Channel Myanmar

ITV

Tom Jones (2023) 5.7
Tom Jones (2023)  Season 1 Ep 1 to 4 [ စ / ဆုံး ] အင်္ဂလန်ပြည်ရဲ့ classic regency era ကို ဖော်ကြူးရိုက်ကူးထားတဲ့အပိုင်းလေးပိုင်းပါ မီနီစီးရီးလေး တစ်ခုနဲ့ cm ပရိတ်သတ်ကြီးကိုမိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲမှာဆိုရင် အိမ်ဖော်မလေးတစ်ယောက် အဖေမပေါ်ဘဲမွေးလာတဲ့ ကောင်လေးတစ်ယောက်ကို အမျိုးကောင်းသားတစ်ယောက်အိမ်မှာ သွားပြီးစွန့်ပစ်ခဲ့ပါတယ်။ဒီအမျိုးကောင်းသားဟာ ကလေးကို အဖေရင်းတစ်ယောက်လိုမျိုးအရွယ်ရောက်လာတဲ့အထိ ကြီးပြင်းလာအောင် ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့ ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်ဆိုတဲ့ ကောင်လေးဟာ စိတ်ကောင်းနှလုံးကောင်းရှိပြီး ပျော်ပျော်နေတတ်တဲ့ လူချောလေးပါ။တစ်နေ့မှာ သူခင်မင်တဲ့ အမဲလိုက်မုဆိုးကို ကူညီဖို့ ကြိုးစားရင်းနဲ့ငယ်စဉ်က ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းမလေး လေဒီဆိုဖာယာနဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာက ဘယ်လောက်ထိအစမ်းသပ်ခံနိုင်မလဲ။ ချမ်းသာကြွယ်ဝတဲ့ ဆိုဖာယာနဲ့တရားမဝင်ကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တဲ့ တွမ်ဂျုံးစ်တို့ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ တွေ့ကြုံရမလဲဆိုတာ...။   File Size – 638 MB / 478 MBQuality –WEB-DL 1080p  , ...
5.7
TMDb: 5.7/10 6 votes
tv

Tom Jones (2023)

2023
Professor T (2021) 7.667
Professor T (2021)  လူသတ်၊ အမှုလိုက် စုံထောက်ကားတွေကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အံကိုက်ဖြစ်စေမယ့် Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Johnny English, The Armstrong and Miller, Bridgerton, Paddington အစရှိတဲ့ နာမည်ကြီး စီးရီးတွေ ရုပ်ရှင်တွေမှာ အမြဲတမ်း ပါဝင်တတ်ပြီး ထူးခြားလှတဲ့သရုပ်ဆောင်ချက်နဲ့ လူသိများကျော်ကြားတဲ့ Ben Millerက ပါမောက္ခ တန်းပစ်စ်အနေနဲ့ ဦးဆောင်ပါဝင်ထားပါတယ်။ ထို့အပြင် Emma Naomi, Frances de la Tour, Juliet Aubrey, Barney Whiteတို့ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodeတစ်ပိုင်းချင်းစီမှာ မတူညီတဲ့ လူသတ်ပုံတွေ၊ ထူးခြားလှတဲ့ လူသတ်မှု ဖြေရှင်းပုံတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ratingကလည်း 7.3တောင် ရထားတာဆိုတော့ အပြောတင်မဟုတ် လက်တွေ့မှာပါ အကြိုက်တွေ့ခံထားရတဲ့ ...
7.667
TMDb: 7.667/10 36 votes
tv

Professor T (2021)

