Channel Myanmar

Boat Rocker Studios

Orphan Black: Echoes (2024) 9.5
Orphan Black: Echoes (2024) Orphan Black: Echoes ( 2024 ) ==============================မာဗယ်မှာ ဂျက်စီကာဂျုန်းလုပ်တုန်းက လူသိများခဲ့သလို Breaking Badထဲ Jane Margolisနဲ့ လူကြိုက်တော်တော်များခဲ့တဲ့ ညို့ဓာတ်အပြည့်နဲ့ Krysten Ritterက အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးအသစ်ပါ။ ကားစကတည်းက ပွဲကြမ်းပြနေတာဆိုတော့ ဒါနဲ့တင်တန်နေပြီဆိုပေမဲ့ သူ့ချည်းပဲလားဆိုတော့ မဟုတ်သေးဘူး။ ဒီစီးရီးရဲ့ ဇာတ်လမ်းကလည်း  တကယ့်ငစားဇာတ်ကြီး။ အမျိုးအစားကလည်း science-fiction thrillerဆိုတော့ စားတာမဆန်းဘူး။ သူ့မူရင်းက 2013တုန်းကထွက်ခဲ့တဲ့ သူ့မူရင်းစီးရီးဖြစ်တဲ့  Orphan Blackဆိုတဲ့စီးရီး။  ရုပ်ချင်းတစ်ပုံစံတည်းတူနေတဲ့လူကလုန်းတွေကို အခြေတည်ထားတဲ့ဇာတ်။ ဒီစီးရီးကလည်း မူရင်းစီးရီးနဲ့ ယူနီဗာ့စ်တစ်ခုတည်းမှာပဲ ဇာတ်အိမ်တည်ထားတယ်။ဇာတ်လမ်းအစမှာ လူစီဆိုတဲ့ မိန်းမတစ်ယောက် နိုးလာတာနဲ့စတယ်။ နိုးလာတယ်ဆိုပေမဲ့ သူ့မှာ အရင်တုန်းကဆိုတာမျိုးမရှိဘူး။ အခုမှဘွားခနဲမွေးလာသလိုပဲ။ ဒါပေမဲ့ သူက လူလတ်ပိုင်းဖြစ်နေပြီ။ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အသိဉာဏ်မျိုးလည်းရှိနေတယ်။ ခံစားချက် စဉ်းစားနိုင်စွမ်း အကုန်ရှိနေတယ်။ လိုအပ်တာဘာမှမရှိဘူး။ ဒါပေမဲ့ တစ်ခုတော့လိုနေတယ်။ သူ့မှာအတိတ်မရှိနေဘူး။ ...
9.5
TMDb: 9.5/10 2 votes
tv

Orphan Black: Echoes (2024)

2024
Beacon 23 (2023) 6.4
Beacon 23 (2023)  ဒီတစ်ခါ ပရိသတ်ကြီးအတွက် ခေတ်လွန်အာကာသ သိပ္ပံဇာတ်လမ်းတွဲလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ.....ဒီကားထဲမှာတော့ ရေကြောင်းလမ်းခရီးမှာ လမ်းပြပေးတဲ့ မီးပြတိုက်လိုမျိုး အာကာသထဲ ယာဉ်တဲ့သွားတဲ့အခါ လမ်းပြပေးတဲ့ ဘီကွန် ၂၃ ကို ကြောရိုးယူပြီးရိုက်ထားတဲ့ကားလေးပါပဲ......ဇာတ်လမ်းအစမှာတော့ ယာဉ်တစ်စင်းက လမ်းကြောင်းမရှင်းပါဘူးလို့ အတန်တန်ပြောနေတဲ့ကြားကနေ ဝင်လာလို့ ပေါက်ကွဲပျက်စီး သွားခဲ့ပါတယ် အဲဒီ ပေါက်ကွဲသွားတဲ့ ယာဉ်ပေါ်ကနေ ကျွန်တော်တို့ သိတဲ့ သက်ကယ်လှေလိုမျိုး လေထုဖိအားထိန်း ယာဉ်လေးနဲ့ အက်စတာဆိုတဲ့ အမျိုးသမီးက မျောလာလို့ ဘီကွန် ပေါ်မှာရှိတဲ့ ဟယ်လန် က ကယ်တင်ထားပေးခဲ့တာပါ......အဲဒီနောက်ပိုင်းမှာတော့ ဘီကွန် ပေါ်မှာရှိနေခဲ့တာက ဘီကွန်ကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ‌ဆော်လမွန် ဟုတ်မနေဘဲ ဟေလန် ဖြစ်နေတာကို အက်စတာ သိသွားတဲ့အချိန်......အက်စတာ ကလည်း ဒီယာဉ်ပေါ်ကို ဘာအကြောင်းပြချက်နဲ့ရောက်လာတာလဲဆိုတာ ဟေလန် က သိသွားတဲ့အချိန်......အထီးကျန် နေတဲ့ ဟေလန် နဲ့ လူတကာမျက်ခုံးပေါ်စင်္ကြံလျှောက်တတ်တဲ့ အက်စတာ တို့ ...
6.4
TMDb: 6.4/10 18 votes
tv

