Channel Myanmar

Bad Wolf

Industry (2020) 6.9
Industry (2020)  ၂၀၂၀ ကစတင်ပြသခဲ့တဲ့ဗြိတိန် Industry စီးရီးကတော့ Seasonသုံးခုမြောက်အထိပြသနေဆဲဖြစ်ပြီး rating ကောင်းတွေလည်းရရှိထားပါတယ်။လန်ဒန်က နာမည်ကျော်ရင်းနှီးမြှုပ်နှံမှုဘဏ် Pierpoint & Co မှာအမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံရဖို့ ငယ်ရွယ်တဲ့ဘွဲ့ရ အလုပ်သင်လေးတွေအပြိုင်အဆိုင် ကြိုးစားကြရပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ခရမ်းချဉ်သီးပုပ်မှာ Industry ရဲ့ Season 1 က ပျမ်းမျှ rating 7.7/10 ၊Season 2 က 8.1/10 နဲ့ Season 3 က 8.9/10 အထိရရှိထားပါတယ်။အဓိကဇာတ်​ကောင်တွေဖြစ်တဲ့ ဟာပါစတန်း၊ ဟာရီဒါး၊ သြဂတ်စတပ်ဂတ်စ်ဆတ်ကီ၊ ရောဘတ်စပီးယားရင်းနဲ့ ယာစမင်ကယ်ရာဟန်နာနီတို့ကတော့ Pierpoint & Co ရဲ့ဘွဲ့ရပြီးခါစအလုပ်သင်လေးတွေပါ။နယူးယောက်ကနေရောက်လာတဲ့ဟာပါစတန်းက သူတက်ခဲ့တဲ့တက္ကသိုလ်ကိုလိမ်ထားပေမယ့် ဘဝရဲ့အောင်မြင်မှုကိုပိုင်ဆိုင်ချင်စိတ်ပြင်းသူပါ။ ဟာရီဒါးက ဟိန္ဒူစကားပြောရွှေ့ပြောင်းနေထိုင်သူမိဘတွေရဲ့သားတစ်ယောက်ဖြစ်ပြီး သြဂတ်စတပ်ဂတ်စ်ဆတ်ကီကတော့ နာမည်ကြီးတက္ကသိုလ်တွေကဘွဲ့ရလာတဲ့ဂေးလူမည်းတစ်ယောက်ပါ။ ရောဘတ်စပီးယားရင်းက ပျော်ပျော်နေတတ်တဲ့လူဖြူOxford ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ယာစမင်ကယ်ရာဟန်နာနီက အဆက်အသွယ်ကောင်းတဲ့လက်ဘနွန်မိဘတွေရဲ့ကလေးဖြစ်သလို အခွင့်ထူးခံတစ်ယောက်လည်းဖြစ်ပါတယ်။ဒီအလုပ်သင်လေးတွေရဲ့ဘဏ်လုပ်ငန်းခွင်မှာကြုံတွေ့ရမယ့်ရှုပ်ထွေးမှု၊အခက်အခဲတွေ၊ တစ်ဦးကိုတစ်ဦးအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။  File Size – ...
6.9
TMDb: 6.9/10 162 votes
tv

Industry (2020)