2021
Maryland (2023) 6.5
Maryland (2023) Maryland (2023)IMDb rating - 6.6အခုတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာက... အပိုင်း ၃ ပိုင်းပဲရှိတဲ့ mini series လေး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အရှည်ကြီးကြည့်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ကြည့်လို့အဆင်ပြေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိက‌ဇာတ်ကြောင်းကို ထိမိဂွိအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အညွှန်းကတော့...ရိုဆလင်းနဲ့ ဘက်ကာဆိုတဲ့ ညီအစ်မနှစ်ယောက်ရဲ့အမေ မယ်ရီက Isle of Man ဆိုတဲ့ ကျွန်းမှာ ရုတ်တရက်သေဆုံးသွားပါတယ်။ ခရီးထွက်သွားတယ်ဆိုတဲ့ အမေဖြစ်သူက ဒီကျွန်းကို ဘာလို့ရောက်နေရတာလဲ၊ ဘယ်လိုသေသွားတာလဲ စသဖြင့် ပဟေဠိတွေပေါ်လာ‌ပါတယ်။ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်နဲ့အတူပဲ၊ ဝေးကွာနေတဲ့ ရို့စ်နဲ့ဘက်တို့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြပါတယ်။ ဆိုတော့ ညီအစ်မနှစ်ယောက်ကြား ဘာတွေဖြစ်ကြဦးမလဲ၊ သူတို့အမေနဲ့ပတ်သတ်တဲ့ပဟေဠိတွေကို ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေသိလာရဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။မိသားစုတိုင်းမှာ ညီအစ်မနှစ်ယောက်ယှဉ်လာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခ‌လေးတွေကို သဘာဝကျကျပုံဖော်ထားပါတယ်။ သူတို့နှစ်ယောက် ပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းစုံနဲ့ ကြည့်ရှုကြရမှာပါ။ ရိုဆလင်းအဖြစ် မင်းသမီး Eve Best နဲ့ ဘက်ကာအဖြစ် မင်းသမီး Suranne ...
6.5
TMDb: 6.5/10 10 votes
tv

Maryland (2023)

2023
Red Eye (2024) 7.8
Red Eye (2024)  ဒီစီးရီးလေးကတော့ ၂၀၂၄ မှာ ပူပူနွေးနွေးထွက်ရှိလာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်ကလက်သည်ကို စိတ်ဝင်စားစွာ အဖြေရှာရမယ့် ဗြိတိန် Thriller စီးရီးလေးဖြစ်ပါတယ်။ဒေါက်တာမက်သရူးနိုလန်ဟာ အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ သူဟာ အလုပ်ခရီးပြီးလို့ တရုတ်နိုင်ငံ ပေကျင်းမြို့ကနေ လန်ဒန်ကို ပြန်လာတဲ့အခါမှာ ပေကျင်းမြို့က ကောင်မလေးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဆိုင်းမဆင့်ဗုံမဆင့် လေဆိပ်မှာတင် ဖမ်းခံလိုက်ရပြီး ဗြိတိန်အစိုးရက သူ့ကို လူသတ်တရားခံအနေနဲ့ တရားရင်ဆိုင်ခိုင်းဖို့ တရုတ်အစိုးရလက်ထဲကို အပ်လိုက်တဲ့အတွက် တရုတ်ကို သွားမယ့်လေယာဉ်ပေါ်မှာ သူ့ကိုစောင့်ကြည့်ဖို့ တာဝန်ကျတဲ့ စုံထောက်ဖြစ်သူ ဟန်နာနဲ့အတူ ပြန်ပါလာခဲ့ပါတယ်။ဒီလိုနဲ့ လန်ဒန်ကနေ ပေကျင်းကို သွားမယ့် လေယာဉ်ပေါ်မှာ ဒေါက်တာမက်သရူးကို လုပ်ကြံနှုတ်ပိတ်ဖို ကြိုးစားလာတဲ့အခါမှာ နောက်ကွယ်မှာ တကယ့်လက်သည်က တခြားလူဖြစ်နေမလား၊ ဘာလို့ သာမန်ဒေါက်တာ မက်သရူးက ဒီလိုရှုပ်ထွေးတဲ့ကိစ္စမှာ ဘယ်လိုကြားညှပ်ပါလာတာလဲ၊ ဒီလူသတ်မှုအပြင် ပိုကြီးမားတဲ့ကိစ္စများရှိနေမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြေရှာရမယ့် စီရီးကောင်းလေးဖြစ်ပါတယ်။ File size…(772 MB)/(372 ...
7.8
TMDb: 7.8/10 8 votes
tv

