Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
ITV Studios
5.2
Baby Fever (2024) Season2
Baby Fever (aka) Skruk (2022- ) Genre – Comedy, Drama, Romance IMDB – 6.5/10Netflix ကနေ ထွက်ရှိထားတဲ့ ဒိန်းမတ် အချစ်ဟာသဒရမ်မာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။မျိုးဆက်ပွား ကျန်းမာရေးဆေးခန်းက ဆရာဝန်တွေရဲ့ ဘဝလေးကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Nana ဆိုတဲ့ ဆရာဝန်မတစ်ယောက် ဆေးခန်းကနေ မီးဖွားခွင့်ယူရင်း ဆေးခန်းက လူလျှော့နေတာနဲ့ အလုပ်ထုတ်ခံထားရတဲ့သူပါ။၂ လသား သမီးလေးကို ထိန်းကျောင်းနေရင်း စိတ်တွေပင်ပန်း သောကရောက်ပြီး နေနေရတာပေါ့။ ဒီကလေးကို ရထားတာလည်း အဆန်းတော့အဆန်း အဖေဖြစ်တဲ့လူကတောင် ဒီကလေးရှိနေမှန်းမသိရဘူး သူ့ဘာသာသူ သုတ်ပိုးကို ခိုးပြီး သန္ဓေယူထားတာမို့။ဒီလိုနဲ့ ကမ္ဘာပျက်နေတဲ့ Nana တစ်ယောက် အလုပ်ရှင်ကို တောင်းပန်ပြီး အလုပ်ပြန်လုပ်ချင်လို့ပါဆိုတော့ ဟိုက အစမ်းခန့်အနေနဲ့ ခန့်လိုက်ပါတော့တယ်။ အဲဒီမှာ ကလေးတစ်ဖက်နဲ့ Nana တစ်ယောက် ဆေးခန်းမှာ စိန်ခေါ်မှုအသစ်တွေကြား ရင်ဆိုင်ဖို့ ဖြစ်လာပြီး ဘယ်လိုတွေ ကြုံရဆုံရ လွဲချော်ရဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားတာ ...
5.2
TMDb:
5.2/10
18 votes
tv
Baby Fever (2024) Season2
2022
7.1
Archie (2023)
Archie (2023) Complete Mini Series(function(f,b,n,j,x,e){})(); ~ IMDb - 7.1/10, Rotten Tomatoes - 72% ~ ဒီမီနီစီးရီးကတော့ Cary Grant အကြောင်းသက်သက်ပါပဲ။ Cary Grant အကြောင်းသက်သက်ဆိုပေမဲ့ Cary Grant ကတော့ တော်ရုံတန်ရုံမည်ကာမတ္တတော့ မဟုတ်ချေဘူး။ Classic Hollywood Cinema ရဲ့ ထိတ်ထိတ်ကြဲမင်းသားတွေထဲက တစ်ယောက်။ ဟောလိဝုဒ်ရွှေခေတ်ရဲ့ ဒုတိယမြောက်အကြီးကျယ်ဆုံး အမျိုးသားသရုပ်ဆောင်လို့ ခေါ်တွင်ရတဲ့လူ။ ပထမနေရာမှာတော့ Humphrey Bogart က ယူထားပြီး ဒီစာရင်းမှာ Marlon Brando က ၄၊ Gone with the Wind မင်းသား Clark Gable က ၇၊ ချာလီချက်ပလင်က ၁၀ ဆိုတော့ ဂရန့်ရထားတဲ့နေရာက ဘယ်လောက်ကြီးကျယ်လဲ ပြောစရာတောင်မလိုပါဘူး။ နောက် ...
7.1
TMDb:
7.1/10
5 votes
tv
Archie (2023)
2023
8.8
Vigil (2021) (Seasaon 1+2)
Vigil (2021) Season 1=======================================IMDb Rating - 7.5/10ဒီစီးရီးကို Quality contentတွေပဲ ရိုက်တတ်တဲ့ BBC One ရုပ်သံလိုင်းကနေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၆ပိုင်းပဲ ပါဝင်တဲ့Limited Miniseries ဖြစ်ပါတယ်၊ IMDb -7.5 , Rotten Tomatoes - 71%ရရှိထားပြီး Critic reviewကောင်းတွေ အများကြီးရထားတဲ့ စီးရီးပါ၊ British ဝါရင့်မင်းသမီး Suranne Jones နဲ့ GOTထဲမှာ Ygritte အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောRose Leslieတို့က ခေါင်းဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။HMS Vigilဆိုတာ ဗြိတိန်ကျွန်းစုရေပိုင်နက်ကို ကင်းလှည့်စစ်ဆင်ရေး လုပ်ပေးရတဲ့ တော်ဝင်ရေတပ်ထဲက ရေငုပ်သင်္ဘောကြီးတစ်စင်းပါ၊ တစ်နေ့မှာ Vigil ကမ်းလှည့်တာဝန် ဆောင်ရွက်နေတဲ့အချိန်အတွင်း စကော့တလန် ငါးဖမ်းစက်လှေတစ်စီးက ပဟေဠိဆန်စွာရေအောက်ကိုဆွဲချနှစ်မြုပ်ခံလိုက်ရပါတယ်၊ မရှေးမနှောင်းပဲ သင်္ဘောကြီးပေါ်က တပ်ကြပ်အရာရှိ Craig Burkeဟာလည်းHeroinအသုံးလွန်ပြီး ...