2020
Doctor Who (2024) 6.4
Doctor Who (2024) Sci-ficလာကမှာ ဂုရုစီးရီးကြီးဖြစ်တဲ့ Doctor Who... 1960 ကျော်ကာလထဲက ထွက်ရှိခဲ့တာဖြစ်ပြီး အပိုင်းအများဆုံး scifi serie အဖြစ်လည်းဂင်းနစ်စံချိန်တင်ထားပါတယ် ... BBC ရဲ့ ရှေ့ဆောင်လမ်းပြစီးရီးကြီးဖြစ်ခဲ့ပါတယ်..အရှေ့မှာ Doctor Who အတွဲ 14 တွဲအထိထွက်ရှိခဲ့ပြီး အခုက ဇာတ်လမ်းကျောရိုးမပြောင်းလဲဘဲ သရုပ်ဆောင်အသစ်တွေနဲ့ မိတ်ဆက်လာတဲ့အတွက် အရင်စီစဉ်တွေမကြည့်ထားလည်းဒီစီးရီးနဲ့ Doctor Who universe ကိုကောင်းကောင်းနားလည်သွားပါလိမ့်မယ်... ဇာတ်လမ်းအကျဉ်းက ဒေါက်တာဟူးဆိုတာအချိန်ခရီးသွား ဂ်ြုလ်သားတစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ စက်ယန္တရားနဲ့ စကြ၀ဠာရဲ့ကြိုက်တဲ့နေရာနဲ့အချိန်ကို ခရီးသွားနိုင်ပြီး အသက်လည်း နှစ်ထောင်ချီနေတဲ့ immortal တစ်ယောက်ပါ သူသေသွားလည်း နောက်ထပ်ပုံစံ ခန္တာအသစ်နဲ့ ပြန်၀င်စားနိုင်တဲ့အတွက် အတော်လေးကြမ်းပါတယ် အခုစီးရီးမှာမြင်တွေ့ရမယ့် ဒေါက်တာဟာလည်း 15 ယောက်မြောက် ဒေါက်တာဖြစ်ပါတယ် ...တစ်ပိုင်းနဲ့တစ်ပိုင်း ဖြေရှင်းစရာ ပြဿနာတစ်ခုစီနဲ့သွားတဲ့အတွက်ကြည့်ရတာ အထနှေးပြီးပျင်းတာမျိုးမဖြစ်ရပါဘူး .. သဘာ၀လွန်ဖြစ်ရပ်တွေ ၊.ဂြိုလိသားတွေ ၊.ကမ္ဘာပျက်ကိန်းတွေကနေ လူသားတွေကို ကယ်တင်မယ့် ...
6.4
TMDb: 6.4/10 68 votes
tv

Doctor Who (2024)

2024
Red Eye (2024) 7.8
Red Eye (2024)  ဒီစီးရီးလေးကတော့ ၂၀၂၄ မှာ ပူပူနွေးနွေးထွက်ရှိလာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်ကလက်သည်ကို စိတ်ဝင်စားစွာ အဖြေရှာရမယ့် ဗြိတိန် Thriller စီးရီးလေးဖြစ်ပါတယ်။ဒေါက်တာမက်သရူးနိုလန်ဟာ အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ သူဟာ အလုပ်ခရီးပြီးလို့ တရုတ်နိုင်ငံ ပေကျင်းမြို့ကနေ လန်ဒန်ကို ပြန်လာတဲ့အခါမှာ ပေကျင်းမြို့က ကောင်မလေးတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဆိုင်းမဆင့်ဗုံမဆင့် လေဆိပ်မှာတင် ဖမ်းခံလိုက်ရပြီး ဗြိတိန်အစိုးရက သူ့ကို လူသတ်တရားခံအနေနဲ့ တရားရင်ဆိုင်ခိုင်းဖို့ တရုတ်အစိုးရလက်ထဲကို အပ်လိုက်တဲ့အတွက် တရုတ်ကို သွားမယ့်လေယာဉ်ပေါ်မှာ သူ့ကိုစောင့်ကြည့်ဖို့ တာဝန်ကျတဲ့ စုံထောက်ဖြစ်သူ ဟန်နာနဲ့အတူ ပြန်ပါလာခဲ့ပါတယ်။ဒီလိုနဲ့ လန်ဒန်ကနေ ပေကျင်းကို သွားမယ့် လေယာဉ်ပေါ်မှာ ဒေါက်တာမက်သရူးကို လုပ်ကြံနှုတ်ပိတ်ဖို ကြိုးစားလာတဲ့အခါမှာ နောက်ကွယ်မှာ တကယ့်လက်သည်က တခြားလူဖြစ်နေမလား၊ ဘာလို့ သာမန်ဒေါက်တာ မက်သရူးက ဒီလိုရှုပ်ထွေးတဲ့ကိစ္စမှာ ဘယ်လိုကြားညှပ်ပါလာတာလဲ၊ ဒီလူသတ်မှုအပြင် ပိုကြီးမားတဲ့ကိစ္စများရှိနေမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြေရှာရမယ့် စီရီးကောင်းလေးဖြစ်ပါတယ်။ File size…(772 MB)/(372 ...
7.8
TMDb: 7.8/10 8 votes
tv

