Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
BBC Studios India
36 Days (2024)
36Days 2024 (ရှုပ်ထွေးပွေလီ ဗီလာကြီး)လူကုံထံအသိုင်းအဝိုင်းတွေပဲနေထိုင်တဲ့ ဗီလာတစ်ခုမှာ တိုနီဟာ အိမ်တော်တော်များများကိုပိုင်ဆိုင်ပြီး ပြန်လည်အငှားချကာထားပါတယ်။တစ်ရက်တော့ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ဒီဗီလာကို ဖာရာဆိုတဲ့ လေယာဉ်မယ်လေး ပြောင်းရွှေ့နေထိုင်တဲ့အချိန်ကနေ စပြီးတော့ ဒီဗီလာအကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ဒီရှုပ်ထွေးမှုတွေကြားမှာ ဖာရာက ဘယ်လိုတွေ ပါဝင်ပတ်သက်နေတာလဲ ....... ပြီးတော့ အိမ်ရှာလို့မရသေးလိုဆိုတဲ့အကြောင်းပြချက်နဲ့ သူငယ်ချင်းအိမ်မှာ ခေတ္တလာရောက်တည်းခိုနေတဲ့ အခြောက်မလေး တာရာကရော ဒီရှုပ်ထွေးတဲ့ဇာတ်လမ်းထဲမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေဦးမလဲ....... ဗီလာမှာရှိတဲ့သူတွေကြားက ပြဿနာအရှုပ်တွေရော ပြန်လည်အဆင်ပြေသွားပြီး အရင်လိုပဲ အေးအေးချမ်းချမ်းနေရပါ့မလား ......ဒီဗီလာမှာရှိတဲ့သူတွေရဲ့ အချစ်, အမုန်း, ငွေကြေးအားပြိုင်မှုတွေ, အလိမ်အညာလှည့်ကွက်တွေနဲ့အတူ ဘယ်လိုလျှိ့ဝှက်ချက်များစွာတွေ ရှိနေမလဲဆိုတာကို ကြည့်ရှုရမယ့် အပိုင်း၈ပိုင်းပါဝင်တဲ့ ဟင်ဒီ Thriller ဝဘ်စီးရီးလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ YunnI~BpL~ToMo~KKKZ တို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Mystery, CrimeTranslator – YunnI~BpL~ToMo~KKKZEncoder – YK Episode ...
36 Days (2024)
2024
6
The Broken News 2024 – Season 2
The Broken News (2024) "သတင်းမီဒီယာတိုက်ပွဲ"အတွဲ(၂) အပိုင်း(၈)ပိုင်းIMDb 7.6 ရထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွဲလေးဟာဆိုရင် ၂၀၂၂ က season-1 အပြီး နှစ်နှစ်ကြာမှ season-2 ထွက်လာတဲ့အတွက် မနှေးအမြန် တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းတွဲမှာဆိုရင် တိုင်းပြည် စတုတ္ထမဏ္ဍိုင်လို့ တင်စားခေါ်ဝေါ်တဲ့ သတင်းမီဒီယာရဲ့ ရှုပ်ထွေးပွေလီတဲ့ အရှုပ်တော်ပုံတွေကို ပရိသတ်အကြိူက် လေးလေးနက်နက် တော်ကီတွေနဲ့ ဖီးလ်ရမှာပါမွန်ဘိုင်းမှာ အဓိကသတင်းချန်နယ်အကြီးစားနှစ်ခု "အဝါ့ဇ်ဘာရတီ" နဲ့ "ဂျို့ရှ် ၂၄/၇" ဆိုပြီး ရှိတယ်မတူတာကတော့ တစ်ခုက ငွေရရုံ၊ ပရိသတ်များရုံသာ အာရုံစိုက်ပြီး ကိုယ်လိုချင်တာရဖို့အတွက် မီဒီယာကျင့်ဝတ်တွေကို အလွဲသုံးစားလုပ်နေတဲ့ မီဒီယာ ---တစ်ဖက်မှာတော့ ထက်မြက်ပြီး