Channel Myanmar

Red Wagon Entertainment

Joe Pickett – Season (01), (02) 7.7
Joe Pickett – Season (01), (02) Joe Pickett - Season (01), (02) ====================== IMDb 7.7 ရရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ season 2 ခု ထွက်ရှိထားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် အမျိုးသားပရိသတ်တွေ ပိုအကြိုက်တွေ့နိုင်မဲ့ ဇာတ်လမ်းမျိုးလို့ ထင် မြင်မိပါတယ်။ ဇာတ်ကောင်တွေရဲ့ အံဝင်ခွင်ကျဖြစ်မှု၊ ရိုက်ကူးတင် ဆက်ပုံ ကောင်းမွန်မှု နဲ့ နောက်ခံရှု့ခင်းတွေ သဘာဝဆန်စွာ လှပမှုတွေ ကြောင့် စတင်ထုတ်လွှင့်ချင်းမှာပဲ feedback ကောင်းတွေ အများကြီး ရထားတဲ့ စီးရီးတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း _____________ ဂျိုးပစ်ကတ်က ဆက်ဒယ်စထရင်းဆိုတဲ့ မြို့လေးကို အသစ်ပြောင်းလာ တဲ့ တောခေါင်းတစ်ယောက်ပါ။ ဥပေဒကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို ချက်ချင်းအရေးယူတတ်ပြီး လိုင်စင်မဲ့ ငါးဖမ်းတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် ကိုပါ ထိန်းသိမ်းအရေးယူခဲ့တာကြောင့် သတင်းစာတွေမှာ ဟိုးလေးတ ကြော်ကြော်ဖြစ်နေတဲ့သူပေါ့။ ဒါ့အပြင် ဇနီးဖြစ်သူ ရှေ့နေမလေးနဲ့ သမီး နှစ်ယောက်အပေါ်မှာလည်း တော်တော်လေးကို တာဝန်ကျေတဲ့ အိမ်ထောင် ဦးစီးကောင်းတစ်ယောက်ပါ။ဒီလိုနဲ့ ဆက်ဒယ်စထရင်းကို သူရောက်လာလာချင်းမှာပဲ အုတ်ခီလီဆိုတဲ့ တောကောင်ရောင်းဝယ်ရေးသမားတစ်ယောက်က ရာသီချိန်မဟုတ်ဘဲ အမဲ လိုက်နေတဲ့အတွက် လိုင်စင်သိမ်းပြီး အရေးယူပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိ ခဲ့တာကတော့ ...
7.7
TMDb: 7.7/10 5200 votes
tv

Joe Pickett – Season (01), (02)

2021