Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
MRC
5.6
Time Bandits (2024)
Time Bandits ဒီဇာတ်လမ်းတွဲလေးကတော့ ဟာသနှောထားတဲ့ဇာတ်အိမ်ကိုလည်း သဘောကျတယ်၊ အာကာသတွင်းပေါက်တို့ အချိန်ခရီးသွားတာတို့ စတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ကယ်ဗင်ဆိုတဲ့ ကောင်လေးဟာ တခြားရွယ်တူကလေးတွေလို ဘောလုံး ဂိမ်း ဖုန်း စတာတွေကို စိတ်မဝင်စားပဲ ရှေးခေတ်က အတိတ်သမိုင်းကြောင်းတွေကို အရူးအမူးစိတ်ဝင်စားပြီးတော့ အမြဲလိုလို ဒီထဲမှာပဲ အချိန်ကုန်နေတတ်လို့ သူငယ်ချင်းမရှိရှာပါဘူး။ တစ်နေ့မှာတော့ သူ့အိပ်ခန်းထဲမှာ အာကာသတွင်းပေါက်တစ်ခုပေါ်လာပြီးတော့ အထဲကနေ အန္တိမဖန်ဆင်းရှင်ဆီက မြေပုံကို ခိုးလာတဲ့ အာကာသဓားပြအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ ကယ်ဗင်ဟာ မြေပုံခိုးလာတဲ့ ခိုးသားတွေနဲ့ အာကာသတွင်းပေါက်ထဲကို လိုက်သွားမိပြီးတော့ အတိတ်ကာလတွေကို ပြန်ရောက်သွားပါတော့တယ်။ ဒီတော့ ကယ်ဗင်အနေနဲ့ သူလက်ရှိအချိန်ကာလကို ပြန်လာနိုင်ပါ့မလား၊ ဒီမြေပုံက ဘာလဲ၊ ဒီမြေပုံကို ခိုးလာတဲ့သူခိုးတွေက ဘယ်သူလဲ၊ ဘယ်သူ့ဆီက ခိုးလာတာလဲ မြေပုံပိုင်ရှင်ရဲ့ လက်ထဲက ဘယ်လိုလွတ်အောင်ပြေးမလဲ စသဖြင့် ဟူသိဟူသိ သိချင်စိတ်တွေနဲ့ ...
5.6
TMDb:
5.6/10
26 votes
tv
Time Bandits (2024)
2024
7.8
Ted (2024) Season 1
(function(f,b,n,j,x,e){})();(function(f,b,n,j,x,e){})();ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့ အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီး ရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေ ဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကို လူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ...
7.8
TMDb:
7.8/10
8 votes
tv
Ted (2024) Season 1
2024
6.3
Hello Tomorrow! (2023)
Hello Tomorrow! (2023) ================= IMDb Rating - 6.3/10 Comedy, Drama, Sci-fiComedy-Scifi အမျိုးအစားဇာတ်လမ်းတွဲတွေရှားပါးတဲ့ အထဲမှာ Apple TV ကနေ ထုတ်လုပ်တဲ့ Hello Tomorrow ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုမြည်းစမ်းကြည့်စေချင်ပါတယ်။ ယနေ့ခေတ်မှာ လကမ္ဘာပေါ်ဟန်းနီးမွန်းထွက်ပြီး အခြေချ နေထိုင်ဖို့ဆိုတာ သန်းကြွယ်သူဌေးကြီးတွေအတွက်တောင် စိတ်ကူးယဉ်ဆန်နေပါလိမ့်မယ်။များမကြာမီ အနာဂတ်အချိန်တစ်ခုမှတော့ လူသားကမ္ဘာ ခေတ်မီတိုးတက်လာပြီး လူနာအခြေစိုက်စီမံကိန်းဆိုပြီး လကမ္ဘာပေါ်မှာ လူသားများအခြေချနေထိုင်လာပါပြီ ။ အောက်ခြေလူတန်းစားတွေအတွက်လည်း လကမ္ဘာပေါ်က ဘ၀နေထိုင်မှုတစ်ခုဟာ သိပ်ပြီးအလှမ်းမဝေးတော့ပါဘူး။ ဒီစီးရီးမှာ အဓိကကြည့်ရမှာက လကမ္ဘာမှာ အိမ်ခြံမြေအကျိုး ဆောင်လုပ်တဲ့ လူတစ်စုရဲ့ ဘ၀အကြောင်းနဲ့ လုပ်ငန်းခွင် comedy များကို သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းရှိတဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင် ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(190 MB) / (500 MB) Quality...............WEB-DL 720p / 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Drama, Sci-Fi Translator..........Thiha Yan Nainng Encoder..............SWM 720P (190 Mb)-----------------------------------Episode(1) - Yoteshin ...