Beacon 23 (2023)

2023
American Rust Season 2 (2024) 6.9
American Rust Season 2 (2024) American Rust ( 2021 - 2024 )လက်ရှိမှာ Season 2ခုထွက်ပြီးသား အမေရိကန် မှုခင်းဒရာမာစီးရီးဖြစ်တဲ့ American Rust ဟာ   မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကိုမှ စိတ်ဝင်စားစရာအပြည့်နဲ့ မြုပ်ကွက်တွေအပြည့်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတွဲပါပဲ။ ဒုတိယတွဲကတော့ ပထမတွဲကနေပဲ တိုက်ရိုက်ဆက်ထားပြီး  ပထမတွဲက ပြဿနာတွေရဲ့နောက်ဆက်တွဲတွေ ပထမတွဲက မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဆက်လက်တင်ပြထားတယ်။မြို့လေးတစ်မြို့ထဲက အချင်းချင်းသိနေတဲ့လူတွေကြား လူသတ်မှုတွေ တစ်ခုခုပြီးဖြစ်လာခဲ့တယ်။  ဒီမြို့ကလေးကလူတွေပဲဆိုပေမဲ့ Landwills လို့ခေါ်တဲ့  ကုမ္ပဏီကလူတွေကတော့ ဒီမြို့မှာ လုပ်ငန်းလုပ်ရင်း ဒီမြို့ကမြေတွေကို ပတ်ဝယ် ပတ်ငှားရင်း ဒီကိစ္စတွေရဲ့ မသင်္ကာစရာတစ်ခုဖြစ်လာခဲ့တယ်။ ဒီကုမ္ပဏီနဲ့ပေါင်းပြီး မြို့သူမြို့သားအချင်းချင်းအမြတ်ထုတ်ချင်တဲ့လူတစ်အုပ်ရယ်။ အမြတ်ထုတ်ခံရတဲ့လူတစ်အုပ်ရယ်။  ရဲတွေ အမှုစစ်တွေကြားက အကျင့်ပျက်ခြစားမှုတွေရယ်။ အဲဒီအကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ချင်နေတဲ့ရယ်တွေ တစ်ယောက်အကြောင်းလည်း တစ်ယောက်သိသင့်သလောက်သိနေကြပြီး ခြေချင်းလိမ်နေကြတဲ့ မြို့ကျဉ်းကျဉ်းထဲက ရှုပ်ထွေးတဲ့ပြဿနာတွေကိုမြင်ရမှာပါပဲ။ဒီမြို့ကျဉ်းကျဉ်းလေးမှာပဲ စရိုက်ပေါင်းစုံနဲ့လူတွေရှိနေသလို ရဲတွေကလည်း မကောင်းတဲ့ရဲကပိုများနေသလို လူသတ်မှုတွေကလည်း ...
6.9
TMDb: 6.9/10 47 votes
tv

American Rust Season 2 (2024)