အမှန်တရားအတွက် ဘာမဆိုစွန့်လွှတ်ရဲတဲ့ မိန်းမငယ်လေး "ရာဒီ""Umbrella စစ်ဆင်ရေး" အမည်ခံ၊ အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဥ်တပ်ပြီး ပြည်သူလူထုရဲ့ Privacy ကို ချိုးဖောက်ချင်တဲ့ အကျင့်ပျက်အစိုးရက အကြံအစည်တွေကို အများပြည်သူရှေ့ ချပြဖို့ကြိုးစားတဲ့ သူရဲကောင်းမီဒီယာသမားတွေကို နည်းမျိုးစုံသုံးလို့ ချနင်းကြပုံတွေ မင်းတို့ဘက်မှာ အကျင့်ပျက်အစိုးရကျောထောက်နောက်ခံ ငွေတစ်မျက်နှာကြည့်တဲ့ မီဒီယာနဲ့ အာဏာပါဝါတွေ ရှိလည်း ငါတို့ဘက်က ...
6
TMDb:
6/10
3 votes
tv
The Broken News 2024 – Season 2
2022
7
Highway Love (2023)
Highway love 2023 အမြန်လမ်းပေါ်ကရင်ခုန်သံIMDb-7.5/102022ခုနှစ် Ishq Expressမှာ chemiမိမိနဲ့ အစွမ်းကုန်ချစ်ပြသွားတဲ့ Gayatriနဲ့Ritvikတို့ရဲ့ comeback rom-com mini seriesလေးဖြစ်တဲ့ Highway loveကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးမှာရော ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ ရှုစားကြပါဦး။သစ္စာရှိတဲ့အချစ်ကို ပန်းပိတောက်နဲ့တင်စားကြမယ်ဆိုရင်တော့ အချစ်စစ်ဆိုတာကို နှင်းဆီတစ်ပွင့်နဲ့ ကျွန်တော်ကတော့ တင်စားချင်ပါရဲ့။ အဆင်းရောအချင်းနဲ့ပါ ပြည့်စုံသလို အချိန်မရွေး နေရာမရွေး ပွင့်လန်းတတ်သလို အဆူးလေးတွေနဲ့လည်း ဝေဒနာပေးတတ်တယ်မဟုတ်ပါလား။တက်တက်ကြွကြွနဲ့ ကိုယ့်အားကိုယ်ကိုးပုဆိန်ရိုးမလေး အင်နာယာတစ်ယောက် ဘဲနဲ့လတ်လတ်ဆတ်ဆတ်လမ်းခွဲပြီး ပူပူနွေးနွေးexလေးက အမြန်လမ်းမပေါ်မှာ ထားရစ်ခဲ့တာ ခံရပါတော့တယ်။ ဖုန်းအားကလည်းမရှိတော့လို့ တိုင်ပတ်နေတုန်း ဘီးပေါက်သွားလို့ ကားဘီးလဲဖို့အရေး ဟိုနားကိုင်ရမလို ဒီနားကိုင်ရမလိုနဲ့ ဗျာများနေတဲ့ကိုလူချောကိုသွားတွေ့ပါတော့တယ်။ကားဘီးမလဲတတ်တဲ့ ကိုလူချောဒွန်ဒွန်ကို အင်နာယာကပဲ ကားဘီးလဲပေးပြီး ဒွန်ဒွန်ရဲ့ကားနဲ့ပဲ မြို့ထဲကိုလိုက်လာတာပေါ့။ သိပ်ကိုရိုးအေးပြီး ရိုးရှင်းတဲ့ဘဝမှာပဲနေခဲ့တဲ့ဒွန်ဒွန်ဟာ ရဲရင့်ပြီး စွန့်စားခန်းတွေကိုနှစ်သက်တဲ့အင်နာယာရဲ့ ဘဝအကြောင်းတွေနားထောင်ရင်း ခပ်မိုက်မိုက်မိန်းကလေးကို သဘောကျမိသွားတဲ့အခါ...လုံးဝပုံစံကွဲထွက်နေတဲ့သူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့အချစ်တစ်ခုက ရေရှည်ဖြစ်တည်နိုင်မလား။ အာလူးကြော်နဲ့ဘာဂါလိုပဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ပေးမယ့် legendaryအတွဲအစပ်ဖြစ်သွားမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality ...
