Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Element Pictures
8.119
Normal People (2020)
လူငယ်ဘဝက ဘာနဲ့တူလဲ။ နောင်ကာလက ပြန်ငေးကြည့်ရင် တလက်လက်တောက်ပနေတဲ့အတိတ်တစ်ခုက အဲဒီဘဝမှာ စီးဆင်းနေတယ်။ ဘာမှမဟုတ်သလို ထင်ရပါလိမ့်မယ်။တစ်ချိန်မှာ ပြန်မငေးမကြည့်မချင်းပဲပေါ့။ အလှပဆုံးမဖြစ်ခဲ့ရင်တောင် ဒါငါတို့ရဲ့ အတိတ်ဘဝပါပဲ။နှင်းဆီတစ်ပွင့်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လာဖို့ နှင်းဆီတစ်ပွင့်ရဲ့ အတိတ်ကို ဖြတ်သန်းရတယ်။နှင်းဆီဟာ နှင်းဆီဖြစ်နေခြင်းဟာ နှင်းဆီပါပဲ။ မှားရင်း မှားရင်း မှန်လာတတ်တယ်မလား။ဒီလိုနဲ့ မမှားသေးတဲ့ လူငယ်ဟာ အမှားတွေအများကြီးကြုံလာရဦးမယ်။ မှားသွားလည်း လှတယ်တဲ့။မလှတဲ့ အမှားတွေတော့ ငါတို့ အများကြီးလုပ်ခဲ့ကြတာပဲ။ အကျည်းတန်ပါတယ်။လှသွားအောင်လို့ ခွင့်လွှတ်ခဲ့ကြတယ်။ အဲဒါချစ်ခြင်းတရားပါပဲ။ ငါတို့ကိုယ်ငါတို့ ခွင့်လွှတ်တတ်အောင်တော့ အရင်သင်ယူရတာပေါ့။သဲအိမ်တွေ ငါတို့ဆောက်ကြတယ်။ ကမ္ဘာကြီးဘယ်လိုမြင်လဲ ဂရုစိုက်ရင်း သဲအိမ်တွေပြိုသွားတဲ့လူငယ်ဟာ ကမ္ဘာကြီးက မင်းကို ဘယ်လိုမှမမြင်ဘူးလို့ သိလိုက်ရတယ်။ ကိုယ်ချစ်ခြင်းလို့ထင်တဲ့ ချစ်ခြင်းနဲ့ ချစ်ကြည့်တယ်။ အသက်ကိုဖက်နဲ့ထုပ်ထားရသလိုဘဝမျိုးတွေမှာ ပုံပြင်ဆန်သော ပုံပြင်ဆန်သော အချစ်မျိုးလည်း တွေ့ရှိလိမ့်ဦးမယ်။ ဝေးကွာလိမ့်ဦးမယ်။ "လူသားသည် ထိုကောင်းကင်အောက်၌ပင်ရပ်ရင်း အချစ်ကို ဖြတ်သန်းသွားတာ လွမ်းစရာပင် ကောင်းပါသည်"ဆိုတဲ့ မောင်ဒေါင်းစာသားတစ်ကြောင်းလို အချစ်ကို ဖြတ်သန်းသွားရင်း လွမ်းစရာကောင်းတဲ့ရာသီတွေလည်း လာတယ်။ သက္ကရာဇ်တွေပြိုမယ်။ ...
8.119
TMDb:
8.119/10
1053 votes
tv
Normal People (2020)
2020