Channel Myanmar

OGM Pictures

Kübra (2024) 6.25
Kübra (2024)  စာရေးဆရာ Afşin Kum ရဲ့၀တ္ထုကိုအသက်သွင်းတဲ့ ဒုတိယမြောက် Netflix စီးရီးစ်ဖြစ်ပါတယ်။ ပထမကားကတော့ တင်ဆက်ပေးပြီးသားဖြစ်တဲ့ Hot Skull 2022 ပါ။ ဒီဇာတ်လမ်းတွဲကတော့ ဂိုခန်းဆိုတဲ့အစ္စတန်ဘူသား အရပ်သားလူငယ်တစ်ယောက်ကိုအခြေခံပါတယ်။သူဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက သူတို့စခန်းကို ဝင်ရောက်စီးနင်းခံလိုက်ရာကနေ သူတစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့အတွက် လိပ်ပြာမလုံစိတ်နဲ့စိတ်ဒဏ်ရာတစ်ချို့ကိုခံစားနေရဆဲပါ။အခုချိန်မှာတော့ ဝပ်ရှော့တစ်ခုမှာအလုပ်လုပ်နေပြီး တစ်ချိန်မှာ ချစ်သူမာဗေးကိုလက်ထပ်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်တွေနဲ့ရိုးရှင်းတဲ့ဘ၀ကိုဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့ Soultouch ဆိုတဲ့ app တစ်ခုကနေ Kubra အမည်ရသုံးစွဲသူရဲ့ စာတစ်စောင်ကိုရရှိရာကနေ ဒါတွေအားလုံး ကမောက်ကမပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။Kubra ရဲ့ပြောစကားတွေ၊သက်သေပြမှုတွေ၊တိုက်ဆိုင်လွန်းတဲ့အဖြစ်အပျက်တွေ ထူးခြားစွာပေါင်းဆုံလာတဲ့အခါမှာတော့ ဂိုခန်းဟာ သူ့ကိုယ်သူတမန်တော် Kubra ကိုဘုရားသခင်လို အထင်ရောက်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့ သူ့အပေါ်ယုံကြည်တဲ့နောက်လိုက်တွေအများကြီးစုမိလာပြီးတစ်နိုင်ငံလုံးအနှံ့ထောက်ခံမှုကိုရလာတဲ့အချိန်မှာ မနာလိုသူတွေ၊ သူ့ကိုအသုံးချဖို့ကြိုးစားသူတွေ၊ သူ့အရှိန်အဝါကိုထိတ်လန့်ပြီးနှိမ်နင်းဖို့ကြိုးစားကြသူတွေနဲ့ ဂိုခန်းထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ သူ့ဘက်မှာရှိနေခဲ့တာ တကယ်ပဲ ဘုရားသခင်လား ဒါမှမဟုတ်? ဇာတ်လမ်းထဲမှာဆက်ပြီးအဖြေရှာကြည့်ကြပါ။ File size…(770 Mb)/(400 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….00:45:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
6.25
TMDb: 6.25/10 24 votes
tv

Kübra (2024)

2024
Golden Boy(2022) 8.8
Golden Boy(2022) Golden Boy(2022)****************အပိုင်းသစ် (၁၄၅+၁၄၆)Tele Episode (146) / Official Episode (73) ထိCM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။ဇာတ်လမ်းကတော့ .....Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။ သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။ ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေ တရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့‌ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါ Korhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက် မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါ့အပြင် Halis Korhan ...
8.8
TMDb: 8.8/10 22 votes
tv

Golden Boy(2022)

