Channel Myanmar

SLOW TIDE

Sanctuary (2023) 8.0
Sanctuary (2023) Sanctuary ( 2023 ) ============== IMDb Rating - 8.0/10ဒီဇာတ်လမ်းတွဲက ရှားရှားပါးပါးမြင်ရတယ်‌ပြောရမလား နက်ဖလစ်မှာ ကျွန်တော်တို့ ပုံမှန်အနေနဲ့ ဒီလိုဂျပန်ဇာတ်လမ်းတွဲမျိုး မြင်ရခဲတယ်။ သူက တခြားမဟုတ်ဘဲ ဆူမိုနပန်းပွဲတွေအကြောင်း ရိုက်ထားတဲ့ ဇာတ် လမ်းကိုး။ ထူးတာက ဒီလို ရိုက်ထားတဲ့နေရာမှာ ဇာတ်လမ်းက ဇာတ် လမ်းလည်းဆန်သလို တစ်ဖက်မှာလည်း ဇာတ်လမ်းမဆန်ဘူး။ ပြော ချင်တာက ဇာတ်လမ်းပေမဲ့ ဒိုကူမန်ထရီရိုက်ထားသလို အငွေ့အသက် ပါရတယ်။ ဒီလိုရိုက်ထားလို့ ပျင်းစရာတော့ လုံးဝမကောင်းဘဲ ပိုစိတ် ဝင်စားစရာကောင်းသွားတယ်။ဆူမိုက ဂျပန်မှာပဲ တွေ့ရနိုင်တဲ့ ဂျပန်ရိုးရာအားကစားစစ်စစ်ပါပဲ။ ဆူမိုကို ဂျပန်မှာ ပထမဆုံး စကစားတာက ၁၆ရာစုအလယ်ပိုင်း တိုခုဂါဝခေတ် ကတည်းကဆိုတော့ အခုထိဆို ၅ရာစုလောက်ရှိပြီပြောရမယ်။ ဆူမိုဆိုတဲ့ စကားလုံးကို စတွေ့တာက ၇၁၂ခုနှစ်ကတည်းကဆိုတော့ နှစ်ထောင်ချီ ပြီလည်း ‌ပြောကြတယ်။ ဆူမိုအားကစားဟာ ကြမ်းတမ်းခက်ခဲတဲ့ အား ကစားတစ်ခုပီသစွာပဲ ဆူမိုသမိုင်းတစ်လျှောက်မှာ ယိုခိုဇုနလို့ခေါ်တဲ့ grand championတွေ သိပ်မရှိခဲ့ဘူး။ ဒီလိုချန်ပီယံဖြစ်လာဖို့ကလည်း မလွယ်ခဲ့ ဘူး။ ဒါပေမဲ့လည်း ဆူမိုနပန်းသမားတိုင်းနီးပါး ဆူမိုစဆော့ပြီဆိုတာနဲ့ သူတို့ရဲ့ပန်းတိုင်က ယိုခိုဇုနဖြစ်လာဖို့ကို ဦးတည်နေတယ်။ ...
8.0
TMDb: 8.0/10 2500 votes
tv

Sanctuary (2023)

2023