2021
Palm Royale (2024) 8.0
Palm Royale (2024) Palm Royale (2024)==============နာမည်ကျော် ဟာသဝတ္ထုဖြစ်တဲ့ Mr and Mrs American Pie ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Apple Tv+ရဲ့ Palm Royale series1969 ခုနှစ်ကာလကို အခြေခံထားတဲ့ ဒီစီးရီးလေးမှာတော့ ကျွန်တော်တိုရဲ့ဇာတ်လိုက်ကျော်မက်ဆင်းကို ခြုံခြားက‌နေ ဘုံဖျားကိုတက်လှမ်းဖို အမျိုးမျိုးကြံစည်နေတဲ့ social climberအနေနဲ့ မြင်တွေ့ရမှာပါ။ဒါပေမဲ့ ဝတ္ထုဖတ်ဖူးသူတွေဆိုရင်တော့ ဒီsocial climberရုပ်ရှင်လေးက တခြားဇာတ်လမ်းတွေလို ဒရာမာမများဘဲ အခွီတစ်လိုင်းဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီတော့ ဇာတ်လမ်းကိုဆက်ကြပါစို။ဇာတ်လမ်းလေးကိုတော့ မက်ဆင်းဆင်မွန်စ်တစ်ယောက် West Palm Beachက Palm Royale ဆိုတဲ့ ဒိတ်ဒိတ်ကြဲသူဌေးမကြီးများ ငွေလာဖြုန်းတဲ့ကလပ်ထဲကိုဝင်ဖို ကြိုးစားနေတာနဲ့ အစပျိုးထားပါတယ်။ ဒါပေမဲ့ နှယ်နှယ်ရရကလပ်မဟုတ်တာကြောင့် ခိုးဝင်ဖို ဝင်ရောဖိုလုပ်ရင်းနဲ့ မက်ဆင်းတစ်ယောက် ဘလက်လစ်သွင်းခံရတဲ့ဆီရောက်သွားပါတော့တယ်။Palm Royale ထဲဝင်ဖိုဆိုရင် ပထမဆုံးလိုအပ်တာက သူ့ကိုထောက်ခံပေးမယ့် အဖွဲဝင်ဖြစ်ပြီးသားသူ ရှိဖိုလိုတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ကလပ်ထဲဝင်တာ မကြာသေးပေမဲ့ ...
8.0
TMDb: 8.0/10 16 votes
tv

Palm Royale (2024)

2024
Invasion (2021) S1 + S2 10
Invasion (2021) S1 + S2 Invasion series(2021) ရုပ်ရှင် အညွှန်း အခု Apple TV + မှာ ထွက်ရှိထားတဲ့ sci-fi /drama seriesကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်X-Men ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Simon Kinberg ကိုယ်တိုင် ပါဝင်ဖန်တီးထားတာလည်းဖြစ်ပါတယ်ခေါင်းစဥ်အတိုင်းပဲ ဂြိုလ်သားတွေ ကမ္ဘာကို ကျူးကျော်လာမယ့် ပုံစံမျိုးဖြစ်ပေမယ့် တခြား မြင်တွေ့နေကျ ဂြိုလ်သား ကျူးကျော်တဲ့ movies တွေ seriesတွေနဲ့ လုံးဝ ကွဲထွက်နေမှာ ဖြစ်ပါတယ်ပုံမှန်လိုမျိုး မိသားစု တစ်စု က ဂြိုလ်သားကျူးကျော်မှုကြောင့်ဖြစ်လာတဲ့ အပျက်အစီးတွေကြား လွတ်မြောက်အောင်ရှင်သန်ဖို့ ကြိုးစားရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ဘယ်ကမှန်းမသိတဲ့ ဂြိုလ်သားတွေက ကမ္ဘာကိုရောက်လာပြီး လူတွေဖြစ်တည်မှုကို ခြိမ်းခြောက်ဖို့ကြိုးစားတဲ့အ​ဖြစ်အပျက် ကို နေရာဒေသမတူတဲ့ လူ ငါးယောက်က ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို မြင်တွေ့ရမှာပါ အမေရိကန် ကျေးလက်ဒေသ၊ အာဖဂန်နစ်စတန်နိုင်ငံ ကနေ ဂျပန်မြို့ပြ အထိ မတူညီတဲ့နေရာတွေမှာ ရိုက်ကူးထားပါတယ်season 1အနေနဲ့ ဆယ်ပိုင်းထွက်ရှိမှာဖြစ်ပြီး လောလောဆယ် ၃ပိုင်းအရင် ထွက်ရှိထားပါတယ်File Size ...
10
TMDb: 10/10 2 votes
tv

Invasion (2021) S1 + S2

2021
Slip (2023) 6.7
Slip (2023) Slip (2023)နေ့စဉ် ပြောင်းလဲမှုမရှိ၊ စိတ်လှုပ်ရှားစရာမရှိဘဲ ဖြတ်သန်းနေရတဲ့ဘဝကြီးကို လူတော်တော်များများ ငြီးငွေ့ကြမှာပါ။ ဒီဇာတ်ကားထဲက Mae ကလည်း အဲဒီလိုပါပဲ။ အတူနေရည်းစားဖြစ်သူ Elijah နဲ့ ၁၃ နှစ်ကြာ နွေးထွေးမှုတွေ ပျောက်ကွယ်နေတဲ့ Relationship ထဲမှာ ပိတ်မိနေရင်း ဘဝကို စိတ်ကုန်နေပါတယ်။ အချင်းချင်း အချိန်သိပ်မပေးဖြစ်ကြတော့ဘဲ အဆင်ပြေသလိုနေလာကြပြီးတော့ Elija က ကလေးလိုချင်ပေမယ့် Mae ကတော့ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် မလိုချင်သေးပါဘူး။ တစ်နေ့ Mae အလုပ်လုပ်တဲ့ ပန်းချီပြခန်းက ပန်းချီပြပွဲအပြီး ပါတီမှာ Elijah က Mae ကိုမစောင့်ဘဲ ပြန်သွားတော့ ဘားမှာ Eric နဲ့ဆုံပါတယ်။ရည်းစားကို စိတ်ကုန်နေတဲ့ Mae လည်း Eric နဲ့ တစ်ညတာကုန်ဆုံးရင်း မနက်ခင်း သူနိုးလာတဲ့အချိန်မှာ Eric နဲ့သူက လက်ထပ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။Rating ကလည်း IMDb 6.1 ရထားတာမို့ Parallel Universe ထဲမှာ ...
6.7
TMDb: 6.7/10 3 votes
tv