2022
Sakla Beni (2023) 10
Sakla Beni (2023) စုန်းကိုက်ခံရတဲ့ နဂါးငွေ့တန်းSakla Beni (2023)***************************************အပိုင်း( ၁ မှ ၅၂ ) အထိ စ/ဆုံး(A/Bတွေဖြစ်နေတော့ရှုတ်နေလို့ အပိုင်း15Bပြီးတဲ့အပိုင်းကစပြီး EP31ဖြစ်ပါ့မယ်...တစ်ဆက်တည်းဖြစ်ပါတယ် မျက်စိနောက်မသွားကြပါနဲ့)တစ်ချို့ဇာတ်လမ်းတွဲတွေဟာ  လူ့ကျင့်ဝတ်ဖောက်ပြားတာတွေကိုနည်းမျိုးစုံနဲ့ရိုက်ပြကြပါတယ်...တစ်ချို့ဆို ဖြစ်တောင်ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးရလောက်အောင်ဆိုးဝါးတဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ရိုက်ကူးပြသထားပါတယ်...သို့ပေမဲ့ လူတွေဟာ ဒီလိုလောင်မြိုက်ရတဲ့စီးရီးတွေကိုဘာလို့သဘောကျလဲဆိုတော့ ကျွန်မတို့လက်တွေ့ဘဝမှာလည်း ဒီလိုပျက်ပြားတဲ့ဖြစ်စဉ်မျိုးတွေတွေ့ကြုံနေရလို့ပါပဲ...ဒီလို ဇာတ်အိမ်မျိုးနဲ့ တူရကီစီးရီးသစ်တစ်ခုထွက်ရှိလာလို့ရွေပန်းကောင်လေးထက်ပိုပြီး လောင်ရမယ့်စီးရီးတစ်ခုထပ်တင်ပေးလိုက်ပါပြီ။ ဒီစီးရီးက တူရကီမှာ အခုမှထုတ်လွှင့်နေဆဲဖြစ်ပြီးတော့ လူကြိုက်များနေတဲ့စီးရီးဖြစ်တဲ့အတွက်CM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။မက်တဲနဲ့ နက်ဟာ လူကုံထံမိသားစုကနေ ရွေဇွန်းကိုက်မွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်။​ကလေးဘဝတည်းက သူတို့နှစ်ယောက်ကို မိသားစုနှစ်ခုက ကြီးလာရင် လက်ထပ်ပေးဖို့စီစဥ်ပေးထားတာပါ။သူတို့အရွယ်ရောက်လာကြတဲ့အခါ နိုင်ငံခြားမှာပညာသင်နေတဲ့ မတ်တဲဟာ နက်နဲ့လက်ထပ်ဖို့ သူ့ရဲ့မြို့ကိုပြန်လာခဲ့ပါတယ်။နက်က အိမ်ရဲ့သခင်မလေးဆိုတော့ ထုံးစံအတိုင်း မောက်မာပြီးတော့ နိုင်ထက်စီးနင်းဆက်ဆံတတ်ပါတယ်။​သူအနိုင်ကျင့်တာကို အခံရဆုံးက အစေခံမလေး အိန်ဂျလာပါပဲ။အိန်ဂျလာဟာ နက်နဲ့ရွယ်တူဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက သူ့အဒေါ်နဲ့အတူ နက်တို့အိမ်ကိုရောက်လာပြီးနက်ရဲ့ကိုယ်ပိုင်အခိုင်းအစေလိုမျိုးဖြစ်လာတာပါ။ဇာတ်က သုံးပင်လိမ်ချင်တော့ အိန်ဂျလာဟာ ငယ်ငယ်ကတည်းက မတ်တဲနဲ့တွေ့ခဲ့ဖူးပြီးမတ်တဲကိုကြိတ်သဘောကျနေခဲ့ပါတယ်။​ နိုင်ငံခြားကနေ နက်နဲ့လက်ထပ်ဖို့လာတဲ့ မတ်တဲကလည်းနက်နဲ့မတွေ့ခင် အိန်ဂျလာနဲ့အရင်တွေ့ပြီး အိန်ဂျလာကို ...
10
TMDb: 10/10 1 votes
tv

Sakla Beni (2023)

