Channel Myanmar

GENCO

PLUTO (2023) 8.451
PLUTO (2023) IMDB 8.5 နဲ့ MAL rating 8.7 ရရှိထားတဲ့ဒီ anime ဟာစက်ရုပ်တွေက လူတွေလိုခံစားချက်ရှိလာပြီး လူတွေနဲ့ရောထွေးနေထိုင်လာနိုင်တဲ့အထိဉာဏ်ရည်ရှိလာတဲ့ အနာဂတ်အချိန်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းက အဓိကဇာတ်ကောင်ဖြစ်တဲ့ စုံထောက်လည်းဟုတ်စစ်သားဟောင်းလည်းဟုတ်တဲ့ Gesicht ဟာ ထူးဆန်းတဲ့လူသတ်မှုအမှုနှစ်ခုကို လက်ခံပြီးစုံစမ်းတဲ့အခါမှာစပါတယ်။လူသတ်မှုနှစ်ခုမှာ တစ်ခုကစက်ရုပ်ကိုသတ်ထားတာဖြစ်ပြီးနောက်တစ်ခုက လူတစ်ယောက်ကိုသတ်ထားတာဖြစ်တယ်။ထူးဆန်းတာက အသတ်ခံရတဲ့နှစ်ယောက်မှာစက်ရုပ်ကတစ်ကမ္ဘာလုံးကချစ်ခင်လေးစားတဲ့ စက်ရုပ်ဖြစ်နေပြီးလူကတော့လူတွေမုန်းတီးကြတဲ့လူဖြစ်နေပါတယ်။ပိုပြီးထူးဆန်းတာက စက်ရုပ်တွေဟာ လူတွေကိုထိခိုက်မလို့မရအောင်ပရိုဂရမ်ဆွဲထားသလိုအခင်းဖြစ်တဲ့နေရာမှာ လူဝင်ထွက်သွားတဲ့ လက္ခဏာတွေလည်းမတွေ့ခဲ့ရပါဘူး။ပြီးတော့ လူသတ်သမားက အလောင်းတွေကို ချိုပုံစံအရာနှစ်ခုစိုက်ထားခဲ့တာကြောင့်အမည်မသိလူသတ်သမားကို ချိုပါတဲ့ဂရိမရဏနတ်ဘုရား Pluto လို့ခေါ်လိုက်ပါတယ်။Gesicht ရဲ့စုံစမ်းမှုအတွင်းမှာ Pluto ဟာ ကမ္ဘာပေါ်ကဉာဏ်ရည်အမြင့်ဆုံးစက်ရုပ် ၇ ရုပ်ကိုပစ်မှတ်ထားနေတယ်ဆိုတာ သိလိုက်ရသလို Gesicht ကအဲဒီ ၇ ရုပ်ထဲကတစ်ရုပ်ဖြစ်နေတာပါပဲ။အဲဒီမှာ Gesicht ဟာ ကျန်ရှိနေသေးတဲ့စက်ရုပ်တွေကိုအချိန်တိုအတွင်းမှာကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဒီ anime က Astro Boy ကိုပြန်လည်အခြေခံထားတဲ့ပုံပေါ်ပေမဲ့အများကြီးပိုနက်နဲပြီး ဇာတ်လမ်းဇာတ်အိမ်အရမ်းကောင်းတဲ့ anime တစ်ခုပါ။အဲလိုပြောပေမဲ့ Astro Boy ကြည့်ထားစရာမလိုပါဘူး။Sci-fi ကိုမှ Murder ...
8.451
TMDb: 8.451/10 41 votes
tv

PLUTO (2023)

2023