Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
SISTER
7.314
KAOS (2024) Season 1
IMDb - 7.5, RT 72% အသီးသီးရရှိထားတဲ့ Netflix Dark Comedy, Fantasy Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Greek Mythology ကို ခေတ်ပေါ်ပုံစံနဲ့ ပြန်လည်စိတ်ကူးပုံဖော် ရိုက်ကူးပြထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်လို့ကောင်းပါတယ်။သိကြတဲ့အတိုင်း Mount Olympus က နတ်ဘုရားတွေထဲမှာ Zeus ဟာ King of the Gods (နတ်ဘုရားတွေရဲ့ ဘုရင်တစ်ပါး) ပေါ့။ ကျန်တဲ့ နတ်ဘုရားတွေက သု့လက်အောက်က ကျရာတာဝန်တွေကို အသီးသီးထမ်းဆောင်ရင်း လူသားတွေကို အုပ်ချုပ်ကြတယ်။ ဒီနတ်ဘုရားတွေ အထူးသဖြင့် Zeus ကို ဖီဆန်သူကတော့ Prometheus ပေါ့။ဒီစီးရီးမှာ Zeus ကို ဖြုတ်ချမဲ့ Prometheus ရဲ့လုပ်ကြံမှုကြီးကို Prometheus ကိုယ်တိုင်က ဇာတ်ကြောင်းပြောကြတဲ့ ပုံစံနဲ့ အဆင့်ဆင့်ရိုက်ကူးပြထားပါတယ်။ File size…(800 ...
7.314
TMDb:
7.314/10
59 votes
tv
KAOS (2024) Season 1
2024
7.105
Eric (2024)
ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ...
7.105
TMDb:
7.105/10
62 votes
tv
Eric (2024)
2024
6.0
The Power (2023)
The Power (2023) ============= IMDb Rating - 5.6/10NewYork Bestseller စိတ်ကူးယဉ်ဝထ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ The Power ဇာတ်လမ်းတွဲကို Amazon Prime ကနေ ဘက်ဂျက်အများကြီးသုံးပြီး ဇာတ်လမ်း ဇာတ်အိမ် ကောင်ကောင်းနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ရုတ်တရက် ကမ္ဘာ့အနှံ့က အမျိုးသမီးတွေ အများစုမှာ လျှပ် စစ်စွမ်းအင်လို ရှေ့ာတိုက်နိုင်တဲ့ အစွမ်းတွေရလာတဲ့အခါမှာ ကမ္ဘာကြီးက ပြောင်းလဲဖို့ဖြစ်လာပါပြီ။ ဥရောပ၊ အမေရိကမှအစ အာရှတိုက်အလယ်၊ အာဖရိကတိုက်အဆုံး ဘဝနာနေခဲ့တဲ့ ဆယ်ကျော်သက် ကောင်မလေး အများစုမှာ သူတို့ရဲ့ အဖိ အနှိပ်ခံဘဝကနေ ဒီလိုအစွမ်းတွေရလာတဲ့အခါမှ သူတို့ဘဝက ချက်ချင်းပြောင်းလဲသွားပါတယ်။ဒီစွမ်းအားရှင်လေးတွေကို ထိန်းချုပ်ဖို့ အဖွဲ့အစည်းတစ်ခုပေါ် လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးမီဒီယာတွေရဲ့ စောင့်ကြည့်မှုလည်း ခံလာရပြီး သူတို့အားလုံးပေါင်းဆုံကာ ပိုကြီးမားတဲ့ အန္တရာယ် ကြီးတစ်ခုကို ကျော်ဖြတ်ဖို့ဖြစ်လာပါတယ်။Season 1 အနေနဲ့ (၉) ပိုင်းထွက်ရှိမှာဖြစ်ပြီး တစ်ပတ်တစ်ပိုင်း နှုန်းဖြင့်CM ကတင်ဆက်ပေးသွားမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL 720p / ...