2023
The Tailor (2023)S1+S2 6.903
The Tailor (2023)S1+S2 The Tailor (2023)Netflix က ထွက်ရှိထားတဲ့ The Tailor ဆိုတဲ့ တူရကီ Series လေးနဲ့မိတ်ဆက်ပေးပါရစေ။ ပီရာမီဆိုတဲ့ နာမည်ကျော် ဒီဇိုင်နာ တစ်ယောက်ဟာ သူ့ဘဝရဲ့ အရာရာမှာ အောင်မြင်နေတဲ့ သူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ အရာရာမှာ ဆိုးသွမ်းပြီး ဖြစ်သမျှကိုပေါ့ပေါ့လေးနဲ့ ဖြတ်သန်းနေသူပါ။ သူငယ်ချင်းဖြစ်သူက မင်္ဂလာဆောင်အတွက် ပီရာမီ ကို ဝတ်စုံချုပ်ခိုင်းပါတော့တယ်။ ခက်တာက သူ့သူငယ်ချင်းတို့ မိသားစုဟာ သတို့သမီးကို ပြန်ပေးဆွဲသလို ထားထားတာပါပဲ။ သူတို့ မိသားစုက ဘယ်လိုလျှို့ဝှက် ချက်တွေ ရှိနေတာလဲ။တစ်နေ့ ပီရာမီရဲ့ အဖိုးဖြစ်သူဆုံးသွားပြီး ဇာတိမြေကိုပြန်တဲ့အချိန်မှာ သူ့ရဲ့ငယ်ဘဝ အဖေဖြစ်သူ စိတ်မနှံတဲ့ အရူးကြီးနဲ့ အဖွားဖြစ်သူတို့ဟာ သူနဲ့အတူ အစ္စတန်ဘူမြို့ကို လိုက်လာဖို့အကြောင်းဖန်လာပါတယ်။ ဒါတင်မကဘဲ သူတို့မိသားစုရဲ့ လျှို့ဝှက်ချက်တွေဟာလဲ သူနဲ့အတူပါလာရာမှ တချိန်က အမှန်တရားတွေက တံခါးလာခေါက်ပါတော့တယ်။Comedy in The City ထဲကလို ဘာလို့လဲ ဘာ့ကြောင့်လဲ ဘာအတွက်လဲတွေများနေတဲ့ကားပေါ့။ ဇာတ်သိမ်းပိုင်းမှာရော အားလုံးကို ...
6.903
TMDb: 6.903/10 31 votes
tv

The Tailor (2023)S1+S2

2023
Yakamoz S-245(2022)
Yakamoz S-245(2022) Yakamoz S-245(2022) ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်း (၁ မှ ၇)ထိ စ/ဆုံးNetflix ကနေ အသစ်ထွက်ရှိလာတဲ့ သဘောဝဘေးနဲ့ဆိုင်တာမျိုးတွေသဘောကျတဲ့သူတွေအတွက်စီးရီးသစ် လာပါပြီ။ကျွန်တော်တို့ကမ္ဘာကို အလင်းဓာတ်ပေးနေတဲ့ နေမင်းကြီးဟာနေ့စဥ်နေ့တိုင်း သစ္စာမပြတ်ဘဲ မနက်ဆိုထွက်လာပြီးအလင်းပေး၊ ညဆိုရင် ပြန်ဝင်သွားပြီး အနားယူတယ်လို့ တင်စားကြသတဲ့။နေလုံးကြီးဟာ ကမ္ဘာမြေကြီးရဲ့မိတ်ဆွေအဖြစ် ဒီလိုမျိုးပဲ နေထိုင်လာခဲ့တာဟာနှစ်ပေါင်းဘီလီယံနဲ့ ချီနေခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုမျိုးအကြီးမားဆုံးသော မိတ်ဆွေကြီးက တစ်နေ့မှာ အန္တရာယ်ပြုလာမယ် ဆိုရင်ရော???အဏ္ဏဝါဗေဒပညာရှင် အာမန်ဟာ သုတေသန မစ်ရှင်တစ်ခုအတွက်ရေငုပ်သင်္ဘောပေါ်ကို ရောက်လာခဲ့ပါတယ်။ အာမန်တစ်ယောက် ရေငုပ်သင်္ဘောထဲရှိနေချိန်မှာကမ္ဘာမြေပေါ်ကလူတွေဟာ နေရောင်ခြည်ကြောင့် စတင်သေဆုံးလာခဲ့ပါတယ်။ဒါကြောင့် အသက်ရှင်လွတ်မြောက်ရေးအတွက် ကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အာမန်နဲ့ သူရဲ့သိပ္ပံပညာရှင်တွေ အဖြေရှာရတော့မှာပါ။ဒါ့အပြင် စစ်တပ်ရဲ့ မစ်ရှင်အစစ်က ဘာလဲဆိုတာကိုပါ ရှာဖွေရမှာဖြစ်ပြီး အဲဒါကရော အခုလို ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမလား???အမှန်တရားကို ရှာဖွေနေရင်းပဲ အာမန်နဲ့ ရေတပ်ရဲ့ဒုဗိုလ်မှူး အူမွတ် တို့ကြားမှာပါ တင်းမာမှုတွေရှိလာခဲ့ပါတယ်။ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် အာမန်တို့အဖွဲ့က ဘယ်လိုကြိုးပမ်းကြမလဲဆိုတာကို ...

Yakamoz S-245(2022)

2022