7
TMDb:
7/10
6 votes
tv
Highway Love (2023)
2023
5
Wedding.con (2024)
Wedding.con (2023) "အိမ်ထောင်ရေးလိမ်လည်မှု" IMDb - 7.0/10Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အချစ်ကိုကိုးကွယ်ကြတဲ့ အမျိုးသမီးလေးတွေ အွန်လိုင်းကနေ လိမ်ညာခံရတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဆိုက်ဘာရာဇဝတ်မှုခင်း မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယအမျိုးသမီးလေးတွေဟာ အချိန်တန်အရွယ်ရောက်ရင် အုပ်ထိန်းသူတွေရဲ့ အိမ်ထောင်ဖက်စီစဉ်ပေးတာကို လက်ခံကြရတာ များပါတယ်။ ခေတ်တွေတိုးတက်လာတော့ အွန်လိုင်းမှာ လိုက်ဖက်မဲ့သတို့သားလောင်းရှာကြပါတော့တယ်။ဒီမှာပဲ အိမ်ထောင်ရေးဝက်ဆိုက်ကနေတဆင့် မသိနားမလည်တဲ့သူတွေ၊ တတ်သိနားလည်ပေမဲ့ ယုံကြည်မှုတစ်ခုနဲ့ အချစ်ကိုကိုးစားမှုကြောင့် ခံလိုက်ရတဲ့ လိမ်ညာမှု သစ္စာဖောက်ခံရမှုတွေအကြောင်းပေါ့။ဒီစီးရီးလေးထဲမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆန္ဒရှိတဲ့ အမျိုးသမီးငါးယောက်ကို ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာမို့ တမူထူးပြီး စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Alex ~ ToMo ~ Yunniတို့ပဲ ဖြစ်ပါတယ်) File Size – 400MB (Appx;)@Episode Quality – 1080p WEB DL Duration – 27minute (@Episode) Total Episodes: 5Eps Subtitle – Myanmar Hardsub Format ...
5
TMDb:
5/10
1 votes
tv
Wedding.con (2024)
2023
7
School of Lies(2023)
School of Lies(2023)IMDb-5.9/10နာမည်ကတော့ မုသားကျောင်းတော်တဲ့ အိန္ဒိယနိုင်ငံရဲ့ စိတ်ကူးယဉ်ဆန်တဲ့ Dalton မြို့တော်က ဘော်ဒါကျောင်းတစ်ခုမှာ setting ထိုင်ရိုက်ကူးထားပြီး BBC ကနေထုတ်လုပ်လိုက်တဲ့ ကျောင်းသားစီးရီးလေးဖြစ်ပါတယ် ဒီဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ပါပဲ ဒါပေမဲ့ ဘယ်နိုင်ငံဘယ်မြို့မှာဖြစ်ခဲ့တာပါဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြောမထားကြပါဘူးဇာတ်လမ်းအညွှန်းRISE ဆိုတဲ့ကျောင်းတော်ကနေ ၁၂ နှစ်အရွယ် ရှက်တီဆယ်လ်ဂွန်ကာဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ရုတ်တရက်ပျောက်သွားပါတယ် အစကတော့ သာမန်ပဲကျောင်းသားတစ်ယောက် ကျောင်းလစ်ပြီးလျှောက်သွားတယ်ထင်ကြတာပေါ့ အချိန်ကြာလေ ဘယ်သူ့ဆီကမှဘာသတင်းအစအနမှမရလေတော့ ကိစ္စတွေကရိုးရှင်းမနေတော့ပါဘူးဒီလိုနဲ့ မိဘတွေသူငယ်ချင်းတွေအဆင့်ဆင့်လိုက်မေး ခုတွေ့တယ်ပြောလိုက် တော်ကြာနေမတွေ့မိပါဘူးပြောလိုက်နဲ့ တစ်ယောက်တစ်မျိုးထင်ရာတွေပြောကြပေါ့ ဒါကိုပဲလိုက်အဖြေရှာဖော်ထုတ်ကြမှာဖြစ်ပါတယ်ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဒီကျောင်းတော်ကအလွှာအသီးသီးက ဖုံးဖိလိမ်ညာထားတာတွေရှိနေပါတယ် ပျောက်သွားတာရိုးမှရိုးရဲ့လား ဘယ်သူတွေက ဘာအကြောင်းရင်းတွေနဲ့ နောက်ကွယ်မှာရှိနေသလဲ.. "လိမ်ညာလိုက်တာမှန်ပေမဲ့ ကောင်းစေချင်တဲ့ရည်ရွယ်ချက်ရှိရင် အဖြူရောင်မုသားတဲ့.. ထိခိုက်သွားစေတဲ့စိတ်နဲ့ လိမ်လိုက်ရင် အနက်ရောင်မုသားလား.... ကောင်းစေချင်တဲ့စိတ်နဲ့လိမ်လိုက်ပေမဲ့ တစ်ဖက်မှာထိခိုက်သွားတာလည်းရှိတဲ့ အဆိုးအကောင်းရောနေတာက မီးခိုးရောင်မုသားလား...."မုသားကျောင်းတော်ကြည့်ပြီး မုသားတွေကို အဓိပ္ပာယ်ဖော်ကြည့်ပါဦးFile Size : 700MB / 400MBQuality : 1080p WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Drama , Mystery ...
7
TMDb:
7/10
1 votes
tv
School of Lies(2023)
2023
8
Criminal Justice (2019) Complete
တောင်းဆိုမှုတွေအရမ်းများတဲ့ Criminal Justice Season 1 ကို တင်ဆက်ပေးလိုက်ပါပြီနော် ဆက်ပြီးတော့လည်း Season 2 ကို တင်ဆက်ပေးမှာမို့လို့ စောင့်မျှော်အားပေးကြပါဦးနော်အဒီဟာ အပိုဝင်ငွေရအောင် ညဘက်တွေ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ပါတယ်ဒါပေမယ့် ဂြိုလ်မွှေချင်တော့ တစ်ညမှာ ကောင်မလေးတစ်ယောက် သူ့တက္ကစီကို ငှားစီးရာကနေ ကံမကောင်းခြင်းနိဒါန်းတွေ အစပြုပါတော့တယ်အဲဒီကောင်မလေးကို သူလိုက်ပို့ရင်းနဲ့ ကောင်မလေးက သူ့အိမ်ထဲ ခေါ်ပြီး အရက်နဲ့ မူးယစ်ဆေးအတူချဖို့ မြူဆွယ်ပါတော့တယ်အဲဒီလိုနဲ့ သူလည်း ပါသွားပြီး နှစ်ယောက်သား ဟိုဒင်းတွေဖြစ်ကြကာ မူးမူးနဲ့ အိပ်ပျော်သွားကြပါတော့တယ်မနက်.. သူနိုးလာတော့ သူ့ဘေးနားမှာ အဲဒီကောင်မလေးက ဓားဒဏ်ရာတွေနဲ့ သေနေတာကို သွားတွေ့ပါတော့တယ်အဲဒါနဲ့ သူလည်း တစ်ခါတည်း အချုပ်ကို တန်းခနဲကျသွားပြီး သူ့ကိုကူညီပေးမှာကတော့ ရှေ့နေ မီရှရာပဲ ဖြစ်ပါတယ်ကောင်မလေးက ဘာကြောင့်သေနေတာလဲ ကောင်မလေးနဲ့အတူရှိနေတာကလည်း သူပဲရှိတာလေ သက်သေတွေကလည်း သူ့ကိုပဲ ဦးတည်နေတာ အဲဒီတော့ ဘယ်လိုဖြစ်တာလဲပေါ့ဒါကို အဖြေရှာပေးမှာကတော့ ရှေ့နေကြီးမီရှရာဖြစ်ပြီး CM ပရိသတ်တွေလည်း သူနဲ့အတူ အဖြေရှာကြည့်လိုက်ကြရအောင်နော်File Size – 500MB / 250MBQuality – 1080p WEB DL / ...
