Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Applause Entertainment
36 Days (2024)
36Days 2024 (ရှုပ်ထွေးပွေလီ ဗီလာကြီး)လူကုံထံအသိုင်းအဝိုင်းတွေပဲနေထိုင်တဲ့ ဗီလာတစ်ခုမှာ တိုနီဟာ အိမ်တော်တော်များများကိုပိုင်ဆိုင်ပြီး ပြန်လည်အငှားချကာထားပါတယ်။တစ်ရက်တော့ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ဒီဗီလာကို ဖာရာဆိုတဲ့ လေယာဉ်မယ်လေး ပြောင်းရွှေ့နေထိုင်တဲ့အချိန်ကနေ စပြီးတော့ ဒီဗီလာအကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ဒီရှုပ်ထွေးမှုတွေကြားမှာ ဖာရာက ဘယ်လိုတွေ ပါဝင်ပတ်သက်နေတာလဲ ....... ပြီးတော့ အိမ်ရှာလို့မရသေးလိုဆိုတဲ့အကြောင်းပြချက်နဲ့ သူငယ်ချင်းအိမ်မှာ ခေတ္တလာရောက်တည်းခိုနေတဲ့ အခြောက်မလေး တာရာကရော ဒီရှုပ်ထွေးတဲ့ဇာတ်လမ်းထဲမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေဦးမလဲ....... ဗီလာမှာရှိတဲ့သူတွေကြားက ပြဿနာအရှုပ်တွေရော ပြန်လည်အဆင်ပြေသွားပြီး အရင်လိုပဲ အေးအေးချမ်းချမ်းနေရပါ့မလား ......ဒီဗီလာမှာရှိတဲ့သူတွေရဲ့ အချစ်, အမုန်း, ငွေကြေးအားပြိုင်မှုတွေ, အလိမ်အညာလှည့်ကွက်တွေနဲ့အတူ ဘယ်လိုလျှိ့ဝှက်ချက်များစွာတွေ ရှိနေမလဲဆိုတာကို ကြည့်ရှုရမယ့် အပိုင်း၈ပိုင်းပါဝင်တဲ့ ဟင်ဒီ Thriller ဝဘ်စီးရီးလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ YunnI~BpL~ToMo~KKKZ တို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Mystery, CrimeTranslator – YunnI~BpL~ToMo~KKKZEncoder – YK Episode ...
36 Days (2024)
2024
8
Scam 2003: The Telgi Story (2023)
Scam 2003 (IMDb 8.1/10)အလိမ်အညာဘုရင် လူတကာမျက်ခုံးမွှေး စင်္ကြံလျှောက်တဲ့ လီယိုနာဒိုရဲ့ အက်ဘီးနေးလ်ဂျူနီယာဇာတ်လမ်း catch me if you can ကို မှတ်မိကြလားမသိဘူး ခုဇာတ်လမ်းလေးကလဲ အဲဒီလိုဖြစ်ရပ်မှန်အခြေခံ လူလိမ်ဇာတ်လမ်းကို စီးရီးနဲ့ အဝကြည့်ရမှာပါအမေရိကန်များ ခဏနေပါ အိန္ဒိယမှာလည်း အဲ့လိုတစ်နိုင်ငံလုံးဂျင်းထည့်ပြီးတော့ လိမ်စားခဲ့တဲ့ ဖိုးတွမ်တီးဘုရင်တွေရှိပါတယ် ဘဝမှာအမြင့်ဆုံးကိုခုန်တက်ချင်ရင် စွန့်စားရတယ်တဲ့ ပိုက်ဆံဆိုတာ ရှာမယူရဘူး လုပ်ယူရတဲ့အရာပါတဲ့ဒါ ဒီထဲက အဓိကဇာတ်ဆောင် ဆရာကြီး အဘ်ဒူလ်တယ်ဂီက ပြောတာပါ သူက ၂၀၀၃ ခုနှစ်မှာ တံဆိပ်ခေါင်းတွေ အတုလုပ် ပတ်စ်ပို့တွေပါအတုလုပ်ပြီး နေရာအသီးသီး လူအသီးသီး ရာထူးအဆင့်ဆင့်ကို ဂျင်းပေါင်းစုံကျွေးပြီး တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာငွေကို ဖြတ်စားလတ်စား ကတုံးပေါ်ထိပ်ကွက်ခဲ့တာပါ သူက ခါနာပူရ်က ရထားတွဲလေးပေါ်မှာ စီးပွားရေးဘွဲ့ကြီးယူ သစ်သီးရောင်းစားရာကနေ ကိုယ့်ဘဝကြီးကို မခံချင်စိတ်အပြည့်နဲ့ စီးပွားရေးပညာကို လက်တွေ့အသုံးချလိုက်တာ ဝန်ကြီးပါမကျန် အောက်က ပြာတာအဆုံး အကုန်လုံးပါ သူ့တော်ကီနဲ့အချုပ်ခံ ရူပီးကို ကုဋေနဲ့ချီပြီးကို နိုင်ငံ့ဘဏ္ဍာကနေ ထိုင်ဘုန်းပါတော့တယ်အဲ့လို ဆရာသမားရဲ့ ဉာဏ်သွားပုံကို ပရိသတ်အားလုံး လိမ်စားမယ်ဆိုရင်လဲ ပညာလေးယူ ဖိုးတွမ်တီးမလုပ်ချင်ရင်လဲ ကိုယ်ဂျင်းအထည့်မခံရအောင် ...
