Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
BBC
6.9
Industry (2020)
၂၀၂၀ ကစတင်ပြသခဲ့တဲ့ဗြိတိန် Industry စီးရီးကတော့ Seasonသုံးခုမြောက်အထိပြသနေဆဲဖြစ်ပြီး rating ကောင်းတွေလည်းရရှိထားပါတယ်။လန်ဒန်က နာမည်ကျော်ရင်းနှီးမြှုပ်နှံမှုဘဏ် Pierpoint & Co မှာအမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံရဖို့ ငယ်ရွယ်တဲ့ဘွဲ့ရ အလုပ်သင်လေးတွေအပြိုင်အဆိုင် ကြိုးစားကြရပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ခရမ်းချဉ်သီးပုပ်မှာ Industry ရဲ့ Season 1 က ပျမ်းမျှ rating 7.7/10 ၊Season 2 က 8.1/10 နဲ့ Season 3 က 8.9/10 အထိရရှိထားပါတယ်။အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ဟာပါစတန်း၊ ဟာရီဒါး၊ သြဂတ်စတပ်ဂတ်စ်ဆတ်ကီ၊ ရောဘတ်စပီးယားရင်းနဲ့ ယာစမင်ကယ်ရာဟန်နာနီတို့ကတော့ Pierpoint & Co ရဲ့ဘွဲ့ရပြီးခါစအလုပ်သင်လေးတွေပါ။နယူးယောက်ကနေရောက်လာတဲ့ဟာပါစတန်းက သူတက်ခဲ့တဲ့တက္ကသိုလ်ကိုလိမ်ထားပေမယ့် ဘဝရဲ့အောင်မြင်မှုကိုပိုင်ဆိုင်ချင်စိတ်ပြင်းသူပါ။ ဟာရီဒါးက ဟိန္ဒူစကားပြောရွှေ့ပြောင်းနေထိုင်သူမိဘတွေရဲ့သားတစ်ယောက်ဖြစ်ပြီး သြဂတ်စတပ်ဂတ်စ်ဆတ်ကီကတော့ နာမည်ကြီးတက္ကသိုလ်တွေကဘွဲ့ရလာတဲ့ဂေးလူမည်းတစ်ယောက်ပါ။ ရောဘတ်စပီးယားရင်းက ပျော်ပျော်နေတတ်တဲ့လူဖြူOxford ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ယာစမင်ကယ်ရာဟန်နာနီက အဆက်အသွယ်ကောင်းတဲ့လက်ဘနွန်မိဘတွေရဲ့ကလေးဖြစ်သလို အခွင့်ထူးခံတစ်ယောက်လည်းဖြစ်ပါတယ်။ဒီအလုပ်သင်လေးတွေရဲ့ဘဏ်လုပ်ငန်းခွင်မှာကြုံတွေ့ရမယ့်ရှုပ်ထွေးမှု၊အခက်အခဲတွေ၊ တစ်ဦးကိုတစ်ဦးအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File Size – ...
6.9
TMDb:
6.9/10
162 votes
tv
Industry (2020)
2020
8.2
The Blue Planet (2001)
The Blue Planet (2001)ကမ္ဘာ့မျက်နှာပြင် ၇၁ ရာခိုင်နှုန်းဟာ ရေထုတွေဖြစ်ပြီးကမ္ဘာပေါ်မှာ ရှိသမျှ ရေအားလုံးရဲ့ ၉၆ ဒဿမ ၅ ရာခိုင်နှုန်းကတော့ပင်လယ်ရေပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ၆၀ ရာခိုင်နှုန်းလောက်က ရေတွေဖြစ်ပြီး ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါသေးတယ်၊ ဒီလို လူ့ခန္ဓာကိုယ်အတွက် ရေဟာ အရေးကြီးသလို ကမ္ဘာကြီးအတွက်လည်း ရေဟာ အရေးကြီးတဲ့ ဒြပ်စင်တစ်ခုပါပဲ။ ဒီလိုအရေးကြီးတဲ့အရာကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းကမ်းတကျ အသုံးပြုတတ်ဖို့က ကျွန်တော်တို့တွေရဲ့ တာဝန်တစ်ခုပါပဲ။ ဒီ documentary series မှာတော့ ပင်လယ်သမုဒ္ဒရာအတွင်းမှာ နေထိုင်ကျက်စားကြတဲ့ အဏ္ဏဝါသတ္တဝါတွေအကြောင်းကို ကျယ်ပြန့်စွာ ရိုက်ကူးထားပါတယ်။ ကဲ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သတ္တဝါပေါင်းများစွာက ဘယ်လိုပုံစံမျိုးနဲ့ ကျင်လည်ကျက်စားနေကြမလဲ၊ သူတို့ရဲ့ အစာစက်ကွင်းတွေ ထူးခြားချက်တွေကို ကျွန်တော််တို့ အတူတူကြည့်ရှုခံစားရင်း အဏ္ဏဝါလောကထဲ အလည်သွားကြရအောင်ပါ... (Website လေးတစ်ခု လမ်းညွှန်ချင်ပါတယ်) အဏ္ဏဝါလောကနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူများ လေ့လာချင်သူများအတွက် သမုဒ္ဒရာရေအနက်အလိုက် နေထိုင်တတ်တဲ့ သတ္တဝါတွေကို ကြည့်လို့ရမယ့် website လေးတစ်ခုလည်း ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ် Website Link - Click Here File size… 800 mb Quality… Blu-Ray 1080p Format… ...
