Channel Myanmar

Mammoth Screen

Tom Jones (2023) 5.7
Tom Jones (2023)  Season 1 Ep 1 to 4 [ စ / ဆုံး ] အင်္ဂလန်ပြည်ရဲ့ classic regency era ကို ဖော်ကြူးရိုက်ကူးထားတဲ့အပိုင်းလေးပိုင်းပါ မီနီစီးရီးလေး တစ်ခုနဲ့ cm ပရိတ်သတ်ကြီးကိုမိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲမှာဆိုရင် အိမ်ဖော်မလေးတစ်ယောက် အဖေမပေါ်ဘဲမွေးလာတဲ့ ကောင်လေးတစ်ယောက်ကို အမျိုးကောင်းသားတစ်ယောက်အိမ်မှာ သွားပြီးစွန့်ပစ်ခဲ့ပါတယ်။ဒီအမျိုးကောင်းသားဟာ ကလေးကို အဖေရင်းတစ်ယောက်လိုမျိုးအရွယ်ရောက်လာတဲ့အထိ ကြီးပြင်းလာအောင် ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့ ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်ဆိုတဲ့ ကောင်လေးဟာ စိတ်ကောင်းနှလုံးကောင်းရှိပြီး ပျော်ပျော်နေတတ်တဲ့ လူချောလေးပါ။တစ်နေ့မှာ သူခင်မင်တဲ့ အမဲလိုက်မုဆိုးကို ကူညီဖို့ ကြိုးစားရင်းနဲ့ငယ်စဉ်က ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းမလေး လေဒီဆိုဖာယာနဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာက ဘယ်လောက်ထိအစမ်းသပ်ခံနိုင်မလဲ။ ချမ်းသာကြွယ်ဝတဲ့ ဆိုဖာယာနဲ့တရားမဝင်ကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်တို့ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ တွေ့ကြုံရမလဲဆိုတာ...။   File Size – 638 MB / 478 MBQuality –WEB-DL 1080p  , ...
5.7
TMDb: 5.7/10 6 votes
tv

Tom Jones (2023)

2023
World on Fire (2019)(2023) 7.885
World on Fire (2019)(2023)  "စစ်ပွဲတိုင်းဟာ အစပိုင်းမှာ မတူညီတဲ့ အကြောင်းတွေနဲ့ စတင်ခဲ့ကြပေမယ့်အဆုံးမှာတော့ အပြစ်မဲ့ ပြည်သူတွေအတွက် ရလဒ်ဆိုးတွေက အတူတူပါပဲ"တဲ့။ဒီဇာတ်လမ်းစီးရီးက ဒုတိယကမ္ဘာစစ် ကာလဝန်းကျင်ကို အခြေပြုပြီး ရိုက်ကူးထားတာပါ၊ပထမ ကမ္ဘာစစ်ကြီးအပြီးမှာ များစွာသော လူတွေဟာ နိုင်ငံစည်းလုံးရေးနဲ့အားကောင်းခိုင်မာတဲ့ ခေါင်းဆောင်ကောင်းကို လိုချင်လာခဲ့ကြတယ်။အီတလီက ဘန်နီတို မူဆိုလီနီမှ အစပြုပြီး ဂျာမနီမှာ အဒေါ့ ဟစ်တလာ၊ အင်္ဂလန်မှာအော့စ်ဝါ့ မိုးစလီ ဆိုပြီး ၁၉၂၅ နောက်ပိုင်းမှာ ဖက်ဆစ်ဝါဒီတွေ အားကောင်းလာခဲ့ပါတယ်။၁၉၃၉မှာ ဂျာမန်တွေ ပိုလန်ကို စတင် ကျုးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မဟာမိတ်အင်္ဂလန်နဲ့ ပြင်သစ်က ဂျာမနီကို တုံ့ပြန် စစ်ကြေငြာလိုက်ခြင်းနဲ့ ဒုတိယကမ္ဘာစစ်ကြီးအစပြုခဲ့ပြီး ၁၉၄၅အထိ ခြောက်နှစ်တိုင် ကြာမြင့်ခဲ့တာပါ။ နာဇီတွေဝင်ရောက်လာခဲ့ပြီးကမ္ဘာ့စစ်မီးက ဥရောပနိုင်ငံ မြို့ကြီးတွေမှာ ပျံ့နှံ့လောင်ကျွမ်းလာတဲ့အခါမှီတင်းနေထိုင်ကြတဲ့ သာမန်ပြည်သူတွေ ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာခဲ့လဲဆိုတာကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်လာတဲ့အခါပြင်ပဒဏ်ရာတွေ တင်မကဘဲ ရုပ်ပျက်ဆင်းပျက် အနိဌာရုံတွေ မြင်ရပြီး ...
7.885
TMDb: 7.885/10 52 votes
tv