8.8
TMDb:
8.8/10
22 votes
tv
Vigil (2021) (Seasaon 1+2)
2021
7.3
The Ipcress File (2022) Complete
The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb:
7.3/10
40 votes
tv
The Ipcress File (2022) Complete
2022
7.8
A Spy Among Friends(2022)Season 1
A Spy Among Friends(2022)========================IMDb rating: 7.2/10 Rotten Tomatoes: 80% Genre : Drama Cast : Damian Lewis, Guy Pearce, Lily Thomas, Roger Hollisဒီတစ်ခါကတော့ based on true story သမားတွေ politicsကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမျိုးပါDec 8 2022 ကမှ ပူပူနွေနွေးထွက်ထားတာပါနာမည်မြင်ပြီး among us ကိုသတိရသွားကြတယ်မလားဇာတ်လမ်းလေးကို တစ်ချက်ကြည့်လိုက်ရအောင်ခဏတာသူငယ်ချင်းမျိုးတောင်မဟုတ်ဘဲ လူကြီးပိုင်းရောက်မှခင်ပြီး ၂၃ နှစ်လုံးလုံး အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့သူက သစ္စာဖောက်သွားမယ်ဆိုရင် လူကြီးမင်းတို့ဘယ်လိုခံစားရမလဲအချစ်ဆုံးသူငယ်ချင်းကို စစ်အေးကာလအတွင်းမှာ အကြီးဆုံးရာဇဝတ်မှု နိုင်တော်သစ္စာဖောက်မှုကို ကျူးလွန်သွားတဲ့ကောင်ဆိုပြီးတစ်နိုင်ငံလုံးက မြေလှန်ရှာနေကြတယ်ဆိုရင်ရောနီကိုလတ်စ်အယ်လီယော့ရဲ့ခံစားချက်ကတော့ အဲဒီအတိုင်းပါပဲအယ်လီယော့က MI5 ကအရာရှ်ိနင်ငံ့လျှို့ဝှက်ချက်တွေ ထိန်းသိမ်းရတဲ့ထဲမှာပါတယ် ကင်မ်ဖေလ်ဘီက ဗြိတိန်ထောက်လှမ်းရေးအရာရှိဒါပေမယ့် ရုရှားတွေရဲ့သူလျှို ပြောရရင်တော့ double agent ပေါ့ဗျာနှစ်ယောက်သားက ၂၃ နှစ်လုံးလုံး အရမ်းခင်လာပေမယ့် ကင်မ်ဖေလ်ဘီသစ္စာဖောက်မယ်ဆိုတာကို ...
7.8
TMDb:
7.8/10
6 votes
tv
A Spy Among Friends(2022)Season 1
2022
6.4
Baby Fever (2022)
Netflix ရဲ့ စိတ်၀င်စားဖွယ် ဒိန်းမတ် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ CM ပရိတ်သတ်ကြီးရေ....နာနာဆိုတဲ့ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးဟာ သားဖွားမီးယပ်ဆရာ၀န်မ တစ်ယောက်ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ ဆရာ၀န်ဖြစ်တဲ့အလျောက် သူ့ဆီလာတဲ့ အမျိုးသမီးလူနာတွေကို အမြဲ အကြံဉာဏ်ကောင်းတွေပေး စိတ်ဓာတ်မကျအောင် ဖေးမလို့ ဆေးကုသပေးသူပေါ့။ ကိုယ်၀န်မဆောင်နိုင်မှာ ကြောက်တဲ့သူတွေကိုလည်း သာဓကတွေ အမျိုးမျိုးပေးရင်း စိတ်ကျေနပ်စေတဲ့အပြင် သူ အကြံပေးလိုက်သူတိုင်းကလည်း ကိုယ်၀န်ဆောင်နိုင်သွားတဲ့ မိခင်တွေ ဖြစ်လာပါတယ် ....သို့ပေမဲ့ နာနာ့ရဲ့အဖြစ်က သွားမကောင်းတဲ့ သွားဆရာ၀န်တစ်ယောက်လိုပါပဲ။ အများအကျိူးဆောင်နေပေမယ့် ကိုယ်တိုင်ကျ အခုထိ ကလေးလိုချင်ပါလျက် ကလေးမရနိုင်သူပါ။ မိသားစု မျိုးရိုးဗီဇကြောင့် နောက်ခြောက်လလောက်နေရင် သွေးဆုံးတော့မယ့် နာနာဟာ အဲဒီခြောက်လအတွင်း ကိုယ်၀န်ဆောင်နိုင်ဖို့အရေးဟာ သူ့အတွက် ဘ၀နဲ့ချီ ကြီးမားတဲ့ ဆန္ဒတစ်ခု ဖြစ်နေပါတယ်။ဒီလိုအချိန်မှာ ထီပေါက်တယ်လို့ဆိုရပေမလား.... နာနာဟာ သူတို့ဆေးခန်းကို သုက်ပိုးလာလှူတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတဲ့ ရည်းစားဟောင်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့လည်း လေယာဉ်ပျက်ကျတာ ...
6.4
TMDb:
6.4/10
5 votes
tv
Baby Fever (2022)
2022