6.0
TMDb:
6.0/10
1300 votes
tv
The Power (2023)
2023
7
Better (2023)
Better (2023) Completed Mini-Series ~ IMDb - 6.4/10, Rotten Tomatoes - 89% ~ အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား၊ အသိစိတ်ဓာတ်နဲ့ အမှားအမှန်ခွဲခြားသိမြင်မှု၊ Friendship တွေကို စုံစုံလင်လင် မြင်တွေ့ရမယ့် မှုခင်း ဒရာမာစီးရီးအမျိုးအစားဖြစ်ပါတယ်။ လက်တွေ့ကမ္ဘာကို ရောင်ပြန်ဟပ်နေတဲ့ ငွေနောက်လိုက်တဲ့သူတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေ၊ မကောင်းမှုတွေ ကြီးစိုးနေတဲ့လောကကြီး အကြောင်းကို ပေါ်လွင်အောင် ပုံဖော်ထားတာဖြစ်တဲ့အတွက် ကြည့်ရမှာတန်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ စုံထောက်စစ်ဆေးရေးမှူး ဆလက်ဟာ သူ့အဖေခြေရာနင်းပြီး ထူးချွန် တာ၀န်ကျေတဲ့ ရဲတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ပွန်းနဲ့ ဆယ်ကျော်သက်အရွယ် အို၀မ်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ အို၀မ်က ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေလုမျောပါးဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ ဆလက်က သူ အနှစ်၂၀လောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်မြင်ယောင်ပြီး အသိ၀င်လာပါတော့တယ်။ တကယ်တော့ သူဟာ အများထင်သလို ပြည်သူ့ဘက်တော်သားတစ်ယောက်မဟုတ်ပါဘူး။ သူ့ငယ်သူငယ်ချင်း ...
7
TMDb:
7/10
5 votes
tv
Better (2023)
2023
8
The Baby (2022) (Completed)
The Baby (2022) (Completed Mini Series) ~ IMDb - 6.1/10, Rotten Tomatoes - 64% ~ ခင်ဗျားလက်ထဲ လေထိတောင်မခံတဲ့ မွေးကင်းစလေးချစ်စရာလေးကို ကိုင်ထားပြီး အဲဒီကလေးကို တိုက်ပေါ်၀ရန်တာက လွတ်ကျသွားတယ်လို့ တွေးကြည့်။ သိပ်လန့်စရာကောင်းတယ်မလား။ ဒီရုပ်ရှင်ဟာ အဲဒီလိုကြောက်လန့်စရာကောင်းတဲ့ ရုပ်ရှင်ပေါ့။ HBO ရဲ့ အသစ်ထွက် Horror, Comedy Series လေးပါ။ Horror Comedy တော်တော်များများက ကြောက်ရတာထက် ရယ်စရာပိုကောင်းနေတတ်တယ်ဆိုပေမဲ့ ဒီတစ်ခုကတော့ ရယ်လည်းရယ်ရ အသည်းလည်းထိတ်ရပါပဲ။ ကလေးတွေဆိုတာ ရတနာလေးတွေ။ ကလေးရပြီဆိုတာနဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်ဆိုပေမဲ့ ဒီဇာတ်လမ်းထဲက နာတာရှာလောက်တော့ ပြောင်းနိုင်မယ်မထင်ဘူး။ နာတာရှာက သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေအကုန်လုံး အိမ်ထောင်တွေကျ ကလေးတွေရကုန်လို့ သူ့ကိုပလစ်ကုန်ကြလို့ မကျေမနပ်ဖြစ်နေသလို ကလေးဆိုရင် အသံမကြားချင်လောက်အောင်မုန်းတဲ့လူပါ။ တစ်နေ့ သူနေတဲ့ ချောက်ထဲကို ကလေးတစ်ယောက် ပြုတ်ကျလာပြီး ...
8
TMDb:
8/10
3 votes
tv
The Baby (2022) (Completed)
2022
9.3
This Is Going to Hurt (2022)