8
TMDb:
8/10
23 votes
tv
Criminal Justice (2019) Complete
2019
8
The Broken News (2022)
The Broken News (2022)==================== အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေတဲ့ ဂျာနယ်လစ်လောက၊မီဒီယာလောကအကြောင်းရိုက်ကူးထားတဲ့ IMDb 7.6/10 ရ အိန္ဒိယစီးရီးကောင်းလေးပဲဖြစ်ပါတယ်။မွန်ဘိုင်းမြို့က “Awaaz Bharati” နဲ့ “Josh 24/7” အမည်ရ အပြိုင်သတင်းချန်နယ်နှစ်ခု ..ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်တွေ လိုက်နာရမယ့်ထုံးတမ်းတွေကိုလေးစားတဲ့သတင်းချန်နယ် နဲ့ ကိုယ့်သတင်းကြည့်ရှုနှုန်းများများရရင်ပြီးရော နစ်နာသူကိုလည်းမငဲ့ညာကြည့်ရှုသူကိုလည်းမလေးစားဘဲ လိုချင်တဲ့သတင်းကိုအကြပ်ကိုင်ဖန်တီးယူပြီး“အိန္ဒိယရဲ့ နံပါတ်တစ် သတင်းချန်နယ်” ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲ မက်မောတဲ့ သတင်းချန်နယ် ..။ သတင်းချန်နယ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမှုအခင်းအားလုံးနဲ့ဆက်နွယ်နေတဲ့ အရာတစ်ခုပါ။ ဒါတွေအားလုံးထဲမှာမှအမှန်တရားတွေလည်းရှိမယ် အလိမ်အညာတွေလည်းရှိမယ်ဖုံးကွယ်ထားတာတွေလည်းရှိလည်းရှိမယ်။ “The Broken News” မှာလည်း၂၀၁၇ခုနှစ်ရဲ့ လူ ၁၄ယောက်သေဆုံးခဲ့တဲ့ City Glitz Mall မီးလောင်မှုကမတော်တဆမှုလား ရှို့မီးလားဆိုတာ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့သတင်းတစ်ခုဖြစ်နေပါတယ်။ အဖြေမထုတ်နိုင်သေးသလိုလက်လည်းမလျှော့နိုင်တဲ့သူကတော့ “Awaaz Bharati”သတင်းချန်နယ်က ဂျာနယ်လစ် Radhika ပါ။ အဲဒီမီးလောင်မှုထဲမှာအခန်းဖော်ဖြစ်တဲ့ ဂျာနယ်လစ် Julia လည်းပါသွားခဲ့ပြီး Radhika ကတော့အခန်းဖော်ဖြစ်တဲ့ Julia ရဲ့ပစ္စည်းတွေကတဆင့် ...
8
TMDb:
8/10
1 votes
tv
The Broken News (2022)
2022
8
Rudra: The Edge Of Darkness (2022) Complete
Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb:
8/10
1 votes
tv
Rudra: The Edge Of Darkness (2022) Complete
2022