6.3
TMDb:
6.3/10
2800 votes
tv
Hello Tomorrow! (2023)
2023
9
Shining Girls (2022) (Complete)
Shining Girls (2022) (Complete Mini Series) ~ IMDb - 7.4/10, Rotten Tomatoes - 83%, Meta - 65% ~ Apple TV+ ကနေ နိုလန်ရိုက်တဲ့ စီးရီးလို့ထင်ရလောက်အောင် ရှုပ်ယှက်ခက်နေတဲ့ Thriller စီးရီးအသစ်တစ်ခုထွက်လာပါတယ်။ Lauren Beukes ရဲ့ နာမည်တူ ၀တ္တုကိုပဲ ပြန်ရိုက်ထားတာပါ။ ဇာတ်ကြောင်းကလည်း ထူးပါတယ်။ အချိန်ခရီးသွား ကွင်းဆက်လူသတ်သမားကို လိုက်တဲ့အကြောင်းပါ။ တော်တော်ရှုပ်သလို စစချင်းမှာဆို ဘာအကြောင်းလဲသိဖို့တောင် ခက်ပါတယ်။ ခေါင်းစားရတဲ့ ရုပ်ရှင်တွေ ကြိုက်တဲ့သူတွေ အကြိုက်စီးရီးပါပဲ။ မင်းသမီးချောတာမပါဘဲ ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့ Series ဆိုလို့ ဒီ Series ပဲရှိမယ်ထင်တယ်။ ရင်တသိမ့်သိမ့်တုန်ဖွယ် ထူးခြားဆန်းကျယ်အမျိုးအစားပေါ့။ လူသတ်သမားကိုရှာတဲ့ မင်းသမီးက သူ့အကြောင်းသူတောင် မမှတ်မိဘူး။ လူသတ်သမားက အချိန်တွေ ခုန်ကူးပြီး လူလိုက်သတ်နေတယ်။ ...
9
TMDb:
9/10
8 votes
tv
Shining Girls (2022) (Complete)
2022
8.1
The Terminal List (2022)
The Terminal List (2022) ==================== IMDb Rating - 8.1/10Guardian of the Galaxy တို့ Jurassic World တို့နဲ့ နာမည်ကြီးနေတဲ့ မင်းသား ခရစ် ပရက်ဟာ အခုတော့ အက်ရှင်စီးရီးအကောင်းစားတစ်ခုမှာ ပါဝင်လာပါပြီ။ ရုပ်ရှင်အဆင့်တန်းမျိုးနဲ့ ဘက်ဂျက်ကောင်းကောင်းနဲ့ရိုက် ထားတာမို့ တဝကြီးကြည့်ရမှာပါ။ ခရစ်ပရက်ကတော့ SEALအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ဂျိမ်းစ်ရိစ်နေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရိစ်ရဲ့ တပ်စိတ်ဟာ သတင်းပေးဆီက သတင်းအခိုင် အမာရပြီးအကြမ်းဖက်ခေါင်းဆောင် ကဟာနီရဲ့ လျို့ဝှက်စခန်းကို ဝင်စီးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ထောင်ချောက်ဖြစ်နေပြီ ရိစ်ရဲ့ တပ်ဖွဲ့တစ်ခုလုံး ကျဆုံးသွားခဲ့ပြီး ရိစ် တစ်ယောက်ပဲ အသက်ရှင်လျက်လွတ်မြောက်ခဲ့ပါတယ်။ သူလည်း ခေါင်းထိသွားပြီး ပြန်သတိရလာချိန်မှာ စစ်ဆင်ရေးမှတ်တမ်းတွေရော အချက်အလက်တွေရောက သူမမှတ်သလိုလို ပြင်ဆင်ထားသလိုလို မှားနေသလို လိုဖြစ်လာပါတယ်။ ဒါပေမဲ့ သူပြောတာကိုလည်း ဘယ်သူမှ မယုံဘဲ သူ့ကိုခေါင်းထိ ထားလို့ ကောင်းကောင်းနားဖို့ပဲ ဝိုင်းပြောလာကြတယ်။ ဒါပေမဲ့ အမေရိကန်မြေ ပေါ်မှာပါ ဒီကိစ္စအတွက် သူ့ကိုလုပ်ကြံသူပေါ်လာတဲ့အခါ ရိစ်တစ်ယောက် ...
8.1
TMDb:
8.1/10
4200 votes
tv
The Terminal List (2022)
2022
8.2
The Great 18+ (2020 – 2021 ) Season 1 + 2 + 3
ဒီတခါတော့ Hulu ကနေ လွှင့်ထားတဲ့ The Great ဆိုတဲ့ Mini series လေးကို တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့ Comdey အမျိုးအစားဖြစ်ပြီး IMDB မှာ 7.9 နဲ့ RT မှာ 80%ထိရထားတဲ့ ဇာတ်ကားလေးပါ။ပထမဆုံးပြောရမှာကတော့ မင်းသမီးက Elle Fanningပါပဲ။ Super 8 ထဲက ကလေးမလေးကMaleficent 1&2 နဲ့ အောင်မြင်လာခဲ့ပြီး အခုလွမ်းနေတဲ့သူတွေအတွက် The Great နဲ့ ထွက်ပေါ်လာပြန်ပါပြီ။မင်းသမီးကတော့ ဟုတ်ပါပြီ မင်းသားကရော။ ဟုတ်ကဲ့ မင်းသားကတော့Worm Bodies တို့ Jack:Giant Slayerရယ် X-menကားတွေထဲလည်း ပါတဲ့ Nicholas Hoult ပါပဲ။အပြင်မှာတကယ်ရှိတဲ့ ရုရှားဧကရီ Catherine The Great ရဲ့အကြောင်းကို ကျောရိုးလေးယူပြီးComdey အနေနဲ့ရိုက်ထားတာပါ။ Comedy ဆိုပေမယ့် 18th ရာစုဝန်းကျင်မှာဖြစ်တဲ့အတွက်အမျိုးသမီးတွေကို ...
8.2
TMDb:
8.2/10
489 votes
tv
The Great 18+ (2020 – 2021 ) Season 1 + 2 + 3
2020