This is going to hurt (2022)ကျွန်တော်တို့ CM ကနေ ဆရာဝန် ဟာသ စီးရီးလေးတစ်ခု ထပ်တင်ပေးချင်ပါတယ်။ အပိုင်း ၇ ပိုင်းပဲ ပါပါတယ်။ဆရာဝန် ဟာသပညာရှင် အဒမ်ကေရဲ့ နိုင်ငံတကာ best seller ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဆရာဝန်တစ်ယောက်ရဲ့ ကြုံခဲ့ဖူးတဲ့ အလွဲတွေဟာသတွေပေါ့။ဒီတစ်ခါတော့ အဓိက ဇာတ်ကောင်က သားဖွားမီးယပ်ပါရဂူ ပေါက်စလေးပါပဲ။ ထူးထူးခြားခြား ပါရမီပါတာလည်းမဟုတ်ပါဘူး။ အမှားတွေလုပ်တတ်တယ် သင်ယူနေရတယ်။ သူလိုကိုယ်လိုပါပဲ။ ဂျစ်ကပ်ကပ်နိုင်တယ် ဂွစာတိုက်တတ်တယ်။ လူနာတွေအပေါ် စေတနာကောင်းတယ်။ ဂေးဖြစ်နေတာကို ဆေးရုံကလူတွေမသိအောင် ဖုံးထားချင်တယ်။ ပြီးတော့ သားဖွားမီးယပ် ဆရာဝန်အကြီးတန်းဖြစ်ချင်ပြီး ပိုက်ဆံများများရပြီး နှပ်ချင်တယ်။ ဒီလိုရိုးရှင်းပါတယ်။ပြီးတော့ BBC ရဲ့ ဗြိတိန်ကားဆိုတော့ မြန်မာနိုင်ငံနဲ့ကျန်းမာရေးစနစ်ချင်း ဆင်ပါတယ်။ သင်ရိုးနဲ့ လုပ်ပုံလုပ်နည်းတွေလည်းဆင်ပါတယ်။ ဟောက်စ်ဆာဂျင်တွေ နှစ်လလောက်ကြာတာတောင် ကလေးမွေးဖို့ သင်ပေးမယ့်သူမရှိလို့ မမွေးတတ်သေးတာတွေ တောက်တိုမယ်ရပဲလုပ်နေရတာတွေ၊ အစိုးရဆေးရုံမို့ လူပေါင်းစုံ ပြဿနာပေါင်းစုံကို ရှင်းရတာတွေ။ လူနာတွေက လူမျိုးရေးခွဲခြားပြီး နှိမ်ချင်တာတွေ။ ဆေးရုံမှာမနိုင်မနင်းနဲ့ ပင်ပန်းလွန်းကြတာတွေ။ဒီလိုသဘာဝကျကျ ဇာတ်ကောင်တွေနဲ့ ဟာသလည်းမြောက် ဗဟုသုတလည်းရ ပျော်စရာလည်းကောင်းတဲ့စီးရီးမို့ သေချာပေါက်ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။တုံးလုံးအခန်းတွေ ...
9.3
TMDb:
9.3/10
3 votes
tv
This Is Going to Hurt (2022)
2022
10
Landscapers (2021)
ဖြစ်ရပ်မှန် မှုခင်း ဟာသ မီနီစီးရီးလေး တစ်ခုလောက်ကြည့်ရအောင်။ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ခရစ္စတိုဖာနဲ့ ဆူဆန် အက်ဒ်ဝပ်ဆိုတဲ့ ဇာတ်ကောင်နှစ်ကောင်ဟာ အပြင်မှာ တကယ်ရှိပါတယ်။သူတို့ကို တရားရုံးက လူသတ်မှုအတွက် အနိမ့်ဆုံး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့တာပါ။ဒါပေမဲ့ သူတို့က ဒီနေ့အထိ အပြစ်မရှိကြောင်း ထွက်ဆိုနေတုန်းပါပဲ။ဒီစီးရီးထဲမှာတော့ ဒီလင်မယားက အတော်ကို ချစ်ကြတာကိုပြပါတယ်။ပြင်သစ်မှာ အလုပ်မရှိ ငတ်ပြတ်ခါနီးအခြေအနေရောက်နေတဲ့အထိ တစ်ယောက်ကို တစ်ယောက်အားပေးရင်း ကြိုးစားနေကြတုန်းပါပဲ။ဒါပေမဲ့ ယောကျာ်းဖြစ်တဲ့သူက သူ့ရဲ့မိထွေးကို လှမ်းပြီး ငွေချေးလိုက်မိပါတယ်။ငွေချေးရင်းနဲ့ ပြင်သစ်ကိုရောက်နေတဲ့အကြောင်းရယ် စကားမစပ်ဆိုပြီး သူ့ယောက္ခနှစ်ယောက်အလောင်းကို အရင်အိမ်နောက်ဖေးမှာ မြှပ်ထားခဲ့တာ ၁၅ နှစ်ရှိပြီဆိုတာလေးပါ ပြောချလိုက်ပါရော။ဒီတော့မှ မိထွေးကြီးလည်း အပြေးအလွှားနဲ့ ရဲတိုင်၊ ရဲတွေက သွားစစ်တော့ တကယ်အလောင်းတွေတွေ့ပါလေရော။ခက်တာက ပြင်သစ်က လူနှစ်ယောက်ကို ဥရောပဖမ်းဝရမ်းထုတ်ဖို့ဆိုရင် သူတို့လူသတ်ကြောင်း အချိန်နေရာသက်သေအတိအကျလိုနေပါတယ်။ဒီတော့ ဝရမ်းလည်းထုတ်မရသေးတော့ စုံထောက်ကြီးခမျာ သူတို့လင်မယားကို အီးမေးလ်လေးပို့ပြီးတွေ့ခွင့်တောင်းရတာပေါ့။သူတို့လင်မယားကလည်း အေးအေးဆေးဆေးပါပဲ။ လာတွေ့မယ်လေ ...
10
TMDb:
10/10
2 votes
tv
Landscapers (2021)
2021