Slip (2023)

2023
A Tale Dark & Grimm (2021) 7.7
A Tale Dark & Grimm (2021) A Tale Dark And Grimm (2021)====================== IMDb Rating - 7.3/10Rating အလန်းစားလေးနဲ့ရတဲ့နောက်ထပ် aminated series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေ နတ်သမီးပုံပြင်တွေဟာ ချစ်စရာအကောင်လေးတွေ နတ်သမီးလေးတွေရဲ့အ‌‌ေကြာင်းကို ဇာတ်လမ်း လေးတွေရေးဖွဲ့ကြတာဆိုပေမယ့်။ ဒီဇာတ်လေးကတော့ တစ်မျိုးတစ်ဖုံကို ကွဲထွက်နေပါတယ်။  ဇာတ်လမ်းရှည်ဖြစ်တာနဲ့အညီ တစ်ပိုင်းပြီးတစ်ပိုင်း မြှုပ်ကွက်တွေ လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားတာအတော်ကိုကြည့်လို့ ကောင်းတဲ့ adventure ဆန်ဆန် series လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဂရင်းဆိုတဲ့တိုင်းပြည်မှာ ဟန်ဆယ်နဲ့ ဂရေတယ်ဆိုတဲ့ ဘုရင့်သားတော်နဲ့သမီးတော်ရှိပါတယ်။ ဒီအမွှာနှစ်ယောက်ပဲ ရှိတဲ့အတွက် ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာသည်းသည်းလှုပ်ချစ်တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာဘုရင်နဲ့ဘုရင်မကြီးဟာ အကြောင်းတစ်စုံတစ်ရာမရှိပဲနဲ့ ဒီကလေးနှစ်ယောက်ကိုခေါင်းဖြတ်သတ်လိုက်တယ်။ ပြီးတော့မှကလေး နှစ်ယောက် ကိုမှော်အစွမ်းရှိတဲ့ကြိုးနဲ့ သူတို့ခေါင်းကိုပြန်ချုပ်ပေးလိုက်တယ်။ ကလေးနှစ်ယောက်လုံးပြန်အသက်ရှင်လာတယ်ဆိုပေမယ့် သေရွာကနေ ပြန်ရှင်လာတဲ့ ဟန်ဆယ်နဲ့ဂရေတယ်တို့ ဟာ သူတို့မိဘတွေကိုအရမ်းကြောက် သွားတယ်။ ကိုယ့်ကလေးနှစ်ယောက်လုံးခေါင်းဖြတ်ပြီးမှ ပြန်အသက်ရှင်စေတဲ့ ဒီမိဘတွေဟာ သူတို့ကိုတကယ်မချစ်လို့လား နောက်ထပ်ရောခေါင်းဖြတ်ခံရဦး မှာလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ နန်းတော်ကနေနှစ်ယောက်လုံးထွက်ပြေးကြတယ်။ ဟန်ဆယ်နဲ့ဂရေတယ်တို့သူတို့ကိုချစ်မယ့်ပြီးပြည့်စုံတဲ့မိသားစုကိုရှာဖွေရင်း သူမတူတဲ့ အခက်အခဲတွေကြုံရပါတော့တယ်။ ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာကိုယ့်ကလေးကို ခေါင်းဖြတ်သတ်လိုက်ရတဲ့အထိ ဘာအကြောင်းတွေများရှိနေလို့လဲ ၊ ဟန်ဆယ်နဲ့ ဂရေတယ်ကရော သူတို့ကိုတကယ်ချစ်တဲ့ပြီးပြည့်စုံတဲ့မိသာစုကိုရှာဖွေရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေရမလဲဆိုတာကြည့်ရှုပေးပါဦး ‌။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo ...
7.7
TMDb: 7.7/10 10 votes
tv

A Tale Dark & Grimm (2021)

2021