ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးကိုအပတ်စဥ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်သွားမှာဖြစ်တာမိုစောင့်ကြည့်အားပေးဖို လုံးဝလုံးဝ မမေ့ပါနဲ့နော် Quality : WEB-DL 720pFormat : mp4During : 1h 15 minGernes : Comedy , DramaSubtitle : Myanmar ...

Hometown Cha-Cha-Cha ( 2021 )

2021
The Road: The Tragedy of One(2021)
The Road: The Tragedy of One(2021) The Road: The Tragedy of One(2021)ဇာတ်လမ်းတွဲအညွှန်း**************************************************အပိုင်းသစ်(၁ မှ ၁၂)ထိ စ/ဆုံးအချစ်ဇာတ်လမ်းတွေဆက်တိုက်ထွက်လာတဲ့အချိန်မှာ တစ်ချို့ငြီးငွေ့နေတဲ့သူတွေအတွက်ဒီဇာတ်လမ်းတွဲဟာရွှေလို့ပြောလို့ရပါတယ်.. အဓိက သရုပ်ဆောင်တွေရော  ဗီလိန်တွေကိုရော တကယ့်အထင်ကရတွေချည်းသုံးထားတဲ့ဒီစီးရီး အပိုင်း(၁)မှာတင်တော်တော် ကြမ်းတယ်ပြောရမှာပဲ..." Royal Hill '' ဆိုတာကတော့ ကိုရီးယားရဲ့ထိပ်တန်းအကျဆုံးလူကုံထံ ၁ ရာခိုင်နှုန်းမျှသာနေထိုင်နိုင်တဲ့အဆင့်အတန်းမြင့်အိမ်ရာတစ်ခုပေါ့.....စီးပွားရေးဘက်ပိုင်းမှာလည်း အရေးပါကြသလို အစိုးရပိုင်းနဲ့ ဉပဒေဘက်ပိုင်းမှာပါလွှမ်းမိုးရှိလေတော့ ဒီအိမ်ရာကလူတွေကို တော်ရုံမထိရဲကြဘူးပေါ့...အိမ်ပိုင်ရှင်တွေကလည်း  လိုချင်တာဘာမဆိုရအောင်ဖန်တီးနိုင်ကြပြီးပြဿနာအားလုံးကို လက်ဖျောက်တစ်ချက်အတွင်းဖြေရှင်းနိုင်တဲ့ ထက်မြက်ပါးနပ်တဲ့ မြေခွေးလိုလူတွေပါပဲ...အားလုံးလက်ရှောင်နေကြတဲ့ ဒီအိမ်ရာကလူတွေကို တစ်နေ့တော့ နာမည်ကြီးသတင်းဌါနလူတစ်ယောက်ကသူတို့နောက်ကွယ်ကလုပ်ရပ်အချို့က ဖော်ထုတ်ပြီးတစ်နိုင်ငံလုံးသိအောင် စကြေငြာလိုက်တယ်...ပြောရရင် တစ်ယောက်ထဲနဲ့ အကောင်ကြီးကြီးတွေကိုစိန်ခေါ်လိုက်တာပါပဲ....ရိုက်ချက်တွေလည်းအတော်လန်းပါတယ်...တမူထူးတဲ့မှုခင်းဇာတ်လမ်းတွဲဖြစ်လို့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့အတော်စိတ်ဝင်စားစရာပါပဲ...စောင့်မျှော်ကြည့်ရှုကြရအောင်ဗျို့... Episodes-12Air Date-Aug 4, 2021 - Sep 9, 2021Aired On: Wednesday, ThursdayGenres: Thriller, Mystery, Crime, DramaTranslated by lwin Lwin Aung, Ichika Satoru,Hnin Wut Yi& Shoon Thu ...

The Road: The Tragedy of One(2021)

2021
The Witch’s Diner(2021)
The Witch’s Diner(2021) Witch's Dinner [2021] ဇာတ်လမ်းအကျဥ်းကတော့အလုပ်ဖြုတ်ခံလိုက်ရတဲ့ ဂျောင်ဂျင်(Nam Ji Hyun) ဟာ အမေဖြစ်သူနဲ့အတူစားသောက်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ဖို့ရွေးချယ်လိုက်ပါတယ်။ ရောင်းအားကောင်းနေတဲ့ဂျင်တို့ရဲ့စားသောက်ဆိုင်လေးက ကြာလာတဲ့အခါမှာတော့ အပြိုင်အဆိုင်စီးပွားရေးကြောင့်ဆိုင်ပိတ်ဖို့အထိပါ ဖြစ်လာရပါတော့တယ်။ ထူးဆန်းစွာနဲ့ ဂျိုဟီရာ(Song Jihyo) ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူမ ရှေ့ကိုပေါ်လာပြီး သူ့ရဲ့ စားသောက်ဆိုင်ကိုငှားဖို့ပြောလာခဲ့ပါတယ်။စုန်းမတစ်ယောက်ဖြစ်တဲ့ ဂျိုဟီရာ ဖန်တီးတဲ့ အစားအသောက်တွေက လူတွေရဲ့လိုအင်ဆန္ဒကိုဖြည့်ပေးနိုင်တာမလို့ စားသောက်ဆိုင်က နာမည်ကြီးလာပါတော့တယ်။ အတောမသတ်နိုင်တဲ့လူတွေရဲ့လောဘတွေ​ရယ် ရန်ကိုရန်ခြင်း လက်စားချေချင်ကြတဲ့လူတွေကို စုန်းမဖြစ်တဲ့ဂျိုဟီရာတစ်ယောက် ဘယ်လိုဆန္ဒတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့ Witch's Diner ဆိုတဲ့ဒီဇာတ်လမ်းတွဲလေးမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။  Translated by : Htike Aung WIn, Kim Hana, Jerrica, Shwe PyaeEncoded by : YK  Complete ZIP VIP / ...

The Witch’s Diner(2021)

2021