8
TMDb:
8/10
1 votes
tv
Scam 2003: The Telgi Story (2023)
2023
6.5
Your Honor (2020) Season 2
Your Honor (2021) (Season 2) IMDb 7.2/10 ThrillerSeason 1မှာ ဖြောင့်မတ်မှန်ကန်လွန်းတဲ့ တရားသူကြီး 'ဘစ်ရှင်ဂိုဆလာ'တစ်ယောက် သားဖြစ်သူ 'အက်ဘီ'ရဲ့ပြဿနာကို ဖြေရှင်းရင်းဇနီးဖြစ်သူရဲ့သေဆုံးမှုက ဒီလောက်မရိုးရှင်းဘူးဆိုတာ သိသွားခဲ့ပါတယ်။ ဇနီးဖြစ်သူဟာ 'ဆတ်ဒ်နမ်မူခီ' အဓမ္မပြုကျင့်တာကို ခံခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်ပါတယ်။'ဆတ်ဒ်နမ်မူခီ'ရဲ့သေဆုံးမှုနောက်ကွယ်မှာလည်း 'ဘစ်ရှင်ဂိုဆလာ'ရှိနေပါတယ်။ ဒီသေဆုံးမှုအတွက် 'ဘစ်ရှင်ဂိုဆလာ'ဟာ ခြိမ်းခြောက်မှုတွေအများကြီးရင်ဆိုင်နေရပြီး တစ်ဖက်မှာလည်း ဖြောင့်မတ်တဲ့တရားသူကြီးဆိုတဲ့ဂုဏ်ကို ရထားတဲ့သူမလို့ အခက်တွေ့နေပါတယ်။ ဒီအမှုတွေကို ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ။ သားနဲ့ဇနီးဖြစ်သူရဲ့တရားမျှတမှုအတွက်ရော ဘာတွေဆက်လုပ်မလဲဆိုတာကို တစ်ပိုင်းချင်း စိတ်ဝင်စားစရာကြည့်ရှုကြရမှာဖြစ်ပါတယ်။Quality : 1080p SONY WEB DL / 720pTotal Episodes : 10EpsFormat : mp4Genres :Mystery, DramaDuration : 45minsSubtitle : Myanmar Subtitle ( Hardsub )Translated by CM Bollywood TeamEncoded by YK 720p Episode 1 - Yoteshin / Userdrive ...
6.5
TMDb:
6.5/10
2 votes
tv
Your Honor (2020) Season 2
2020
8
Your Honor (2020)Season1 Complete
Your Honor-------------------------- CM ပရိသတ်ကြီးဆီကို ရေလည်လန်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုအရောက်ပို့ပေးလိုက်ပါပြီအိန္ဒိယကားဖြစ်နေတာတောင် IMDB rating 8.3 ရထားတယ်ဆိုတော့ လုံးဝကျွတ်ဆင်ကြီးပါပဲဗျာဘာသာပြန်နေရင်း "ဟင်...ဟာ" ဖြစ်နေရတာက အရသာတစ်ခုပါဗျို့ကဲ...review လေးကို ရှေ့ဆက်လိုက်ရအောင်ဗျာတည်ကြည်ဖြောင့်မတ်လွန်းတဲ့ တရားသူကြီးတစ်ယောက်ရှိတယ် သူ့နာမည်က "ဘစ်ရှင်ဂိုဆလာ"သူဟာ တရားဥပဒေနဲ့ပတ်သက်လာရင် အလွန်တင်းကြပ်တဲ့လူ"တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ"ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတယ်ဒီလိုဂုဏ်သရေရှိတရားသူကြီးဆီမှာ"အက်ဘီ"ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်သားလေးက ပန်းနာရောဂါသည်လေးပြီးတာ့ မိတဆိုးလေးမို့ အဖေဖြစ်သူက အချစ်ပိုရတယ်သားဖြစ်သူအပေါ်မှာလည်း မျှော်လင့်ချက်အကြီးကြီးထားထားတယ်ဒီလိုနဲ့တစ်နေ့မှာတော့ သားဖြစ်သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် ဘစ်ရှင်တစ်ယောက်ခေါင်းမီးတောက်ရတော့တာပဲသားဖြစ်သူဟာ လူတစ်ယောက်ကို ကားနဲ့တိုက်ခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးလာခဲ့တယ်ဒီအထိ ဘစ်ရှင်တစ်ယောက် စိတ်မပူသေးဘူး သားလေးကငယ်သေးတော့ အပြစ်ပေါ့လျှော့နိုင်တယ်လို့တွေးတယ်ဒါပေမဲ့ အဓိကပြဿနာက အက်ဘီ ကားနဲ့တိုက်မိခဲ့တဲ့လူဟာ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ဂိုဏ်းသားဖြစ်နေတယ်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း အဖွဲ့ဝင်တစ်ယောက်ကိုထိရင် အဲ့ထိတဲ့လူကဘယ်သူဖြစ်နေပါစေ ရေဆုံးမြေဆုံးလိုက်သတ်တတ်ကြတယ်ဒါကိုလည်း တရားသူကြီးဖြစ်တဲ့ ဘစ်ရှင်ကသိတယ်အဲ့ဒီတော့ ဘစ်ရှင်တစ်ယောက် သူ့သားအသတ်မခံရဖို့အရေး နည်းလမ်းမျိုးစုံကြံဖန်ရပြီပေါ့ဆိုတော့ ဘစ်ရှင်တစ်ယောက်ဘာဆက်လုပ်မလဲ???ဖခင်မေတ္တာက တရားသူကြီးတစ်ယောက်ရဲ့ခံယူချက်တွေကို ရိုက်ချိုးပစ်နိုင်မှာလား??သူ့သားကရော ဘာကိစ္စနဲ့ သူများကိုသွားတိုက်ရတာလဲ??ပြီးတော့ သူဘယ်လိုတွေ အကွက်ရွေ့သွားမလဲဆိုတာကိုတစ်ပိုင်းပြီးတစ်ပိုင်း ရင်တထိတ်ထိတ်နဲ့ မထတမ်းကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Thet Hnin ...
8
TMDb:
8/10
1 votes
tv
Your Honor (2020)Season1 Complete
2020
8
Criminal Justice (2019) Complete
တောင်းဆိုမှုတွေအရမ်းများတဲ့ Criminal Justice Season 1 ကို တင်ဆက်ပေးလိုက်ပါပြီနော် ဆက်ပြီးတော့လည်း Season 2 ကို တင်ဆက်ပေးမှာမို့လို့ စောင့်မျှော်အားပေးကြပါဦးနော်အဒီဟာ အပိုဝင်ငွေရအောင် ညဘက်တွေ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ပါတယ်ဒါပေမယ့် ဂြိုလ်မွှေချင်တော့ တစ်ညမှာ ကောင်မလေးတစ်ယောက် သူ့တက္ကစီကို ငှားစီးရာကနေ ကံမကောင်းခြင်းနိဒါန်းတွေ အစပြုပါတော့တယ်အဲဒီကောင်မလေးကို သူလိုက်ပို့ရင်းနဲ့ ကောင်မလေးက သူ့အိမ်ထဲ ခေါ်ပြီး အရက်နဲ့ မူးယစ်ဆေးအတူချဖို့ မြူဆွယ်ပါတော့တယ်အဲဒီလိုနဲ့ သူလည်း ပါသွားပြီး နှစ်ယောက်သား ဟိုဒင်းတွေဖြစ်ကြကာ မူးမူးနဲ့ အိပ်ပျော်သွားကြပါတော့တယ်မနက်.. သူနိုးလာတော့ သူ့ဘေးနားမှာ အဲဒီကောင်မလေးက ဓားဒဏ်ရာတွေနဲ့ သေနေတာကို သွားတွေ့ပါတော့တယ်အဲဒါနဲ့ သူလည်း တစ်ခါတည်း အချုပ်ကို တန်းခနဲကျသွားပြီး သူ့ကိုကူညီပေးမှာကတော့ ရှေ့နေ မီရှရာပဲ ဖြစ်ပါတယ်ကောင်မလေးက ဘာကြောင့်သေနေတာလဲ ကောင်မလေးနဲ့အတူရှိနေတာကလည်း သူပဲရှိတာလေ သက်သေတွေကလည်း သူ့ကိုပဲ ဦးတည်နေတာ အဲဒီတော့ ဘယ်လိုဖြစ်တာလဲပေါ့ဒါကို အဖြေရှာပေးမှာကတော့ ရှေ့နေကြီးမီရှရာဖြစ်ပြီး CM ပရိသတ်တွေလည်း သူနဲ့အတူ အဖြေရှာကြည့်လိုက်ကြရအောင်နော်File Size – 500MB / 250MBQuality – 1080p WEB DL / ...