World on Fire (2019)(2023)

2019
Why Didn’t They Ask Evans? (2023) 6.726
Why Didn’t They Ask Evans? (2023) Why didn't they ask Evansစုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေအနေနဲ့ စာရေးဆရာမကြီး Agatha Christieရဲ့ လက်ရာတွေကို ရင်းနှီးကြမှာပါ။ သူ့ရဲ့ဝတ္ထုတွေဖြစ်တဲ့ Murder on the Orient Expressနဲ့ Death on the Nileတို့ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း ပရိတ်သတ်တွေကြား လူကြိုက်များခဲ့ပါတယ်။ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ Agatha Christieရဲ့ဝတ္ထုဖြစ်တဲ့ Why didn't they ask Evans?ကို ပြန်လည်ရိုက်ကူးထားတဲ့ Mini Seriesလေးပဲဖြစ်ပါတယ်။ခပ်ဝေးဝေးကလူတစ်ယောက်ရဲ့အော်သံကြောင့် ရိုက်လျက်စဂေါက်တံကို ရပ်တန့်ပြီး ဘော်ဘီဂျုန်းစ်တစ်ယောက်အသံလာတဲ့ဖက်ကို လှမ်းကြည့်မိတယ်. လှိုင်းတွေရိုက်ခတ်နေတဲ့ချောက်ကမ်းပါးစွန်းကနေ လူတစ်ယောက်ပြုတ်ကျနေတာကိုတွေ့တော့ အကူအညီပေးဖို့ အပြေးအလွှားဆင်းသွားတဲ့ဘော်ဘီကို သေလုဆဲဆဲလူက စကားတစ်ခွန်းပဲပြောနိုင်ခဲ့တယ်'သူတို့ဘာလို့ အီဗန်ကိုမမေးခဲ့တာလဲ'တဲ့. ဘော်ဘီဂျုန်းစ်ဆိုတာက ရေတပ်ကဒုဗိုလ်အနေနဲ့ထွက်လာတဲ့ သင်းအုပ်ဆရာရဲ့သားဖြစ်ပြီး မာ့ချ်ဘော့တ်မြို့ရဲ့ဂေါက်ကွင်းမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ. အေးအေးဆေးဆေးနဲ့ သူတပါးကိုကူညီတတ်တဲ့သူ့ဘဝထဲကို ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့ သေသွားတဲ့လူတစ်ယောက်ရဲ့နောက်ဆုံးစကားက အမြဲတဝဲလည်လည်ဖြစ်ပြီးမေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်.ဒီမေးခွန်းကိုပိုပြီးတော့ အသက်ဝင်လာအောင်တွန်းအားပေးနေတာကတော့ လန်ဒန်မြို့ကနေပြန်လာတဲ့သူဠေးသမီးလေး လေဒီဖရန်စစ်ဒါဝက်ပါပဲ. စပ်စပ်စုစုနဲ့ သွက်လက်လွန်းတဲ့သူ့ရဲ့ဖိအားပေးမှုတွေနဲ့အတူ ဒါဟာ လူသေမှုလား လူသတ်မှုလားဆိုတာကို ရှာဖွေရင်းနဲ့ ကိုယ်တိုင်ပါအသက်အန္တရာယ်နဲ့ရင်ဆိုင်လာရတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာအဖြေရှာရမှာပါ.စုံထောက်ဝထ္ထုတွေမှာနာမည်ကြီးတဲ့ Agatha Christieရဲ့လူကြိုက်များခဲ့တဲ့ Why didn't they asked ...
6.726
TMDb: 6.726/10 42 votes
tv