Red Eye (2024)

2024
The Winter King (2023) 5.0
The Winter King (2023) The Winter King (2023) ==================Bernard Cornwellရဲ့ The Warlord Chronicles ကို အခြေခံရိုက် ကူးထားတဲ့ Historical Fiction, Fantasy Drama ဖြစ်ပြီး အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မာလင်၊ အာသာ၊ မောဒရက်၊ အူသာ ပန်ဒရာဂွန် တို့ကို မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းဇာတ်ကြောင်းကတော့ Arthurian legend ကို ဇာတ်ကြောင်းပြန်ပြောထားတာဖြစ်ပြီး ဗြိတိသျှအမှောင်ခေတ် ကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။စစ်နယ်ရှင် အာသာပန်ဒရာဂွန် နယ်နှင်ခံလိုက်ရချိန်နောက်ပိုင်း အရိုက် အရာဆက်ခံသူ ကင်းမဲ့နေတဲ့ တိုင်းပြည်ကြီးကို ဖခင်ဖြစ်သူ အူသာဟာ ထီးနန်းကို နမော်နမဲ့ အုပ်ချုပ်နေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ဒေသ တွေမှာလည်း ရန်သူ့တပ်တွေက အခွင့်ရရင်ရသလို ဝင်စီးနေချိန်လည်း ဖြစ်တယ်။အချိန်တစ်ခုရောက်တော့ နန်းအရာ ဆက်ခံမယ့် မြေးဖြစ်သူ မော်ဒရက် မွေးဖွားလာတယ်။ ဒါပေမဲ့ မာလင့်ရဲ့ နိမိတ်အရ ဒီကလေးက တိုင်းပြည်ကို ဇောက်နက်ထဲထိ ဆွဲချမယ့် လူသား။ အာသာတစ်ဦးတည်းကသာ တိုင်းပြည် ကို ကယ်တင်နိုင်မယ့်သူဖြစ်လို့ မာလင်တစ်ယောက် ပန်ဒရာဂွန်သွေးစစ်သူကို ရှာဖွေရင်းနဲ့ ဒီဇာတ်လမ်း ...
5.0
TMDb: 5.0/10 1768 votes
tv

The Winter King (2023)

