Channel Myanmar

Haunted Barn

Constellation (2024) 8.757
Constellation (2024)  ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာကို ခန့်မှန်းရခက်ခက်နဲ့စီးမျှောကြည့်ရှုလို့ရမယ့် စီးရီးတစ်ခုကို Apple tvကတင်ဆက်လိုက်ပြန်ပါပြီ။Si-fi၊ Psychological Thriller အမျိုးအစားဖြစ်နေပြန်တော့ကြည့်ရှုလို့လည်းကောင်း လိုက်တွေးလို့လည်းကောင်းဦးမယ့်စီးရီးလေးပါပဲ။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်တဲ့ဂျိုဟန်နာအီရစ်ဆွန်ဟာ နိုင်ငံတကာအာကာသစခန်းမှာသုတေသနပြုလုပ်နေရင်းနဲ့ မတော်တဆမှုနဲ့ကြုံရပါလေရော...။ဖြစ်စဥ်ကတော့ အာကာသစခန်းကို ပြင်ပကအရာဝတ္ထုတစ်ခုကဝင်တိုက်တာပါ။ ဒီမတော်တဆမှုကြောင့်ပဲ အာကာသစခန်းကလူတိုင်းဟာ မြေပြင်သို့အရေးပေါ်ပြန်ဆင်းလာခဲ့ရပါတယ်...။ဒီလောက်နဲ့တင်မပြီးသွားသေးဘဲ ဂျိုဟန်နာနောက်ကို စိုးထိတ်မှုတွေ၊သံသယတွေ၊ ကြောက်ရွံ့မှုတွေကိုက တောက်လျှောက်လိုက်နေခဲ့ပါတယ်...။ဘာလို့လဲဆိုတော့ အာကာသစခန်းကို ဝင်တိုက်တဲ့ပြင်ပအရာဝတ္ထုဆိုတာ လူတိုင်းမထင်မှတ်ထားတဲ့အရာဖြစ်နေတာရယ်...ဒီအရာဝတ္ထုက အာကာသစခန်း တကယ်ပဲ ဝင်တိုက်မိတာလားဆိုတာဂျိုဟန်နာကိုယ်တိုင်တောင် ထင်ယောင်မြင်ယောင်ဖြစ်နေတာရယ်...ဒီလိုမတော်တဆဖြစ်ရတယ်ဆိုတာက အာကာသစခန်းထဲမှာထူးဆန်းတဲ့သုတေသနစမ်းသပ်ချက်ကြောင့်ဖြစ်နေမလားဆိုတာတွေကြောင့်ပါ...။မည်သို့ပင်ဆိုစေကာမူ ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျှောတွေးတောလို့ကောင်းမယ့် စီးရီးလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်...။  File Size –  858 MB / 391 MBQuality –WEB-DL 1080p , 720pDuration – 58 Min  (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi & Fantasy ...
8.757
TMDb: 8.757/10 35 votes
tv

Constellation (2024)

2024