8.2
TMDb:
8.2/10
297 votes
tv
The Blue Planet (2001)
2001
7.4
Great Expectations (2023)
Great Expectations (2023) Completed Mini-Series ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ " မျှော်တလင့်လင့် " ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ မိဘတွေသေသွားပြီး ...
7.4
TMDb:
7.4/10
5 votes
tv
Great Expectations (2023)
2023
8
His Dark Materials (2022)( Season 1+2+3 )
His Dark Materials ဆိုတဲ့ series ကတော့ ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ၀က်ဝံနှစ်ကောင်ဖိုက်ကြတဲ့ the golden compass ဆိုတဲ့ကားရဲ့ extended series ပေါ့ ဒီဇာတ်လမ်းအခြေတည်ထားတဲ့ Universe ကိုကအဆန်း လူတွေက ရုပ်နဲ့ နာမ် ပေါင်းစည်းနေရမဲ့အစား သူတို့ နာမ် တနည်းအားဖြင့် soul က တိရစ္ဆာန်တွေအဖြစ်တည်ရှိနေတယ် လူတိုင်းမှာ soul creature တစ်ကောင်စီရှိကြတယ် အဲ့ soul creature ကို daemon လို့ခေါ်တယ် daemon တွေဟာ သူ့ခန္တာပိုင်ရှင် စိတ်နေသဘောထားအတိုင်း form အမျိုးမျိုးလိုက်ပြောင်းကြတယ် ခန္တာပိုင်ရှင် အရွယ်ရောက်သွားမှ သူတို့နောက်ဆုံး form မှာပဲအနည်ထိုင်သွားကြတယ် ဇာတ်လမ်းအစမှာကတည်းက လိုင်ရာဆိုတဲ့ကောင်မလေးနဲ့ သူ့ daemon ကိုတွေ့ရမှာပါ series ဖြစ်တဲ့အတွက် plot ပိုင်းတော့သိပ်မပြောတော့ဘူး extraordinary ဖြစ်တဲ့ story ကိုမှကြည့်ချင်သူတွေအတွက်တော့ရှယ်ပဲ တစ်ကားလုံးအဆန်းတွေကြီး harry potter တို့လိုမဟုတ်ပဲ other universe တစ်ခုကိုရောက်သွားတဲ့ feel မျိုးရစေမှာပါ rating ကလဲ IMDb မှာ 8.7 rotten tomatoes မှာ 83% လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ကြည့်သင့်တဲ့ series ...
8
TMDb:
8/10
1219 votes
tv
His Dark Materials (2022)( Season 1+2+3 )
2019
7.9
Dracula (2020)
#Unicodeဒီစီးရီးက ၃ ပိုင်းပဲ ရှိပါတယ်။ ထွက်တာ ရက်ပိုင်းကြာနေပေမယ့် အလုပ်ရှုပ်နေတာရော ညဘက်တွေ ဘာသာပြန်ရတာ ကြောက်တာရောနဲ့ ကြာသွားလို့ပါ။ သည်းထိပ်ရင်ဖိုနဲ့ သဘာဝလွန် ရုပ်ရှင်တွေရဲ့ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ထရန်ဆဗေးနီးယား နဲ့ နယ်စားကြီး ဒရက်ကူလာဆိုတာ ခေတ်အဆက်ဆက် မရိုးနိုင်အောင် ကြားရတဲ့ အိပ်မက်ဆိုး ပုံပြင်တစ်ခုပါပဲ။ နာမည်ကျော် ဂန္ဓာဝင် ဝတ္ထု နဲ့ ရုပ်ရှင်တွေလည်း ရှိခဲ့ပါတယ်။ ဒီစီးရီးကိုလည်း ပရိသတ်တွေ တသသဖြစ်ကျန်ခဲ့ပါ့ဦးမယ်။ ဒီဇာတ်လမ်းမှာတော့ နှစ်ရာပေါင်းများစွာ အသက်ရှင်ပြီး လူတွေရဲ့ သွေးကိုသောက်သုံးနေခဲ့တဲ့ ဒရက်ကူလာဟာ ထရန်ဆဗေးနီးယားကနေ အင်္ဂလန်ကို ပြောင်းရွှေ့ပြီး သားကောင်တွေ ထပ်ရှာဖို့ စီစဉ်ပါတော့မယ်။ ဒါပေမယ့် သူ့အကြောင်းကို လေ့လာထားပြီး ရဲရင့်တဲ့ သီလရှင် အက်ဂသာဟာ သူ့ကိုတားဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ …… ဇာတ်လမ်းလေးမှာသာ ဆက်လက်ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
7.9
TMDb:
7.9/10
30 votes
tv
Dracula (2020)
2020