2023
His Dark Materials (2022)( Season 1+2+3 ) 8
His Dark Materials (2022)( Season 1+2+3 )   His Dark Materials ဆိုတဲ့ series ကတော့ ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ၀က်ဝံနှစ်ကောင်ဖိုက်ကြတဲ့ the golden compass ဆိုတဲ့ကားရဲ့ extended series ပေါ့ ဒီဇာတ်လမ်းအခြေတည်ထားတဲ့ Universe ကိုကအဆန်း လူတွေက ရုပ်နဲ့ နာမ် ပေါင်းစည်းနေရမဲ့အစား သူတို့ နာမ် တနည်းအားဖြင့် soul က တိရစ္ဆာန်တွေအဖြစ်တည်ရှိနေတယ် လူတိုင်းမှာ soul creature တစ်​ကောင်စီရှိကြတယ် အဲ့ soul creature ကို daemon လို့ခေါ်တယ် daemon တွေဟာ သူ့ခန္တာပိုင်ရှင် စိတ်နေသဘောထားအတိုင်း form အမျိုးမျိုးလိုက်ပြောင်းကြတယ် ခန္တာပိုင်ရှင် အရွယ်ရောက်သွားမှ သူတို့နောက်ဆုံး form မှာပဲအနည်ထိုင်သွားကြတယ် ဇာတ်လမ်းအစမှာကတည်းက လိုင်ရာဆိုတဲ့ကောင်မလေးနဲ့ သူ့ daemon ကိုတွေ့ရမှာပါ series ဖြစ်တဲ့အတွက် plot ပိုင်းတော့သိပ်မပြောတော့ဘူး extraordinary ဖြစ်တဲ့ story ကိုမှကြည့်ချင်သူတွေအတွက်တော့ရှယ်ပဲ တစ်ကားလုံးအဆန်းတွေကြီး harry potter တို့လိုမဟုတ်ပဲ other universe တစ်ခုကိုရောက်သွားတဲ့ feel မျိုးရစေမှာပါ rating ကလဲ IMDb မှာ 8.7 rotten tomatoes မှာ 83% လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ကြည့်သင့်တဲ့ series ...
8
TMDb: 8/10 1219 votes
tv

His Dark Materials (2022)( Season 1+2+3 )

2019
A Discovery of Witches – Season 03 8.0
A Discovery of Witches – Season 03 A Discovery of Witches - Season 03===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%******** Spoiler Alert ***********S1, S2 မကြည့်ရသေးသူတွေအတွက်တော့ စပွိုင်လာလေးတွေ ပါနိုင်ပါတယ်နော် S2 တုန်းက ၁၆ရာစုကို အချိန်ခရီးသွားခဲ့ကြတဲ့ မက်သရူးနဲ့ ဒိုင်ယာနာတို့နှစ်ယောက် ဒီစီစန်မှာတော့ အခုလက်ရှိကာလကို ပြန်လည်ရောက်ရှိလာပါပြီ။ သူတို့ရောက်ရောက်ချင်းမှာပဲ ဆီးကြိုလိုက်တဲ့သတင်းကတော့ စိတ်မကောင်းစရာပါ ဒိုင်ယာနာ့ရဲ့ အမေလိုချစ်ခင်ရတဲ့ အမ်မလီတစ်‌ယောက် ပီတာနော့စ်သတ်တာ ခံလိုက်ရတာပါ ပြီးတော့ မက်သရူးရဲ့အစ်ကိုဖြစ်သူ ဘောလ်ဒွင်းကလည်း ဆပ်တောစ်မှာ စုန်း၊ နတ်ဆိုး၊ လူ၊ ဗန်ပိုင်းယားအစုံ ဘော်‌ဒါဆောင်လို စုနေနေကြတာကို သဘောမတွေ့ဘဲ ဒီကလာမွန့်မိသားစု မဟုတ်သူအားလုံးကို နှင်ထုတ်လိုက်ပါတယ်။ နောက်ပြီး သွေးဆာလောင်မှုရောဂါရှိနေတဲ့ ဗန်းပိုင်းယားတစ်ကောင် လူ‌တွေကိုလိုက်သတ်နေတယ်ဆိုတဲ့ သတင်းကလည်း လူတွေ ကြားမှာရော သတ္တဝါတွေကြားမှာပါ အတော်ကိုပျံ့နှံ့နေပြီဆိုတော့ ဒီပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ Season 3 မှာ ဆက်လက်ကြည့်ရှု ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို MTA ...
8.0
TMDb: 8.0/10 356 votes
tv

