Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Element 8 Entertainment
6.3
Clean Sweep (2023)
Season 1 [ Complete] မှုခင်းဒရာမာကောင်းကောင်းလေးတွေကိုကြိုက်နှစ်သူတွေအတွက်2023 တုန်းကထွက်ရှိထားတဲ့ Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်အိမ်ကိုဖြည်းဖြည်းချင်းတည်ဆောက်သွားပြီး အဆုံးသတ်ကျမှထကြမ်းပြတဲ့အကွက်မျိုးတွေနဲ့ရိုက်ကူးထားတဲ့အတွက်Episode 6 ပိုင်းလုံးကိုဖြည်းဖြည်းချင်းဇိမ်ပြေနပြေအေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ဒီ Series ကောင်းလေးရဲ့နာမည်ကတော့ Clean Sweep ဖြစ်ပြီးIMDb Rating 6.5 အထိရရှိထားပါတယ်။ရှယ်လီဆိုတဲ့အမျိုးသမီးတစ်ယောက်က ကလေး ၃ ယောက်နဲ့ခင်ပွန်းနဲ့အတူတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် လူ့ဘ၀ကြီးကမပြည့်စုံဘူးဆိုတဲ့အတိုင်း ငွေကြေးဆိုင်ရာစိတ်ညစ်စရာလေးတွေကတော့ရှိနေပါတယ်။အဲ့ဒါကြောင့် သူ့ယောက်ျားဖြစ်သူကစုံထောက်ရာထူးတိုးဖို့ဒုန်းစိုင်းနေပြီး သူကလည်းအချိန်ပိုင်း အလုပ်လုပ်ကိုင်ချင်နေပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ရှယ်လီ့ဘ၀ထဲကို ကြမ္မာဆိုးကြီးတစ်ခုကရောက်ရှိလာပါတော့တယ်။အဲ့ဒီကြမ္မာဆိုးကတော့ သူနဲ့အရင်တုန်းက သိကျွမ်းခဲ့တဲ့လူတစ်ယောက်က သူ့ကိုမရမကလိုက်ရှာပြီးလိုက်ပတ်သတ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ကြားကကိစ္စတွေကိုဖြေရှင်းဖို့အတွက် မိုတယ်တစ်ခုမှာ ချိန်းလိုက်ကြပြီး အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာကာ ရှယ်လီကအဲ့ဒီလူကိုသတ်မိလိုက်ပါတော့တယ်။လက်ရာခြေရာတွေ တတ်နိုင်သလောက်ဖျောက်ပြီးထွက်ပြေးလာခဲ့ပေမဲ့ အဲ့ဒီအမှုကိုကိုင်ရတာသူ့ယောက်ျားဖြစ်နေတဲ့အခါမှာတော့ သူလူသတ်ထားတဲ့အမှုပေါ်သွားမလား လက်ရှိမိသားစုဘ၀မပိုင်ဆိုင်ခင် သူ့အတိတ်ကဘ၀ကရောဘယ်လိုတွေဖြစ်ခဲ့လို့ ဒီလိုအရာတွေဖြစ်လာရတာလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File Size – 625 MB / 311 MBQuality –WEB-DL 1080p , 720pEpisodes - 6 EpsDuration ...
6.3
TMDb:
6.3/10
3 votes
tv
Clean Sweep (2023)
2023