8
TMDb:
8/10
23 votes
tv
Criminal Justice (2019) Complete
2019
7
Mithya (2022)
Mithya 2022ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ စီးရီးကတော့ IMDb 7.8ထိရရှိထားတဲ့Drama, Thriller စီးရီး Mithyaပဲဖြစ်ပါတယ် ဒီစီးရီးမှာဆိုရင်တော့လှည့်ကွက်တွေ ဇာတ်မြှုပ်ထားတဲ့အကြောင်းအရာတွေပါဝင်ပြီး အပိုင်း ၆ပိုင်းကိုမရိုးရအောင်ဆွဲခေါ်ပေးသွားမှာပါဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျူဟီးနဲ့ သူမရဲ့ကျောင်းသူရီဟာတို့ဟာ မထင်ထားတဲ့ ပြဿနာအသေးလေးကနေစအချေအတင်ဖြစ်ကြပြီး ပြဿနာကတစ်စတစ်စကြီးထွားလာခဲ့တာပါ အက်ဆေးတစ်ခုကို ကော်ပီကူးလာတယ်ဆိုပြီး ဆရာမဖြစ်သူ ဂျူဟီးကရီဟာ့ကိုစာမေးပွဲမှာအရှုံးပေးလိုက်ပါတယ် ရီဟာကတခြားလူမဟုတ်ပါဘူးကျောင်းအုပ်ထိန်းရေးကောင်စီအဖွဲ့ဝင်တစ်ယောက်ရဲ့သမီးပါ ရီဟာကလည်းဒီအက်ဆေးက ခိုးချတာမဟုတ်ဘဲ သူကိုယ်တိုင်ရေးထားတာပါဆိုပြီးအကြောက်အကန်ငြင်းနေပါတယ် ဒါပေမယ့် ဂျူးဟီကမယုံခဲ့ပါဘူးပြဿနာကဒီမှာတင်ပြီးမသွားပါဘူး ရီဟာကလည်း ထင်မထားအောင်ကိုမြှုပ်ကွက်တွေရှိနေတဲ့လူပါ ပြဿနာတွေတစ်စထက်တစ်စကြီးထွားလာနေချိန်မှာတော့ရုတ်တရက် ဂျူဟီးရဲ့အမျိုးသားဖြစ်သူက အသတ်ခံလိုက်ရပါတယ် ဂျူဟီးယောကျာ်းကိုဘယ်သူကသတ်လိုက်တာလဲ ဂျူဟီးထင်ထားသလို လူသတ်သမားက ရီဟာပဲလားလူသတ်သမားကိုရှာဖွေဖို့ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမှာလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)File Size – 500MB@EpisodeQuality – 1080p WEB DLDuration – 33minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Mystery , DramaTranslator ...
7
TMDb:
7/10
1 votes
tv
Mithya (2022)
2022
8
Rudra: The Edge Of Darkness (2022) Complete
Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb:
8/10
1 votes
tv
Rudra: The Edge Of Darkness (2022) Complete
2022
9
Scam 1992 – The Harshad Mehta Story
လွန်ခဲ့သောရက်ပိုင်းအတွင်း imdb website မှာ rating အမြင့်ဆုံး စီးရီးတွေဖြစ်တဲ့ Breaking Bad,Charnobyl အစရှိသည့် စီးရီးတွေကို ကျော်ဖြတ်ပြီး India Series တစ်ခုက rating 9.8 ဖြင့် ထိပ်ဆုံးရောက်ရှိခဲ့တဲ့ သတင်းက အတော်နာမည်ကြီးသွားခဲ့တယ်၊ India နိုင်ငံကလူတွေ မင်းသားအစွဲ၊မင်းသမီးအစွဲကြောင့် မဟုတ်ပဲ ဇာတ်လမ်းကို သဘောကျလွန်းလို့ ကြည့်ပြီးတဲ့ သူတိုင်း Rating 10 ပေးခဲ့တာကြောင့် အခုလို Rating 9.8 ရပြီး ထိပ်ဆုံးရောက်သွားခဲ့ရခြင်းဖြစ်တယ်၊ ကြည့်ရှူသူများလာလို့ vote များပြီး Rating ကျလာပေမယ့် အခုအချိန်ထိ Top 10 ထဲမှာ ဆက်လက်ရှိနေပါတယ်၊ ထိုဇာတ်ကားကတော့ ယခု CM ပရိသတ်တွေကို တင်ဆက်ပေးလိုက်တဲ့ Scam 1992 : The Harshad Mehta Story ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်၊ တကယ့်ဖြစ်ရပ်မှန် ...
9
TMDb:
9/10
7 votes
tv
Scam 1992 – The Harshad Mehta Story
2020