Why Didn’t They Ask Evans? (2023)

2022
Parade’s End(2012)[စ/ဆုံး] 7.6
Parade’s End(2012)[စ/ဆုံး] Parade's End(2012)ဇာတ်လမ်းတွဲအညွှန်း************************************IMDb - 7.6စာပေဗဟုသုတပြည့်စုံလှတဲ့ Christopher တစ်ယောက် ပါးနပ်ပွေလီလှတဲ့ Sylvia နဲ့ ဖူးစာစုံဖက်ပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်...ဒါပေမဲ့ ရိုးရိုးအေးအေး စာကြမ်းပိုးကြီးတစ်ယောက်နဲ့ အိမ်ထောင်ရေးကိစ္စတွေဟာ Sylvia တစ်ယောက်အတွက်တော့ ပျင်းစရာသပ်သပ်ကြီး ဖြစ်နေခဲ့တာပါ...ဒီလိုနဲ့ Sylvia တစ်ယောက် တခြားယောက်ျားလေးတွေနဲ့ ခြေရှုပ်လာခဲ့ပါတယ်...ဒီလိုအချိန်မှာ ကြမ်းတမ်းရက်စက်လွန်းတဲ့ ပထမကမ္ဘာစစ်ကြီးဖြစ်လာခဲ့ပါတယ်..... Christopher တစ်ယောက်စစ်ထဲဝင်ရောက်ပြီး သေနတ်ကိုင်ရင်း ရှေ့တန်းစစ်မြေပြင်ကိုထွက်ခဲ့ရပါတော့တယ်.... အချစ်နဲ့စစ်ပွဲတွေကြား Christopher တစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ... အက်ရှင်စစ်ကားဖြစ်သလို အချစ်ရေးအချစ်ရာတွေလည်း ပါဝင်လေတော့ ကြည့်လို့ကောင်းတဲ့စီးရီးတစ်ခုပါ...အပိုင်း(၅)ပိုင်းပဲရှိပါတယ်... မင်းသားကြီး Benedict Cumberbatch လည်းပါဝင်သရုပ်ဆောင်ထားတာဆိုရင်တော့ ဇာတ်ကားကောင်းတစ်ကားမှန်း တော်တော်များများ သိကြမှာပေါ့နော်... စစ် အချစ် အိမ်ထောင်ရေးတွေကို စုံစုံလင်လင်ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးလို့..ဇာတ်လမ်းအညွှန်းကို Paing မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ Paing နှင့် Littleneo တို့ပဲဖြစ်ပါတယ်...(Unicode)IMDb - 7.6စာပဗေဟုသုတပွည့ျစုံလှတဲ့ Christopher တဈယောကျ ပါးနပျပှလေီလှတဲ့ Sylvia နဲ့ ဖူးစာစုံဖကျပွီး လကျထပျဖွဈခဲ့ကွပါတယျ...ဒါပမေဲ့ ရိုးရိုးအေးအေး စာကွမျးပိုးကွီးတဈယောကျနဲ့ အိမျထောငျရေးကိစ်စတှဟော Sylvia တဈယောကျအတှကျတော့ ...
7.6
TMDb: 7.6/10 8951 votes
tv

Parade’s End(2012)[စ/ဆုံး]

2012