Channel Myanmar

Paramount Television International Studios

Insomnia (2024) 5.667
Insomnia (2024) ဒီကားလေးကတော့ စာရေးဆရာမ Sarah Pinborough ရဲ့ ဝတ္ထုကို ပြန်ရိုက်ကူးတင်ဆက်ထားတဲ့ Thriller ဗြိတိန်ကားလေးတစ်ကားပါ.....ဇာတ်လမ်းလေးကတော့......အမ်မာ နဲ့ ဖီဘီဆိုတဲ့ ညီအစ်နှစ်ယောက်ရဲ့အမေက အသက်၄၀ပြည့်မွေးနေ့မှာ ညအိပ်မပျော်တဲ့ရောဂါကနေ စိတ်ဖောက်ပြန်သွားခဲ့ပါတယ်.....အဲဒီညမှာပဲ အမ်မာရဲ့ အစ်မ ဖီဘီ့ကို ခေါင်းအုံးနဲ့ဖိခဲ့ပြီး အမ်မာ့ကိုလည်း မကောင်းတဲ့သွေးပါနေတာကြောင့် အသက်၄၀ပြည့်ရင် သူ့လိုဖြစ်မယ်လို့ပြောခဲ့တာပါ.....အဲဒီလိုဖြစ်ပျက်ပြီးနောက် အမ်မာ နဲ့ ဖီဘီတို့လည်း မွေးစားမိဘတွေဆီရောက်ပြီး ဖြတ်သန်းခဲ့ရာက အမ်မာ့အသက်၄၀ပြည့်မွေးနေ့မရောက်ခင် ၂ပတ်အလိုမှာ အမ်မာက ညဘက်အိပ်မပျော်တဲ့ရောဂါ ခံစားရလာပါတယ်.....သူ့အမေကလည်း သူ့ကိုယ်ထဲမှာ မကောင်းတဲ့သွေးတွေရှိနေတာမို့ အသက်၄၀ပြည့်မွေးနေ့မှာ သူ့လိုဖြစ်လာမယ်လို့ပြောခဲ့တဲ့စကားကို ကြားယောင်ပြီး အမ်မာလည်းကြောက်ရွံ့နေခဲ့ပါတော့တယ်......အဲဒီနောက်မှာတော့ စိတ်ရောဂါခံစားနေရတဲ့သူ့အမေလည်း ဆုံးသွားခဲ့ပြီး အမ်မာလည်း ဒီအဖြစ်ဆိုးကြီးကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ......သူ့အမေပြောခဲ့သလိုပဲ မကောင်းတဲ့သွေးပါနေတာကြောင့် အိပ်မပျော်တာလား စိတ်စွဲနေလို့ပဲ အိပ်မပျော်တာလား ဒီလိုရောဂါမျိုးက မျိုးရိုးများလိုက်တာလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး...... File size…(460 Mb)/(220 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….00:50:00 Genre... Thriller Subtitle….Myanmar Subtitle ...
5.667
TMDb: 5.667/10 6 votes
tv

Insomnia (2024)

2024
A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024
The Envoys (2021) 7.1
The Envoys (2021) The Envoys (2021) =============== IMDb Rating - 7.1/10ကမ္ဘာပေါ်မှာ သာမန်မြင်တွေ့နေကျနဲ့ ကွဲထွက်ပြီး တစ်မူထူးခြားစွာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းထွေလာတွေ အများကြီးပေါ်ပေါက်ဖူးပါတယ်။ အများစုကတော့ ဘာသာရေးနဲ့ရောယှက်နေကြတာပေါ့။ တောင်ပို့က နေ နို့တွေထွက်တာမျိုးတို့၊ ရွှံ့အေးပွက်ထတာမျိုးတို့ပေါ့လေ။ ရှေးတုန်း ကဆို နေကြတ်၊လကြတ်တာကိုတောင် တကယ့်"အံ့ဖွယ်ဖြစ်ရပ်ကြီး" သဖွယ်ဖြစ်ခဲ့ကြတာကိုး။ဆိုတော့ "အံ့ဖွယ်ဖြစ်ရပ်"ဆိုတာဘာလဲ။ ဒီစီးရီးထဲမှာတော့ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေကိုသာ "အံ့ဖွယ်ဖြစ်ရပ်"လို့ သမုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် ဖာသာအန်တီကွီရာကတော့ "သိပ္ပံပညာဟာ လွန်ခဲ့တဲ့နှစ်၂ထောင်ကျော်က အံ့ဖွယ်ဖြစ်ရပ်ဆိုတာတွေကို ဖြုတ်ချနိုင်ခဲ့ တဲ့အရာ"လို့ ဆိုပါတယ်။ ဇာတ်လမ်းလေးကတော့ ဆေးပညာကျွမ်းကျင် တဲ့ ဖာသာဆလီးနက်စ်နဲ့ ဥပဒေပညာကျွမ်းကျင်တဲ့ ဖာသာအန်တီကွီရာ တို့နှစ်ယောက် လူတွေ "အံ့ဖွယ်ဖြစ်ရပ်" လို့ဆိုကြတဲ့အရာတွေကို လိုက်လံ စစ်ဆေးဖြေရှင်းကြပုံပါ။ခေါင်းလောင်းမျှော်စင်ကနေ ခုန်ချပြီး အရိုးတွေကျိုးကြေကုန်လို့ ဆရာဝန် ကတောင် သေပြီလို့ အတည်ပြုပြီးသားလူတစ်ယောက်က အကောင်းပက တိပြန်ဖြစ်သွားတဲ့ပဟေဠိကတော့ ဇာတ်လိုက်ဖာသာနှစ်ယောက်ကို စတင် သိကျွမ်းစေခဲ့တဲ့ ပထမဆုံးအမှုပါပဲ။ ဘာသာရေးခေါင်းစဉ်အောက်ဆွဲသွင်းခံ ရတဲ့ ဖြစ်ရပ်တွေနဲ့ အဲဒီနောက်ကွယ်က အကြောင်းတရားတွေ၊ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့"အံ့ဖွယ်ဖြစ်ရပ်"ဟုတ်လား၊မဟုတ်ဘူးလားဆိုတာကတော့ စီးရီးလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team ...
7.1
TMDb: 7.1/10 1936 votes
tv

The Envoys (2021)

2021