A Discovery of Witches – Season 03

2022
A Discovery of Witches – Season 02 8.0
A Discovery of Witches – Season 02 A Discovery of Witches - Season 02===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%အားလုံးမျှော်နေတဲ့Discovery of Witches ရဲ့ season(2)လာပါပြီ။ season(1)မှာ မျိုးစိတ်တွေ အားလုံးလိုချင်နေကြတဲ့စာအုပ်ကို ဆင့်ခေါ်နိုင်ပြီးရရှိသွားတဲ့ စုန်းမလေးဒိုင်ယာနာက ဗန်ပိုင်းယား မက်သရူးနဲ့ပါချစ်ကြိုက်မိသွားလို့ အန္တရာယ်ပတ်ချာလည်ဝိုင်းသွားပြီး အန္တရာယ်တွေကိုနှစ်ယောက် သားဖြတ်ကျော်နေရတာပါ။ season(2)မှာတော့ ဒိုင်ယာနာနဲ့မက်သရူးတို့ ရိုမီယိုနဲ့ဂျူးလီယက်လို နှစ်ယောက်သားချစ်ကြပါလျက်နဲ့ ပတ်ဝန်းကျင်ကြောင့်ကွဲကွာကြမလား၊ စာအုပ်ကိုပိုင်ဆိုင်ထားတဲ့ ဒိုင်ယာနာလေးကရော မျိုးစိတ်တွေရဲ့အန္တရာယ်ကနေလွတ်မြောက်နိုင်ပါ့မလားကတော့ အေးအေး ဆေးဆေးခံစားကြည့်ရှုကြပါဦးလို့။(ဒီစီးရီးရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) Quality – BLURAY 1080p 5.1CH Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Romance Translator ...
8.0
TMDb: 8.0/10 346 votes
tv

A Discovery of Witches – Season 02

2021
A Discovery of Witches – Season 01 8.0
A Discovery of Witches – Season 01 A Discovery of Witches - Season 01===========================IMDb Rating - 8.0/10 | Rotten Tamatoes 94%" တစ်ချိန်က ကမ္ဘာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ အခုတော့ ဒီနေရာကို လူတွေ မင်းမူသွားပြီ။ နတ်ဆိုး၊ သွေးစုပ်ဖုတ်ကောင်တွေနဲ့ စုန်းစတဲ့ သတ္တဝါတွေဟာ ပုန်းလျှိုးပျောက်ကွယ်သွားကြရတယ်။လူတွေ့မခံရဲကြတော့ဘူး။ အချင်း ချင်းတောင်မှ ရှက်ရွံ့လာကြရတယ်။ဒိုင်ယာနာ ဘစ်ရှော့ဟာလည်း လူတွေနဲ့ ရောယှက်နေထိုင်ရင်း သမိုင်းသုတေသီအဖြစ် ဘ၀ကိုကျောင်းနေသူ စုန်းတစ်ယောက်ပါ။ ကျန်သူတွေနဲ့ တစ်ခုကွဲပြားမှုဆိုရင် သူဟာ စုန်းဆိုတဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်ကိုယ်၌ကကို လက်မခံချင်သူဖြစ်သလို မှော်ပညာကို အားမကိုးသူမလို့ သူ့ရဲ့ အစွမ်းကိုလည်း ကောင်းစွာ မထိန်းချုပ်နိုင်သူပါ။ ဤကဲ့သို့သော ဒိုင်ယာနာဘစ်ရှော့လို လူမျိုးကိုမှ အမှောင်လောကထဲကို ပြန်ဆွဲသွင်းလိုက်တဲ့အရာကတော့ Bodleian စာကြည့်တိုက်က Ashmole 782 ဆိုတဲ့ စာအုပ်ပါပဲ။ စာအုပ်သူ့လက်ထဲရောက် ရောက်ချင်းမှာပဲ ငြိမ်သက်နေတဲ့ ရေပြင်ကို ခဲတစ်လုံးပစ်လိုက်သလို အမှောင်လောကဟာ ပြန်အသက်၀င်လာတယ်။ဒိုင်ယာနာ့ရဲ့ ပတ်၀န်းကျင်မှာ မူမမှန်တာတွေ ဖြစ်လာတယ်။ ...
8.0
TMDb: 8.0/10 41000 votes
tv

A Discovery of Witches – Season 01

2018