Red Eye (2024)

2024
Malpractice (2023) 7.7
Malpractice (2023) ဆရာဝန်အလုပ်ဆိုတာ ဆေးထိုးအပ်ကိုင်တတ်ရုံနဲ့ မပြီးသေးပါဘူး။ အရေးကြီးတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်တစ်ခု လွဲမှားသွားတာနဲ့ အမှားတွေ တန်းစီသွားနိုင်ပါတယ်။ ဒီအကြောင်းကို Malpractice ဆိုတဲ့ ဇာတ်ကားမှာ သေသေချာချာရိုက်ပြတယ်။ ဒေါက်တာလူစင်ဒါက A&E အရေးပေါ်ဌာနက ဆရာဝန်ပါ။ တစ်ရက်မှာ ဆေးလွန်တဲ့လူနာကို ကုနေတုန်း သေနတ်သမားတစ်ယောက် ရောက်လာပြီး သေနတ်နဲ့ချိန်ကာ သူ့လူ့နာကို အရင်ကုခိုင်းပါတယ်။ တစ်ဖက်ကလည်း အရေးပေါ်လူနာ၊ တစ်ဖက်ကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး ကုခိုင်းနေတဲ့အခါ ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေ ချရပါတော့တယ်။ ဒီမှာပဲ အလွဲတွေ စဖြစ်လာပြီး တရားခွင်တက်ရတဲ့အထိပါ ဖြစ်လာတဲ့အခါ ဒေါက်တာတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။File size…(870 MB)/(380 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by EI Moh Episode 1 720p  ...
7.7
TMDb: 7.7/10 3 votes
tv

Malpractice (2023)

2023
Riches (2022)
Riches (2022) Riches (2022)ထိတ်ထိတ်ကြဲ လူမည်း မိသားစုကြီးအကြောင်း ကျကျနနရိုက်ပြထားတဲ့ Prime Video ရဲ့ စီးရီးအသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်အာဖရိကနွယ်ဖွား စတီဗင်ရစ်ချတ်ဟာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုတွေ ကြားထဲက UK စီးပွါးရေးလောကမှာ ကြီးကျယ်ခမ်းနားတဲ့ Cosmetics empire ကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့ ထိပ်တန်း လုပ်ငန်းရှင်တစ်ယောက်ပါစတီဗင်မှာ အိမ်ထောင်နှစ်ဆက်ရှိပြီး ပထမအိမ်ထောင်နဲ့ သားသမီး ၂ ယောက် လက်ရှိဒုတိယအိမ်ထောင်နဲ့ သားသမီး ၃ ယောက်ရှိပါတယ်တစ်နေ့ စတီဗင်တစ်ယောက် ရုတ်တရက်ကြီး ကောက်ခါငင်ကာ သေသွားတဲ့အခါမှာတော့ အမွေကိစ္စနဲ့ပတ်သက်ပြီး အဖေတူ အမေကွဲ မောင်နှမတွေ ကြားထဲမှာ သဘောထား ကွဲလွဲမှုတွေ၊ သံသယတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာပါတော့တယ်ကြီးကျယ်ခမ်းနားလှတဲ့ လုပ်ငန်းစုကြီးရဲ့ စရိုက် မတူတဲ့ သားသမီး ၅ ယောက်အကြားက အားပြိုင်မှုတွေ၊မိသားစု အရှုပ်တော်ပုံတွေကို Racial profiling တွေ Cultural appropriation တွေနဲ့ ရောနှော တင်ဆက်ထားတာဖြစ်လို့ အချိန်ကုန်ရကျိုးနပ်မယ့် စီးရီးတစ်ခုပါစုစုပေါင်း ၆ ပိုင်းပဲ ရှိပြီး ဆက်တိုက်ဆိုသလို တင်ပေးသွားပါမယ်။အညွှန်း နဲ့ ...

Riches (2022)

2022